< Isaías 33 >

1 Ay de los que destruyen, pero no fueron destruidos, y que traicionan, ¡pero nadie te ha traicionado! Cuando hayas terminado de destruir, serás destruido; y cuando hayas terminado de traicionar, serás traicionado.
ငါ​တို့​၏​ရန်​သူ​များ​သည်​အ​မင်္ဂ​လာ​ရှိ​ကြ ၏။ မိ​မိ​တို့​အား​အ​ဘယ်​သူ​မျှ​တိုက်​ခိုက်​လု ယက်​မှု​ကို​မ​ပြု၊ သစ္စာ​လည်း​မ​ဖောက်​ကြ​သော် လည်း​သူ​တို့​က​လု​ယက်​တိုက်​ခိုက်​ကာ​သစ္စာ ဖောက်​ကြ​၏။ သို့​ရာ​တွင်​သူ​တို့​လု​ယက်​တိုက် ခိုက်​၍​သစ္စာ​ဖောက်​ရန်​အ​ချိန်​ကာ​လ​ကုန်​ဆုံး ချိန်​ကျ​ရောက်​လာ​လိမ့်​မည်။ ထို​အ​ခါ​သူ​တို့ သည်​လု​ယက်​တိုက်​ခိုက်​ခြင်း​နှင့်​သစ္စာ​ဖောက် ခြင်း​ကို​ခံ​ရကြ​လိမ့်​မည်။
2 Yahvé, ten piedad de nosotros. Te hemos esperado. Sé nuestra fuerza cada mañana, nuestra salvación también en el tiempo de angustia.
အို ထာ​ဝ​ရ​ဘု​ရား၊ ကျွန်​တော်​မျိုး​တို့​အား က​ရု​ဏာ​ထား​တော်​မူ​ပါ။ ကျွန်​တော်​မျိုး​တို့ သည်​ကိုယ်​တော်​ရှင်​ကို​မျှော်​ကိုး​ပါ​၏။ နေ့​စဉ် နေ့​တိုင်း​ကျွန်​တော်​မျိုး​တို့​အား​ကာ​ကွယ် စောင့်​ထိန်း​တော်​မူ​၍​ဒုက္ခ​ရောက်​ချိန်​များ​၌ ကယ်​တော်​မူ​ပါ။-
3 Al ruido del trueno, los pueblos han huido. Cuando te levantas, las naciones se dispersan.
ကိုယ်​တော်​ရှင်​သည်​ကျွန်​တော်​မျိုး​တို့​ဘက် မှ​နေ​၍​တိုက်​ခိုက်​တော်​မူ​သော​အ​ခါ၊ ရန်​သူ တို့​သည်​စစ်​တိုက်​ခိုက်​သံ​များ​ကြောင့်​ထွက် ပြေး​ကြ​ပါ​၏။-
4 Tu botín será recogido como recoge la oruga. Los hombres saltarán sobre ella como saltan las langostas.
သူ​တို့​၏​ပစ္စည်း​ဥစ္စာ​များ​ကို​လည်း​တိုက်​ရာ ပါ​အ​ဖြစ်​လု​ယက်​သိမ်း​ယူ​ခြင်း​ကို​ခံ​ရ ကြ​ပါ​၏။
5 Yahvé es exaltado, pues habita en las alturas. Ha llenado Sión de justicia y rectitud.
ထာ​ဝ​ရ​ဘု​ရား​သည်​အ​လွန်​ကြီး​မြတ်​တော် မူ​ပါ​သည်​တ​ကား။ ကိုယ်​တော်​သည်​ခပ်​သိမ်း သော​အ​ရာ​တို့​ကို​အ​စိုး​ရ​တော်​မူ​ပါ​၏။ ယေ​ရု​ရှ​လင်​မြို့​ကို​တ​ရား​မျှ​တ​မှု​နှင့် သော်​လည်း​ကောင်း၊ ဖြောင့်​မတ်​ခြင်း​ဖြင့်​သော် လည်း​ကောင်း​ပြည့်​ဝ​စေ​တော်​မူ​၍၊-
6 Habrá estabilidad en tus tiempos, abundancia de salvación, sabiduría y conocimiento. El temor de Yahvé es tu tesoro.
ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​ကြံ့​ခိုင် တည်​ငြိမ်​မှု​ကို​ပေး​တော်​မူ​လိမ့်​မည်။ ကိုယ်​တော် သည်​မိ​မိ​၏​လူ​မျိုး​တော်​အား​အ​စဉ်​အ​မြဲ ကွယ်​ကာ​စောင့်​ရှောက်​တော်​မူ​၍၊ ဉာဏ်​ပ​ညာ နှင့်​အ​သိ​ပ​ညာ​ကို​ပေး​တော်​မူ​ပါ​၏။ သူ တို့​၏​အ​ဖိုး​အ​ထိုက်​ဆုံး​ဘဏ္ဍာ​ကား​ထာ​ဝ​ရ ဘု​ရား​ကို​ကြောက်​ရွံ့​ရို​သေ​ခြင်း​ပင်​ဖြစ် သ​တည်း။
