< 1 Reyes 19 >
1 Ajab le contó a Jezabel todo lo que había hecho Elías y cómo había matado a todos los profetas a espada.
၁ဧလိယ ပြု သော အမှုနှင့် ပရောဖက် အပေါင်း တို့ကို ထား နှင့် ကွပ်မျက် သောအမှုကို၊ အာဟပ် သည် ယေဇဗေလ အား အကုန်အစင် ကြား ပြော၏။
2 Entonces Jezabel envió un mensajero a Elías, diciéndole: “¡Así me hagan los dioses, y más también, si no hago tu vida como la de uno de ellos para mañana a esta hora!”
၂ယေဇဗေလ က၊ နက်ဖြန် နေ့ယခုအချိန် ရောက်မှ၊ သင့် အသက် သည် ထိုပရောဖက်တို့၏ အသက် ကဲ့သို့ ငါမဖြစ် စေလျှင် ၊ ဘုရား တို့သည် ငါ၌ထိုမျှ မကပြု ပါစေသောဟု တမန် ကို ဧလိယ ထံသို့ စေလွှတ် ၍ ကြား လိုက်၏။
3 Al ver esto, se levantó y corrió por su vida, y llegó a Beerseba, que pertenece a Judá, y dejó allí a su siervo.
၃ထိုအခါ ဧလိယသည်ကြောက် သဖြင့် ၊ ထ ၍ အသက် လွတ်အောင် ယုဒ ခရိုင် ဗေရရှေဘ မြို့သို့သွား ၏။ ထို မြို့၌ ကျွန် ကို ထား ခဲ့၍၊
4 Pero él mismo se fue un día de camino al desierto, y llegó y se sentó bajo un enebro. Entonces pidió para sí mismo la muerte, y dijo: “Ya es suficiente. Ahora, oh Yahvé, quita mi vida, pues no soy mejor que mis padres”.
၄သူ့ကိုယ်တိုင်သည် တော သို့ တနေ့ ခရီးသွား ပြီးလျှင် ၊ ရသမ် ပင်အောက် သို့ရောက် ၍ ထိုင် လေ၏။ ထိုအခါ ကိုယ် အသက် သေ ရမည်အကြောင်း ဆုတောင်း လျက် ၊ အိုထာဝရဘုရား ၊ ယခု တန် ပါ၏။ အကျွန်ုပ် အသက် ကို သိမ်းယူ တော်မူပါ။ အကျွန်ုပ် သည် ဘိုးဘေး တို့ ထက် သာ၍ မ ကောင်းပါဟု မြည်တမ်း ပြီးလျှင်၊
5 Se acostó y durmió bajo un enebro; y he aquí que un ángel le tocó y le dijo: “¡Levántate y come!”
၅ရသမ် ပင်အောက် မှာ အိပ်ပျော် ၏။ ထိုအခါ ကောင်းကင် တမန်က၊ ထ ၍စား လော့ဟု သူ့ ကို တို့ လျက် ဆို ၏။
6 Miró, y he aquí que había junto a su cabeza una torta cocida sobre las brasas y una jarra de agua. Comió y bebió, y volvió a acostarse.
၆ဧလိယသည် မျှော် ကြည့်သောအခါ ၊ မီး နှင့်ဖုတ်သော မုန့်ပြား နှင့် ခေါင်းရင်း ၌ ရေ ဘူး ရှိသည်ကို မြင် ၍ စား သောက် ပြီးမှ တဖန် အိပ်ပျော် ၏။
7 El ángel de Yahvé volvió a venir por segunda vez, lo tocó y le dijo: “Levántate y come, porque el viaje es demasiado grande para ti.”
၇ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ဒုတိယ အကြိမ်လာ ၍ သူ့ ကို တို့ လျက် ၊ သွားရမည့်ခရီး သည် အလွန် ဝေးသောကြောင့် ၊ ထ ၍စား ဦးလော့ဟုဆို သည် အတိုင်း၊
8 Se levantó, comió y bebió, y con la fuerza de ese alimento se dirigió durante cuarenta días y cuarenta noches a Horeb, la Montaña de Dios.
