< Jeremías 40 >

1 Palabra que vino a Jeremías de parte de Yahvé, después que Nabuzaradán, el capitán de la guardia, lo dejó ir desde Ramá, cuando lo llevó atado con cadenas entre todos los cautivos de Jerusalén y de Judá que fueron llevados a Babilonia.
ကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရမိကို တဖန် သိမ်းသွား၍ ရာမမြို့၌ လွှတ်သောနောက်၊ ထာဝရဘုရားထံတော်မှ နှုတ်ကပတ်တော်သည် ရောက် လာသည်အရာမှာ၊ ဗာဗုလုန်မြို့သို့ သိမ်းသွားခြင်းကို ခံရသော ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်း တို့နှင့်အတူ၊ ယေရမိသည်သံကြိုးနှင့် ချည်နှောင်ခြင်းကို ခံရသောအခါ၊
2 El capitán de la guardia tomó a Jeremías y le dijo: “Yahvé, tu Dios, pronunció este mal sobre este lugar;
ကိုယ်ရံတော်မှူးသည် သူ့ကိုခေါ်၍၊ သင်၏ ဘုရားသခင်ထာဝရ ဘုရားသည် ဤပြည်၌ ရောက်သော အမှုကို ခြိမ်းတော်မူနှင့်ပြီ။
3 y Yahvé lo ha traído, y ha hecho lo que ha dicho. Porque ustedes han pecado contra Yahvé y no han obedecido su voz, por eso les ha sobrevenido esto.
ခြိမ်းတော်မူသည်အတိုင်းလည်း၊ အမှုကို ရောက် စေ၍ စီရင်တော်မူပြီ။ သင်တို့သည် အမိန့်တော်ကို နားမထောင်၊ ထာဝရဘုရားကို ပြစ်မှားသောကြောင့်၊ ဤအမှုသည် သင်တို့အပေါ်သို့ ရောက်လေပြီ။
4 Ahora, he aquí que yo te libero hoy de las cadenas que tienes en la mano. Si te parece bien venir conmigo a Babilonia, ven, y yo te cuidaré; pero si te parece mal venir conmigo a Babilonia, no lo hagas. He aquí que toda la tierra está ante ti. Donde te parezca bueno y correcto ir, ve allí”.
ယခုမှာ သင့်လက်၌ ချည်နှောင်လျက်ရှိသော သံကြိုးကို ငါချွတ်မည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်လာခြင်းငှါ အလိုရှိလျှင် လိုက်လာပါ။ ငါသည် ကောင်းမွန်စွာ ကြည့်ရှုမည်။ ငါနှင့်အတူ ဗာဗုလုန်မြို့သို့ လိုက်ခြင်းငှါ အလိုမရှိလျှင် မလိုက်နှင့်။ တပြည်လုံးသည် သင့်ရှေ့မှာရှိ၏။ အကြင်အရပ်သို့သွားကောင်းသည်ဟု စိတ်ထင်လျှင်၊ ထိုအရပ်တည်းဟူသော စိတ်ရောက်ရာ အရပ်သို့ သွားပါလော့ဟုဆို၏။
5 Mientras tanto, él no había regresado: “Vuelve entonces — dijo — a Gedalías, hijo de Ajicam, hijo de Safán, a quien el rey de Babilonia ha nombrado gobernador de las ciudades de Judá, y habita con él en medio del pueblo; o vete a donde te parezca bien ir.” Entonces el capitán de la guardia le dio comida y un regalo, y lo dejó ir.
ယေရမိသည်ကိုယ်ရံတော်မှူးထံမှ မထွက်မှီ၊ ကိုယ်ရံတော်မှူးက၊ ဗာဗုလုန်ရှင်ဘုရင်သည် ယုဒ ပြည်နယ်တွင်၊ မြို့အုပ်အရာ၌ခန့်ထားတော်မူသော ရှာဖန်၏သားဖြစ်သော အဟိကံ၏သားဂေဒလိထံ သို့ပြန်၍၊ ပြည်သားများနှင့်အတူနေပါလော့။ သို့မဟုတ်၊ စိတ်ရှိသည်အတိုင်း သွားပါလော့ဟုဆိုလျက်၊ စားစရိတ် နှင့်လက်ဆောင်ကို ပေး၍လွှတ်လိုက်လေ၏။
6 Entonces Jeremías se fue con Gedalías, hijo de Ajicam, a Mizpa, y vivió con él entre el pueblo que había quedado en la tierra.
