< Jueces 13 >

1 Los hijos de Israel volvieron a hacer lo que era malo a los ojos de Yahvé, y Yahvé los entregó en manos de los filisteos durante cuarenta años.
တဖန် ဣသရေလ အမျိုးသားတို့သည်၊ ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု သောကြောင့် ၊ ထာဝရဘုရား သည် သူ တို့ကို ဖိလိတ္တိ လူတို့လက် သို့ အနှစ် လေးဆယ် ပတ်လုံးအပ် တော်မူ၏။
2 Había un hombre de Zora, de la familia de los danitas, que se llamaba Manoa, y su mujer era estéril y sin hijos.
ဒန် အမျိုး ၊ ဇောရာ မြို့သား မာနော် အမည် ရှိသောသူတယောက် ရှိ ၏။ သူ ၏မယား သည် မြုံ သောကြောင့် သား မ ဘွား။
3 El ángel de Yahvé se le apareció a la mujer y le dijo: “Mira ahora, eres estéril y sin hijos; pero concebirás y darás a luz un hijo.
ထာဝရဘုရား ၏ကောင်းကင်တမန် သည် ထိုမိန်းမ အား ကိုယ်ထင်ရှား ၍ ၊ သင်သည် မြုံ သောကြောင့် သား မ ဘွားသော်လည်း ၊ ယခု ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။
4 Ahora, pues, guárdate y no bebas vino ni bebida fuerte, ni comas nada impuro;
သို့ဖြစ်၍ သတိပြု လော့။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။
5 porque, he aquí, concebirás y darás a luz un hijo. No se le pasará ninguna navaja por la cabeza, porque el niño será nazireo a Dios desde el vientre. Él comenzará a salvar a Israel de la mano de los filisteos”.
အကြောင်းမူကား ၊ ပဋိသန္ဓေ ယူ၍ ဘွားမြင် လတံ့သော သား ယောက်ျားသည် ဆံပင် ရိတ်ခြင်းကို မ ခံဘဲ၊ အမိဝမ်း ထဲမှ စ၍ ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်။ သူ သည်လည်း ဣသရေလ အမျိုးကို ဖိလိတ္တိ လူတို့လက် မှ ကယ်နှုတ် စ ပြုလိမ့်မည်ဟု ဆို ၏။
6 Entonces la mujer vino y se lo contó a su marido, diciendo: “Vino a mí un hombre de Dios, y su rostro era como el del ángel de Dios, muy imponente. No le pregunté de dónde era, ni me dijo su nombre;
ထိုမိန်းမသည်လည်း မိမိ ခင်ပွန်း ထံ သို့သွား ၍ ဘုရား သခင်၏ ကောင်းကင် တမန်မျက်နှာ ကဲ့သို့ ကြောက်မက် ဘွယ်သော မျက်နှာ ရှိသော ဘုရား သခင်၏ လူ တယောက်သည် အကျွန်ုပ် ဆီသို့ လာ ၏။ အဘယ် က လာသနည်းဟု အကျွန်ုပ်လည်း မ မေး။ သူသည်လည်း မိမိ အမည် ကို မ ပြော။
7 sino que me dijo: ‘He aquí que concebirás y darás a luz un hijo; y ahora no bebas vino ni bebida fuerte. No comas nada impuro, porque el niño será nazireo a Dios desde el vientre hasta el día de su muerte’”.
သူကလည်း၊ သင် သည် ပဋိသန္ဓေ ယူ၍ သား ယောက်ျားကို ဘွားမြင် လိမ့်မည်။ စပျစ်ရည် ကို မ သောက် နှင့်။ သေရည် သေရက်ကို မသောက်နှင့်။ မ စင်ကြယ်သော အစာကို မ စား နှင့်။ အကြောင်းမူကား ၊ ထိုသူငယ် သည် အမိဝမ်း ထဲမှ စ၍ သေ သောနေ့ တိုင်အောင် ဘုရား သခင်၏ နာဇရိ လူဖြစ် ရလိမ့်မည်ဟု အကျွန်ုပ် အား မိန့် မြွက်ကြောင်းကို ပြောဆို လေ၏။
8 Entonces Manoa suplicó a Yahvé y le dijo: “Oh, Señor, haz que el hombre de Dios que enviaste vuelva a nosotros y nos enseñe lo que debemos hacer con el niño que va a nacer.”
