< San Lucas 8 >
1 Poco después de esto, Jesús fue por las ciudades y aldeas anunciando la buena noticia del reino de Dios. Los doce discípulos iban con él,
၁ထိုနောက်မှ ကိုယ်တော် သည် မြို့ ရွာ အစဉ် အတိုင်းဒေသစာရီ လှည့်လည်၍ ဘုရားသခင် ၏ နိုင်ငံ တော် နှင့်ယှဉ်သော ဧဝံဂေလိ တရားကို ဟော တော်မူ၏။
2 junto con un grupo de mujeres que habían sido sanadas de espíritus malignos y enfermedades: María llamada Magdalena, de quien Jesús había expulsado siete demonios;
၂တစ်ကျိပ် နှစ်ပါးသော တပည့်တော်တို့သည် နောက်တော်သို့လိုက်ကြ၏။ နတ် ဆိုး ဘေး၊ အနာ ရောဂါ ဘေးနှင့် ကင်းလွတ် စေတော်မူသောမိန်းမ အချို့ သည်လည်း လိုက်ကြ၏။ ထိုမိန်းမ တို့တွင် နတ်ဆိုး ခုနစ် ယောက် ထွက် သော မာဂဒလ ဟုခေါ်ဝေါ် သောမာရိ ၊
3 Juana, la esposa de Chuza, quien era el administrador de Herodes; Susana; y muchas otras que contribuían con sus recursos personales.
၃ဟေရုဒ် မင်း၏ စားတော်ကဲ ခုဇ ၏မယား ယောဟန္န နှင့် ရှုရှန္န မှစ၍မိမိဥစ္စာ ကိုလှူ၍ ကိုယ်တော် ကို လုပ်ကျွေး သော အခြား မိန်းမအများ ပါကြ၏။
4 En cierta ocasión se reunió una gran multitud que venía de muchas ciudades para verlo. Jesús les hablaba, usando relatos como ilustraciones.
၄များစွာ သောလူ အပေါင်းတို့သည် မြို့ ရွာအရပ်ရပ် တို့မှ အထံ တော်သို့ လာ ၍ စုဝေး လျက်ရှိကြသောအခါ၊ ဥပမာ စကားအားဖြင့် မြွက်ဆို တော်မူသည်မှာ၊
5 “Un granjero salió a sembrar su semilla. Mientras la esparcía, algunas cayeron en el camino, donde las personas las pisaban y las aves se las comían.
၅မျိုးစေ့ ကြဲသောသူ သည် မျိုးစေ့ ကိုကြဲ ခြင်းငှာထွက်သွား ၏။ အစေ့ကို ကြဲ သည်တွင် အချို့ သော အစေ့ တို့သည် လမ်း ၌ ကျ သဖြင့် ကျော်နင်း ခြင်းကို ခံရ၍ မိုဃ်း ကောင်းကင်ငှက် တို့သည် ကောက်စား ကြ၏။
6 Algunas cayeron sobre suelo rocoso, y cuando las semillas germinaron se marchitaron por falta de humedad.
၆အချို့ သောအစေ့တို့သည် ကျောက် ပေါ်၌ ကျ သဖြင့် အပင် ပေါက်သောအခါ မြေဩဇာ မ ရှိ သောကြောင့် ညှိုးနွမ်း ပျက်စီးခြင်းသို့ ရောက်ကြ၏။
7 Algunas otras semillas cayeron entre espinos, y como crecieron juntos, los espinos ahogaron las plantas.
၇အချို့ သောအစေ့တို့သည် ဆူးပင် တို့တွင် ကျ သဖြင့် ဆူးပင် တို့သည် အတူ ပေါက်၍ ညှဉ်းဆဲ ကြ၏။
8 Algunas semillas cayeron en buen suelo y después que crecieron produjeron una cosecha cien veces mayor de lo que se había sembrado”. Después que les dijo esto, exclamó: “¡Si ustedes tienen oídos, oigan!”
