< Números 12 >
1 Pero Miriam y Aarón criticaban a Moisés por su esposa, pues Moisés se había casado con una mujer etíope.
၁မောရှေသည် ကုရှ အမျိုးသားမိန်းမ နှင့် စုံဘက် သည်ဖြစ်၍ ၊ ထိုမိန်းမကြောင့် မိရိအံ နှင့် အာရုန် သည် မောရှေ ကို အပြစ်တင် လျက် ၊
2 “¿Acaso el Señor solo habla a través de Moisés?”, cuestionaban. “¿No habla también a través de nosotros?” Y el Señor escuchó todo esto.
၂အကယ်၍ ထာဝရဘုရား သည်၊ မောရှေ အားဖြင့် သာ ဗျာဒိတ် ပေးတော်မူသလော။ ငါ တို့အားဖြင့် လည်း ပေး တော်မ မူလောဟု ဆို ကြ၏။ ထိုစကားကို ထာဝရဘုရား ကြား တော်မူ၏။
3 Moisés era un hombre muy humilde, más que nadie en la tierra.
၃မောရှေ သည် မြေကြီး ပေါ်မှာ ရှိနေသောသူ အပေါင်း တို့ထက် သာ၍နူးညံ့ သိမ်မွေ့သော သဘောရှိ၏။
4 De repente el Señor llamó a Moisés, Aarón y Miriam, diciéndoles: “Ustedes tres, vengan al Tabernáculo de Reunión”. Y los tres lo hicieron.
၄ထာဝရဘုရား ကလည်း ၊ သင် တို့သုံး ယောက် သည် ပရိသတ်စည်းဝေး ရာ တဲ တော်သို့ ထွက်သွား ကြလော့ ဟု မောရှေ ၊ အာရုန် ၊ မိရိအံ တို့အား ချက်ခြင်း မိန့် တော်မူ၍ သူတို့သည် ထွက်သွား ကြ၏။
5 El Señor bajó en una columna de nube y se paró en la entrada de la Tienda. Llamó a Aarón y a Miriam y ellos se adelantaron.
၅ထာဝရဘုရား သည် မိုဃ်းတိမ် တိုင် ဖြင့် ဆင်းသက် ၍ ၊ ပရိသတ်စည်းဝေးရာ တဲ တော်တံခါးဝ ၌ ရပ် လျက်၊ အာရုန် နှင့် မိရိအံ ကို ခေါ် တော်မူ၍ ၊ သူတို့သည် ချဉ်းကပ် ကြ၏။
6 “Escuchen mis palabras, les dijo. Si tuvieran profetas, yo, el Señor, me revelaría a ellos en visiones; me comunicaría con ellos en sueños.
၆ထာဝရဘုရားကလည်း၊ ငါ့ စကား ကို နားထောင် ကြလော့။ သင် တို့တွင် ပရောဖက် ရှိ လျှင် ၊ ငါထာဝရဘုရား သည် ထိုသူ ၌ ထူးဆန်းသော ရူပါရုံ အားဖြင့် ကိုယ်ကိုပြ မည်။ သို့မဟုတ်အိပ်မက် အားဖြင့် ဗျာဒိတ် ပေးမည်။
7 Pero no es así con mi siervo Moisés, que de todo mi pueblo es el que me es fiel.
၇အိမ် တော်တအိမ်လုံး၌ သစ္စာ စောင့်သော ငါ့ ကျွန် မောရှေ သည် ထိုသို့ မ ဟုတ်။
8 Yo hablo con él personalmente, cara a cara. Hablo claramente, y no con acertijos. Él ve la semejanza del Señor. Entonces, ¿por qué no tuvieron miedo al criticar a mi siervo Moisés?”