၈ဧလိယသည်ထ ၍ စား သောက် ပြန်၏။ ထိုအစာ အာဟာရကို အမှီပြုလျက်၊ အရက် လေး ဆယ်ခရီးသွား ၍ ဘုရားသခင် နှင့်ဆိုင်သော ဟောရပ် တောင် သို့ ရောက် သဖြင့်၊
9 Llegó a una cueva de allí, y acampó allí; y he aquí que la palabra de Yahvé vino a él, y le dijo: “¿Qué haces aquí, Elías?”
၉ဥမင် ထဲသို့ ဝင် ၍ နေ ၏။ ထာဝရဘုရား ၏ နှုတ်ကပတ် တော် ရောက်လာသည်ကား၊ ဧလိယ ၊ သင် သည် ဤ အရပ်၌ အဘယ်သို့ ပြုလျက်နေသနည်းဟုမေး တော်မူ၏။
10 Dijo: “He sentido muchos celos por Yahvé, el Dios de los Ejércitos, porque los hijos de Israel han abandonado tu alianza, han derribado tus altares y han matado a tus profetas a espada. Yo, sólo yo, he quedado; y buscan mi vida para quitármela”.
၁၀ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင် ၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ကိုယ်တော် ၏ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်း ကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကို ပင်သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေ၏။
11 Dijo: “Sal y ponte en el monte delante de Yahvé”. Pasó el Señor, y un viento grande y fuerte desgarró los montes y desmenuzó las rocas ante el Señor; pero el Señor no estaba en el viento. Después del viento hubo un terremoto, pero el Señor no estaba en el terremoto.
၁၁နှုတ်ကပတ်တော်ကလည်း ထွက် လော့။ ထာဝရဘုရား ရှေ့ တောင် ပေါ် မှာရပ် နေလော့။ ထာဝရဘုရား ရှောက် သွားမည်ဟုမိန့် တော်မူ၏။ ထိုအခါ အားကြီး သော လေ ပြင်း သည် တောင်ထိပ် တို့ကိုခွဲ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ကျောက် တို့ကိုချိုးဖဲ့ ၏။ သို့ရာတွင်ထာဝရဘုရား သည် လေ ၌ ရှိတော်မ မူ။ လေ နောက် မှာ မြေလှုပ် ခြင်းရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မြေ လှုပ်ရှားခြင်း၌ လည်းရှိတော်မ မူ။
12 Después del terremoto pasó un fuego, pero el Señor no estaba en el fuego. Después del fuego, se oyó una voz tranquila y pequeña.
၁၂မြေ လှုပ်ခြင်းနောက် မှာမီး ရှိ၏။ သို့ရာတွင်ထာဝရဘုရား သည် မီး ၌ လည်းရှိတော်မ မူ၊ မီး နောက် မှာ ဖြည်းညှင်း သော အသံ ရှိ၏။
13 Al oírla, Elías se envolvió en su manto, salió y se puso a la entrada de la cueva. Se le acercó una voz y le dijo: “¿Qué haces aquí, Elías?”.
၁၃ထိုအသံကို ဧလိယ သည်ကြား လျှင် ၊ မျက်နှာ ကို ဝတ်လုံ နှင့် ဖုံးအုပ် လျက် ထွက် ၍ ဥမင် ဝ ၌ရပ် နေ၏။ ထိုအခါ ဧလိယ ၊ သင် သည်ဤ အရပ်၌ အဘယ်သို့ ပြုလျက် နေသနည်းဟု အသံ လာ၏။
14 Dijo: “He sentido muchos celos por Yahvé, el Dios de los Ejércitos; porque los hijos de Israel han abandonado tu alianza, han derribado tus altares y han matado a tus profetas a espada. Yo, sólo yo, he quedado; y buscan mi vida para quitármela”.
၁၄ဧလိယကလည်း၊ အကျွန်ုပ်သည် ကောင်းကင်ဗိုလ်ခြေ အရှင် ဘုရားသခင် ထာဝရဘုရား ဘက် ၌ အလွန် စိတ် အားကြီးပါပြီ။ အကြောင်း မူကား၊ ဣသရေလ အမျိုးသား တို့သည် ကိုယ်တော် ၏ပဋိညာဉ် တရားကို စွန့် ပြီးလျှင်၊ ကိုယ်တော် ၏ယဇ် ပလ္လင်များကို ဖြိုဖျက် ၍ ၊ ကိုယ်တော် ၏ ပရောဖက် များကို ထား နှင့် သတ် ကြပါပြီ။ အကျွန်ုပ် တယောက် တည်းကျန်ရစ် ၍ ၊ အကျွန်ုပ် အသက် ကိုပင် သတ် ခြင်းငှါ ရှာ ကြပါသည်ဟု လျှောက် လေသော်၊
