< 1 Crónicas 18 >

1 Después de esto, David derrotó a los filisteos y los sometió, y tomó Gat y sus ciudades de manos de los filisteos.
ထိုနောက် ဒါဝိဒ် သည် ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ အောင်မြင်သဖြင့်၊ ဂါသ မြို့နှင့် ကျေးလက် များကို သိမ်းယူ လေ၏။
2 Derrotó a Moab, y los moabitas se convirtieron en siervos de David y le trajeron tributo.
မောဘ ပြည်ကိုလည်း လုပ်ကြံ ၍ မောဘ အမျိုးသားတို့သည် ဒါဝိဒ် ၌ ကျွန် ခံလျက်အခွန် ဆက် ရကြ၏။
3 David derrotó a Hadadézer, rey de Soba, hacia Hamat, cuando iba a establecer su dominio junto al río Éufrates.
ဇောဘ မင်းကြီး ဟာဒဒေဇာ သည်၊ ဥဖရတ် မြစ် နား မှာ မိမိ နိုင်ငံ ကို တည် စေခြင်းငှါ သွား သောအခါ ၊ ဒါဝိဒ် သည် ဟာမတ် မြို့တိုင်အောင် တိုက်ဖျက် ၍၊
4 David le arrebató mil carros, siete mil jinetes y veinte mil hombres de a pie; y a todos los caballos de los carros David les quitó la cuerda, pero les reservó lo suficiente para cien carros.
ရထား တထောင် ၊ မြင်းစီး သူရဲခုနစ် ထောင် ၊ ခြေသည် သူရဲနှစ် သောင်းကို ဘမ်းဆီး ၍ ရထား တရာ ကို သိမ်းထား ပြီးမှအခြားသော မြင်း ရထားရှိသမျှ တို့ကို ဖျက်ဆီး လေ၏။
5 Cuando los sirios de Damasco vinieron a ayudar a Hadadézer, rey de Soba, David hirió a veintidós mil hombres de los sirios.
ဒမာသက် မြို့နေ ရှုရိလူတို့သည် ဇောဘ မင်းကြီး ဟာဒဒေဇာ ကို စစ်ကူ သောအခါ ၊ ဒါဝိဒ် သည် ရှုရိ လူ နှစ်သောင်း နှစ်ထောင်တို့ကိုသတ် ပြီးမှ၊
6 Luego David puso guarniciones en Siria de Damasco, y los sirios se convirtieron en servidores de David y le trajeron tributo. El Señor le dio la victoria a David dondequiera que fuera.
ရှုရိ ပြည်ဒမာသက်မြို့၌ မြို့စောင့်တပ်ကို ထား သဖြင့် ၊ ရှုရိ လူတို့သည်ဒါဝိဒ် ၌ ကျွန် ခံ၍ အခွန် ဆက် ရကြ ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
7 David tomó los escudos de oro que tenían los siervos de Hadadézer y los llevó a Jerusalén.
ဟာဒဒေဇာ ၏ကျွန် တို့ စွဲကိုင်သော ရွှေ ဒိုင်း လွှားများကို ဒါဝိဒ် သည်သိမ်း ၍ ယေရုရှလင် မြို့သို့ ဆောင် သွား၏။
8 De Tibhat y de Cun, ciudades de Hadadzer, David tomó mucho bronce, con el cual Salomón hizo el mar de bronce, las columnas y los utensilios de bronce.
ဟာဒဒေဇာ အစိုးရသောတိဗဟတ် မြို့နှင့် ခုန် မြို့မှ ၊ ဒါဝိဒ် သည် များစွာ သော ကြေးဝါ ကို သိမ်းသွား ၏။ ရှောလမုန် သည် ကြေးဝါ ရေကန် ၊ ကြေးဝါတိုင် ၊ ကြေးဝါ တန်ဆာ များကို ထိုကြေးဝါဖြင့် လုပ် သတည်း။
9 Cuando Tou, rey de Hamat, se enteró de que David había derrotado a todo el ejército de Hadadzer, rey de Soba,
ဇောဘ မင်းကြီး ဟာဒဒေဇာ ၏ တပ် အလုံးအရင်း ကို ဒါဝိဒ် လုပ်ကြံ ကြောင်း ကိုဟာမတ် မင်းကြီး တောဣ သည်ကြား လျှင်၊
10 envió a su hijo Hadoram a saludar al rey David y a bendecirlo, porque había luchado contra Hadadzer y lo había derrotado (pues Hadadzer tenía guerras con Tou); y llevaba consigo toda clase de objetos de oro, plata y bronce.