၈အချို့ သောအစေ့တို့သည် ကောင်း သောမြေ ၌ ကျ သဖြင့် အပင် ပေါက်၍အဆ တရာပွားများ၍ အသီး သီး ကြ ၏ ဟု မိန့် တော်မူပြီးမှ၊ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေဟု ကြွေးကြော် တော်မူ၏။
9 Pero sus discípulos le preguntaron: “¿Qué quiere decir esta ilustración?”
၉တပည့် တော်တို့ကလည်း၊ ထို ဥပမာ ၏ အနက်အဓိပ္ပါယ် ကား အဘယ် နည်းဟု မေးလျှောက် ကြလျှင် ၊
10 Jesús respondió: “A ustedes se les han dado entendimiento de los misterios del reino de Dios, pero a los demás se les han dado ilustraciones, de manera que ‘aunque ven, realmente no ven; y aunque oyen, realmente no entienden’.
၁၀ကိုယ်တော်က၊ သင် တို့သည် ဘုရားသခင့် နိုင်ငံ တော်၏ နက်နဲ သောအရာတို့ကို သိ ရသောအခွင့် ရှိကြ၏။ ကြွင်း သောသူ တို့မူကား ၊ မြင် လျက်ပင် အာရုံမ ပြုဘဲမြင် ၍ ၊ ကြား လျက်ပင်အနက်ကို နား မ လည်ဘဲ ကြားရ သည်တိုင်အောင် သူတို့အား ဥပမာ အားဖြင့် ဟောရ၏။
11 “Este es el significado de la ilustración: la semilla es la palabra.
၁၁ထို ဥပမာ အနက်အဓိပ္ပါယ် ကား မျိုးစေ့ သည် ဘုရားသခင် ၏တရားစကား ဖြစ် ၏။
12 Las semillas que caen en el camino son los que oyen el mensaje, pero el diablo se lleva la verdad de sus mentes a fin de que ellos no puedan confiar en Dios ni salvarse.
၁၂လမ်း ၌ ရှိသောသူ ကား ၊ တရားစကားကို ကြား သည်ရှိသော်၊ ယုံကြည် ခြင်း၊ ကယ်တင် ခြင်းသို့ မ ရောက် စေခြင်းငှာ ၊ မာရ်နတ် သည် လာ ၍ တရားစကား ကို နှလုံး ထဲမှ နှုတ်ယူ သောသူ ကိုဆိုလိုသတည်း။
13 Las semillas que caen en las rocas son aquellos que oyen y reciben el mensaje con alegría pero no tienen raíces. Creen por un tiempo pero cuando llegan momentos difíciles se rinden.
၁၃ကျောက် ပေါ်၌ ရှိသောသူ ကား ၊ တရားစကား ကိုကြား ၍ ဝမ်းမြောက် သောစိတ်နှင့် ခံယူ သော်လည်းစိတ်နှလုံး၌ အမြစ် မ စွဲ ၊ ခဏ သာယုံကြည် သဖြင့် စုံစမ်း နှောင့်ရှက်ခြင်းကို ခံရသောအခါဖေါက်ပြန် သောသူကို ဆိုလိုသတည်း။
14 Las semillas que caen entre los espinos son aquellos que oyen el mensaje pero es ahogado por las distracciones de la vida—preocupaciones, riqueza, placer— y no produce nada.
၁၄ဆူးပင် တို့တွင် ရှိသောသူ ကား ၊ တရားစကားကိုကြား သည်ရှိ သော်၊ လောကီစိုးရိမ် ခြင်း၊ စည်းစိမ် ကြွယ်ဝခြင်း၊ ကာမဂုဏ် ခံစားခြင်းတို့သည် နှိပ်စက် ၍ အသီး မ သီးသောသူ ကိုဆိုလိုသတည်း။
15 Las semillas que son sembradas en buena tierra son aquellos que son honestos y hacen lo correcto. Ellos oyen el mensaje de la verdad, se aferran a él, y por su perseverancia producen buena cosecha.
၁၅ကောင်း သောမြေ ၌ ရှိသောသူ ကား ၊ ဖြောင့်မတ် စင်ကြယ် သော စိတ် နှလုံးနှင့် တရား စကားကိုကြား လျှင် ၊ စွဲလမ်း သောအားဖြင့် မြဲမြံ စွာအသီးသီး သော သူ ကိုဆိုလို သတည်း။
16 “Nadie enciende una lámpara y luego la cubre con una cesta, o la esconde bajo la cama. No. Se coloca sobre un lugar alto para que todos los que entran puedan ver la luz.
