< Deuteronomio 32 >
1 Escuchad, cielos, y yo hablaré. Que la tierra escuche las palabras de mi boca.
၁အို ကောင်းကင် ၊ နားထောင် လော့၊ ငါပြော မည်။ အိုမြေကြီး ၊ ငါ မြွက်ဆို သောစကား ကို ကြား လော့။
2 Mi doctrina caerá como la lluvia. Mi discurso se condensará como el rocío, como la lluvia brumosa sobre la hierba tierna, como las duchas sobre la hierba.
၂ငါ့ ဒေသနာ သည် မိုဃ်း ရေကဲ့သို့ စက်စက် ကျ၍၊ ငါ့ စကား သည် နှင်း ကဲ့သို့ ဖြည်းညှင်း စွာ သက်ရောက်လိမ့်မည်။ နုသောပျိုးပင် ပေါ် မှာ ရွာသောမိုဃ်း ကဲ့သို့ ၎င်း၊ မြက်ပင် ပေါ် မှာ များပြားသော မိုဃ်း ရေကဲ့သို့ ၎င်း ဖြစ်လိမ့်မည်။
3 Porque proclamaré el nombre de Yahvé. ¡Atribuye la grandeza a nuestro Dios!
၃ငါသည် ထာဝရဘုရား ၏ နာမတော် ကို ဘော်ပြ သည်ဖြစ်၍ ၊ ငါ တို့ဘုရားသခင် ၏ ဘုန်း အာနုဘော်တော် ကို ချီးမွမ်း ကြလော့။
4 La Roca: su trabajo es perfecto, porque todos sus caminos son justos. Un Dios de fidelidad que no se equivoca, justo y correcto es él.
၄ဘုရားသခင် သည် မူလအမြစ်ဖြစ်၍၊ အမှု တော်သည် စုံလင် ပေ၏။ စီရင် တော်မူသမျှ တို့သည် တရား နှင့် ညီလျက်၊ သစ္စာ စောင့်သောဘုရား ၊ အပြစ် ကင်းလွတ် ၍ ဟုတ်မှန် ဖြောင့်မတ် သော ဘုရားဖြစ်တော်မူ၏။
5 Han hecho un trato corrupto con él. No son sus hijos, por su defecto. Son una generación perversa y torcida.
၅သူ တို့သည် ယိုယွင်း ကြပြီ။ ဘုရားသခင် ၏ သား မ ဟုတ်၊ အညစ် အကြေးကပ်ကြ၏။ သဘော ကောက်၍ ဖောက်ပြန် သောအမျိုး ဖြစ်ကြ၏။
6 ¿Es esta la forma en que pagas a Yahvé, ¿Gente tonta e imprudente? ¿No es tu padre quien te ha comprado? Él te ha hecho y te ha establecido.
၆အို ပညာ မဲ့ သော လူမိုက် တို့၊ ထာဝရဘုရား ၏ ကျေးဇူးတော်ကို ဤသို့ ဆပ် မည်လော။ ထာဝရဘုရား သည် သင့် ကို ဖြစ် စေသောအဘ ၊ သင့် ကို ဖန်ဆင်း ၍ နေရာချသောသူဖြစ် တော်မူသည် မ ဟုတ်လော။
7 Recuerda los días de antaño. Considera los años de muchas generaciones. Pregúntale a tu padre, y él te lo mostrará; a tus mayores, y ellos te lo dirán.
၇ရှေး ကာလ ကို အောက်မေ့ လော့။ လွန်လေ ပြီးသော နှစ် ပေါင်းများကို ဆင်ခြင် လော့။ သင့် အဘ ကို မေးမြန်း လျှင် သူသည် ဘော်ပြ လိမ့်မည်။ အသက်ကြီး သူတို့ ကို မေးမြန်းလျှင် သူတို့သည် ပြောဆိုကြလိမ့်မည်။
8 Cuando el Altísimo dio a las naciones su herencia, cuando separó a los hijos de los hombres, fijó los límites de los pueblos según el número de los hijos de Israel.
