< 1 Samuel 7 >

1 Los hombres de Quiriat Jearim vinieron y tomaron el arca de Yahvé, y la llevaron a la casa de Abinadab en la colina, y consagraron a Eleazar, su hijo, para que guardara el arca de Yahvé.
ကိရယတ်ယာရိမ် မြို့သား တို့သည် လာ ၍ ထာဝရဘုရား ၏ သေတ္တာ တော်ကို ဆောင် သွားသဖြင့် ၊ တောင် ပေါ် မှာရှိသော အမိနဒပ် အိမ် ၌ ထား၍ သေတ္တာ တော်ကို စောင့် စေခြင်းငှါ ၊ သူ ၏သား ဧလာဇာ ကို သန့်ရှင်း စေကြ၏။
2 Desde el día en que el arca permaneció en Quiriat Jearim, el tiempo se prolongó, pues fueron veinte años; y toda la casa de Israel se lamentaba en pos de Yahvé.
သေတ္တာ တော်သည် အနှစ် နှစ် ဆယ်ပတ်လုံးကြာမြင့် စွာ ကိရယတ်ယာရိမ် မြို့၌ ရှိစဉ်အခါ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် ထာဝရဘုရား ကို အောက်မေ့၍ မြည်တမ်း ကြ၏။
3 Samuel habló a toda la casa de Israel, diciendo: “Si volvéis a Yahvé de todo corazón, quitad de en medio los dioses extranjeros y el Astarot, y dirigid vuestro corazón a Yahvé, y servidle sólo a él; y él os librará de la mano de los filisteos.”
တဖန် ရှမွေလ က၊ သင်တို့သည် အခြား တပါးသော ဘုရား တည်းဟူသောဗာလဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား အဘို့ သင် တို့စိတ် နှလုံးကို ပြင်ဆင် လျက် ၊ ထာဝရဘုရား ထံ တော်သို့ စိတ် နှလုံးအကြွင်းမဲ့ ပြန် လာသဖြင့်၊ ထိုဘုရားကိုသာ ဝတ်ပြု ကြလျှင် ၊ ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်ဟု ဣသရေလ အမျိုးသားအပေါင်း တို့အား ဆုံးမသည်အတိုင်း၊
4 Entonces los hijos de Israel eliminaron a los baales y a Astarot, y sólo sirvieron a Yahvé.
ဣသရေလ အမျိုးသား တို့သည် ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ပယ် ၍ ထာဝရဘုရား ကိုသာ ဝတ်ပြု ကြ၏။
5 Samuel dijo: “Reúnan a todo Israel en Mizpa, y yo oraré a Yahvé por ustedes.”
ရှမွေလ ကလည်း ဣသရေလ အမျိုးသားအပေါင်း တို့ကို မိဇပါ မြို့၌ စုဝေး စေကြလော့။ သင် တို့အဘို့ ထာဝရဘုရား ကို ငါဆုတောင်း မည်ဟု မှာ ခဲ့သည်အတိုင်း၊
6 Se reunieron en Mizpa, sacaron agua y la derramaron ante Yahvé, y ese día ayunaron y dijeron allí: “Hemos pecado contra Yahvé.” Samuel juzgó a los hijos de Israel en Mizpa.
သူတို့သည် မိဇပါ မြို့၌ စည်းဝေး သဖြင့် ၊ ရေ ကို ခပ် ၍ ထာဝရဘုရား ရှေ့ တော်၌ သွန်းလောင်း ခြင်း၊ အစာရှောင် ခြင်း အကျင့်တို့ကို ကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို ပြစ်မှား ပါပြီဟု ဝန်ခံ ကြ၏။ ရှမွေလ သည် မိဇပါ မြို့၌ ဣသရေလ အမျိုးသား တရားမှုတို့ကို စစ်ကြော စီရင်လေ၏။
7 Cuando los filisteos oyeron que los hijos de Israel estaban reunidos en Mizpa, los señores de los filisteos subieron contra Israel. Cuando los hijos de Israel lo oyeron, tuvieron miedo de los filisteos.
ဣသရေလ အမျိုးသား တို့သည် မိဇပါ မြို့၌ စည်းဝေး ကြောင်း ကို ဖိလိတ္တိ လူတို့သည် ကြား လျှင် ၊ ဖိလိတ္တိ မင်း တို့သည် ဣသရေလ အမျိုးရှိရာသို့ စစ်ချီ ကြ၏။ ထိုသိတင်းကို ဣသရေလ လူ တို့သည် ကြား လျှင် ၊ ဖိလိတ္တိ လူတို့ကို ကြောက် ၍၊
8 Los hijos de Israel dijeron a Samuel: “No dejes de clamar por nosotros a Yahvé, nuestro Dios, para que nos salve de la mano de los filisteos.”
ရှမွေလ အား ၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား သည် အကျွန်ုပ် တို့ကို ဖိလိတ္တိ လူတို့လက် မှ ကယ်တင် တော်မူမည်အကြောင်း အကျွန်ုပ် တို့အဘို့ အစဉ် မပြတ်ဆုတောင်းပါလော့ဟု ဆို ကြ၏။
9 Samuel tomó un cordero lechal y lo ofreció en holocausto a Yahvé. Samuel clamó a Yahvé por Israel, y Yahvé le respondió.