ထိုအခါ ယေရမိသည် အဟိကံသားဂေဒလိရှိရာ မိဇပါမြို့သို့ သွား၍၊ ပြည်၌ကျန်ကြွင်းသေးသော သူတို့နှင့် အတူနေလေ၏။
7 Cuando todos los capitanes de las fuerzas que estaban en el campo, ellos y sus hombres, oyeron que el rey de Babilonia había puesto a Gedalías, hijo de Ajicam, como gobernador en el país, y que le había encomendado hombres, mujeres, niños y de los más pobres del país de los que no habían sido llevados cautivos a Babilonia,
ဗာဗုလုန်ရှင်ဘုရင်သည် အဟိကံသား ဂေဒလိ ကိုပြည်အုပ်အရာ၌ ခန့်ထား၍၊ ဗာဗုလုန်မြို့သို့ သိမ်းယူ ရာ၌မပါသော ယောက်ျားမိန်းမသူငယ်ဆင်းရဲသားအချို့ တို့ကို သူ၌အပ်ကြောင်းကို၊ တောမှာရှိသော တပ်မှူးတို့ နှင့်စစ်သူရဲများတို့သည် ကြားသိကြသောအခါ၊
8 entonces Ismael, hijo de Netanías, y Johanán y Jonatán, hijos de Carea, y Seraías, hijo de Tanhumet, y los hijos de Efai el netofita, y Jezanías, hijo del maacateo, vinieron a Gedalías, a Mizpa, con sus hombres.
နာသနိသားဣရှမေလ၊ ကာရာသားယောဟနန် နှင့်ယောနသန်၊ တာနုမက်သားစရာယ၊ နေတောဖတ် အမျိုး၊ ဧဖဲ၏သားများ၊ မာခသိအမျိုး သားယေဇနိတို့ သည် မိမိလူများနှင့်တကွ ဂေဒလိရှိရာမိဇပါမြို့သို့လာ၍၊
9 Gedalías, hijo de Ajicam, hijo de Safán, les juró a ellos y a sus hombres, diciendo: “No tengan miedo de servir a los caldeos. Moren en la tierra y sirvan al rey de Babilonia, y les irá bien.
ရှာဖန်၏သားဖြစ်သော အဟိကံ၏သား ဂေဒလိက၊ ခါလဒဲမင်း၏အမှုကို ဆောင်ရွက်ရမည် အခွင့်ကို မစိုးရိမ်ကြနှင့်။ ဤပြည်၌နေ၍ ဗာဗုလုန် ရှင်ဘုရင်အမှုကို ဆောင်ရွက်ကြလော့။ သို့ပြုလျှင်၊ ချမ်းသာရကြလိမ့်မည်။
10 En cuanto a mí, he aquí que yo habitaré en Mizpa, para presentarme ante los caldeos que vendrán a nosotros; pero ustedes, recojan vino y frutos de verano y aceite, y pónganlos en sus recipientes, y habiten en sus ciudades que han tomado.”