7 He aquí que sus valientes gritan fuera; los embajadores de la paz lloran amargamente.
သူ​ရဲ​ကောင်း​တို့​သည်​အ​ကူ​အ​ညီ​တောင်း​ခံ လျက် နေ​ကြ​ပါ​သည်​တ​ကား။ စစ်​ပြေ​ငြိမ်း ရန်​ကြိုး​စား​ကြ​သူ​သံ​တ​မန်​များ​သည် ပြင်း​ပြ​စွာ​ငို​ကြွေး​လျက်​နေ​ကြ​၏။-
8 Las carreteras están desoladas. El hombre que viaja cesa. El pacto está roto. Ha despreciado las ciudades. No respeta al hombre.
လမ်း​မ​ကြီး​များ​သည်​ဘေး​အန္တရာယ်​အ​လွန် များ​သ​ဖြင့်​အ​ဘယ်​သူ​မျှ​မ​သွား​ဝံ့​ကြ၊ မ​ဟာ​မိတ်​စာ​ချုပ်​များ​ကို​ချိုး​ဖောက်​၍​သစ္စာ ကတိ​များ​သည်​လည်း​ပျက်​ပြယ်​၍​သွား​လေ ပြီ။ အ​ဘယ်​သူ​မျှ​ရို​သေ​လေး​စား​မှု​ကို မ​ခံ​ရကြ​တော့​ပေ။-
9 La tierra se lamenta y languidece. El Líbano está confundido y se marchita. Sarón es como un desierto, y Basán y Carmelo están desnudos.
တိုင်း​ပြည်​သည်​လည်း​ခြောက်​သွေ့​၍ လူ​သူ​ဆိတ် ငြိမ်​လျက်​နေ​တော့​၏။ လေ​ဗ​နုန်​တော​သည်​ညှိုး နွမ်း​ခြောက်​သွေ့​၍​နေ​လေ​ပြီ။ မြေ​သြ​ဇာ​ထက် သန်​သည့်​ရှာ​ရုန်​ချိုင့်​ဝှမ်း​သည် သဲ​ကန္တာ​ရ​ကဲ့​သို့ ဖြစ်​လျက်၊ ဗာ​ရှန်​တောင်​နှင့်​က​ရ​မေ​လ​တောင် တွင်​ရှိ​သော​သစ်​ပင်​များ​သည် အ​ရွက်​ကြွေ​ကြ ကုန်​၏။
10 “Ahora me levantaré”, dice Yahvé. “Ahora me levantaré. Ahora seré exaltado.
၁၀ထာ​ဝ​ရ​ဘု​ရား​သည်​လူ​မျိုး​တ​ကာ​တို့ အား``ယ​ခု​ငါ​သည်​အ​ရေး​ယူ​ဆောင်​ရွက် ပေ​တော့​အံ့။ ငါ​၏​တန်​ခိုး​တော်​ကြီး​မား​ပုံ ကို​ပြ​တော်​မူ​မည်။-
11 Concebirás paja. Darás a luz a rastrojos. Tu aliento es un fuego que te devorará.
၁၁သင်​တို့​သည်​အ​ကျိုး​မ​ရှိ​သည့်​အ​ကြံ​အ​စည် များ​ကို​ပြု​ကြ​၏။ သင်​တို့​ပြု​သ​မျှ​သော​အ​မှု တို့​သည်​လည်း အ​ချည်း​နှီး​ပင်။ ငါ​၏​ဝိ​ညာဉ်​သည် မီး​ကဲ့​သို့​ဖြစ်​၍​သင်​တို့​ကို​ဖျက်​ဆီး​လိမ့်​မည်။-
12 Los pueblos serán como la cal ardiente, como espinas que se cortan y se queman en el fuego.
၁၂သင်​တို့​သည်​ထုံး​လုပ်​ရန်​မီး​အ​ဖုတ်​ခံ​ရ​သည့် ကျောက်​ကဲ့​သို့​လည်း​ကောင်း၊ ပြာ​ဖြစ်​အောင်​ကျွမ်း လောင်​သွား​သည့်​ဆူး​ပင်​ကဲ့​သို့​လည်း​ကောင်း ကြေ​မွ​သွား​ကြ​လိမ့်​မည်။-
13 Oíd, los que estáis lejos, lo que he hecho; y, vosotros que estáis cerca, reconoced mi poderío”.
၁၃ရပ်​နီး​ရပ်​ဝေး​တွင်​ရှိ​သ​မျှ​သော​သူ​တို့​သည် ငါ​ပြု​သည့်​အ​မှု​အ​ရာ​များ​အ​ကြောင်း​ကို ကြား​ရ​၍ ငါ​၏​တန်​ခိုး​တော်​ကို​သိ​မှတ်​ကြ ရာ​၏'' ဟု​မိန့်​တော်​မူ​၏။
14 Los pecadores de Sión tienen miedo. El temblor se ha apoderado de los impíos. ¿Quién de nosotros puede vivir con el fuego devorador? ¿Quién de nosotros puede vivir con un ardor eterno?