၁၆ဆီမီး ထွန်း ပြီးလျှင် အိုး မှောက်၍ ဖုံးထား လေ့မ ရှိ။ ခုတင် အောက် ၌လည်း ထား လေ့မရှိ။ ဝင် သောသူ သည် အလင်း ကိုမြင် စေခြင်းငှာဆီမီးခုံ အပေါ်မှာ တင်ထားလေ့ရှိ၏။
17 Porque no hay nada oculto que no sea revelado; no hay nada secreto que no llegue a saberse y sea obvio.
၁၇ဆိတ်ကွယ် ရာ၌ရှိ သမျှတို့သည် ထင်ရှား လိမ့်မည်။ ဝှက်ထား လျက်ရှိသမျှတို့သည်လည်းထင်ရှား စွာ ပွင့်လင်း လိမ့်မည်။
18 “Así que estén atentos a la manera como ‘oyen’. A los que han recibido, se les dará más; y los que no reciben, ¡incluso lo que ellos creen que tienen se les quitará!”
၁၈ထိုကြောင့် သင်တို့သည် အဘယ်သို့ ကြားနာ ရသည်ကို သတိပြု ကြလော့။ အကြောင်းမူကား ၊ အကြင်သူ သည် ရ တတ်၏၊ ထိုသူ့ အားပေး ဦးမည်။ အကြင်သူ သည် ဆင်းရဲ ၏၊ ထိုသူ ၌ ဥစ္စာရှိ ဟန်ဆောင် သမျှ ကိုပင် နှုတ် လိမ့်မည် ဟု မိန့်တော်မူ၏။
19 Entonces la madre de Jesús y sus hermanos llegaron, pero no pudieron pasar en medio de la multitud para verlo.
၁၉ထိုအခါ မယ်တော် နှင့် ညီ တော်တို့သည် လာ ၍ စည်းဝေး သောသူ များသောကြောင့် ၊ ကိုယ်တော် ရင်းသို့ မ ချဉ်းကပ် နိုင် ဘဲနေကြ၏။
20 Entonces le dijeron a Jesús: “Tu madre y tus hermanos están afuera. Quieren verte”.
၂၀လူအချို့ကလည်း၊ မယ်တော် နှင့် ညီ တော်တို့သည် ကိုယ်တော် ကိုတွေ့ လို ၍ ပြင် မှာရပ် နေကြပါ၏ဟု လျှောက် လျှင် ၊
21 “Mi madre y mis hermanos son aquellos que oyen la palabra de Dios y hacen lo que ella dice”, respondió Jesús.
၂၁ကိုယ်တော်က၊ ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကိုကြား ၍ နားထောင် သောသူ တို့သည် ငါ့ အမိ ၊ ငါ့ ညီ ဖြစ် သတည်း ဟု မိန့် တော်မူ၏။
22 Un día Jesús dijo a sus discípulos: “Crucemos al otro lado del lago”. Así que se subieron a un bote y partieron.
၂၂တစ်နေ့သ၌ ယေရှု သည် တပည့် တော်တို့နှင့်အတူ လှေ ထဲသို့ ဝင် ၍၊ အိုင် တစ်ဘက် သို့ ကူး ကြကုန်အံ့ဟု မိန့် တော်မူပြီးလျှင် လွှင့်သွား ကြ၏။
23 Mientras navegaban, Jesús se durmió, y llegó una tormenta sobre el lago. El bote comenzó a inundarse y corrían peligro de hundirse.
၂၃အိုင်ကိုကူး သောအခါ ယေရှုသည် ကျိန်းစက် တော်မူ၏။ အိုင် ၌ မိုဃ်းသက်မုန်တိုင်း ဖြစ် ၍ ၊ လှေသည် ရေနှင့် ပြည့်သောကြောင့် ဘေးရောက် လု၏။
24 Entonces ellos fueron donde estaba Jesús y lo despertaron. “Maestro, maestro, ¡vamos a ahogarnos!” dijeron ellos. Jesús entonces se despertó y ordenó al viento y a las fuertes olas que se detuvieran. Y se detuvieron, y todo quedó en calma.
၂၄တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကိုနှိုး ပြီးလျှင်၊ သခင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏ဟုလျှောက် ကြသော်၊ ကိုယ်တော်သည် ထ ၍ လေ နှင့် လှိုင်း တံပိုးကို ဆုံးမ တော်မူသဖြင့် ၊ လေနှင့် လှိုင်းတံပိုးသည် ငြိမ်း ၍ သာယာ လေ၏။
25 “¿Dónde está su confianza?” les preguntó. Aterrorizados y sorprendidos, ellos se decían unos a otros: “Pero ¿quién es este? ¡Da órdenes a los vientos y a las aguas y éstos le obedecen!”
