< 2 Crónicas 19 >

1 Josafat, rey de Judá, regresó a su casa en paz a Jerusalén.
ယုဒ ရှင်ဘုရင် ယောရှဖတ် သည် ယေရုရှလင် မြို့ နန်းတော် သို့ ငြိမ်ဝပ် စွာ ပြန်လာ ၏။
2 Jehú, hijo del vidente Hanani, salió a su encuentro y le dijo al rey Josafat: “¿Debes ayudar a los impíos y amar a los que odian a Yahvé? A causa de esto, la ira está sobre ti de parte de Yahvé.
ဟာနန် သား ပရောဖက် ယေဟု သည်၊ ယောရှဖတ် မင်းကြီး ကို ခရီးဦးကြိုပြုအံ့သောငှါ ထွက်သွား ၍ ၊ မင်းကြီးသည် မ တရားသောသူတို့ကို မစ သင့်သလော။ထာဝရဘုရား ကို မုန်း သောသူတို့ကို ချစ်သင့်သလော။ ယခုပြုသောအမှုကြောင့်၊ ထာဝရဘုရား ၏ အမျက် တော် သည် မင်းကြီး အပေါ် သို့ သက်ရောက်လေပြီ။
3 Sin embargo, se han encontrado cosas buenas en ti, ya que has desechado a los asheróticos de la tierra y has puesto tu corazón para buscar a Dios.”
သို့သော်လည်း ၊ မင်းကြီးသည် တပြည်လုံးတွင်၊ အာရှရ ပင်တို့ကို ပယ်ရှား ၍ ၊ ဘုရားသခင် ကိုရှာ ခြင်းငှါ သဘော ချ သောကြောင့် ၊ ကျင့်သောအကျင့် ကောင်းပါပြီဟု ဆို၏။
4 Josafat vivía en Jerusalén, y volvió a salir entre el pueblo desde Beerseba hasta la región montañosa de Efraín, y los hizo volver a Yahvé, el Dios de sus padres.
ထိုနောက် ၊ ယောရှဖတ် သည် ယေရုရှလင် မြို့၌ နေ ၏။ တဖန် ဗေရရှေဘ မြို့မှစ၍ ၊ ဧဖရိမ် တောင် တိုင်အောင် လှည့်လည် သဖြင့် ၊ ပြည်သား တို့ကို ဘိုးဘေး တို့၏ဘုရားသခင် ထာဝရဘုရား ထံ တော်သို့ ပြန် စေတော်မူ ၏။
5 Puso jueces en el país por todas las ciudades fortificadas de Judá, ciudad por ciudad,
ယုဒ နိုင်ငံ တွင် ၊ ခိုင်ခံ့ သောမြို့ ရှိသမျှအသီးအသီး တို့၌ တရားသူကြီး တို့ကို ခန့်ထား ၍၊
6 y dijo a los jueces: “Consideren lo que hacen, porque no juzgan por el hombre, sino por Yahvé; y él está con ustedes en el juicio.
သင် တို့ပြု သောအမှု ကိုသတိ ပြုကြလော့။ လူ ၏ အမှုကိုစောင့်၍ တရား စီရင်သည်မ ဟုတ်။ သင်တို့စီရင်ရာတွင်၊ ရှိတော်မူသောထာဝရဘုရား ၏အမှုတော်ကို စောင့်၍ စီရင်ရကြ၏။
7 Ahora, pues, que el temor de Yahvé esté sobre vosotros. Tened cuidado y hacedlo; porque no hay iniquidad con Yahvé nuestro Dios, ni acepción de personas, ni aceptación de sobornos.”
သို့ဖြစ်၍ ထာဝရဘုရား ကို ကြောက်ရွံ့ သောစိတ် ရှိ ၍ သတိ ပြုကြလော့။ ငါ တို့ဘုရားသခင် သည် မတရားသောအမှုကို လက်ခံခြင်း၊ လူမျက်နှာ ကို ထောက် ခြင်း၊ တံစိုး စား ခြင်း အခွင့်ရှိတော်မမူဟု မှာထားတော်မူ ၏။
8 Además, Josafat nombró en Jerusalén a algunos levitas, sacerdotes y jefes de familia de Israel para que juzgaran por Yahvé y por las controversias. Ellos regresaron a Jerusalén.
ယေရုရှလင် မြို့၌ လည်း ၊ ထာဝရဘုရား ၏တရားမှု တို့ကို၎င်း ၊ ယေရုရှလင် မြို့သားအချင်းချင်းတရားတွေ့မှု တို့ကို၎င်း၊ စီရင်စေခြင်းငှါလေဝိ သား၊ ယဇ်ပုရောဟိတ် ၊ ဣသရေလ အဆွေအမျိုး သူကြီး အချို့တို့ကို ခန့်ထား ၍၊
9 Él les ordenó diciendo: “Haréis esto en el temor de Yahvé, con fidelidad y con un corazón perfecto.
သင်တို့သည် စုံလင် သောစိတ် နှလုံးနှင့် ထာဝရဘုရား ကိုကြောက်ရွံ့ လျက် ၊ သစ္စာ စောင့်လျက် စီရင် ကြလော့။
10 Siempre que os llegue alguna controversia de vuestros hermanos que habitan en sus ciudades, entre sangre y sangre, entre ley y mandamiento, estatutos y ordenanzas, debéis amonestarlos, para que no sean culpables ante Yahvé, y venga así la ira sobre vosotros y sobre vuestros hermanos. Haz esto, y no serás culpable.
၁၀အမြို့မြို့ ၌ နေ သောအမျိုးသား ချင်းတို့တွင်၊ လူအသက်သတ်ခြင်းအမှု၊ စီရင် ထုံးဖွဲ့တော်မူချက်ပညတ် တရား ကို လွန်ကျူးခြင်းအမှုမည်သည်ကား၊ သင် တို့ရှေ့ သို့ရောက် လျှင် ၊ သင် တို့နှင့် အမျိုးသား ချင်းတို့အပေါ် သို့ အမျက် တော်သက်ရောက် စေခြင်းငှါ ၊ သူတို့သည် ထာဝရဘုရား ကို မ ပြစ်မှား ရမည်အကြောင်းသတိ ပေးကြလော့။ သို့ပြုလျှင် ၊ ကိုယ်တိုင်အပြစ် လွတ်ကြလိမ့်မည်။
11 He aquí que el sumo sacerdote Amarías está sobre vosotros en todos los asuntos de Yahvé; y Zebadías, hijo de Ismael, jefe de la casa de Judá, en todos los asuntos del rey. También los levitas serán oficiales ante ti. Trata con valentía, y que Yahvé esté con el bien”.
၁၁ထာဝရဘုရား ၏ အမှု အရာရာ တွင် ၊ ယဇ်ပုရောဟိတ် မင်း အာမရိ သည် သင် တို့ကို အုပ်ချုပ် ရ၏။ ရှင်ဘုရင် ၏အမှု အရာရာ တွင် ၊ ယုဒ အမျိုး မှာ မင်း ဖြစ် သော ဣရှမေလ သား ဇေဗဒိ သည် အုပ်ချုပ်ရ၏။ လေဝိ သားတို့သည်လည်း ၊ အမှု ထမ်းလုလင်လုပ် ရကြ၏။ ရဲရင့် စွာ စီရင်ကြလော့။ ထာဝရဘုရား သည် ကောင်း သောသူတို့ ဘက် မှာ နေ တော်မူမည်ဟု မှာထားတော်မူ၏။

< 2 Crónicas 19 >