< 1 Timoteo 2 >
1 Exhorto, pues, ante todo, a que se hagan peticiones, oraciones, súplicas y acciones de gracias por todos los hombres,
၁သို့ဖြစ်၍ပထမဦးစွာလူအပေါင်းတို့ အတွက် ဘုရားသခင်အားလျှောက်ထား အသနားခံခြင်း၊ ဆုတောင်းပတ္ထနာပြုခြင်း၊ တောင်းခံခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်း ခြင်းတို့ကိုပြုကြရန်ငါတိုက်တွန်း၏။-
2 por los reyes y por todos los que están en autoridad, para que llevemos una vida tranquila y sosegada en toda piedad y reverencia.
၂ငါတို့သည်ဘုရားဝတ်၌မွေ့လျော်ကာ ငြိမ်းချမ်းသာယာစွာနေနိုင်ကြမည် အကြောင်း ရှင်ဘုရင်များနှင့်အာဏာပိုင် အပေါင်းတို့အတွက် ဆုတောင်းပတ္ထနာ ပြုကြလော့။-
3 Porque esto es bueno y agradable a los ojos de Dios, nuestro Salvador,
၃ဤအမှုသည်ကောင်းမြတ်သောအမှု၊ ငါတို့ ၏ကယ်တင်ရှင်ဘုရားသခင်နှစ်သက်တော် မူသောအမှုဖြစ်၏။-
4 que desea que todos los hombres se salven y lleguen al pleno conocimiento de la verdad.
၄လူအပေါင်းတို့ကယ်တင်ခြင်းခံရကြစေ ရန်နှင့်သမ္မာတရားတော်ကိုသိရှိနားလည် လာကြစေရန်ကိုယ်တော်အလိုရှိတော်မူ၏။-
5 Porque hay un solo Dios y un solo mediador entre Dios y los hombres, el hombre Cristo Jesús,
၅ဘုရားသည်တစ်ဆူတည်းရှိတော်မူ၍ဘုရား နှင့်လူအကြားတွင် စေ့စပ်ပေးသူလူခရစ် တော်ယေရှုတစ်ပါးတည်းသာရှိပေသည်။-
6 que se entregó a sí mismo en rescate por todos, el testimonio a su debido tiempo,
၆ကိုယ်တော်သည်လူအပေါင်းတို့ကိုကယ်တင် တော်မူရန်မိမိကိုယ်ကိုစွန့်တော်မူ၏။ ဤကား အချိန်သင့်သောအခါလူအပေါင်းတို့အား ကယ်တင်ရန်ဘုရားသခင်အလိုရှိတော်မူ ကြောင်းသက်သေပြခြင်းပင်ဖြစ်သတည်း။-
7 para el cual fui designado predicador y apóstol — digo la verdad en Cristo, no miento —, maestro de los gentiles en la fe y la verdad.
၇သို့ဖြစ်၍ကိုယ်တော်သည်ငါ့အားတမန်တော် အဖြစ်ဖြင့်လည်းကောင်း၊ လူမျိုးခြားတို့၏ ဆရာအဖြစ်ဖြင့်လည်းကောင်း၊ ယုံကြည်ခြင်း တရားနှင့်သမ္မာတရားတော်ကိုဟောပြော သွန်သင်ရန်ခန့်ထားတော်မူ၏။ ငါသည်မုသား စကားကိုပြောနေသည်မဟုတ်။ မှန်သော စကားကိုပြောနေခြင်းဖြစ်သည်။
8 Deseo, pues, que los hombres oren en todo lugar, levantando las manos santas, sin ira ni duda.
၈ကိုးကွယ်ဝတ်ပြုရန်စုဝေးသည့်အခါတိုင်း ၌အမျိုးသားတို့အားဆုတောင်းပတ္ထနာပြု စေလို၏။ သူတို့သည်ဘုရားသခင်အား ဆက်ကပ်ထားသူများဖြစ်ပြီးလျှင်အမျက် ထွက်ခြင်း၊ ငြင်းခုံခြင်းသဘောမရှိဘဲ လက်အုပ်ချီ၍ဆုတောင်းပတ္ထနာပြုရ ကြမည်။-
9 De la misma manera, que también las mujeres se adornen con ropa decente, con modestia y propiedad, no con cabellos trenzados, oro, perlas o ropa costosa,
၉အမျိုးသမီးတို့အားလည်းလျောက်ပတ် တင့်တယ်စွာဝတ်စားဆင်ယင်ကြစေလို၏။ ဆံပင်ကိုအလှထုံးခြင်း၊ ရွှေ၊ ပုလဲသို့ မဟုတ်အဖိုးထိုက်သည့်အဝတ်တန်ဆာ များကိုဝတ်ဆင်ခြင်းတို့ကိုမပြုသင့်ကြ။-
10 sino con buenas obras, lo cual es apropiado para las mujeres que profesan la piedad.
၁၀သူတို့သည်ဘုရားဝတ်၌မွေ့လျော်သူများ ပြုသင့်သည့်အတိုင်း ကောင်းမြတ်သောအကျင့် များဖြင့်မိမိတို့ကိုယ်ကိုတန်ဆာဆင်ကြ ရ၏။-
11 Que la mujer aprenda en tranquilidad con plena sumisión.
၁၁အမျိုးသမီးတို့သည်ကျိုးနွံစွာဆိတ်ဆိတ် သင်ယူကြစေ။-
12 Pero no permito que la mujer enseñe, ni que ejerza autoridad sobre el hombre, sino que esté en quietud.
၁၂သွန်သင်မှုကိုသော်လည်းကောင်း၊ အမျိုးသား တို့အပေါ်တွင်အာဏာပြမှုကိုသော်လည်း ကောင်း အမျိုးသမီးတို့အားငါခွင့်မပြု။ သူတို့သည်တိတ်ဆိတ်စွာနေရမည်။-
13 Porque primero fue formado Adán y luego Eva.
၁၃အာဒံကိုဦးစွာဖန်ဆင်းတော်မူပြီးမှဧဝ ကိုဖန်ဆင်းတော်မူပေသည်။-
14 Adán no fue engañado, pero la mujer, siendo engañada, ha caído en la desobediencia;
၁၄လှည့်စားခြင်းကိုခံရသူမှာလည်းအာဒံ မဟုတ်။ အမျိုးသမီးသာလျှင်လှည့်စားခြင်း ကိုခံရ၍ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ပေသည်။-
15 pero se salvará por medio de sus hijos, si continúan en la fe, el amor y la santidad con sobriedad.
၁၅သို့ရာတွင်အမျိုးသမီးတို့သည်ဣန္ဒြေစောင့် လျက်ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းမြင့် မြတ်ခြင်းပါရမီတို့၌ဆက်လက်ကြီးပွား ကြပါမူမိမိတို့သားဖွားပေးရကြသည့် အတွက်ကယ်တင်ခြင်းကိုခံရကြလိမ့်မည်။