< Proverbios 15 >
1 Una respuesta amable evitará la ira, pero las palabras hirientes aumentarán el enojo.
၁ဖြည်းညှင်း သော စကား သည် စိတ် ကိုဖြေ တတ် ၏။ ကြမ်းတမ်း သောစကား မူကား ၊ အမျက် ကို နှိုးဆော် တတ်၏။
2 Las palabras de los sabios despertarán interés por el conocimiento; pero los necios hablarán sin sentido.
၂ပညာရှိ သောသူ ၏လျှာ သည်ပညာ အတတ်ကို တင့်တယ် စေတတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် သောအရာကို သွန်းလောင်း တတ်၏။
3 El Señor lo ve todo, y observa el bien y el mal.
၃ထာဝရဘုရား ၏မျက်စိ တော်သည် ခပ်သိမ်း သောအရပ် ၌ ရှိ၍၊ ကောင်း မကောင်း ကို ကြည့်ရှု တော်မူ၏။
4 Las palabras amables son Fuente de vida, pero el decir mentiras causa gran daño.
၄ဖြည်းညှင်း သောလျှာ သည် အသက် ဖြစ်၏။ ကြမ်းတမ်း သော လျှာ မူကား စိတ် နာ စေတတ်၏။
5 Solo un necio aborrece la instrucción de su padre; pero el prudente acepta la corrección.
၅မိုက် သောသူသည် အဘ သွန်သင် ခြင်းကို မထီမဲ့မြင် ပြုတတ်၏။ ဆုံးမ သော စကားကို နားထောင် သော သူမူကား ၊ သမ္မာ သတိနှင့်ပြည့်စုံတတ်၏။
6 Hay abundante tesoro donde en la vivienda de los justos; pero el salario de los malvados es causa de tribulación.
၆ဖြောင့်မတ် သောသူ၏ အိမ် ၌များစွာ သော စည်းစိမ် ရှိ၏။ မ တရားသော သူခံရသောအခွန် မူကား ၊ များစွာသော နှောင့်ရှက် ခြင်းနှင့်ယှဉ်၏။
7 Los sabios comparten su conocimiento, pero los necios no piensan de esta mima manera.
၇ပညာရှိ သောသူ ၏နှုတ်ခမ်း တို့သည် ပညာ အတတ်ကို စွန့်ကြဲ တတ်၏။ မိုက် သောသူ၏ နှလုံး မူကား ပညာမ ရှိ။
8 El Señor aborrece el sacrificio de los malvados, pero le complacen las oraciones de los justos.
၈မ တရားသောသူ ပူဇော်သောယဇ် ကို ထာဝရဘုရား စက်ဆုပ် ရွံ့ရှာတော်မူ၏။ သဘော ဖြောင့်သောသူ ဆုတောင်းသော ပဌနာ ကိုကား ၊ နှစ်သက် တော်မူ၏။
9 El Señor odia el camino del malvado, pero ama a los que actúan con rectitud.
၉မ တရားသော သူလိုက်သောလမ်း ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့်မတ် ခြင်း တရား လမ်းသို့ လိုက် သောသူကိုကား ချစ် တော်မူ၏။
10 Si abandonas el camino del bien, recibirás disciplina. Todo el que aborrece la corrección morirá.
၁၀လမ်း လွှဲ သောသူသည် ဆုံးမ သောစကားကို နား မခံလို။ သို့သော်လည်း၊ အပြစ်တင် ခြင်းကို မုန်း သောသူသည် သေ ရမည်။
11 Los muertos no tienen secretos que el Señor no sepa. ¡Cuanto más conoce nuestros pensamientos! (Sheol )
၁၁မရဏာ နိုင်ငံနှင့် အဗဒ္ဒုန် နိုင်ငံသည် ထာဝရဘုရား ရှေ့ တော်၌ ထင်ရှား၏။ ထိုမျှမက၊ လူ သားတို့၏ နှလုံး သည် သာ၍ ထင်ရှား ၏။ (Sheol )