၈အမြင့်ဆုံး သော ဘုရားသည် အာဒံ၏အမျိုးအနွယ်ဖြစ်သော လူမျိုး တို့ကို ပိုင်းခြား ၍ အမွေ မြေ ကို ဝေပေးသောအခါ ၊ ဣသရေလ အမျိုးသား တို့ အရေအတွက် ကို ထောက်ရှု ၍၊ လူမျိုး တို့နေရာအပိုင်းအခြားကို စီရင်တော်မူ၏။
9 Porque la porción de Yahvé es su pueblo. Jacob es el lote de su herencia.
၉ထာဝရဘုရား ၏ အဘို့ ကား ၊ လူမျိုး တော်တည်း။ ယာကုပ် အမျိုးသည် အမွေခံ တော်မူရာ ဖြစ်သတည်း။
10 Lo encontró en una tierra desierta, en el desierto de los aullidos. Lo rodeó. Se preocupó por él. Lo mantuvo como la niña de sus ojos.
၁၀လူ ဆိတ်ညံသောအရပ် ၊ သားရဲ မြည်၍၊ လွတ်လပ် သောတောလွင်ပြင် ၌ ယာကုပ် ကို တွေ့ တော်မူသောအခါ ဝန်းရံ ဆီးကာခြင်း၊ သွန်သင် ခြင်းကျေးဇူးကို ပြု၍ မျက် ဆန် တော်ကဲ့သို့ စောင့် တော်မူ၏။
11 Como un águila que agita su nido, que revolotea sobre sus crías, extendió sus alas, los tomó, los llevaba en sus plumas.
၁၁ရွှေလင်းတ သည် အသိုက် ကို မွှေ လျက်၊ သား ငယ်တို့အပေါ် မှာ လှုပ်ရှား လျက်၊ အတောင် တို့ကို ဖြန့် လျက်၊ သားငယ် တို့ကိုယူ ၍ မိမိ အတောင် တို့ဖြင့် ဆောင် သကဲ့သို့၊
12 Sólo Yahvé lo guió. No había ningún dios extranjero con él.
၁၂ထာဝရဘုရား တပါး တည်းသာလျှင်၊ ယာကုပ် ကို ဆောင် သွားတော်မူ၏။ အခြား တပါးသောဘုရား မည်မျှမ ရှိ။
13 Lo hizo cabalgar sobre las alturas de la tierra. Se comió la cosecha del campo. Le hizo chupar la miel de la roca, aceite de la roca pedernal;
၁၃မြေကြီး ပေါ် မှာမြင့်မြတ် သော အရပ်တို့၌ နေရာ ချတော်မူသဖြင့် ၊ သူသည် မြေ အသီးအနှံ ကိုစား ၍ ကျောက် ထဲ ကပျားရည် ကို၎င်း၊ မီး ပါကျောက် ထဲ ကဆီ ကို ၎င်း၊
14 la mantequilla del rebaño, y la leche del rebaño, con grasa de cordero, carneros de la raza de Basán, y cabras, con el más fino de los trigos. De la sangre de la uva, bebisteis vino.
၁၄သိုးသငယ် ဆီဥ ၊ ဗာရှန် အမျိုး ၏သိုး ထီး၊ ဆိတ် ထီး ဆီဥ၊ ဂျုံ စပါး၊ ကျောက်ကပ် ဆီဥ နှင့်တကွ နွား နို့ဓမ်း နှင့် သိုး နို့ ကို၎င်းစို့မည်အကြောင်းစီရင်တော်မူ၍၊ သင်သည် စပျစ်သီး အသွေး စစ်ကို သောက် ရ၏။
15 Pero Jeshurun engordó y pataleó. Has engordado. Has crecido en grosor. Te has vuelto elegante. Entonces abandonó a Dios que lo hizo, y rechazó la Roca de su salvación.
