< Ester 1 >
1 En los días de Asuero (éste es Asuero, que reinó desde la India hasta Etiopía, sobre ciento veintisiete provincias),
၁ဇေရဇ်မင်းသည်ပေရသိပြည်ရှုရှန်မြို့တော် ရာဇပလ္လင်ထက်နန်းစံ၍အိန္ဒိယပြည်မှသည် ဆူဒန်ပြည်တိုင်အောင် တစ်ရာနှစ်ဆယ့်ခုနစ် ပြည်နယ်တို့ကိုအုပ်စိုးတော်မူ၏။
2 en aquellos días, cuando el rey Asuero se sentó en el trono de su reino, que estaba en el palacio de Susa,
၂
3 en el tercer año de su reinado, hizo una fiesta para todos sus príncipes y sus servidores; el ejército de Persia y de Media, los nobles y los príncipes de las provincias estaban delante de él.
၃သူသည်နန်းစံတတိယနှစ်၌မိမိ၏မှူးမတ် များနှင့် မင်းအရာရှိအပေါင်းတို့အား စား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးတော် မူ၏။ ထိုပွဲသို့ပေရသိနှင့်မေဒိတပ်မ တော်များ၊ ပြည်နယ်ဘုရင်ခံများနှင့်မှူး မတ်များလည်းတက်ရောက်ကြလေသည်။-
4 Exhibió las riquezas de su glorioso reino y el honor de su excelente majestad muchos días, hasta ciento ochenta días.
၄သူသည်မိမိနန်းတော်၏စည်းစိမ်နှင့်ဘုန်း အသရေကို ခြောက်လတိုင်တိုင်ခင်းကျင်း ပြသထားတော်မူ၏။
5 Cuando se cumplieron estos días, el rey hizo una fiesta de siete días para todo el pueblo presente en el palacio de Susa, tanto el grande como el pequeño, en el patio del jardín del palacio real.
၅ထိုနောက်မင်းကြီးသည်ဆင်းရဲချမ်းသာမရွေး၊ ရှုရှန်မြို့တော်သူမြို့တော်သားအပေါင်းတို့ အား စားသောက်ပွဲကြီးကိုတည်ခင်းကျွေးမွေး တော်မူ၏။ ထိုစားသောက်ပွဲကြီးကိုဘုရင့် နန်းတော်ဥယျာဉ်အတွင်း၌ ခုနစ်ရက်ပတ် လုံးကျင်းပတော်မူ၏။-
6 Había colgaduras de material blanco y azul, sujetas con cordones de lino fino y púrpura a anillos de plata y a columnas de mármol. Los divanes eran de oro y plata, sobre un pavimento de mármol rojo, blanco, amarillo y negro.
၆ဥယျာဉ်တော်ဝင်းတွင်ငွေကွင်းတပ်ထား သည့်ကျောက်ဖြူတိုင်များ၌ ပိတ်ချောအဖြူ အပြာကန့်လန့်ကာများကိုမရမ်းစေ့ရောင် ပိတ်ကြိုးများဖြင့်ချည်၍တန်ဆာဆင်ထား ၏။ ကျောက်ဖြူ၊ ကျောက်သလင်း၊ ကနုကမာ၊ စိမ်းပြာကျောက်များနှင့်အကွက်ဖော်၍ခင်း ထားသည့်ဥယျာဉ်တော်ဝင်းအတွင်း၌ ရွှေ နှင့်ငွေတို့ဖြင့်ပြီးသောညောင်စောင်းများ ကိုလည်းထားရှိလေသည်။-
7 Les daban de beber en vasos de oro de diversas clases, incluso vino real en abundancia, según la generosidad del rey.
၇မင်းကြီးသည်စပျစ်ရည်ကိုရွှေဖလားများ နှင့်ထည့်၍တိုက်စေတော်မူ၏။ ထိုဖလားတို့ သည်တစ်ခုနှင့်တစ်ခုဆင်သည်ဟူ၍မရှိ ပေ။ စပျစ်ရည်ကိုရက်ရောစွာတိုက်စေတော် မူ၏။-
8 De acuerdo con la ley, la bebida no era obligatoria, pues así lo había ordenado el rey a todos los funcionarios de su casa, para que hicieran lo que cada uno quisiera.