12 Los burladores no aprecian la corrección, por lo tanto no van donde los sabios para pedir consejo.
၁၂မထီမဲ့မြင် ပြုသောသူသည် အပြစ် ပြသောသူ ကို မ ချစ် တတ်။ ပညာရှိ ထံသို့ မ ချဉ်းကပ် တတ်။
13 Si estas feliz por dentro, tu rostro lucirá alegre; pero si estas triste, lucirás derrotado.
၁၃ရွှင်လန်းသော စိတ် နှလုံးသည် ချို သောမျက်နှာ ကို ဖြစ်စေတတ်၏။ ညှိုးငယ် ခြင်းအားဖြင့် ကား ၊ စိတ် ပျက် တတ်၏။
14 Una mente inteligente busca el conocimiento; pero los necios se alimentan de estupidez.
၁၄ဉာဏ် ကောင်းသောသူ၏ စိတ် နှလုံးသည် ပညာ အတတ်ကို ရှာ တတ်၏။ မိုက် သောသူတို့၏ နှုတ် မူကား ၊ မိုက် ခြင်းကို ကျက်စား တတ်၏။
15 La vida de los pobres es dura, pero si permaneces alegre, la vida es una fiesta sin final.
၁၅ဆင်းရဲ ငြိုငြင်သောသူ၏ နေ့ရက် ရှိသမျှ တို့သည် ဆိုးယုတ် ကြ၏။ ရွှင်လန်း သောစိတ် နှလုံးမူကား ၊ အစဉ် အမြဲခံရသောပွဲ ဖြစ်၏။
16 Es mejor respetar al Señor y tener poco, que tener abundancia de dinero y además los problemas que le acompañan.
၁၆နှောင့်ရှက် ခြင်းနှင့် ယှဉ်၍ ကြီးစွာ သော စည်းစိမ်ထက် ထာဝရဘုရား ကိုကြောက်ရွံ့ ခြင်းနှင့် ယှဉ် သောဥစ္စာ အနည်းငယ် သည် သာ၍ ကောင်း ၏။
17 Mejor una cena de vegetales donde hay amor, que comer carne con odio.
၁၇ဆူ အောင်ကျွေးသော နွား တကောင်လုံးကို အချင်းချင်း အငြိုး ထားသောစိတ်နှင့် စားရသည်ထက်၊ ချစ် ခြင်းမေတ္တာပါသော ဟင်းရွက် တနပ်စာ သည်သာ၍ ကောင်း ၏။
18 Los irascibles provocan los problemas, pero los que tardan en enojarse ayudan a sosegar los conflictos.
၁၈မာန ကြီးသောသူ သည် ရန် ကိုနှိုးဆော် တတ်၏။ သည်းခံ နိုင်သော သူမူကား ငြိမ်း တတ်၏။
19 El camino de los perezosos está lleno de espinas, pero el camino de los justos es una autopista abierta.
၁၉ပျင်းရိ သောသူသွားရာ လမ်း ၌ ဆူး ပင်ဆီး ကာ လျက် ရှိ၏။ ဖြောင့်မတ် သောသူ သွား ရာလမ်းမူကား ၊ မို့ မောက်လျက်ရှိ၏။
20 Un hijo sabio trae alegría a su padre; pero un hombre necio aborrece a su madre.
၂၀ပညာရှိ သောသား သည်အဘ ဝမ်းမြောက် ခြင်း အကြောင်းဖြစ်၏။ မိုက် သောသား မူကား ၊ မိမိ အမိ ကို မထီမဲ့မြင် ပြုတတ်၏။
21 La necedad alegra a los tontos, pero los prudentes hacen lo recto.
၂၁ဉာဏ် မ ရှိသောသူသည် မိုက် ခြင်း၌ ပျော်မွေ့ တတ်၏။ ဉာဏ် ရှိသောသူ မူကား ၊ ဖြောင့်မတ် သောအကျင့် ကို ကျင့် တတ်၏။
22 Los planes se caen sin el buen consejo, pero hay éxito donde hay muchos consejeros.
၂၂တိုင်ပင် ခြင်းမ ရှိလျှင် အကြံ ပျက် တတ်၏။ တိုင်ပင် သော သူများ လျှင် မူကား ၊ အကြံ တည်တတ်၏။