15 El Señor le dijo: “Ve, regresa por tu camino al desierto de Damasco. Cuando llegues, unge a Hazael como rey de Siria.
၁၅ထာဝရဘုရား က၊ ဒမာသက် တော သို့ ပြန် ၍ ခရီး သွား လော့။ ရောက် သောအခါ ဟာဇေလ ကို ရှုရိ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
16 Unge a Jehú, hijo de Nimsí, para que sea rey de Israel; y unge a Eliseo, hijo de Safat, de Abel Meholá, para que sea profeta en tu lugar.
၁၆နိမ်ရှိ သား ယေဟု ကို ဣသရေလ ရှင်ဘုရင် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။ အာဗေလမဟောလ မြို့နေ၊ ရှာဖတ် သား ဧလိရှဲ ကို သင့် ကိုယ်စား ပရောဖက် အရာ ၌ ခန့်ထား၍ ဘိသိက် ပေးလော့။
17 Al que escape de la espada de Hazael, lo matará Jehú; y al que escape de la espada de Jehú, lo matará Eliseo.
၁၇သို့ဖြစ်၍ ဟာဇေလ ထား နှင့်လွတ် သောသူကို ယေဟု သတ် လိမ့်မည်။ ယေဟု ထား နှင့်လွတ် သောသူကို ဧလိရှဲ သတ် လိမ့်မည်။
18 Pero he reservado siete mil en Israel, todas las rodillas que no se han inclinado ante Baal, y toda boca que no lo ha besado.”
၁၈သို့ရာတွင် ဗာလ ရှေ့ ၌ ဒူးထောက် ခြင်း၊ နမ်း ခြင်းကို မ ပြုသော သူအပေါင်း တည်းဟူသောဣသရေလ အမျိုးသားခုနစ် ထောင် တို့ကို ငါ့အဘို့ ငါကျန်ကြွင်း စေပြီ ဟု မိန့် တော်မူ၏။
19 Se fue de allí y encontró a Eliseo, hijo de Safat, que estaba arando con doce yuntas de bueyes delante de él, y él con la duodécima. Elías se acercó a él y le puso su manto.
၁၉ထို အရပ်မှ ဧလိယသည် သွား ပြီးလျှင် ၊ နွား ငါးယှဉ်းနှင့်လယ်ထွန် လျက်၊ နောက်ဆုံးနွားယှဉ်း၌ ကိုယ်တိုင်လိုက်သော ရှာဖတ် သား ဧလိရှဲ ကို တွေ့ ၍အနား၌ ရှောက် စဉ်တွင် ၊ မိမိ ဝတ်လုံ ကို သူ့ အပေါ် မှာ တင် လေ၏။
20 Eliseo dejó los bueyes y corrió detrás de Elías, diciendo: “Déjame por favor besar a mi padre y a mi madre, y luego te seguiré”. Le dijo: “Vuelve a la carga, porque ¿qué te he hecho?”.
၂၀ဧလိရှဲသည် နွား တို့ကို ပစ်ထား ၍ ဧလိယ နောက် သို့လိုက် လျက် ၊ အကျွန်ုပ်သည်မိ ဘ ကို နမ်း ပါရစေ။ သို့ပြီးမှ ကိုယ်တော် နောက် သို့ လိုက် ပါမည်ဟု အခွင့် တောင်း လျှင် ၊ ဧလိယကပြန် သွားလော့။ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟုဆို သော်၊
21 Volvió de seguirlo, y tomó la yunta de bueyes, los mató y coció su carne con el equipo de los bueyes, y dio al pueblo; y ellos comieron. Luego se levantó, y fue en pos de Elías, y le sirvió.
၂၁ဧလိရှဲသည်ပြန် သွား၍ နွား ယှဉ်းကိုသတ် ပြီးမှ ၊ နွားသား ကို လယ်ထွန်သော တန်ဆာ နှင့် ပြုတ် ၍ လူ များ တို့အား ကျွေး လေ၏။ သို့ပြီးမှ ထ ၍ ဧလိယ နောက် သို့ လိုက် လျက် လက်ထောက် ဖြစ်လေ၏။