၈အကန့်အသတ်မရှိဘဲ လူတိုင်းအလိုရှိ သလောက်သောက်သုံးနိုင်စေရန် နန်းတော် အစေခံတို့အားမိန့်မှာထားတော်မူ၏။
9 También la reina Vasti hizo un banquete para las mujeres de la casa real que pertenecía al rey Asuero.
၉ထိုအတောအတွင်း၌ဝါရှတိမိဖုရားသည် လည်းနန်းတွင်း၌ အမျိုးသမီးများအားစား သောက်ပွဲကြီးကိုတည်ခင်းကျွေးမွေးလျက် နေပေသည်။
10 El séptimo día, cuando el corazón del rey estaba alegre por el vino, ordenó a Mehumán, Biztha, Harbona, Bigtha y Abagtha, Zethar y Carcass, los siete eunucos que servían en presencia del rey Asuero,
၁၀ပွဲတော်သတ္တမနေ့ရက်ရောက်သောအခါ မင်း ကြီးသည်စပျစ်ရည်သောက်၍ရွှင်လန်းသော အခါ အပါးတော်မြဲမိန်းမစိုးခုနစ်ယောက် ဖြစ်ကြသောမဟုမန်၊ ဗိဇသ၊ ဟာဗောန၊ ဗိဂသ၊ အဗာဂသ၊ ဇေသာ၊ ကာကတ်တို့ ကိုခေါ်ယူကာ၊-
11 que trajeran a la reina Vasti ante el rey con la corona real, para mostrar al pueblo y a los príncipes su belleza, pues era hermosa.
၁၁မိဖုရားဝါရှတိအားရာဇသရဖူဆောင်း စေ၍ ရှေ့တော်သို့သွင်းရန်အမိန့်ပေးတော် မူ၏။ မိဖုရားသည်အဆင်းလှသောအမျိုး သမီးဖြစ်သဖြင့် မင်းကြီးသည်သူ၏အဆင်း ကိုမှူးမတ်များနှင့်ဧည့်သည်တော်အပေါင်း တို့အားပြစားလိုပေသည်။-
12 Pero la reina Vasti se negó a presentarse a la orden del rey por medio de los eunucos. Por eso el rey se enojó mucho, y su ira ardía en él.
၁၂သို့ရာတွင်ဝါရှတိသည်ဘုရင့်အမိန့်တော် ကိုဖီဆန်၍ ရှေ့တော်သို့မဝင်ဘဲနေသဖြင့် မင်းကြီးသည်အမျက်ဒေါသခြောင်းခြောင်း ထွက်တော်မူလေသည်။
13 Entonces el rey dijo a los sabios, que conocían los tiempos (pues era costumbre del rey consultar a los que conocían la ley y el juicio;
၁၃ဘုရင်တို့မည်သည် ငြိမ်ဝပ်ပိပြားရေးဆိုင် ရာပြဿနာများနှင့်ပတ်သက်၍ တရား ဥပဒေသကျွမ်းကျင်သူတို့၏အကြံ ဉာဏ်ကိုတောင်းခံကြစမြဲဖြစ်သည်နှင့် အညီ မင်းကြီးသည်ဤအမှုကိစ္စတွင် အဘယ်သို့ဆောင်ရွက်သင့်သည်ကိုမေး မြန်းရန်အကြံပေးအရာရှိများကို ခေါ်ယူတော်မူ၏။-
14 y junto a él estaban Carshena, Shethar, Admatha, Tarshish, Meres, Marsena y Memucan, los siete príncipes de Persia y de Media, que veían la cara del rey y se sentaban los primeros en el reino),
၁၄မင်းကြီးအများဆုံးတိုင်ပင်လေ့ရှိသော သူများမှာ ပေရသိနှင့်မေဒိအမတ်များ ဖြစ်ကြသောကာရှေန၊ ရှေသာ၊ အာဒ မာသ၊ တာရှိရှ၊ မေရက်၊ မာသေန၊ မမုကန် တို့ဖြစ်ပေသည်။ သူတို့သည်ကားနိုင်ငံတော် တွင်အမြင့်ဆုံးရာထူးများဖြင့်ချီးမြှင့် ခြင်းခံရသူများဖြစ်သတည်း။-
15 “¿Qué haremos con la reina Vasti según la ley, porque no ha cumplido la orden del rey Asuero por los eunucos?”
၁၅မင်းကြီးကသူတို့အား``ငါဇေရဇ်မင်း သည်ငါ၏အစေခံတို့ကိုဝါရှတိမိ ဖုရားထံသို့စေလွှတ်၍ ငါ၏အမိန့်ကို ဆင့်ဆိုစေရာသူသည်ငါ၏အမိန့်တော် ကိုမနာခံပါ။ သို့ဖြစ်၍ငါသည်သူ့အား တရားဥပဒေအရအဘယ်သို့ပြုသင့် ပါသနည်း'' ဟုမေးတော်မူ၏။
16 Memucán respondió ante el rey y los príncipes: “La reina Vasti no ha hecho mal sólo al rey, sino también a todos los príncipes y a todo el pueblo que está en todas las provincias del rey Asuero.
၁၆ထိုအခါမမုကန်သည်မင်းကြီးနှင့်မှူး မတ်တို့အား``ဝါရှတိမိဖုရားသည်ဘုရင် မင်းမြတ်ကိုသာလျှင်စော်ကားသည်မဟုတ် ပါ။ ဘုရင့်မှူးကြီးမတ်ရာတို့ကိုလည်းစော် ကားပေသည်။ အကယ်စင်စစ်သူသည်အင် ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုးသား အပေါင်းတို့ကိုစော်ကားပါ၏။-
17 Porque esta acción de la reina será conocida por todas las mujeres, haciéndolas despreciar a sus maridos cuando se diga: ‘El rey Asuero mandó traer a la reina Vasti ante él, pero ella no vino’.