၁၄အ​ပြစ်​ကူး​လွန်​သည့်​ဇိ​အုန်​မြို့​သူ​မြို့​သား တို့​သည်​ကြောက်​ရွံ့​တုန်​လှုပ်​၍​နေ​ကြ​၏။ သူ တို့​က``ဘု​ရား​သ​ခင်​၏​တ​ရား​စီ​ရင်​တော် မူ​ချက်​သည် ထာ​ဝ​စဉ်​တောက်​လောင်​နေ​သော မီး​နှင့်​တူ​၏။ ဤ​သို့​သော​မီး​မှ​ငါ​တို့​လွတ် မြောက်​၍​အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ကြ ပါ​မည်​လော'' ဟု​ဆို​ကြ​၏။-
15 El que camina con rectitud y habla sin tapujos, el que desprecia la ganancia de las opresiones, que gesticula con las manos, negándose a aceptar un soborno, que impide que sus oídos escuchen el derramamiento de sangre, y cierra los ojos para no mirar el mal —
၁၅သင်​တို့​သည်​အ​မှန်​တ​ရား​ကို​ပြော​ဆို​ပြု​ကျင့် ကြ​ပါ​မူ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ​နိုင်​ပါ​၏။ ဆင်း​ရဲ​သူ​တို့​အား​လိမ်​လည်​လှည့်​ဖြား​ရန်​သင် တို့​၏​တန်​ခိုး​အာ​ဏာ​အ​သုံး​မ​ပြု​ကြ​နှင့်။ တံ​စိုး လက်​ဆောင်​များ​ကို​လည်း​လက်​မ​ခံ​ကြ​နှင့်။ လူ့ အ​သက်​ကို​သတ်​ရန်၊ အ​ခြား​ဆိုး​ညစ်​မှု​များ ကို​ပြု​ရန်​ကြံ​စည်​ကြ​သူ​များ​နှင့်​ပူး​ပေါင်း ဆောင်​ရွက်​မှု​မ​ပြု​ကြ​နှင့်။-
16 morará en las alturas. Su lugar de defensa será la fortaleza de las rocas. Su pan será suministrado. Sus aguas serán seguras.
၁၆သို့​မှ​သာ​သင်​တို့​သည်​အ​ကြံ​အောင်​၍ ခိုင်​ခံ့ သော​ရဲ​တိုက်​တွင်​နေ​ထိုင်​ရ​ဘိ​သ​ကဲ့​သို့ ဘေး​မဲ့​လုံ​ခြုံ​ကြ​လိမ့်​မည်။ စား​သောက်​စ​ရာ အ​စာ​ရေ​စာ​များ​ကို​လည်း​ရ​ရှိ​ကြ​လိမ့်​မည်။
17 Tus ojos verán al rey en su belleza. Verán una tierra lejana.
၁၇သင်​တို့​သည်​အ​လွန်​ကြီး​မား​ကျယ်​ဝန်း သော​နယ်​မြေ​တွင်​ခမ်း​နား​သိုက်​မြိုက်​စွာ အုပ်​စိုး​လျက် နေ​သူ​ဘု​ရင်​တစ်​ပါး​ကို တွေ့​မြင်​ရကြ​လိမ့်​မည်။-
18 Tu corazón meditará en el terror. ¿Dónde está el que contaba? ¿Dónde está el que pesó? ¿Dónde está el que contaba las torres?
၁၈လူ​မျိုး​ခြား​အ​ခွန်​ခံ​များ​နှင့်​သူ​လျှို​တို့​အား သင်​တို့​ကြောက်​ရွံ့​ရ​မှု​များ​သည်​အ​တိတ် ကာ​လ​မှ​အ​ဖြစ်​အ​ပျက်​များ​သာ​လျှင် ဖြစ်​၍​နေ​လိမ့်​မည်။-
19 Ya no verás al pueblo feroz, un pueblo de un discurso profundo que no puedes comprender, con un lenguaje extraño que no puedes entender.