၁၀မိမိရန်သူဟာဒဒေဇာ ကို ဒါဝိဒ်သည် စစ်တိုက် ၍ လုပ်ကြံ သောကြောင့် ၊ မိဿဟာယ ဖွဲ့၍ ကောင်းကြီး ပေး စေခြင်းငှါ မိမိ သား ဟဒေါရံ ကို ဒါဝိဒ် မင်းကြီး ထံသို့ စေလွှတ် ၍ ၊ ဟဒေါရံသည် ရွှေ ဖလား၊ ငွေ ဖလား၊ ကြေးဝါ ဖလားအမျိုးမျိုး တို့ကို ဆောင်ခဲ့လေ၏။
11 El rey David también los dedicó a Yahvé, junto con la plata y el oro que se llevó de todas las naciones: de Edom, de Moab, de los hijos de Amón, de los filisteos y de Amalec.
၁၁ထိုဖလားတို့ကို ဒါဝိဒ် မင်းကြီး သည် ထာဝရဘုရား အား ပူဇော် ၏။ ထိုအတူရှုရိပြည်၊ မောဘ ပြည်၊ အမ္မုန် ပြည်၊ ဖိလိတ္တိ ပြည်၊ အာမလက် ပြည်၊ အပြည်ပြည် တို့မှ ဆောင် ခဲ့သော ရွှေ ငွေ ကိုလည်း ပူဇော်၏။
12 Además, Abisai, hijo de Sarvia, hirió a dieciocho mil edomitas en el Valle de la Sal.
၁၂ထိုမှတပါး ၊ ဇေရုယာ သား အဘိရှဲ သည် ဆားချိုင့် တွင် ဧဒုံ လူတသောင်း ရှစ်ထောင်တို့ကို လုပ်ကြံ လေ၏။
13 Puso guarniciones en Edom, y todos los edomitas se convirtieron en servidores de David. El Señor le dio la victoria a David dondequiera que fuera.
၁၃ဧဒုံ ပြည်၌ မြို့စောင့်တပ် တို့ကို ထား ၍ ၊ ဧဒုံ ပြည်သား အပေါင်း တို့သည် ဒါဝိဒ် ၌ ကျွန် ခံကြ၏။ ဒါဝိဒ် သွား လေရာရာ ၌ ထာဝရဘုရား သည် စောင့်မ တော်မူ၏။
14 David reinó sobre todo Israel, y ejecutó justicia y rectitud para todo su pueblo.
၁၄ထိုသို့ ဒါဝိဒ် သည် ဣသရေလ နိုင်ငံလုံး ကိုစိုးစံ ၍ ၊ နိုင်ငံတော်သားတို့တွင် တရားမှု ကို စီရင် ဆုံးဖြတ်တော်မူ ၏။
15 Joab, hijo de Sarvia, estaba al frente del ejército; Josafat, hijo de Ahilud, era secretario;
၁၅ဇေရုယာ ၏သား ယွာဘ သည် ဗိုလ်ချုပ် မင်း ဖြစ်၏။ အဟိလုဒ် ၏သား ယောရှဖတ် သည် အတွင်းဝန် ဖြစ်၏။
16 Sadoc, hijo de Ajitub, y Abimelec, hijo de Abiatar, eran sacerdotes; Shavsha era escriba;
၁၆အဟိတုပ် ၏သား ဇာဒုတ် နှင့် အဗျာသာ ၏သား အဟိမလက် သည် ယဇ်ပုရောဟိတ် ဖြစ်၏။ စရာယ သည် စာရေးတော်ကြီး ဖြစ်၏။
17 y Benaía, hijo de Joiada, estaba al frente de los queretanos y de los peletanos; y los hijos de David eran funcionarios principales al servicio del rey.
၁၇ယောယဒ ၏သား ဗေနာယ သည် ခေရသိ လူနှင့် ပေလသိ လူတို့ကို အုပ်ရ၏။ ဒါဝိဒ် ၏သား တော်တို့သည် လည်း အထံ တော်၌ မင်းသားအရာနှင့်နေကြ၏။

< 1 Crónicas 18 >