ထိုအခါ မာနော် က၊ အို ဘုရားရှင် ၊ အကျွန်ုပ် တို့သည် ဘွားမြင် လတံ့သော သူငယ် ၌ အဘယ်သို့ ပြု ရမည်ကို ဘုရား သခင်၏ တမန်တော် သည် တဖန် လာ ၍ သွန်သင် စေတော်မူပါဟု ထာဝရဘုရား အား တောင်း လျှောက်သော်၊
9 Dios escuchó la voz de Manoa, y el ángel de Dios se acercó de nuevo a la mujer mientras estaba sentada en el campo; pero Manoa, su marido, no estaba con ella.
ထာဝရဘုရား သည် မာနော် စကား ကို နားထောင် တော်မူ၍ ၊ ဘုရား သခင်၏ ကောင်းကင်တမန် သည် လယ် လုပ်ရာအရပ်၌ ထိုင်လျက်ရှိသောထိုမိန်းမ ဆီသို့ လာ ပြန် ၏။ ထိုအခါ ခင်ပွန်း မာနော် မ ရှိ။
10 La mujer se apresuró a correr y se lo comunicó a su marido, diciéndole: “He aquí que se me ha aparecido el hombre que vino a mí aquel día.”
၁၀မိန်းမ သည် မိမိ ခင်ပွန်း ထံ သို့အလျင်အမြန် ပြေး ၍ ၊ တနေ့ ကလာ သောသူ သည် ယခုလာ ရောက်ပြီဟု ကြား ပြောလျှင်၊
11 Manoa se levantó, siguió a su mujer y, acercándose al hombre, le dijo: “¿Eres tú el hombre que ha hablado con mi mujer?” Él dijo: “Yo soy”.
၁၁မာနော် သည် ထ ၍ မယား နှင့်အတူ ထိုသူ ထံ သို့ သွား ပြီးလျှင် ၊ သင် သည် ဤမိန်းမ အား ပြော သော သူ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ဆို ၏။
12 Manoa dijo: “Ahora que se cumplan tus palabras. ¿Cuál será la forma de vida y la misión del niño?”
၁၂မာနော် ကလည်း ၊ ကိုယ်တော် ၏စကား ပြည့်စုံ ပါစေသော။ သူငယ် သည် အဘယ်သို့ သောသူဖြစ် ပါလိမ့်မည်နည်း။ သူ၌ အဘယ်သို့ပြုရပါမည်နည်းဟုမေး သော်၊
13 El ángel de Yahvé le dijo a Manoa: “Que tenga cuidado con todo lo que le dije a la mujer.
၁၃ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါပြော သမျှ ကို မိန်းမ ရှောင် ရမည်။
14 No debe comer nada que provenga de la vid, ni beber vino o bebida fuerte, ni comer ninguna cosa impura. Que observe todo lo que le he mandado”.
၁၄စပျစ် ပင် မှ ဖြစ် သမျှ ကို မ စား ရ။ စပျစ်ရည် မှစ၍ သေရည် သေရက်ကို မ သောက် ရ။ မစင်ကြယ်သောအရာ ကို မ စား ရ။ ငါမှာ ထားသမျှ အတိုင်း စောင့်ရှောက် ရမည်ဟု မာနော် အား ပြောဆို ၏။
15 Manoa dijo al ángel de Yahvé: “Por favor, quédate con nosotros, para que te preparemos un cabrito”.
၁၅မာနော် ကလည်း ၊ ကိုယ်တော် အဘို့ ဆိတ် သငယ် ကို မပြင်ဆင် မှီတိုင်အောင်ကိုယ်တော် ကို ဆီးတား ပါရစေဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား ဆို လျှင်၊
16 El ángel de Yahvé le dijo a Manoa: “Aunque me detengas, no comeré tu pan. Si vas a preparar un holocausto, debes ofrecerlo a Yahvé”. Pues Manoa no sabía que era el ángel de Yahvé.
