< San Lucas 23 >
1 Y todo el concilio lo llevó donde Pilato.
၁ထိုအခါ မင်း အရာရှိအပေါင်း တို့သည်ထ ၍ ကိုယ်တော် ကို ပိလတ် မင်းထံသို့ ဆောင်သွား ကြပြီးလျှင်၊
2 Allí comenzaron a acusarlo. “Encontramos a este hombre engañando a nuestra nación, diciéndole a la gente que no pagara los impuestos al César, y declarándose a sí mismo como el Mesías, como un rey”, dijeron.
၂ဤ သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၍ ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။
3 “¿Eres tú el Rey de los judíos?” le preguntó Pilato. “Tú lo has dicho”, respondió Jesús.
၃ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
4 Entonces Pilato le dijo a los jefes de los sacerdotes y a las multitudes: “Yo no encuentro a este hombre culpable de ningún crimen”.
၄ပိလတ် မင်းက ၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှငါမတွေ့ ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အပေါင်းတို့အား ပြောဆို လျှင်၊
5 Pero ellos insistieron, diciendo: “Está incitando una rebelión por toda Judea con sus enseñanzas, desde Galilea hasta aquí en Jerusalén”.
၅ထိုသူ တို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူ သည် ဂါလိလဲ ပြည်မှစ၍ ဤအရပ် တိုင်အောင် ယုဒ ပြည်၌ အနှံ့အပြား ဆုံးမဩဝါဒ ပေး၍ လူ များကိုနှိုးဆော် သောသူ ဖြစ်ပါသည်ဟု လျှောက်ဆို ကြ၏။
6 Cuando escuchó esto, Pilato preguntó: “¿Es galileo este hombre?”
၆ပိလတ် မင်းသည် ဂါလိလဲဟူသောစကားကိုကြား လျှင် ၊ ထိုသူ သည်ဂါလိလဲ လူဖြစ် သလောဟု မေးမြန်း ၍ ၊
7 Cuando descubrió que Jesús venía de la jurisdicción de Herodes, lo envió donde Herodes, quien también estaba en Jerusalén en ese momento.
၇ဟေရုဒ် မင်းပိုင် သော သူဖြစ်သည် ကို သိ သောအခါ ထိုမင်း ထံသို့ ပို့ စေ၏။ ထို အခါ ဟေရုဒ် မင်းသည် ယေရုရှလင် မြို့၌ ရှိ သတည်း။
8 Herodes estaba complacido de ver a Jesús pues hacía mucho tiempo había querido conocerlo. Había oído de él y esperaba verlo hacer algún milagro.
၈ထိုမင်း သည် ယေရှု ကိုမြင် လျှင် အလွန် ဝမ်းမြောက် ခြင်းရှိ၏။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍၊ ကိုယ်တော် ကိုမြင် ခြင်းငှာကြာမြင့် စွာ အလိုရှိ သည်ဖြစ် ၍၊ ပြ တော်မူသော နိမိတ် လက္ခဏာ တစ်စုံတစ်ခု ကို မြင် ရမည်ဟု မြော်လင့် လျက် နေ၏။
9 Entonces le hizo muchas preguntas a Jesús, pero Jesús no respondió nada en absoluto.
၉ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော် ကို များစွာ မေးမြန်း သော်လည်း အဘယ် စကား ကိုမျှ ပြန် တော် မမူ။
10 Los jefes de los sacerdotes y los maestros religiosos estaban allí, acusándolo con rabia.
၁၀ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြု ဆရာတို့သည် ထ ၍ ပြင်းထန် စွာ အပြစ်တင် ကြ၏။
11 Herodes y sus soldados trataron a Jesús con menosprecio y se burlaban de él. Colocaron una túnica real sobre él y lo enviaron de vuelta donde Pilato.
