< Números 19 >

1 El Señor le dijo a Moisés y Aarón:
တဖန် ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊ ထာဝရဘုရား စီရင် ထုံးဖွဲ့တော်မူသော ပညတ် တရားဟူမူကား၊
2 “Esta es una norma que el Señor ha ordenado, diciendo, Dile a los israelitas que te traigan una vaca roja sin defectos, que nunca haya sido uncida.
အပြစ် မပါ၊ တခါမျှ ထမ်းဘိုး မတင် ၊ ကွက်ကျား ခြင်းမ ရှိ၊ အဆင်းနီ သော နွားမ ပျိုကို၊ ဣသရေလ အမျိုးသား တို့သည် ဆောင် ခဲ့မည်အကြောင်း ဆင့်ဆို လော့။
3 Entrégasela al sacerdote Eleazar, y él la llevará fuera del campamento y lamandará a masacrar.
ယဇ်ပုရောဟိတ် ဧလာဇာ ၌ အပ် ၍ တပ် ပြင် သို့ ဆောင် သွားပြီးမှ ၊ သူ့ ရှေ့၌ အခြားသူ သတ် ရမည်။
4 El sacerdote Eleazar pondrá un poco de su sangre en su dedo y la rociará siete veces hacia la entrada del Tabernáculo de Reunión.
ယဇ်ပုရောဟိတ် ဧလာဇာ သည် အသွေး ကို လက် နှင့်ယူ ၍ ပရိသတ်စည်းဝေး ရာ တဲ တော်ရှေ့ စူးစူး၌ ခုနစ် ကြိမ် ဖြန်း ရမည်။
5 Luego la vaca debe ser quemada mientras él observa. Todo debe ser quemado: su piel, carne y sangre, así como sus excrementos.
ယဇ်ပုရောဟိတ် ရှေ့မှာ ထိုနွားမ၏ အရေ ၊ အသား ၊ အသွေး ၊ ချေးနု နှင့်တကွတကောင်လုံးကို အခြား သူသည် မီးရှို့ ရမည်။
6 El sacerdote arrojará madera de cedro, hisopo e hilo carmesí sobre la vaca en llamas.
ယဇ်ပုရောဟိတ် သည်လည်း အကာရှ သစ်သား ၊ ဟုဿုပ် ပင်ညွန့်နှင့် နီမောင်း သော အထည်ကို ယူ၍၊ နွားမ မီးလောင် ရာထဲသို့ ပစ်ချ ရမည်။
7 “Entonces el sacerdote lavará sus ropas y su cuerpo en agua, y después podrá entrar en el campamento, pero permanecerá impuro hasta la noche.
ထိုနောက် မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ တပ် ထဲသို့ ဝင် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
8 La persona que quemó la vaca también lavará sus ropas y su cuerpo en agua, y él también permanecerá impuro hasta la noche.
မီးရှို့ သောသူသည် လည်း ၊ မိမိ အဝတ် ကို လျှော် ၍ ကိုယ် ကိုလည်း ရေချိုး ပြီးမှ ၊ ညဦး တိုင်အောင် မစင်ကြယ် ဖြစ်လိမ့်မည်။
9 “El que esté limpio recogerá las cenizas de la vaca y las guardará en un lugar limpio fuera del campamento. Las guardarán los israelitas para preparar el agua de purificación que sirve para purificar del pecado.
စင်ကြယ် သောသူ တစုံတယောက်သည် နွားမ ၏ ပြာ ကို စုသိမ်း ၍ ၊ တပ် ပြင် မှာ စင်ကြယ် သော အရပ် ၌ ထား ရမည်။ ဣသရေလ အမျိုး ပရိသတ် အဘို့ စင်ကြယ် စေသော ရေဘော် ဘို့၊ ထိုပြာကို သို ထားရမည်။ အပြစ် နှင့် ကင်းစင်စေစရာဘို့ဖြစ် သတည်း။
10 El hombre que recogió las cenizas de la vaca lavará también sus ropas, y permanecerá impuro hasta la noche. Esta es una regla permanente para los israelitas y para el extranjero que vive con ellos.
၁၀နွားမ ၏ပြာ ကို စုသိမ်း သောသူသည်လည်း ၊ မိမိ အဝတ် ကိုလျှော် ၍ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။ ဤရွေ့ကား၊ ဣသရေလ အမျိုးသား ၊ တည်းခို သော တပါး အမျိုးသားတို့သည် အစဉ်အမြဲ စောင့်ရသောပညတ် ဖြစ်သတည်း။
11 “Si tocas un cadáver serás impuro durante siete días.
၁၁လူသေကောင် ကို ထိ သောသူသည် ခုနစ် ရက် မ စင်ကြယ်ဖြစ်လိမ့်မည်။
12 Debes purificarte con el agua de la purificación al tercer día y al séptimo día, y entonces estarás limpio. Pero si no te purificas en el tercer y séptimo día, no estarás limpio.
၁၂သုံး ရက်မြောက်သောနေ့ ၌ ထိုပြာနှင့် ကိုယ် ကိုသန့်ရှင်း စေ၍ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ စင်ကြယ် လိမ့်မည်။ သုံး ရက်မြောက်သောနေ့ ၌ ကိုယ်ကိုမ သန့်ရှင်း စေ လျှင် ၊ ခုနစ် ရက်မြောက်သောနေ့ တိုင်အောင် မ စင်ကြယ် ရ။
13 Si tocas un cadáver y no te purificas, harás impuro el Tabernáculo del Señor y deberás ser expulsado de Israel. Sigues siendo impuro porque no se te ha rociado con el agua de la purificación y tu impureza permanece.