၁၉သင်​တို့​သည်​မိ​မိ​နား​မ​လည်​နိုင်​သည့်​ဘာ​သာ စ​ကား​ကို​ပြော​ဆို​သူ၊ မောက်​မာ​ထောင်​လွှား သည့်​လူ​မျိုး​ခြား​တို့​ကို တွေ့​မြင်​ရကြ​တော့ မည်​မ​ဟုတ်။-
20 Mira a Sión, la ciudad de nuestras fiestas señaladas. Tus ojos verán a Jerusalén, una morada tranquila, una tienda de campaña que no se va a quitar. Sus estacas nunca serán arrancadas, ni se romperá ninguna de sus cuerdas.
၂၀ငါ​တို့​ဘာ​သာ​ရေး​ပွဲ​တော်​များ​ဆင်​နွှဲ​ရာ ဇိ​အုန်​မြို့​ကို​ကြည့်​ကြ​လော့။ ယေ​ရု​ရှ​လင် မြို့​ကို​ကြည့်​ကြ​လော့။ ထို​မြို့​သည်​ဘေး​မဲ့​လုံ ခြုံ​၍​အ​လွန်​နေ​ထိုင်​ရန်​ကောင်း​သည့်​မြို့​ဖြစ် ပါ​သည်​တ​ကား။ ယင်း​သည်​ပန္နက်​တိုင်​များ​ကို အ​ဘယ်​အ​ခါ​၌​မျှ​မ​နုတ်​ယူ​ဘဲ အ​စဉ် ခိုင်​ခံ့​သည့်​ကြိုး​တို့​ဖြင့်​ဆွဲ​ချည်​ထား​ကာ၊ အ​ဘယ်​အ​ခါ​၌​မျှ​မ​ပြောင်း​မ​ရွှေ့​ရ​သည့် တဲ​ရှင်​နှင့်​တူ​လိမ့်​မည်။-
21 Pero allí Yahvé estará con nosotros en majestad, un lugar de amplios ríos y arroyos, en la que no irá ninguna galera con remos, tampoco pasará por allí ningún barco gallardo.
၂၁ထာ​ဝ​ရ​ဘု​ရား​သည်​မိ​မိ​၏​ဘုန်း​အ​သ​ရေ တော်​ကို ငါ​တို့​အား​ဖူး​မြင်​ခွင့်​ပေး​တော်​မူ လိမ့်​မည်။ ငါ​တို့​သည်​မြစ်​ကြီး​ချောင်း​ကြီး များ​အ​နီး​တွင်​နေ​ထိုင်​ရကြ​လိမ့်​မည်။ သို့ ရာ​တွင်​ထို​မြစ်​ကြီး​တို့​တွင်​ရန်​သူ​လှေ သင်္ဘော​များ​သွား​လာ​ရ​ကြ​လိမ့်​မည် မ​ဟုတ်။-
22 Porque Yahvé es nuestro juez. Yahvé es nuestro legislador. Yahvé es nuestro rey. Él nos salvará.
၂၂ထို​လှေ​သင်္ဘော​များ​၏​ရွက်​တိုင်​နှင့်​ကြိုး​တို့ သည်​ပြုတ်​လျက် ရွက်​များ​သည်​လည်း​ဖြန့်​၍ မ​ရ​ပါ​တ​ကား။ ရန်​သူ​တပ်​မှ​ဥစ္စာ​ပစ္စည်း များ​ကို​လု​ယူ​ကြ​လိမ့်​မည်။ ထို​ပစ္စည်း​ဥစ္စာ တို့​မှာ​မြောက်​မြား​လှ​သည်​ဖြစ်​၍ ခြေ​မ​စွမ်း သူ​များ​ပင်​လျှင်​မိ​မိ​တို့​ဝေ​စု​ကို​ရ​ရှိ​ကြ လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​ကိုယ်​တော်​တိုင် ပင်​လျှင် ငါ​တို့​၏​ဘု​ရင်​ဖြစ်​တော်​မူ​လိမ့် မည်။ ကိုယ်​တော်​သည်​ငါ​တို့​ကို​အုပ်​စိုး​၍ ကွယ်​ကာ​တော်​မူ​လိမ့်​မည်။-
23 Su aparejo está desatado. No pudieron reforzar el pie de su mástil. No pudieron extender la vela. Entonces se repartió la presa de un gran botín. El cojo se llevó la presa.
၂၃
24 El habitante no dirá: “Estoy enfermo”. Las personas que lo habitan serán perdonadas de su iniquidad.
၂၄ငါ​တို့​ပြည်​တွင်​နေ​ထိုင်​ကြ​သူ​အ​ပေါင်း​တို့ သည်​ဖျား​နာ​ပါ​သည်​ဟူ​၍ အ​ဘယ်​အ​ခါ​၌ မျှ​ညည်း​ညူ​ရကြ​လိမ့်​မည်​မ​ဟုတ်။ အ​ပြစ် ရှိ​သ​မျှ​မှ​လည်း​ဖြေ​လွှတ်​ကြ​လိမ့်​မည်။

< Isaías 33 >