< Hechos 26 >
1 Agripa dijo a Pablo: “Puedes hablar por ti mismo”. Entonces Pablo extendió la mano e hizo su defensa.
၁အဂြိပ္ပမင်းကြီးက ``သင်လျှောက်ထားနိုင် သည်'' ဟုပေါလုအားဆိုသော် ပေါလုသည် လက်ကိုဆန့်၍၊-
2 “Me considero feliz, rey Agripa, de poder hacer hoy mi defensa ante ti de todo lo que me acusan los judíos,
၂``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်အားယုဒ အမျိုးသားတို့စွပ်စွဲချက်များနှင့်ပတ်သက် ၍ အရှင်၏ရှေ့တော်တွင်လျှောက်လဲချေပရ သည်မှာ အကျွန်ုပ်အဖို့ထူးမြတ်သောအခွင့် အရေးပင်ဖြစ်သည်ဟုယူဆပါ၏။-
3 especialmente porque eres experto en todas las costumbres y cuestiones que hay entre los judíos. Por eso te ruego que me escuches con paciencia.
၃အရှင်သည်ယုဒအမျိုးသားတို့၏ဋ္ဌလေ့ ထုံးစံများနှင့် အငြင်းပွားတတ်သည့်ပြဿ နာများကိုသိရှိသူဖြစ်ပါ၏။ သို့ဖြစ်၍ အကျွန်ုပ်လျှောက်ထားချက်ကိုစိတ်ရှည်လျက် နားထောင်တော်မူပါ။''
4 “En efecto, todos los judíos conocen mi modo de vida desde mi juventud, que fue desde el principio entre mi propia nación y en Jerusalén;
၄``အကျွန်ုပ်သည်ပျိုရွယ်စဉ်အခါမှစ၍ ဦးစွာ မိမိ၏ဇာတိပြည်ရွာတွင်လည်းကောင်း ထိုနောက်ယေရုရှလင်မြို့တွင်လည်းကောင်း မည်သို့ပြုမူနေထိုင်ခဲ့သည်ကိုယုဒ အမျိုးသားအပေါင်းတို့သိကြပါ၏။-
5 habiéndome conocido desde el principio, si están dispuestos a testificar, que según la secta más estricta de nuestra religión viví como fariseo.
၅အကျွန်ုပ်ကိုသူတို့သိကြသည်မှာကြာ ပါပြီ။ အကျွန်ုပ်သည်ယုဒဘာသာတွင် အကျပ်တည်းဆုံးသောစည်းမျဉ်းများကို လိုက်နာကျင့်သုံးသည့်ဖာရိရှဲဂိုဏ်းဝင် တစ်ယောက်အနေဖြင့်နေထိုင်ပြုမူခဲ့ ကြောင်းကို ထိုသူတို့သက်သေခံလိုက ခံနိုင်ကြပါ၏။-
6 Ahora estoy aquí para ser juzgado por la esperanza de la promesa hecha por Dios a nuestros padres,
၆ဘုရားသခင်သည်အကျွန်ုပ်တို့၏ဘိုးဘေး များအားထားတော်မူသည့်ကတိတော်ကို အကျွန်ုပ်မျှော်လင့်စောင့်စားသည့်အတွက် ယခုအခါအကျွန်ုပ်သည်အစစ်အဆေး ခံနေရပါ၏။-
7 que nuestras doce tribus, sirviendo fervientemente noche y día, esperan alcanzar. Sobre esta esperanza me acusan los judíos, rey Agripa.
၇ထိုကတိတော်ကားယုဒအမျိုးအနွယ် တစ်ဆယ့်နှစ်ပါးတို့သည် နေ့ညမပြတ် ဘုရားသခင်ကိုဝတ်ပြုကိုးကွယ်လျက် မျှော်လင့်စောင့်စားနေကြသည့်ကတိ တော်ပင်ဖြစ်ပါ၏။ အရှင်မင်းကြီး၊ ဤ သို့မျှော်လင့်စောင့်စားခြင်းကြောင့် အကျွန်ုပ် အားယုဒအမျိုးသားတို့စွပ်စွဲပြောဆို ကြခြင်းဖြစ်ပါ၏။-
8 ¿Por qué se juzga increíble para ti que Dios resucite a los muertos?
၈သူသေတို့ကိုဘုရားသခင်ရှင်ပြန်ထ မြောက်စေတော်မူသည်ကို ဤတွင်ရှိနေသူ တို့အဘယ်ကြောင့်မယုံနိုင်ကြပါသနည်း။''
9 “Yo mismo pensé que debía hacer muchas cosas contrarias al nombre de Jesús de Nazaret.