၁၆ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ ငါ့ ကို ဆီးတား သော်လည်း သင် ၏စားစရာ ကို ငါမ စား။ မီးရှို့ ရာယဇ်ကို ပူဇော် လိုလျှင် ထာဝရဘုရား အား ပူဇော် ရမည်ဟု မာနော် အား ဆို ပြန်၏။ သူ သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို မာနော် မ သိ သေး။
17 Manoa le dijo al ángel de Yahvé: “¿Cuál es tu nombre, para que cuando ocurran tus palabras te honremos?”
၁၇မာနော် ကလည်း ကိုယ်တော် စကား ပြည့်စုံ သောအခါ ၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကိုချီးမွမ်း ရမည်အကြောင်း ၊ ကိုယ်တော် ၏အမည် ကား အဘယ်သို့ နည်းဟု ထာဝရဘုရား ၏ကောင်းကင် တမန်အား မေး သော်၊
18 El ángel de Yahvé le dijo: “¿Por qué preguntas por mi nombre, ya que es incomprensible?”
၁၈ထာဝရဘုရား ၏ ကောင်းကင် တမန်က၊ အံ့ဩ ဘွယ်ဖြစ်သော ငါ့ အမည် ကို အဘယ်ကြောင့် မေး သနည်းဟု ဆို ၏။
19 Entonces Manoa tomó el cabrito con la ofrenda de comida y lo ofreció sobre la roca a Yahvé. Entonces el ángel hizo una cosa sorprendente mientras Manoa y su esposa miraban.
၁၉မာနော် သည် ဆိတ် သငယ် နှင့် ဘောဇဉ် ပူဇော်သက္ကာကို ယူ ၍ ကျောက် ပေါ် မှာ ထာဝရဘုရား အား ပူဇော် လေ၏။ ထိုအခါ မာနော် လင်မယားတို့သည် ကြည့် ၍ မြင်ရသောအံ့ဩ ဘွယ်ဟူမူကား၊
20 Porque cuando la llama subió hacia el cielo desde el altar, el ángel de Yahvé ascendió en la llama del altar. Manoa y su esposa miraban, y se postraron en tierra.
၂၀မီးလျှံ သည် ယဇ် ပလ္လင်ပေါ် က မိုဃ်းကောင်းကင် သို့ တက် စဉ် တွင်၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ယဇ် ပလ္လင်မီးလျှံ ၌ တက် လေ၏။ မာနော် လင်မယား တို့သည် ကြည့် ၍မြင်လျှင် မြေ ပေါ် မှာ ပြပ်ဝပ် လျက်နေကြ၏။
21 Pero el ángel de Yahvé no se le apareció más a Manoa ni a su esposa. Entonces Manoa supo que era el ángel de Yahvé.
၂၁ထာဝရဘုရား ၏ကောင်းကင်တမန် သည်၊ မာနော် လင်မယား တို့အား တဖန် မ ပေါ် လာ။ ထိုအခါ မာနော် သည် ထာဝရဘုရား ၏ ကောင်းကင် တမန်ဖြစ်သည်ကို သိ ၏။
22 Manoa dijo a su mujer: “Seguramente moriremos, porque hemos visto a Dios”.
၂၂မာနော် ကလည်း ၊ ငါတို့သည် ဘုရား သခင်ကို မြင် သောကြောင့် ၊ ဆက်ဆက်သေ တော့မည်ဟု မယား အား ပြော သော်၊
23 Pero su mujer le dijo: “Si Yahvé se complaciera en matarnos, no habría recibido de nuestra mano un holocausto y una ofrenda, y no nos habría mostrado todas estas cosas, ni nos habría dicho cosas como éstas en este momento.”
၂၃မယား က၊ ထာဝရဘုရား သည် ငါ တို့ကို သတ် ခြင်းငှါ အလို တော်ရှိလျှင် ၊ မီးရှို့ ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ငါ တို့လက် မှ ခံယူ တော်မ မူ။ ဤ အခြင်းအရာအလုံးစုံ တို့ကိုလည်း ပြ တော်မ မူ။ ယခုအခါ ၌ ဤ သို့ သော စကားကိုလည်း မိန့် တော်မ မူဟု ပြန်ပြော ၏။
24 La mujer dio a luz un hijo y lo llamó Sansón. El niño creció y el Señor lo bendijo.
၂၄ထိုမိန်းမ သည် သား ယောက်ျားကို ဘွားမြင် ၍ ၊ ရှံဆုန် အမည် ဖြင့် မှည့် ၏။ သူငယ် သည် ကြီးပွား ၍ ထာဝရဘုရား ကောင်းကြီး ပေးတော်မူ၏။
25 El Espíritu de Yahvé comenzó a moverlo en Mahaneh Dan, entre Zorah y Eshtaol.
၂၅ထာဝရဘုရား ၏ဝိညာဉ် တော်သည်၊ ဇောရာ မြို့နှင့် ဧရှတောလ မြို့စပ်ကြား ၊ ဒန် အမျိုးတပ်၌ တခါတလေနှိုးဆော် စ ပြုတော်မူ၏။

< Jueces 13 >