၈သူ ၌ ဗျာဒိတ် ပေးသောအခါ ၊ နက်နဲ သောစကား အားဖြင့် မ ပေး၊ ကိုယ်တိုင် ကိုယ်ကြပ်ထင်ရှား စွာ ဗျာဒိတ် ပေးမည်။ သူသည် ထာဝရဘုရား ၏ ပုံသဏ္ဌာန် ကိုလည်း မြင် ရမည်။ သို့ဖြစ်၍ သင်တို့သည် ငါ့ ကျွန် မောရှေ ကို အဘယ့်ကြောင့် အပြစ်တင် ဝံ့ သနည်းဟု မိန့် တော်မူလျက် ၊
9 Entonces el Señor se enfadó con ellos, y se fue.
၉အမျက် တော်ထွက် ၍ ထာဝရဘုရား ကြွ သွား တော်မူသဖြင့် ၊
10 Cuando la nube se elevó sobre la Tienda, la piel de Miriam se volvió repentinamente blanca por la lepra. Aarón se volvió a mirar y vio que tenía lepra.
၁၀မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ သွား၏။ မိရိအံ သည်လည်း ၊ နူနာ စွဲ၍ မိုဃ်းပွင့် ကဲ့သို့ ဖြူလေ၏။ အာရုန် ကြည့် ၍ မိရိအံ နူ သည်ကိုမြင် လျှင် ၊
11 Le dijo a Moisés: “Señor mío, por favor no nos castigues por este pecado que hemos cometido tan estúpidamente.
၁၁အို အကျွန်ုပ် သခင် ၊ အကျွန်ုပ်တို့သည် မိုက် သောအမှုကို ပြုမိ၍ ပြစ်မှား သောအပြစ် ကို အကျွန်ုပ် တို့အပေါ် မှာ တင် တော်မ မူပါနှင့်၊ အကျွန်ုပ် တောင်းပန်ပါ၏။
12 Por favor, no dejes que me convierta en un moribundo cuya carne ya se está pudriendo cuando nace!”
၁၂ဘွား စက ပင် ကိုယ် အသား တဝက် ပျက် သောအသေကောင် ကဲ့သို့ သူသည် မ ဖြစ် ပါစေနှင့်ဟု တောင်းပန် လျှင် ၊
13 Moisés clamó al Señor: “¡Dios, por favor, cúrala!”
၁၃မောရှေ က၊ အို ဘုရားသခင် ၊ သူ ၏အနာကို ပျောက် စေတော်မူပါ၊ အကျွန်ုပ် တောင်းပန်ပါ၏ဟု ထာဝရဘုရား အား အော်ဟစ် လေ၏။
14 Pero el Señor le respondió a Moisés: “Si su padre le hubiera escupido en la cara, ¿no habría sido deshonrosa durante siete días? Mantenla aislada fuera del campamento durante siete días, y luego podrá regresar”.
၁၄ထာဝရဘုရား ကလည်း ၊ သူ ၏ အဘ သည် သူ ၏ မျက်နှာ ကို တံထွေး နှင့် ထွေးရုံမျှသာပြုလျှင်၊ သူသည် ခုနစ် ရက် ပတ်လုံးအရှက် ကွဲခြင်းကိုခံရမည် မ ဟုတ်လော။ ယခုတွင် သူ့ကိုနှင်ထုတ်၍ ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေစေ။ ထို့နောက်မှ တပ်ထဲသို့ တဖန် ဝင်စေဟု မောရှေ အား မိန့် တော်မူသည်အတိုင်း ၊
15 Miriam quedó en aislamiento fuera del campamento durante siete días, y el pueblo no avanzó hasta que fue llevada de vuelta.
၁၅မိရိအံ ကို နှင်ထုတ် ၍ သူသည် ခုနစ် ရက် ပတ်လုံးတပ် ပြင် မှာ နေရ၏။ မိရိအံ အနာမ ပျောက်မှီတိုင်အောင်လူ များတို့သည် ခရီးမ သွား ဘဲ နေကြ၏။
16 Entonces el pueblo se fue de Jazerot y se instaló en el desierto de Parán.
၁၆ထို့နောက် ဟာဇရုတ် အရပ်မှ ပြောင်း ၍ ပါရန် တော ၌ တဲ ဆောက်ကြ၏။