၁၅သို့ရာတွင် ၊ ယေရှုရုန် သည် ဆူဝ ၍ ခြေ နှင့်ကန် လေ၏။ ဆူဝ လျက်၊ တုတ် လျက်၊ ဆီဥ နှင့်ပြည့်စုံလျက် နေသဖြင့် ၊ ဖန်ဆင်း တော်မူသောဘုရားသခင် ကို စွန့် ၍ ၊ ကယ်တင် ရာကျောက် ကို မထီမဲ့မြင် ပြုလေ၏။
16 Le provocaron celos con dioses extraños. Lo provocaron a la ira con abominaciones.
၁၆သူတို့သည် အခြား တပါးသောဘုရားအားဖြင့် ငြူစူ စေကြ၏။ ရွံရှာ ဘွယ်သော အမှုအရာအားဖြင့် အမျက် တော်ကို နှိုးဆော်ကြ၏။
17 Sacrificaban a los demonios, no a Dios, a dioses que no conocían, a los nuevos dioses que surgieron recientemente, que sus padres no temían.
၁၇ဘုရား မ ဟုတ်သော နတ်ဆိုး ၊ မ သိ ဘူးသော ဘုရား ၊ ဘိုးဘေး တို့ မ ကြောက် ဘူးသော ဘုရားသစ် တို့ အား ယဇ် ပူဇော်ကြ၏။
18 De la Roca que se convirtió en tu padre, no te acuerdas, y has olvidado a Dios que te dio a luz.
၁၈သင် ဖြစ်ရာမူလ အမြစ်ကို သင်မ မှတ်မိ။ သင့် ကို ဖန်ဆင်း တော်မူသောဘုရားသခင် ကို သင်မေ့လျော့ ပြီ။
19 Yahvé vio y abominó, a causa de la provocación de sus hijos e hijas.
၁၉ထိုအမှုကို ထာဝရဘုရား မြင် သောအခါ ၊ အမျက် တော်ထွက်၍ သား သမီး တော်တို့ကို စွန့်ပစ် တော်မူလျက်၊
20 Dijo: “Les ocultaré mi rostro. Veré cuál será su final; porque son una generación muy perversa, hijos en los que no hay fidelidad.
၂၀ငါသည် ကိုယ် မျက်နှာ ကို သူ တို့မှ လွှဲ မည်။ သူ တို့ သည် အဘယ်သို့ ဆုံး မည်ကို ငါကြည့် မည်။ သဘော ခိုင်မာသောအမျိုး ၊ သစ္စာ မ ရှိသော သား သမီးဖြစ်ကြ၏။
21 Me han movido a celos con lo que no es Dios. Me han provocado la ira con sus vanidades. Los moveré a celos con los que no son un pueblo. Los provocaré a la ira con una nación insensata.
၂၁ဘုရား မ ဟုတ်သောအရာအားဖြင့် ငါ သည် ငြူစူ သောစိတ်ရှိစေခြင်းငှါပြုကြပြီ။ အချည်းနှီး သောအရာ အားဖြင့် ငါ့ အမျက် ကို နှိုးဆော်ကြပြီ။ သို့ဖြစ်၍ မ ရေရာ သော လူမျိုး အားဖြင့် သူ တို့သည် ငြူစူ သောစိတ်ရှိစေခြင်းငှါ၎င်း၊ ပညာ မရှိသောလူမျိုး အားဖြင့် စိတ်ဆိုး စေခြင်းငှါ၎င်း ငါပြုမည်။
22 Porque un fuego se enciende en mi ira, que arde hasta el más bajo Sheol, devora la tierra con su aumento, y hace arder los cimientos de las montañas. (Sheol )
၂၂ငါ သည် အမျက် ထွက်၍ မီး ရှို့ သဖြင့် ၊ အနက်ဆုံး သောမရဏာ နိုင်ငံသို့ လောင် လိမ့်မည်။ မြေ နှင့် မြေ အသီးအနှံ ကို ကျွမ်း စေ၍ တောင် ခြေရင်း တိုင်အောင်လောင် လိမ့်မည်။ (Sheol )
23 “Les amontonaré males. Gastaré mis flechas en ellos.
