< Salmos 40 >

1 Para el director del coro. Un salmo de David. Esperé pacientemente al Señor, y se volvió hacia mí y escuchó mi clamor.
ငါသည် ထာဝရဘုရား ကို စေ့စေ့မြော်လင့် သည် ကာလ၊ ငါ့ ကို မျက်နှာ ပြု၍ ငါ အော်ဟစ် သောအသံကို ကြား တော်မူ၏။
2 Me sacó del pozo de la destrucción, del mugre y el lodo. Me colocó en una roca, y me dio un lugar seguro en el que permanecer.
ပျက်စီး ရာတွင်း နှင့် အလွန် ဆိုးသောရွှံ့ ထဲ ကငါ့ ကို ဆယ် နှုတ်ပြီးလျှင် ငါ့ ခြေ တို့ကို ကျောက် ပေါ် မှာတင် ၍ ငါ ခြေ ရာတို့ကို တည် စေတော်မူ၏။
3 Me dio una nueva canción para cantar, una canción de alabanza al Señor. Muchas personas verán y se asombrarán, y depositarán su confianza en él.
ထိုသို့ငါ တို့ဘုရား သခင်ကို ချီးမွမ်း ရာသီချင်း သစ် ကို ငါ မြွက်ဆို စေ ခြင်းငှါ အခွင့်ပေး တော်မူ၏။ လူများ တို့သည် သိမြင် ၍ ကြောက်ရွံ့ သောစိတ် နှင့် ထာဝရဘုရား ကို ကိုးစား ကြလိမ့်မည်။
4 Felices son los que confían en el Señor, quienes no piden la ayuda de los arrogantes ni adoran ídolos.
မာန ထောင်လွှားသောသူနှင့် မိစ္ဆာတရား လမ်း သို့ လွှဲ သွားသောသူတို့ ကိုမ မှီ ဝဲ၊ ထာဝရဘုရား ကို ကိုးစား သောသူ သည် မင်္ဂလာ ရှိ၏။
5 Señor y Dios mío, has hecho tantas cosas maravillosas por nosotros, y nos tienes tantos planes preparados. Nadie se compara contigo. Quiero decirles a todos las cosas que has hecho, las bendiciones son tantas que ni las puedo contar.
အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား ၊ အကျွန်ုပ် တို့အဘို့ ပြု တော်မူသောအံ့ဩ ဘွယ်အမှုတို့နှင့် ကြံစည်တော်မူသောအကြံ အစည်တို့သည် များ လှပါ၏။ ရှေ့ တော်၌ အစဉ်အတိုင်းလျှောက် ၍ မ ကုန်နိုင်ပါ။ အကျွန်ုပ်ထုတ်ဘော် ကြားပြောမည်ဟုဆိုသော် ၊ ရေတွက် ၍ မကုန်နိုင်အောင် များ လှပါ၏။
6 No quieres sacrificios ni ofrendas. Me has ayudado a entenderque Tú no estás pidiendo ofrendas quemadas u ofrendas de pecado.
ကိုယ်တော်သည် ယဇ် နှင့် ပူဇော် သက္ကာကို အလို တော် မ ရှိသည် ဖြစ်၍ ၊ အကျွန်ုပ် နား ကို ဖွင့် တော်မူပြီ။ မီးရှို့ ရာယဇ်နှင့် အပြစ် ဖြေရာယဇ်များကို တောင်း တော် မ မူသောအခါ၊
7 Entonces dije, “¡Miren! ¡Aquí estoy! He venido a hacer lo que está escrito en los rollos del libro.
ကျမ်းစာ လိပ် ၌ အကျွန်ုပ် ကို အမှတ်ပြု၍ ရေး ထား သည်နှင့်အညီ ၊ အကျွန်ုပ်သည် သွား ပါမည်ဟု ဝန်ခံ ပါ၏။
8 Dios mío, estoy feliz de hacer tu voluntad, tu ley guía mis pensamientos”.
အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ၏အလို ကို ဆောင် ရာ၌ အကျွန်ုပ်သည် အား ရဝမ်းမြောက်ပါ၏။ ကိုယ်တော် ၏တရား သည်လည်း အကျွန်ုပ် နှလုံး ထဲ မှာ ရှိပါ၏။
9 He anunciado las buenas nuevas a toda la congregación. Como sabes, Señor, no me quedo quieto.
ဖြောင့်မတ် ခြင်းတရားကို ပရိသတ် ကြီး အလယ် မှာ အကျွန်ုပ် ဟော ပါပြီ။ အိုထာဝရဘုရား ၊ အကျွန်ုပ် သည် ကိုယ်နှုတ် ကိုပိတ် ၍ မ နေကြောင်းကို ကိုယ်တော် သိ တော်မူ ၏။
10 No he mantenido la verdad de tu bondad escondida en mi interior, he hablado de tu integridad y de tu salvación. No le he ocultado tu fidelidad ni tu amor inefable a la congregación.