၉``အကျွန်ုပ်ကိုယ်တိုင်ပင်လျှင် နာဇရက်မြို့ သားယေရှု၏နာမတော်နှင့်ဆန့်ကျင်သည့် အမှုများကိုပြုသင့်သည်ဟုယူဆခဲ့ပါ၏။-
10 También hice esto en Jerusalén. Encerré a muchos de los santos en las cárceles, habiendo recibido autoridad de los sumos sacerdotes; y cuando fueron condenados a muerte, di mi voto contra ellos.
၁၀ယေရုရှလင်မြို့တွင်ထိုသို့ပြုခဲ့ပါ၏။ ယဇ်ပုရောဟိတ်ကြီးများ၏အမိန့်အာဏာ ဖြင့် ယုံကြည်သူအမြောက်အမြားကိုထောင် သွင်း၍အကျဉ်းထားခဲ့ပါ၏။ သူတို့အား သေဒဏ်စီရင်ချိန်၌လည်း အကျွန်ုပ်သဘော တူမဲဆန္ဒပေးခဲ့ပါ၏။-
11 Castigándolos a menudo en todas las sinagogas, traté de hacerlos blasfemar. Enfurecido en extremo contra ellos, los perseguí hasta en ciudades extranjeras.
၁၁တရားဇရပ်များတွင်သူတို့အားကြိမ်ဖန် များစွာအပြစ်ဒဏ်ပေးစေပြီးလျှင် သူတို့ ၏အယူဝါဒကိုစွန့်လွှတ်ကြစေရန်ကြိုး စားဆောင်ရွက်ခဲ့ပါ၏။ သူတို့အပေါ်၌ ဒေါသစိတ်မွှန်၍နေသဖြင့် အကျွန်ုပ်သည် နိုင်ငံရပ်ခြားမြို့များသို့ပင်သွားရောက် ၍သူတို့ကိုညှဉ်းဆဲခဲ့ပါ၏။''
12 “Entonces, mientras viajaba a Damasco con la autoridad y la comisión de los jefes de los sacerdotes,
၁၂``ဤရည်ရွယ်ချက်ဖြင့်အကျွန်ုပ်သည်ယဇ် ပုရောဟိတ်ကြီးများထံမှ အခွင့်အာဏာရ ယူ၍ဒမာသက်မြို့သို့သွားပါ၏။ သို့သွား လျက်နေစဉ်၊-
13 al mediodía, oh rey, vi en el camino una luz del cielo, más brillante que el sol, que me rodeaba a mí y a los que viajaban conmigo.
၁၃မွန်းတည့်ချိန်၌ကောင်းကင်မှနေရောင်ထက် ပင် ထွန်းလင်းတောက်ပသည့်အလင်းရောင်ကို အကျွန်ုပ်မြင်ရပါ၏။-
14 Cuando todos caímos a tierra, oí una voz que me decía en lengua hebrea: “Saúl, Saúl, ¿por qué me persigues? Es difícil para ti dar coces contra los aguijones’.
၁၄ထိုအခါအကျွန်ုပ်တို့အားလုံးပင်မြေပေါ် သို့လဲကျကြပါ၏။ ထိုနောက်ဟေဗြဲဘာသာ စကားဖြင့်`ရှောလု၊ ရှောလု၊ သင်အဘယ်ကြောင့် ငါ့ကိုနှိပ်စက်ညှဉ်းဆဲသနည်း။ တုတ်ချွန်ကို ခြေနှင့်ကျောက်လျှင် သင်သာလျှင်နာကျင် လိမ့်မည်' ဟူသောအသံကိုအကျွန်ုပ်ကြား ပါ၏။-
15 “Dije: ‘¿Quién eres, Señor? “Dijo: ‘Yo soy Jesús, a quien tú persigues.
၁၅ထိုအခါအကျွန်ုပ်က `အရှင်၊ အရှင်သည် အဘယ်သူဖြစ်ပါသနည်း' ဟုမေးလျှောက် ပါ၏။ ထိုအရှင်က `ငါကားသင်နှိပ်စက်ညှဉ်း ဆဲနေသည့်ယေရှုတည်း။-
16 Pero levántate y ponte en pie, porque para esto me he aparecido a ti: para ponerte como servidor y testigo tanto de las cosas que has visto como de las que te voy a revelar;
၁၆သို့ရာတွင်ယခုထ၍မတ်တပ်ရပ်လော့။ သင့် အားငါ၏အမှုတော်ဆောင်အဖြစ်ခန့်ထားရန် သင်၏ထံသို့ငါကြွလာခြင်းဖြစ်၏။ ယနေ့ သင်မြင်ရသည့်ဗျာဒိတ်ရူပါရုံအကြောင်း နှင့် နောင်အခါငါဖော်ပြလတ္တံ့သောအကြောင်း အရာတို့ကိုသင်သည်သူတစ်ပါးတို့အား သက်သေခံရမည်။-
17 para librarte del pueblo y de los gentiles, a quienes te envío,
၁၇ငါသည်သင့်အားဣသရေလအမျိုးသား တို့၏လက်မှလည်းကောင်း၊ ငါစေလွှတ်၍သင် သွားရောက်ဟောပြောမည့်လူမျိုးခြားတို့ ၏လက်မှလည်းကောင်းကယ်ဆယ်မည်။-
18 para abrirles los ojos, a fin de que se conviertan de las tinieblas a la luz y del poder de Satanás a Dios, para que reciban la remisión de los pecados y la herencia entre los santificados por la fe en mí.’