၂၃သူ တို့အပေါ် မှာ ဘေးဥပဒ် များကို ငါ ပို့မည်။ ငါ့ မြှား တို့ကို အကုန်အစင် ပစ်မည်။
24 Se consumirán de hambre, y devorado con calor ardiente y amarga destrucción. Enviaré los dientes de los animales sobre ellos, con el veneno de las víboras que se deslizan en el polvo.
၂၄သူတို့သည် မွတ်သိပ် ခြင်းအရှိန်ကို ခံ ရ၍ ၊ ပူလောင် ခြင်းဘေး၊ ပြင်းစွာ သောဖျက်ဆီး ခြင်းဘေး အားဖြင့် ဆုံးရှုံး ကြလိမ့်မည်။ သားရဲ တို့၏ သွား ကို၎င်း ၊ မြေ ၌ ကျင်လည်သော မြွေ အဆိပ် ကို ၎င်း၊ သူ တို့၌ ငါစေလွှတ် မည်။
25 Fuera de la espada se desgarrará, y en las habitaciones, el terror tanto en el joven como en la virgen, el bebé lactante con el hombre canoso.
၂၅အိမ်ပြင် ၌ ထား ဘေး၊ အိမ် အတွင်း၌ ကြောက်မက် ဘွယ်သောဘေးသည် လူပျို နှင့် အပျို ကို၎င်း၊ နို့စို့ သူငယ် နှင့် ဦးဆံ ဖြူသောသူ ကို၎င်း ဖျက်ဆီး လိမ့်မည်။
26 Dije que los dispersaría a lo lejos. Yo haría que su memoria cesara entre los hombres;
၂၆ရန်သူ ၏ မာန် မာနကို ငါမ ကြောက် လျှင်၎င်း၊
27 si no temiera la provocación del enemigo, para que sus adversarios no juzguen mal, para que no digan: “Nuestra mano es exaltada”; Yahvé no ha hecho todo esto’”.
၂၇ရန်ဘက် ပြုသောသူတို့သည် ထောင်လွှားလျက်၊ ဤ အမှုအလုံးစုံ ကို ထာဝရဘုရား မ ပြု ၊ ဘုန်းကြီး သောငါ တို့ လက်ရုံး ပြပြီဟု ပြော မည်ကို စိုးရိမ် စရာမရှိလျှင်၎င်း၊ သူ တို့ ကို မြေကြီးစွန်းတိုင်အောင်အရပ်ရပ်သို့ ကွဲပြား စေ၍၊ အဘယ်သူမျှမအောက်မေ့ စေခြင်းငှါပယ်ရှင်း မည်ဟု ငါအကြံ ရှိ၏။
28 Porque son una nación vacía de consejo. No hay comprensión en ellos.
၂၈အကြောင်း မူကား၊ သူ တို့သည် ပညာ သတိမ ရှိ၊ ဉာဏ် ကင်း သော လူမျိုး ဖြစ်ကြ၏။
29 Oh, que fueran sabios, que entendieran esto, ¡que consideren su último fin!
၂၉ပညာ ကိုရ၍ ဤ အမှုကို နားလည် ကြပါစေ သော။ နောက်ဆုံး ကာလ၌ အဘယ်သို့ဖြစ်မည်ကို ဆင်ခြင် ကြပါစေသောဟု မိန့်တော်မူ၏။
30 Cómo podría uno perseguir a mil, y dos pusieron en fuga a diez mil, a menos que su Roca los haya vendido, y Yahvé los había entregado?