၁၀ဖြောင့်မတ် စွာ စီရင်တော်မူခြင်းတရားကို အကျွန်ုပ် သည် ကိုယ်နှလုံး ထဲ မှာ ဝှက် ၍မ ထားပါနှင့်။ သစ္စာ စောင့်တော်မူခြင်းတရားနှင့် ကယ်တင် တော်မူခြင်းတရားကို ဟောပြော ပါပြီ။ ကရုဏာ တော်နှင့် သစ္စာ တော်ကို ပရိသတ် ကြီး အလယ်မှာ မ ထိမ် မဝှက်ပါ။
11 Señor, no retires de mí tu misericordia. Qué tu amor y tu verdad siempre sean mi protección.
၁၁အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ သနား စုံမက်တော်မူခြင်းစိတ်ကို မ ချုပ်တည်း ပါနှင့်။ ကရုဏာ တော်နှင့် သစ္စာ တော်သည် အကျွန်ုပ် ကို အစဉ် စောင့် မပါစေသော။
12 Porque estoy pasando por muchos problemas, ¡Son tantos que no puedo contarlos! Mis pecados se han acumulado formando una gran pila, no puedo ni siquiera ver por encima de ellos. ¡Son más que el número de cabellos en mi cabeza! ¡Siento que me voy a rendir!
၁၂အကြောင်း မူကား၊ အတိုင်း မ သိများစွာသော ဘေး ဥပဒ်တို့သည် အကျွန်ုပ် ကို ဝိုင်း ကြပါပြီ။ အကျွန်ုပ်မျှော် ၍ မ ကြည့် နိုင် အောင်ခံရသောအပြစ် တို့သည် အကျွန်ုပ် ကို မှီ ကြပါပြီ။ အကျွန်ုပ် ဆံပင် ထက် များပြား သည် ဖြစ်၍၊ အကျွန်ုပ် နှလုံး သည် အားလျော့ ပါပြီ။
13 ¡Señor, Sálvame! ¡Apresúrate, ven a mi ayuda!
၁၃အိုထာဝရဘုရား ၊ အကျွန်ုပ် ကို နှုတ်ယူ ခြင်းငှါ အလိုရှိ တော်မူပါ။ အိုထာဝရဘုရား ၊ အကျွန်ုပ် ကိုမစ ခြင်းငှါ အလျင် အမြန်ပြုတော်မူပါ။
14 Derrota y humilla a los que están intentando matarme; lleva desgracia a los que están tratando de herirme.
၁၄အကျွန်ုပ် အသက် ကို သတ် ခြင်းငှါ ရှာ ကြံသော သူအပေါင်း တို့သည် အရှက်ကွဲ ၍ မျက်နှာ ပျက်ကြပါစေ သော။ အကျွန်ုပ် ၌ အန္တရာယ် ပြု ချင်သောသူတို့သည် လှန် ခြင်းကိုခံရ၍ ရှက်ကြောက် ခြင်းသို့ရောက်ကြပါစေ သော။
15 Que al momento de la derrota se sorprendan aquellos que intentaban burlarse de mí.
၁၅အကျွန်ုပ် ကို အေ့ဟေ ၊ အေ့ဟေ ဟုဆို သောသူတို့ သည် အရှက်ကွဲ ခြင်းအားဖြင့် မှိုင် တွေကြပါစေ သော။
16 Pero que todos los que vengan a ti se alegren y sean felices. Que todos los que te amen y aman tu salvación digan, “¡El Señor es grande!”
၁၆ကိုယ်တော် ကိုရှာ သော သူအပေါင်း တို့သည် ကိုယ်တော် ၌ ဝမ်းမြောက် ရွင်လန်း ကြပါစေသော။ ကယ်တင် တော်မူခြင်းကျေးဇူးကို နှစ်သက် သောသူတို့ သည် ထာဝရဘုရား ဘုန်းကြီး တော်မူစေသတည်းဟု အစဉ် မပြတ်ပြော ကြပါစေသော။
17 Mientras tanto yo, soy un pobre y estoy necesitado. Que el Señor piense en mí. ¡Ayúdame! ¡Sálvame! ¡No esperas más, Dios mío!
၁၇အကျွန်ုပ် မူကား ၊ ဆင်းရဲ ငတ်မွတ် သော်လည်း ၊ ထာဝရ ဘုရား သည် အကျွန်ုပ် ကို အောက်မေ့ တော်မူ၏။ ကိုယ်တော် သည် အကျွန်ုပ် ကို မစ သောသူ၊ ကယ်တင် သောသူဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုရား သခင်၊ ဆိုင်းလင့် တော်မ မူပါနှင့်။

< Salmos 40 >