၁၈သင်သည်လူမျိုးခြားတို့၏မျက်စိကိုဖွင့် ပေးရမည်။ သူတို့အားအမှောင်မှအလင်း သို့ကူးမြောက်စေ၍ စာတန်အာဏာစက်မှ ဘုရားသခင်၏အာဏာစက်သို့ကူးပြောင်း စေရမည်။ ထိုသူတို့သည်ငါ့ကိုယုံကြည်ခြင်း အားဖြင့်အပြစ်များပြေလွတ်လျက် ဘုရား သခင်ရွေးကောက်တော်မူသောလူစုတော် တွင်အပါအဝင်ဖြစ်ရလိမ့်မည်' ဟုမိန့် တော်မူပါ၏။''
19 “Por eso, rey Agripa, no fui desobediente a la visión celestial,
၁၉``အရှင်အဂြိပ္ပမင်းကြီး၊ အကျွန်ုပ်သည်ကောင်း ကင်မှရရှိသည့်ဗျာဒိတ်ရူပါရုံကိုမလွန်ဆန် နိုင်ပါ။ `သင်တို့သည်နောင်တရ၍ဘုရားသခင် ထံပြောင်းလဲရကြမည်။ နောင်တနှင့်လျော်ကန် သည့်အကျင့်ကိုကျင့်ရကြမည်' ဟု၊-
20 sino que declaré primero a los de Damasco, a los de Jerusalén y a los de todo el país de Judea, y también a los gentiles, que se arrepintieran y se convirtieran a Dios, haciendo obras dignas de arrepentimiento.
၂၀ဦးစွာဒမာသက်မြို့၊ ထိုနောက်ယေရုရှလင်မြို့ မှစ၍ ယုဒပြည်တစ်ပြည်လုံးရှိလူတို့အား လည်းကောင်း၊ လူမျိုးခြားတို့အားလည်းကောင်း အကျွန်ုပ်ဟောပြောပါ၏။-
21 Por eso los judíos me apresaron en el templo y trataron de matarme.
၂၁ထို့ကြောင့်ယုဒအမျိုးသားတို့သည် အကျွန်ုပ် ကိုဗိမာန်တော်ထဲတွင်ဖမ်းဆီး၍သတ်ရန် ကြိုးစားကြပါ၏။-
22 Por lo tanto, habiendo obtenido la ayuda que viene de Dios, estoy hasta el día de hoy dando testimonio tanto a pequeños como a grandes, no diciendo más que lo que los profetas y Moisés dijeron que sucedería,
၂၂သို့သော်ဘုရားသခင်သည်အကျွန်ုပ်ကိုမစ တော်မူသဖြင့် ယနေ့တိုင်အောင်အကျွန်ုပ်သည် အသက်ရှင်၍ယုတ်မြတ်မဟူလူအပေါင်းတို့ အားသက်သေခံလျက်ရှိပါ၏။ မေရှိယသည် အသေခံတော်မူရမည်ဟူ၍လည်းကောင်း၊ ကိုယ်တော်သည်သေခြင်းမှအဦးထမြောက် တော်မူပြီးလျှင် ဣသရေလအမျိုးသားတို့ နှင့်လူမျိုးခြားတို့အား ကယ်တင်ခြင်း အလင်းတရားတော်ကိုကြေညာတော်မူ လိမ့်မည်ဟူ၍လည်းကောင်း မောရှေနှင့်ပရော ဖက်များဟောကြားခဲ့သည့်အတိုင်းအကျွန်ုပ် သည်ဟောပြောပါ၏'' ဟုချေပလျှောက် ထား၏။
23 cómo el Cristo debía sufrir y cómo, por la resurrección de los muertos, sería el primero en anunciar la luz tanto a este pueblo como a los gentiles.”