ရှမွေလ သည်လည်း နို့စို့ သိုးသငယ် ကိုယူ ၍ ထာဝရဘုရား အား တကောင်လုံး မီးရှို့ ရာယဇ်ပူဇော် လျက် ၊ ဣသရေလ အမျိုးအဘို့ ဆုတောင်း၍ ထာဝရဘုရား နားထောင် တော်မူ၏။
10 Mientras Samuel ofrecía el holocausto, los filisteos se acercaron para combatir contra Israel; pero aquel día Yahvé tronó con gran estruendo sobre los filisteos y los confundió, y fueron derribados ante Israel.
၁၀ရှမွေလ သည် မီး ရှို့ရာယဇ်ကို ပူဇော် စဉ်အခါ၊ ဖိလိတ္တိ လူတို့သည် ဣသရေလ အမျိုးကို တိုက် ခြင်းငှါ ချဉ်း လာကြ၏။ ထာဝရဘုရား သည်လည်း၊ ထို နေ့၌ ဖိလိတ္တိ လူတို့အပေါ် မှာ ပြင်းစွာ မိုဃ်းချုန်း စေ၍ ၊ သူ တို့တပ်ကို ဖျက် တော်မူသဖြင့် ၊ ဣသရေလ အမျိုးရှေ့ မှာ ရှုံး ကြ၏။
11 Los hombres de Israel salieron de Mizpa y persiguieron a los filisteos, y los golpearon hasta que llegaron debajo de Bet Kar.
၁၁ဣသရေလ လူ တို့သည် မိဇပါ မြို့မှ ထွက် ၍ ဖိလိတ္တိ လူတို့ကို လုပ်ကြံ လျက် ၊ ဗက်ကာ မြို့တိုင်အောင် လိုက် ကြ၏။
12 Entonces Samuel tomó una piedra y la puso entre Mizpa y Shen, y la llamó Ebenezer, diciendo: “El Señor nos ha ayudado hasta ahora.”
၁၂ထိုအခါ ရှမွေလ သည် ကျောက် ကို ယူ ၍ မိဇပါ မြို့နှင့် ရှင် မြို့စပ်ကြား မှာ ထူထောင် သဖြင့် ၊ ထာဝရဘုရား သည် ငါ တို့ကို ယခု တိုင်အောင် မစ တော်မူပြီဟုဆို လျက် ၊ ထိုကျောက်ကို ဧဗနေဇာ အမည် ဖြင့် မှည့် လေ၏။
13 Así los filisteos fueron sometidos y dejaron de entrar en la frontera de Israel. La mano de Yahvé estuvo contra los filisteos todos los días de Samuel.
၁၃ထိုသို့ ဖိလိတ္တိ လူတို့သည် ရှုံး သဖြင့် ၊ နောက် တဖန် ဣသရေလ အမျိုးနေရာ အရပ်သို့ မ လာ ကြ။ ရှမွေလ လက်ထက်ကာလ ပတ်လုံး ထာဝရဘုရား ၏ လက် တော်သည် ဖိလိတ္တိ လူတို့ကို ဆီးတားတော်မူ၏။
14 Las ciudades que los filisteos habían arrebatado a Israel fueron devueltas a éste, desde Ecrón hasta Gat, e Israel recuperó su frontera de manos de los filisteos. Hubo paz entre Israel y los amorreos.
၁၄ဖိလိတ္တိ လူတို့သည် သိမ်းယူ သော ဣသရေလ မြို့ ရွာတို့ကို ဧကြုန် မြို့မှစ၍ ဂါသ မြို့တိုင်အောင် ပြန် ပေးရကြ၏။ မြို့နယ် တို့ကိုလည်း ဣသရေလ လူတို့သည် ဖိလိတ္တိ လူတို့လက် မှ နှုတ်ယူ ကြ၏။ ဣသရေလ လူနှင့် အာမောရိ လူတို့သည်လည်း စစ်မရှိ အသင့် အတင့်နေ ကြ၏။
15 Samuel juzgó a Israel todos los días de su vida.
၁၅ရှမွေလ သည် တသက်လုံး ဣသရေလ အမျိုးကို အုပ်စိုး လေ၏။
16 Iba de año en año en un circuito a Betel, Gilgal y Mizpa, y juzgaba a Israel en todos esos lugares.
၁၆ဗေသလ မြို့၊ ဂိလဂါလ မြို့၊ မိဇပါ မြို့တို့ကို နှစ် တိုင်းလှည့်ပတ် ၍ အရပ်ရပ် တွင် ဣသရေလ အမျိုး၌ စီရင်ရန် အမှုတို့ကို စစ်ကြော စီရင်လေ့ရှိ၏။
17 Su regreso fue a Ramá, porque allí estaba su casa, y allí juzgó a Israel; y allí construyó un altar a Yahvé.
၁၇ပြန် လာသောအခါ ၊ မိမိ အိမ် ရှိသောရာမ မြို့သို့ ပြန်လာ၍ ထိုမြို့မှာလည်းဣသရေလ အမျိုး၌ စီရင် ရန် အမှုတို့ကို စစ်ကြော စီရင်လျက် ၊ ထာဝရဘုရား ဘို့ ယဇ် ပလ္လင်ကိုတည် လျက် နေလေ၏။

< 1 Samuel 7 >