၂၅ကိုယ်တော်ကလည်း၊ သင် တို့ယုံကြည် ခြင်းစိတ်သည် အဘယ်မှာ ရှိသနည်း ဟု မေး တော်မူလျှင်၊ သူတို့ သည် ကြောက်ရွံ့ အံ့ဩ ၍ ၊ ဤ သူကား အဘယ်သို့ သောသူနည်း။ လေ နှင့် ရေ ကိုပင် မှာထား တော်မူ၍ ၊ သူတို့ သည် နားထောင် ပါသည်တကားဟု အချင်းချင်း ပြောဆို ကြ၏။
26 Entonces navegaron y atravesaron la región de Gerasene, que estaba al otro lado de Galilea.
၂၆ဂါလိလဲ ပြည်နှင့် အိုင်တစ်ဘက် ဖြစ် သော ဂါဒရ ပြည် သို့ ရောက် ကြ၍ ၊
27 Cuando Jesús descendió del bote a la orilla, un hombre poseído por un demonio vino desde la ciudad a verlo. Por mucho tiempo no había usado ropas ni había vivido en casa alguna. Vivía en las tumbas.
၂၇ယေရှုသည် ကုန်း ပေါ်သို့ တက် တော်မူလျှင် ၊ ကာလ တာရှည် စွာ နတ်ဆိုး စွဲ သဖြင့် အဝတ် ကိုမ ဝတ် ၊ အိမ် ၌ မ နေ ၊ သင်္ချိုင်း တစပြင်၌ နေတတ်သော ဂါဒရပြည်သားတစ် ယောက်သည် ကိုယ်တော် ကို ခရီးဦးကြိုပြု လေ၏။
28 Cuando vio a Jesús gritó, se lanzó a los pies de Jesús y le preguntó en voz alta: “¿Qué quieres conmigo, Jesús, Hijo del Dios Altísimo? ¡Por favor, no me tortures, te lo ruego!”
၂၈ကိုယ်တော် ကိုမြင် လျှင် ပြပ်ဝပ် ၍ ၊ အမြင့်ဆုံး သောဘုရားသခင် ၏ သား တော်ယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် ကို ညှဉ်းဆဲ တော်မ မူမည်အကြောင်း အကျွန်ုပ်တောင်းပန် ပါ သည်ဟု ကြီး သောအသံ နှင့်အော်ဟစ် ၍ လျှောက် လေ၏။
29 Pues Jesús ya le había ordenado al espíritu maligno que saliera del hombre. A menudo se apoderaba de él, y a pesar de estar atado con cadenas y grilletes, y puesto bajo guardia, él rompía las cadenas y era llevado por el demonio a regiones desiertas.
၂၉လျှောက်သည်အကြောင်း ကား၊ နတ်ဆိုးသည် ထိုလူ ကိုအဖန် များစွာ ဘမ်းဆီး လှပြီ။ ခြေချင်း သံကြိုး နှင့် အကျဉ်း ထား သော်လည်း ခြေချင်းသံကြိုး ကို ဆွဲဖြတ် ၍ နတ်ဆိုး သည်တော အရပ်သို့ နှင် မြဲရှိကြောင်းကို ကိုယ်တော်သည်ထောက်၍၊ ညစ်ညူး သောနတ် ၊ ထိုလူ မှ ထွက်သွား လော့ဟု မိန့် တော်မူခဲ့ပြီ။
30 “¿Cuál es tu nombre?” le preguntó Jesús. “Legión”, respondió, pues habían entrado muchos demonios en él.