၃၀သူ တို့ခိုလှုံစရာကျောက် သည် သူ တို့ကိုမ ရောင်း ၊ ထာဝရဘုရား သည် သူ တို့ကို အပ် တော်မမူလျှင် ၊ လူတယောက် သည် လူတထောင် ကို အဘယ်သို့ နှင်နိုင်မည်နည်း။ လူနှစ် ယောက်သည် လူတသောင်း ကို အဘယ်သို့ပြေး စေနိုင်မည်နည်း။
31 Porque su roca no es como la nuestra, incluso nuestros enemigos lo reconocen.
၃၁ငါ တို့၏ရန်သူ များ စီရင် ဆုံးဖြတ်သော်လည်း ၊ သူ တို့ကျောက် သည် ငါ တို့ကျောက် နှင့်မ တူ။
32 Porque su vid es de la vid de Sodoma, de los campos de Gomorra. Sus uvas son uvas venenosas. Sus racimos son amargos.
၃၂သူ တို့စပျစ် နွယ်ပင်သည် သောဒုံ စပျစ် နွယ်ပင် မျိုး၊ ဂေါမောရ မြေ ၌ ပေါက်သော အပင်မျိုးဖြစ်၏။ သူ တို့ စပျစ်သီး သည် ခါး သောအပင်၏ အသီး ဖြစ်၍၊ စပျစ်သီးပြွတ် တို့သည် ခါး သောအရသာနှင့် ပြည့်စုံကြ၏။
33 Su vino es el veneno de las serpientes, el cruel veneno de los áspides.
၃၃သူ တို့ စပျစ်ရည် သည် နဂါး အဆိပ် ၊ ပြင်းထန် သော မြွေဆိုး အဆိပ် အတောက်ဖြစ်၏။
34 “¿No está esto guardado en la tienda conmigo, ¿encerrado entre mis tesoros?
၃၄ဤ အမှုသည် ငါ့ ထံမှာ သိုထား လျက်၊ ငါ့ ဘဏ္ဍာ တိုက် ၌ တံဆိပ် ခပ်လျက် ရှိသည်မ ဟုတ်လော။
35 Mía es la venganza y la recompensa, en el momento en que su pie se desliza, porque se acerca el día de su calamidad. Su perdición se precipita sobre ellos”.
၃၅အပြစ်တရားကို စီရင်ရသောအခွင့်၊ အပြစ် နှင့် အလျောက်ဆပ် ပေးရသောအခွင့်ကို ငါပိုင်၏။ အချိန် တန်မှ သူ တို့ခြေ သည် ချော် လိမ့်မည်။ သူ တို့၌ ဘေး ရောက်သောအချိန် နီး ပြီ။ သူ တို့တွေ့ကြုံရသောအမှုသည် အလျင်အမြန် ရောက်လာလိမ့်မည်။
36 Porque Yahvé juzgará a su pueblo, y tenga compasión de sus siervos, cuando vea que su poder ha desaparecido, que no queda nadie, encerrado o suelto.
၃၆ထာဝရဘုရား သည် မိမိ လူ တို့အဘို့ တရား စီရင်တော်မူမည်။ ကိုယ်တော် ၏ ကျွန် တို့သည် တန်ခိုး ကုန် ကြောင်း ၊ အချုပ် ခံရသောသူ၊ လွတ် သောသူတယောက် မျှ မရှိကြောင်းကို မြင် သောအခါ ၊ သူတို့အမှုကြောင့် နောင်တ ရ တော်မူလျက်၊
37 Él dirá: “¿Dónde están sus dioses? la roca en la que se refugiaron,
၃၇သူ တို့ဘုရား ၊ သူတို့ခိုလှုံ သောကျောက် သည် အဘယ် မှာရှိသနည်း။
38 que comían la grasa de sus sacrificios, y bebieron el vino de su libación? ¡Que se levanten y te ayuden! Deja que sean tu protección.