23 Una buena respuesta trae alegría a sus oyentes. ¡Cuán bueno es oír la palabra acertada en el momento correcto!
၂၃လူ သည်ပြန်ပြော သောစကား အားဖြင့် ဝမ်းမြောက် စရာအကြောင်းရှိ၏။ အချိန်တန် ၍ ပြောသော စကား သည်လည်း အလွန် လျောက်ပတ် ပေ၏။
24 El camino de la vida para los justos va hacia arriba, para que pueden evitar caer en la tumba que esta debajo. (Sheol )
၂၄ပညာရှိ သော သူလိုက်ရာ အသက် လမ်း သည် အောက် အရပ်၊ မရဏာ နိုင်ငံမှ လွှဲရှောင် ၍၊ အထက် သို့ ပို့ဆောင်တတ်၏။ (Sheol )
25 El Señor derriba la casa de los orgullosos, pero protege los límites de la casa de la viuda.
၂၅မာန ထောင်လွှားသောသူ ၏အိမ် ကို ထာဝရဘုရား ဖျက်ဆီး တော်မူမည်။ မုတ်ဆိုးမ နေရာ အရပ်ကို ကား ၊ တည် စေတော်မူမည်။
26 El Señor odia los pensamientos de los malvados, pero honra las palabras de los puros.
၂၆မ တရားသောသူ၏ အကြံအစည် တို့ကို ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူ၏။ စင်ကြယ် သောသူ၏ စကား တို့ကိုကား ၊ နှစ်သက် တော်မူ၏။
27 Los que codician las ganancias ilícitas acarrean problemas para sus familias. Pero los que aborrecen el soborno, vivirán.
၂၇မ တရားသော စီးပွါးကို ရှာ သောသူသည် မိမိ အိမ်သား တို့ကို နှောင့်ရှက် တတ်၏။ တံစိုး ကိုရွံ သောသူမူကား အသက် ချမ်းသာရလိမ့်မည်။
28 Los justos piensan en la mejor forma de responder a una pregunta, pero los tontos hablan con maldad.
၂၈ဖြောင့်မတ် သောသူသည် အဘယ်သို့ပြန်ပြော ရမည်ကို စိတ် နှလုံးထဲမှာ ဆင်ခြင် တတ်၏။ မ တရားသောသူ ၏နှုတ် မူကား ၊ မ ကောင်းသောအရာတို့ကို သွန်းလောင်း တတ်၏။
29 El Señor guarda distancia con los malvados, pero escucha las oraciones de los justos.
၂၉ထာဝရဘုရား သည် မ တရားသောသူတို့ နှင့် ဝေး တော်မူ၏။ ဖြောင့်မတ် သောသူ၏ ပဌနာ စကားကို ကား နားထောင် တော်မူ၏။
30 Los ojos brillantes producen alegría, y las buenas noticias mejoran el ánimo.
၃၀မျက်စိ အလင်း သည် နှလုံး ကို ရွှင်လန်း စေတတ် ၏။ ကောင်း သော သိတင်း စကားသည်လည်း၊ အရိုး တို့ကို ခြင်ဆီနှင့်ပြည့်ဝ စေတတ်၏။
31 Si atiendes el buen consejo serás uno más entre los sabios.
၃၁အသက် နှင့်ယှဉ်သောဆုံးမ ခြင်းစကားကို နားထောင် သောသူသည် ပညာရှိ တို့နှင့် ပေါင်းဘော် ရသောအခွင့်ရှိ၏။
32 Si ignoras la instrucción, te aborreces a ti mismo; pero si escuchas la corrección, obtendrás entendimiento.
၃၂ဆုံးမ ခြင်းစကားကို ပယ် သောသူသည်မိမိ အသက် ဝိညာဉ်ကို မထီမဲ့မြင် ပြုရာသို့ ရောက်၏။ နားထောင် သော သူမူကား ၊ ဉာဏ် ကိုရ တတ်၏။
33 El respeto por el Señor enseña sabiduría; la humildad viene antes de la honra.
၃၃ထာဝရဘုရား ကိုကြောက်ရွံ့ သော သဘောသည် ပညာ ကိုသွန်သင် ခြင်းဖြစ်၏။ ဂုဏ် အသရေအရင်၌ နှိမ့်ချ ခြင်း၏ နေရာရှိ၏။