၃၀ယေရှု ကလည်း ၊ သင် သည် အဘယ် အမည် ရှိ သနည်း ဟုမေး တော်မူလျှင်၊ ထိုလူကို နတ်ဆိုး အများ စွဲ သောကြောင့် အကျွန်ုပ်အမည်ကား လေဂေါင် ဖြစ်ပါသည်ဟု လျှောက် ပြီးမှ ၊
31 Ellos le rogaban a Jesús que no los mandara al Abismo. (Abyssos )
၃၁အနက်ဆုံး သော အရပ်သို့ သွား စေခြင်းငှာမ နှင်ပါမည်အကြောင်း တောင်းပန် လေ၏။ (Abyssos )
32 Y había un enorme hato de cerdos que comían junto a la ladera, y los demonios le suplicaron que les permitiera entrar en los cerdos. Entonces Jesús les dio permiso,
၃၂ထို အရပ်၌ တောင် ပေါ်မှာ များစွာ သောဝက် အစု သည် ကျက်စား လျက်ရှိ၏။ ထို ဝက်ထဲသို့ ဝင် ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟုနတ်ဆိုးတို့သည် တောင်းပန် ပြန်လျှင် အခွင့် ပေးတော်မူ၏။
33 así que ellos dejaron al hombre y entraron en los cerdos. El hato de cerdos salió corriendo por la pendiente empinada hacia el lago y los cerdos se ahogaron.
၃၃နတ်ဆိုး တို့သည် လူ မှ ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့်၊ ဝက်အစု သည် အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း ၍ အသက် ဆုံးကြ၏။
34 Cuando los cuidadores de cerdos vieron lo que había ocurrido, salieron corriendo y difundieron la noticia por toda la ciudad y el campo.
၃၄ဝက်ကျောင်း သောသူ တို့သည်ထိုအခြင်းအရာ ကို မြင် လျှင် ပြေး ၍ မြို့ ရွာ တို့၌ သိတင်းကြားပြော ကြသော်၊
35 El pueblo salió a ver lo que había ocurrido. Cuando vinieron donde estaba Jesús, encontraron al hombre libre de demonios. Estaba sentado a los pies de Jesús, usando ropas y en su sano juicio; y se asustaron.
၃၅လူများတို့သည် ထို အမှု အရာ ကို ကြည့်ရှု အံ့သောငှာထွက်လာ ကြ၏။ အထံ တော်သို့ ရောက် သောအခါ နတ်ဆိုး ထွက်သွား သောသူ သည်အဝတ်ကိုဝတ် ၍ ပကတိ စိတ်နှင့် ယေရှု ၏ခြေ တော်ရင်း၌ ထိုင် နေသည်ကို မြင် လျှင်၊ ကြောက်ရွံ့ ခြင်းသို့ ရောက်ကြ၏။
36 Los que habían visto lo ocurrido explicaron cómo había sido curado el hombre endemoniado.
၃၆နတ်ဆိုးစွဲ သောသူ သည်အဘယ်သို့ သောအားဖြင့်ကျန်းမာ ပကတိရှိသည်ကို သိမြင် သောသူ တို့သည်နောက်လာသောသူ တို့အား ပြန်ကြား ပြီးမှ ၊
37 Entonces toda la gente de la región de Gerasene le pidió a Jesús que se fuera porque estaban abrumados por el temor. Entonces Jesús entró al bote y regresó.
၃၇ဂါဒရ ပြည်သူပြည်သားအပေါင်း တို့သည် အလွန် ကြောက်လန့် သောစိတ်စွဲ ၍ ၊ မိမိ တို့ပြည်က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြလျှင် ၊ ကိုယ်တော် သည် လှေ ထဲသို့ ဝင် ၍ ပြန် တော်မူ၏။
38 El hombre que había sido liberado de los demonios le suplicó que lo dejara ir con él, pero Jesús le ordenó que se marchara:
၃၈နတ်ဆိုး ထွက်သွား သောသူ သည် ကိုယ်တော် နှင့်အတူ ရှိ ပါမည်အကြောင်း တောင်းပန် လျှင် ၊
39 “Regresa a casa, y cuéntale a la gente todo lo que Dios ha hecho por ti”, le dijo Jesús. Así que él se fue, contándole a toda la ciudad todo lo que Jesús había hecho por él.
၃၉ယေရှုက၊ သင်သည်ကိုယ် အိမ် သို့ ပြန်သွား လော့။ ဘုရားသခင် သည် သင် ၌အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို ကြားပြော လော့ ဟူ၍လွှတ် လိုက်တော်မူလျှင် ၊ ထိုသူသည်သွား ၍ ယေရှု သည် အဘယ်မျှလောက် ကျေးဇူးပြု တော်မူသည်ကို တစ်မြို့လုံး တွင် အနှံ့အပြား သိတင်းကြားပြော လေ၏။
40 Había allí una multitud de personas para recibir a Jesús cuando regresara, y todos estaban esperándolo con entusiasmo.