၁၃လူသေကောင် ကိုထိ ၍ ကိုယ်ကိုမ သန့်ရှင်း စေ သောသူသည်၊ ထာဝရဘုရား ၏ တဲ တော်ကို ညစ်ညူး စေ ၏။ ထိုသူ ကို ဣသရေလ အမျိုးမှ ပယ်ရှင်း ရမည်။ စင်ကြယ် စေသောရေ ဖြန်း ခြင်းကို မ ခံသောကြောင့် မ စင်ကြယ်ဖြစ်၏။ စင်ကြယ် ခြင်းသို့ မရောက်သေး။
14 “La siguiente norma se aplica cuando una persona muere en una tienda. Todo el que entre en la tienda y todo el que ya esté en ella será impuro durante siete días.
၁၄တဲ ၌ လူ သေ လျှင် စောင့်ရသောတရား ဟူမူကား ၊ တဲ သို့ ဝင် သောသူ၊ တဲ ၌ ရှိနေသောသူအပေါင်း တို့သည် ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်ကြလိမ့်မည်။
15 Cualquier recipiente abierto que no tenga una tapa cerrada es impuro.
၁၅မ ဖုံး ဘဲ ဖွင့် ထားသောအိုး ရှိသမျှ တို့သည်လည်း မ စင်ကြယ်ဖြစ်ကြလိမ့်မည်။
16 Si estás al aire libre y tocas a alguien que ha muerto por la espada o que ha muerto de forma natural, o si tocas un hueso humano o una tumba, entonces serás impuro durante siete días.
၁၆သတ်၍သေ သောသူ၊ နာ၍သေ သောသူ၊ လူ သေ အရိုး ၊ လူသင်္ချိုင်း ကို လယ်ပြင် ၌ တွေ့၍ထိ လျှင်၊ ခုနစ် ရက် ပတ်လုံးမ စင်ကြယ်ဖြစ်လိမ့်မည်။
17 “Este es el proceso para la purificación si eres impuro. Toma algunas de las cenizas del holocausto para la purificación y ponlas en un frasco con agua fresca.
၁၇မ စင်ကြယ်သောသူဘို့ အပြစ် ကင်းစေရာ မီးရှို့ သောနွားမ၏ပြာ အချို့ ကို ယူ ၍ ၊ စီး သောရေ နှင့်အတူအိုး ၌ ထည့် ပြီးမှ ၊
18 El hombre que esté limpio tomará un hisopo y lo mojará en el agua. Luego rociará la tienda y todo lo que haya dentro de ella, y a todos los que estuvieran allí. También deberá rociarlo a usted si ha tocado un hueso, o una tumba, o alguien que ha muerto o ha sido asesinado.
၁၈စင်ကြယ် သောသူသည်၊ ဟုဿုပ် ပင်ညွန့်ကို ရေ ၌ နှစ် ၍ တဲ ပေါ်မှာ ၎င်း၊ တန်ဆာ များ၊ တဲ၌ရှိ သောလူ များပေါ်မှာ ၎င်း၊ လူသေအရိုး ၊ သတ် ၍သေသောသူ၊ နာ ၍သေသောသူ၊ လူသင်္ချိုင်း ကို ထိ သောသူပေါ်မှာ ၎င်း၊ ထိုရေကို ဖြန်း ရမည်။
19 “El hombre que está limpio debe rociarte tanto al tercer día como al séptimo día. Después de que te purifiques al séptimo día, debes lavar tu ropa y a ti mismo en agua, y esa noche estarás limpio.
၁၉စင်ကြယ် သောသူသည် မ စင်ကြယ်သောသူကို သုံး ရက်မြောက်သောနေ့ ၊ ခုနစ် ရက်မြောက်သောနေ့ ၌ ဖြန်း ရမည်။ ခုနစ် ရက်မြောက်သောနေ့ ၌ ကိုယ်ကိုသန့်ရှင်း စေ လျက် ၊ မိမိ အဝတ် ကို လျှော် ၍ ရေချိုး လျှင် ၊ ညဦး အချိန် တွင် စင်ကြယ် လိမ့်မည်။
20 Pero si no te purificas, serás expulsado de los israelitas, porque has hecho impuro el Tabernáculo del Señor. El agua de la purificación no ha sido rociada sobre ti, y sigues siendo impuro.
၂၀မ စင်ကြယ်သော သူ သည် ကိုယ်ကိုသန့်ရှင်း စေခြင်းငှါမ ပြုလျှင် ၊ ထာဝရဘုရား ၏ သန့်ရှင်း ရာဌာန တော်ကို ညစ်ညူး စေသောကြောင့် ၊ ပရိသတ် မှ ပယ်ရှင်း ခြင်းကိုခံရမည်။ စင်ကြယ် စေသော ရေ ဖြန်း ခြင်းကို မ ခံသောကြောင့်၊ မ စင်ကြယ်ဘဲနေ၏။
21 Esta es una regla permanente para todos. El hombre que rocía el agua de purificación debe lavar su ropa, y cualquiera que toque el agua de purificación será impuro hasta la noche.
၂၁အစဉ်အမြဲ စောင့်ရသောပညတ် ဟူမူကား ၊ စင်ကြယ် သော ရေ ကို ဖြန်း သောသူသည် မိမိ အဝတ် ကို လျှော် ရမည်။ ထိုရေ ကို ထိ သောသူလည်း ၊ ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်။
22 Todo lo que toque la persona impura será impuro, y cualquiera que lo toque será impuro hasta la noche”.
၂၂မ စင်ကြယ်သောသူ ထိ သမျှ သော အရာသည် လည်း မ စင်ကြယ်ဖြစ်လိမ့်မည်။ ထိုအရာကို ထိ သောသူ လည်း ညဦး တိုင်အောင် မ စင်ကြယ်ဖြစ်လိမ့်မည်ဟု မိန့်တော်မူ၏။

< Números 19 >