၁၀ငါမူကား၊ လာလတံ့သော ခါလဒဲလူတို့စကားကို နားထောင်ခြင်းငှါ မိဇပါမြို့မှာနေမည်။ သင်တို့မူကား၊ စပျစ်ရည်ကို၎င်း၊ နွေကာလအသီးကို၎င်း၊ ဆီကို၎င်း သိမ်း၍အိုး၌သိုထားကြလော့။ ယခု ဝင်ပြန်သောမြို့ရွာ တို့၌နေကြလော့ဟူ၍၊ ထိုသူတို့အား သစ္စာပြုလေ၏။
11 Asimismo, cuando todos los judíos que estaban en Moab, y entre los hijos de Amón, y en Edom, y que estaban en todos los países, oyeron que el rey de Babilonia había dejado un remanente de Judá, y que había puesto al frente de ellos a Gedalías, hijo de Ajicam, hijo de Safán,
၁၁ဗာဗုလုန်ရှင်ဘုရင်သည် ယုဒပြည်၌ လူအချို့တို့ ကို ကျန်ကြွင်းစေ၍၊ ရှာဖန်၏သားဖြစ်သော အဟိကံ၏ သား ဂေဒလိကိုမင်းအရာ၌ ခန့်ထားကြောင်းကို၊ မောဘ ပြည်၊ အမ္မုန်ပြည်၊ ဧဒုံပြည်အစရှိသော အတိုင်းတိုင်း အပြည်ပြည်တို့၌ရှိသော ယုဒလူအပေါင်းတို့သည် ကြားသိကြသောအခါ၊
12 entonces todos los judíos volvieron de todos los lugares adonde habían sido expulsados, y vinieron a la tierra de Judá, a Gedalías, a Mizpa, y recogieron mucho vino y frutos de verano.
၁၂နှင်ထုတ်ရာပြည်အရပ်ရပ်တို့မှ ပြန်လာ၍၊ ယုဒပြည်။ ဂေဒလိရှိရာမိဇပါမြို့သို့ရောက်သဖြင့်၊ များစွာ သော စပျစ်ရည်နှင့် နွေကာလအသီးကို သိမ်းယူကြ၏။
13 Además, Johanán, hijo de Carea, y todos los capitanes de las fuerzas que estaban en el campo, vinieron a Gedalías a Mizpa,
၁၃ထိုနောက်မှ၊ ကာရာသားယောဟနန်သည် တော၌ရှိသောတပ်မှူးများနှင့်တကွ၊ ဂေဒလိရှိရာမိဇပါမြို့ သို့လာ၍၊
14 y le dijeron: “¿Sabes que Baalis, el rey de los hijos de Amón, ha enviado a Ismael, hijo de Netanías, para quitarte la vida?” Pero Gedaliah, hijo de Ahikam, no les creyó.
၁၄ကိုယ်တော်ကိုသတ်စေခြင်းငှါ၊ အမ္မုန်ရှင်ဘုရင် ဗာလိတ်သည် နာသနိသားဣရှမေလကို စေလွှတ် ကြောင်းကို အမှန်သိပါ၏လောဟု မေးလျှောက်သော် လည်း၊ ထိုစကားကို အဟိကံသားဂေဒလိသည်မယုံ။
15 Entonces Johanán, hijo de Carea, habló a Gedalías en Mizpa en secreto, diciendo: “Por favor, déjame ir, y mataré a Ismael, hijo de Netanías, y nadie lo sabrá. ¿Por qué ha de quitarte la vida, para que se dispersen todos los judíos que se han reunido contigo, y perezca el resto de Judá?”
၁၅ထိုအခါ ကာရာသားယောဟနန်ကလည်း၊ အကျွန်ုပ်သွား၍နာသနိသား ဣရှမေလကိုသတ်ရသော အခွင့်ကို ပေးပါလော့။ အဘယ်သူမျှမသိရ။ သူသည် ကိုယ်တော်ကိုသတ်၍၊ ကိုယ်တော်ထံ၌ စုဝေးသောယုဒလူ အပေါင်းတို့သည် အရပ်ရပ်သို့ကွဲပြားသဖြင့်၊ ယုဒပြည်၌ ကျန်ကြွင်းသော သူတို့သည် အဘယ်ကြောင့်ပျက်စီးရ ကြပါမည်နည်းဟု၊ မိဇပါမြို့၌ ဂေဒလိကို တိတ်ဆိတ်စွာ လျှောက်သော်လည်း၊
16 Pero Gedalías, hijo de Ajicam, dijo a Johanán, hijo de Carea: “No harás esto, porque hablas falsamente de Ismael.”
၁၆အဟိကံသားဂေဒလိက၊ သင်သည်ထိုသို့မပြုရ။ ဣရှမေလ၌ မမှန်သောစကားကိုပြန်ပြောပြီဟု၊ ကာရာ သားယောဟနန်အား ပြန်ပြောလေ၏။

< Jeremías 40 >