၄၀ယေရှု သည် ပြန် တော်မူလျှင် ၊ လူ အစုအဝေးအပေါင်း တို့သည် ကိုယ်တော် ကိုမြော်လင့် လျက် နေကြ သောကြောင့် ဝမ်းမြောက်စွာ လက်ခံကြ၏။
41 Uno de ellos era un hombre llamado Jairo, quien era líder de una sinagoga. Él vino y se postró ante los pies de Jesús. Le suplicó que viniera a su casa
၄၁ထိုအခါ ယာဣရု အမည် ရှိသောတရားစရပ် မှူး သည် လာ ၍ ယေရှု ၏ခြေ တော်ရင်း၌ ပြပ်ဝပ် လျက် ၊
42 porque su única hija estaba muriendo. Y ella tenía aproximadamente doce años de edad. Aunque Jesús iba de camino, las personas iban amontonándose a su alrededor.
၄၂တစ်ဆယ်နှစ် နှစ် အရွယ်ရှိသော မိမိ ၌တစ်ယောက်တည်း သောသမီး သည် သေ ဆဲရှိသောကြောင့် ၊ မိမိ အိမ် သို့ ကြွ တော်မူမည်အကြောင်း ကိုယ်တော် ကိုတောင်းပန် ၍ ကြွ တော်မူစဉ် တွင်လူ အစုအဝေးတို့သည် ကိုယ်တော် ကို ထိခိုက်တိုက်မိ ကြ၏။
43 Entre la multitud había una mujer que había sufrido de sangrado durante doce años. Y había gastado todo lo que tenía en médicos, pero ninguno de ellos había podido ayudarla.
၄၃ထိုအခါ တစ်ဆယ့်နှစ် နှစ် ပတ်လုံးသွေး သွန် အနာစွဲ သောကြောင့် ၊ ဥစ္စာ ရှိသမျှ ကို ဆေးသမား တို့အား ပေး ၍ ကုန်သော်လည်း၊ အဘယ် ဆေးသမားလက်၌ မျှ ချမ်းသာ မ ရနိုင် သော မိန်းမ တစ်ယောက်သည်၊
44 Ella se acercó a Jesús por detrás y tocó el borde de su manto. E inmediatamente el sangrado se detuvo.
၄၄နောက် တော်သို့ ချဉ်းကပ် ၍ အဝတ် တော်၏ ပန်းပွား ကိုတို့ သဖြင့်၊ ထိုခဏခြင်း တွင် သွေး သွန် အနာ ပျောက် လေ၏။
45 “¿Quién me tocó?” preguntó Jesús. Todos los que lo rodeaban negaron haberlo hecho. “Pero Maestro”, dijo Pedro, “hay mucha gente aglomerada a tu alrededor, y todos empujan hacia ti”.
၄၅ယေရှု ကလည်း ၊ ငါ့ ကို အဘယ်သူ တို့ သနည်း ဟု မေး တော်မူလျှင်၊ လူအပေါင်း တို့သည် ငြင်း လတ်သော်၊ ပေတရု မှစ၍ သူ၏အပေါင်းအဘော်တို့က၊ သခင် ၊ လူ အစုအဝေးတို့သည် ကိုယ်တော် အား ထိခိုက်တိုက်မိ ကြသည်ဖြစ်၍ ၊ ငါ့ကိုအဘယ်သူတို့သနည်းဟု မေးတော်မူပါသည်တကားဟု လျှောက် လေ၏။
46 “Alguien me tocó”, respondió Jesús. “Lo sé porque salió poder de mí”.
၄၆ယေရှု ကလည်း ၊ တစ်စုံတစ်ယောက် သောသူသည် ငါ့ ကိုတို့ လေပြီ။ ငါ့ ကိုယ်မှ တန်ခိုး ထွက် သည်ကို ငါ သိ ၏ ဟု မိန့် တော်မူ၏။
47 Cuando la mujer se dio cuenta de que lo que había hecho no quedaría inadvertido, pasó al frente, temblando, y se postró delante de Jesús. Justo allí frente a todos ella explicó la razón por la que había tocado a Jesús, y que había sido curada de inmediato.