၁၇အင်ပါယာနိုင်ငံတစ်ဝှမ်းလုံးရှိအမျိုး သမီးအပေါင်းသည် မိဖုရားပြုသည့်အမှု ကိုကြားသိလျှင် မိမိတို့ခင်ပွန်းများအား အထင်သေးကြပါလိမ့်မည်။ သူတို့က``ဇေရဇ် မင်းသည်ဝါရှတိမိဖုရားအားအမိန့်ပေး ၍ခေါ်ယူပါသော်လည်း မိဖုရားကအမိန့် တော်ကိုမနာခံပါဟုပြောဆိုကြပါ လိမ့်မည်။-
18 Hoy, las princesas de Persia y de Media que se han enterado de la acción de la reina lo contarán a todos los príncipes del rey. Esto causará mucho desprecio e ira.
၁၈မိဖုရား၏အပြုအမူကိုကြားသိရ သည့်ပေရသိနှင့် မေဒိမှူးမတ်ကတော်တို့ သည်နေမဝင်မီမှူးမတ်တို့အား ထိုအကြောင်း ကိုပြောကြားကြပါလိမ့်မည်။ အမျိုးသမီး များသည်မိမိတို့ခင်ပွန်းတို့အားမထီ မဲ့မြင်ပြု၍ အမျိုးသားတို့သည်မိမိတို့ ၏ဇနီးတို့အားဒေါသအမျက်ထွက်ကြ လိမ့်မည်။-
19 “Si al rey le parece bien, que salga de él un mandamiento real y que se escriba entre las leyes de los persas y de los medos, para que no pueda ser alterado, a fin de que Vasti no vuelva a presentarse ante el rey Asuero; y que el rey dé su patrimonio real a otra que sea mejor que ella.
၁၉အရှင်မင်းကြီးသဘောတူတော်မူပါလျှင် ဝါရှတိမိဖုရားအားနောင်အဘယ်အခါ ၌မျှ ရှေ့တော်သို့ဝင်ခွင့်မပြုကြောင်းရာဇ အမိန့်ကြေငြာချက်ကိုထုတ်ပြန်တော်မူ ပါ။ ထိုအမိန့်တော်ကိုနောင်အဘယ်အခါ ၌မျှမပြောင်းမလဲနိုင်စိမ့်သောငှာ ပေရသိ၊ မေဒိဋ္ဌမ္မသတ်များတွင်ထည့်သွင်းရေးမှတ် ၍ထားတော်မူပါ။ ထိုနောက်မိဖုရား၏ ရာထူးကို သူ့ထက်သာသည့်အမျိုးသမီး တစ်ဦးအားချီးမြှင့်တော်မူပါ။-
20 Cuando se publique en todo el reino el decreto del rey que él hará (porque es grande), todas las mujeres darán honor a sus maridos, tanto a los grandes como a los pequeños.”
၂၀အရှင်၏အမိန့်တော်ကို ဤကျယ်ဝန်းသည့် အင်ပါယာနိုင်ငံတော်တစ်လျှောက်လုံးတွင် ကြေညာလိုက်သောအခါ အမျိုးသမီး အပေါင်းတို့သည်မိမိတို့၏ခင်ပွန်းများ အားဆင်းရဲသည်ဖြစ်စေ၊ ချမ်းသာသည် ဖြစ်စေရိုသေကြပါလိမ့်မည်'' ဟုလျှောက် ၏။
21 Este consejo agradó al rey y a los príncipes, y el rey hizo conforme a la palabra de Memucán:
၂၁မင်းကြီးနှင့်မှူးမတ်တို့သည် ဤစကားကို နှစ်သက်သဘောကျကြ၏။ သို့ဖြစ်၍မင်း ကြီးသည်မမုကန်အကြံပေးသည့် အတိုင်းပြုတော်မူ၏။-
22 pues envió cartas a todas las provincias del rey, a cada provincia según su escritura, y a cada pueblo en su lengua, para que cada uno gobernara su casa, hablando en la lengua de su pueblo.
၂၂သူသည်မိမိ၏နယ်ပယ်ရှိသမျှတို့သို့သံ တမန်များကိုစေလွှတ်၍ ဒေသဆိုင်ရာဘာ သာစကားဖြင့်``ခင်ပွန်းဖြစ်သူသည် မိမိအိမ် ထောင်တွင်ဦးစီးခေါင်းဆောင်ဖြစ်စေရမည်။ သူ၏စကားကိုမလွန်ဆန်ရ'' ဟူ၍အမိန့် ထုတ်ပြန်တော်မူ၏။