၂၃
24 Mientras hacía su defensa, Festo dijo en voz alta: “¡Pablo, estás loco! Tu gran aprendizaje te está volviendo loco”.
၂၄ဤသို့လျှောက်လျက်နေစဉ်ဖေတ္တုက ``ပေါလု၊ သင်သည်ရူးသွပ်လေပြီ။ အတတ်လွန်ကဲ၍ သူရူးဖြစ်လေပြီတကား'' ဟုအော်၍ပြော ၏။
25 Pero él dijo: “No estoy loco, excelentísimo Festo, sino que declaro audazmente palabras de verdad y razonables.
၂၅ပေါလုက ``အရှင်မင်းကြီး၊ အကျွန်ုပ်သည် သူရူးမဟုတ်ပါ။ အရှင့်အားလေးနက်သော အမှန်တရားကိုလျှောက်ထားခြင်းဖြစ်ပါ၏။-
26 Porque el rey sabe de estas cosas, a quien también hablo libremente. Porque estoy persuadido de que nada de esto se le oculta, pues esto no se ha hecho en un rincón.
၂၆အဂြိပ္ပဘုရင်မင်းမြတ်၊ ထိုအမှုအရာများ အကြောင်းကိုအရှင်သိတော်မူသည်ဖြစ်၍ အကျွန်ုပ်သည်အရှင်၏ရှေ့တော်တွင်ရဲဝံ့စွာ လျှောက်ထားခြင်းဖြစ်ပါသည်။ ထိုအမှုအရာ များသည်ချောင်ကြိုချောင်ကြားတွင်ဖြစ်ပျက် ခဲ့သည်မဟုတ်ပါ။ ယင်းအကြောင်းအရာ အလုံးစုံကိုအရှင်မင်းကြီးသိတော်မူ ပြီးဖြစ်သည်ဟုအကျွန်ုပ်ယုံကြည်ပါ၏။-
27 Rey Agripa, ¿crees en los profetas? Yo sé que tú crees”.
၂၇အဂြိပ္ပဘုရင်မင်းမြတ်၊ အရှင်သည်ပရော ဖက်ကျမ်းများကိုယုံကြည်တော်မူပါ သလော။ အရှင်ယုံကြည်တော်မူကြောင်းကို အကျွန်ုပ်သိပါ၏'' ဟုလျှောက်၏။
28 Agripa dijo a Pablo: “¿Con un poco de persuasión pretendes hacerme cristiano?”
၂၈အဂြိပ္ပမင်းက ``သင်သည်ဤမျှတိုတောင်း သည့်အချိန်၌ ငါ့ကိုခရစ်ယာန်ဖြစ်စေနိုင် မည်ဟုထင်မှတ်ပါသလော'' ဟုဆို၏။
29 Pablo dijo: “Ruego a Dios que, ya sea con poco o con mucho, no sólo ustedes, sino también todos los que me escuchan hoy, lleguen a ser como yo, excepto estas ataduras.”
၂၉ပေါလုက ``အချိန်တိုသည်ကြာသည်မှာ ပဋ္ဌာနမဟုတ်ပါ။ အရှင်မင်းကြီးနှင့်တကွ ယနေ့အကျွန်ုပ်ပြောဆိုသည်ကို နားထောင် လျက်ရှိကြသောလူအပေါင်းတို့သည် ဤ အနှောင်အဖွဲ့ခံရမှုမှလွဲ၍အကျွန်ုပ်ကဲ့ သို့ပင်ဖြစ်လာကြစေရန် ဘုရားသခင် ထံတော်သို့အကျွန်ုပ်ဆုတောင်းပါ၏'' ဟု လျှောက်လေသည်။
30 El rey se levantó con el gobernador y Berenice, y los que estaban sentados con ellos.
၃၀ထိုအခါမင်းကြီးနှင့်ဘုရင်ခံတို့သည် မိ ဖုရားဗေရနိတ်နှင့်အဖွဲ့ဝင်အပေါင်းတို့ နှင့်တကွနေရာမှထကြ၏။-
31 Cuando se retiraron, hablaron entre sí, diciendo: “Este hombre no hace nada digno de muerte ni de prisión.”
၃၁သူတို့သည်ထိုနေရာမှထွက်ခွာသွားပြီး နောက် ``ဤသူသည်သေဒဏ်သို့မဟုတ်ထောင် ဒဏ်ခံထိုက်သည့်ပြစ်မှုတစ်စုံတစ်ရာကိုမျှ မကူးလွန်'' ဟုအချင်းချင်းပြောဆိုကြ၏။-
32 Agripa dijo a Festo: “Este hombre podría haber sido liberado si no hubiera apelado al César.”
၃၂အဂြိပ္ပမင်းက ``အကယ်၍ဤသူသည်ကဲသာ ဘုရင်ထံသို့အယူခံဝင်ရန်မလျှောက်ထား ခဲ့ပါမူသူ့ကိုလွှတ်ပစ်နိုင်၏'' ဟုဖေတ္တု အားပြော၏။