၃၈သူ တို့ပူဇော် သော ဆီဥ ကို စား ၍ သွန်းလောင်း ရာ ပူဇော်သက္ကာ စပျစ်ရည် ကို သောက် သောသူ တို့ သည် အဘယ်မှာရှိသနည်း။ သူ တို့သည် ထ ၍ သင် တို့ကို ကွယ်ကာ စောင့်မပါလေစေ။
39 “Mira ahora que yo mismo soy él. No hay ningún dios conmigo. Yo mato y hago vivir. Hiero y curo. No hay nadie que pueda liberar de mi mano.
၃၉ငါ သည် ကိုယ်တိုင် အားဖြင့်ဘုရားဖြစ်ကြောင်း ကို၎င်း၊ ငါ မှတပါး အခြားသောဘုရား မ ရှိကြောင်းကို၎င်းကြည့်ရှု ကြလော့။ ငါ သည် အသက်ကို သေ စေ၏။ အသက် ကိုလည်း ရှင်စေ၏။ ငါသည် အနာပေါ်စေခြင်းငှါဒဏ်ခတ်၏။ အနာ ကိုလည်း ပျောက် စေ၏။ ငါ့ လက် မှ အဘယ်သူ မျှမကယ် မနှုတ်နိုင်။
40 Porque alzo mi mano al cielo y declaro, ya que vivo para siempre,
၄၀ငါ သည် အစဉ်အမြဲ အသက် ရှင်ပေ၏ဟု ငါ့ လက် ကို ကောင်းကင် သို့ ချီ ၍ ကျိန်ဆို ၏။
41 si afilo mi reluciente espada, mi mano la agarra para juzgarla; Me vengaré de mis adversarios, y pagará a los que me odian.
၄၁ငါသည် ပြောင်လက် သောထား ကို သွေး ၍ ၊ တရားစီရင်စပြုလျက် ငါ့ ရန်သူ တို့၌ အပြစ် တရားကို စီရင် မည်။ ငါ့ ကိုမုန်း သောသူတို့ ခံ ထိုက်သောအပြစ်အလျောက် ငါဆပ် ပေးမည်။
42 Embriagaré mis flechas con sangre. Mi espada devorará la carne con la sangre de los muertos y de los cautivos, de la cabeza de los líderes del enemigo”.
၄၂ငါ့ မြှား တို့ကို အသွေး နှင့် ယစ်မူး စေမည်။ ငါ့ ထား သည် အသား ကို စား လိမ့်မည်။ သတ် သောသူ၊ လက်ရ သောသူတို့၏ အသွေး ၊ ရန်သူ အကဲအမှူး တို့၏ ဦးခေါင်း ကို စားသောက်လိမ့်မည်။
43 Alegraos, naciones, con su pueblo, porque vengará la sangre de sus siervos. Se vengará de sus adversarios, y expiará su tierra y su pueblo.
၄၃တပါးအမျိုးသား တို့၊ သင်တို့သည် ဘုရားသခင် ၏ လူမျိုး နှင့်အတူဝမ်းမြောက် ခြင်းရှိကြလော့။ အကြောင်း မူကား၊ ကိုယ်တော် ၏ ကျွန် တို့ကိုသတ် သော အပြစ် နှင့် အလျောက်ဒဏ် ပေး၍ ကိုယ်တော် ၏ ရန်သူ တို့ ၌ အပြစ် တရားကို စီရင်တော်မူမည်။ ပြည် တော်နှင့် မိမိ လူမျိုး ကို ကယ်မ သနားတော်မူမည်ဟူသော၊
44 Moisés vino y pronunció todas las palabras de este cántico a oídos del pueblo, él y Josué hijo de Nun.
၄၄ဤ သီချင်း စကား ကို မောရှေ သည် လာ ၍ နုန် သား ယောရှု နှင့်အတူ လူ များတို့အား ဟောပြော မြွက်ဆို၏။
45 Moisés terminó de recitar todas estas palabras a todo Israel.
၄၅ထိုသို့ မောရှေ သည် ဤ စကား အလုံးစုံ တို့ကို ဣသရေလ အမျိုးသားအပေါင်း တို့အား အကုန်အစင် ဟောပြောမြွက်ဆို ပြီးလျှင်၊
46 Les dijo: “Pongan su corazón en todas las palabras que yo les testifico hoy, las cuales mandarán a sus hijos a cumplir, todas las palabras de esta ley.