၄၇ထို မိန်းမ သည်မိမိပုန်းရှောင် ၍ မ နေနိုင်သည်ကိုသိ လျှင် တုန်လှုပ် လျက်လာ ၍ ၊ အဘယ် အကြောင်း ကြောင့် တို့ သည်ကို၎င်း၊ ချက်ခြင်း ချမ်းသာ ရသည်ကို၎င်း၊ လူ အပေါင်း တို့ရှေ့ မှာ ပြပ်ဝပ် လျက် ကြားလျှောက် လေ၏။
48 Jesús le dijo: “Hija, tu fe te ha sanado, vete en paz”.
၄၈ကိုယ်တော်ကလည်း ၊ ငါ့သမီး ၊ မစိုးရိမ်နှင့်။ သင် ၏ယုံကြည် ခြင်းသည် သင့် အနာကို ငြိမ်း စေပြီ။ ငြိမ်ဝပ် စွာ သွား လော့ ဟု မိန့် တော်မူ၏။
49 Mientras aún hablaba, alguien vino de la casa del líder de la sinagoga para decirle: “Tu hija murió. Ya no necesitas molestar más al maestro”.
၄၉ထိုသို့ မိန့် တော်မူစဉ် တွင်တရားစရပ်မှူး အိမ်မှ လူ လာ ၍ ၊ ကိုယ်တော် ၏ သမီး သေ ပါပြီ။ ဆရာ ကို မ နှောင့်ရှက် ပါနှင့်ဟုဆို ၏။
50 Pero cuando oyó esto, Jesús le dijo a Jairo: “No tengas miedo. Si crees, ella será sanada”.
၅၀ယေရှု သည်ကြား လျှင် ၊ မ ကြောက် ကြနှင့်။ ယုံကြည် ခြင်းစိတ်တခုသာ ရှိစေလော့။ ထိုသို့ရှိလျှင်သူသည် ဘေးနှင့်လွတ် လိမ့်မည် ဟု တရားစရပ်မှူး အား မိန့် တော်မူ၏။
51 Cuando Jesús llegó a la casa, no permitió que nadie más entrara, excepto Pedro, Juan y Santiago, y el padre y la madre de la niña.
၅၁အိမ် သို့ ရောက် လျှင် ၊ ပေတရု ၊ ယောဟန် ၊ ယာကုပ် နှင့် မိန်းမငယ် ၏မိ ဘ မှတစ်ပါး အဘယ်သူ ကိုမျှ အထဲ သို့မဝင် စေခြင်းငှာဆီးတား တော်မူ၏။
52 Todas las personas que estaban allí lloraban y se lamentaban por ella. “No lloren”, les dijo Jesús. “Ella no está muerta, solo está durmiendo”.
၅၂လူအပေါင်း တို့သည် ငိုကြွေး မြည်တမ်း ကြသည်ကို ကိုယ်တော်က၊ မ ငို ကြနှင့်။ သူငယ်သေ သည် မ ဟုတ်၊ အိပ်ပျော် သည် ဟု မိန့် တော်မူလျှင် ၊
53 Entonces ellos se rieron de él, porque sabían que ella estaba muerta.
၅၃သူငယ်သေ ကြောင်း ကို ထိုသူတို့သည်သိ သဖြင့် ကိုယ်တော် ကို ပြက်ယယ်ပြု ကြ၏။
54 Pero Jesús la tomó de la mano, y dijo en voz alta: “Hija mía, ¡levántate!”
၅၄ထိုသူရှိသမျှတို့ကို ပြင်သို့ထွက်စေပြီးမှသူငယ် ၏လက် ကို ကိုင် တော်မူလျက် ၊ သူငယ် ထ လော့ ဟု ခေါ် တော်မူသည်တွင်၊
55 Entonces ella volvió a vivir, y se levantó enseguida. Y Jesús les indicó que le dieran algo de comer.
၅၅စိတ် ဝိညာဉ်ပြန်လာ ၍ မိန်းမငယ်သည် ချက်ခြင်း ထ လေ၏။
56 Sus padres estaban asombrados por lo que había sucedido, pero Jesús les dio instrucciones de no contarle a nadie sobre ello.
၅၆သူ့ အားစားစရာ ပေး လော့ ဟု မိန့် တော်မူ၏။ မိဘ တို့သည် မိန်းမော တွေဝေခြင်းသို့ရောက်ကြ၏။ ထိုအမှုအရာကို အဘယ်သူ အားမျှမပြော ရမည်အကြောင်း ပညတ် တော်မူ၏။