၄၆သင် တို့အား ယနေ့ ငါ သက်သေခံ သမျှ သော စကား တို့ကို နှလုံး သွင်း ကြလော့။ သင် တို့သား သမီးတို့ သည် ဤ ပညတ် တရား စကား တော်အလုံးစုံ တို့ကို စောင့်ရှောက် စေခြင်းငှါ ၊ သူ တို့အား ထပ်ဆင့်၍ မှာထား ရကြမည်။
47 Porque no es cosa vana para vosotros, porque es vuestra vida, y por medio de esto prolongaréis vuestros días en la tierra, donde pasáis el Jordán para poseerla.”
၄၇ဤအမှုသည် သာမညအမှုမဟုတ်။ သင်တို့အသက်နှင့်ဆိုင်သော အမှုဖြစ်၏။ ယော်ဒန် မြစ်ကိုကူး ၍ ဝင်စား လတံ့သော ပြည် ၌ ဤ အမှု ကို စောင့်ရှောက်လျှင်၊ ကိုယ် အသက်တာ ရှည် ကြလိမ့်မည်ဟု ပြောဆို၏။
48 Yahvé habló a Moisés aquel mismo día, diciendo:
၄၈ထိုနေ့ ခြင်း တွင် ထာဝရဘုရား က၊ ယေရိခေါ မြို့ တဘက် ၊ မောဘ ပြည် အာဗရိမ် တောင်ရိုး ၊ နေဗော တောင် ထိပ် ပေါ် သို့တက် ၍၊
49 “Sube a este monte de Abarim, al monte Nebo, que está en la tierra de Moab, que está al otro lado de Jericó; y mira la tierra de Canaán, que yo doy a los hijos de Israel en posesión.
၄၉ဣသရေလ အမျိုးသား တို့အား ငါ အပိုင် ပေး သော ခါနာန် ပြည် ကို ကြည့်ရှု လော့။
50 Muere en el monte al que subas, y sé reunido con tu pueblo, como murió Aarón, tu hermano, en el monte Hor, y fue reunido con su pueblo;
၅၀သင့် အစ်ကို အာရုန် သည် ဟောရ တောင် ပေါ် မှာ သေ ၍ မိမိ လူမျိုး စည်းဝေး ရာသို့ ရောက်သကဲ့သို့ ၊ သင် သည်လည်း တက် သွားသော ဤတောင် ပေါ် မှာ သေ ၍ ၊ သင် ၏လူမျိုး စည်းဝေး ရာသို့ ရောက်လော့။
51 porque delinquiste contra mí entre los hijos de Israel en las aguas de Meribá de Cades, en el desierto de Zin; porque no defendiste mi santidad entre los hijos de Israel.
၅၁အကြောင်း မူကား၊ သင်တို့သည် ဇိန တော ၊ ကာဒေရှ ရွာ၊ မေရိဘ စမ်းရေ အနား၌ ဣသရေလ အမျိုးသား တို့ရှေ့ မှာ ငါ့ ကို မ ရိုမသေပြု၍ ပြစ်မှား ကြပြီ။
52 Porque veréis la tierra desde lejos; pero no entraréis allí en la tierra que yo doy a los hijos de Israel.”
၅၂ထို့ကြောင့် ဣသရေလ အမျိုးသား တို့အား ငါ ပေး သော ပြည် ကို သင်သည် ကိုယ်မျက်စိနှင့် မြင် ရသော်လည်း ၊ ထို ပြည်သို့ မ ဝင်စား ရဟု မောရှေ အား မိန့် တော်မူ၏။