၁၁ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု ၍ တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။
12 Desde ese día Herodes y Pilato se volvieron amigos, pues antes de ese día habían sido enemigos.
၁၂ထိုနေ့ ၌ ပိလတ် မင်းနှင့် ဟေရုဒ် မင်းတို့သည် အချင်းချင်း အဆွေ ဖွဲ့ ကြ၏။ အထက် က ရန်ဘက် ဖြစ် ကြ သတည်း။
13 Pilato reunió a los jefes de los sacerdotes, a los líderes y al pueblo,
၁၃တဖန် ပိလတ် မင်းသည် ယဇ်ပုရောဟိတ် အကြီး၊
14 y les dijo: “Ustedes trajeron a este hombre delante de mí, acusándolo de incitar al pueblo a la rebelión. Lo he examinado cuidadosamente delante de ustedes, y no lo encuentro culpable de los cargos que ustedes han presentado contra él.
၁၄ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ ဤ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၍ ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ၌ ငါမတွေ့ ။
15 Ni siquiera Herodes, pues lo envió de vuelta a nosotros. Él no ha hecho nada que requiera su muerte.
၁၅ဟေရုဒ် မင်းသည်လည်း မ တွေ့။ ထိုမင်း ထံသို့ ငါ ပို့ စေပြီ။ ဤသူ သည် အသေ သတ်ခြင်းကို ခံထိုက် သော အမှုတစ်စုံတစ်ခုကိုမျှ မ ပြု ။
16 Así que lo mandaré a azotar y luego lo dejaré en libertad”.
၁၆ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု ဆို လေ၏။
၁၇ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
18 Pero ellos gritaron todos a la vez: “Mata a este hombre, y suéltanos a Barrabás”.
၁၈လူအပေါင်းတို့က၊ ထို သူကို ထုတ် ပါလော့။ အကျွန်ုပ် တို့အား ဗာရဗ္ဗ ကို လွှတ် ပါလော့ဟု တစ်ညီတစ်ညွတ် တည်း ဟစ်ကြော် ကြ၏။
19 (Barrabás había sido encarcelado por haber tenido parte en una rebelión en la ciudad, y por asesinato).
၁၉ထို ဗာရဗ္ဗကား၊ မြို့ ၌ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင် ထဲ၌ လှောင် ထားသောသူဖြစ် သတည်း။
20 Pilato quería soltar a Jesús, así que habló con ellos de nuevo.
၂၀ပိလတ် မင်းသည် ယေရှု ကို လွှတ် ချင် သောကြောင့် သူ တို့အားတစ်ဖန် ပြောဆို လေ၏။
21 Pero ellos seguían gritando: “¡Crucifícalo! ¡Crucifícalo!”
၂၁သူတို့ကလည်း၊ ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ။ ရိုက် ထားပါဟု ဟစ်ကြော် ကြ၏။
22 Pilato les preguntó por tercera vez: “¿Por qué? ¿Qué crimen ha cometido él? No encuentro ninguna razón para ejecutarlo. Así que lo mandaré a azotar y luego lo dejaré en libertad”.
၂၂ပိလတ်မင်းက၊ ထိုသူ သည် အဘယ် အပြစ် ကို ပြု ဘိသနည်း။ သေ ထိုက်သောအပြစ် တစ်စုံတစ်ခု မျှသူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု သုံး ကြိမ်မြောက်အောင်ဆို လျှင်၊
23 Pero ellos insistieron con gritos, exigiendo que fuera crucificado. Sus gritos surtieron efecto,
၂၃လူများတို့သည် ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာကြီးစွာ သောအသံ နှင့် ကျပ်ကျပ် တောင်း သဖြင့်၊ သူ တို့၏အသံ နှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင် လေ၏။
24 y Pilato dio la sentencia que ellos exigían.
၂၄ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊
25 Entonces liberó al hombre que estaba encarcelado por rebelión y asesinato, pero mandó a matar a Jesús conforme a las exigencias de ellos.
၂၅ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင် ထဲမှာ လှောင် ထားသောသူ ကို လူ များတောင်း သည်အတိုင်း လွှတ် ပြီးမှ ၊ ယေရှု ကို သူ တို့ အလို သို့အပ် လိုက်လေ၏။
26 Mientras los soldados se lo llevaban, agarraron a un hombre llamado Simón, de Cirene, quien venía del campo. Pusieron la cruz sobre él y lo hicieron cargarla detrás de Jesús.
၂၆ကိုယ်တော် ကို ထုတ်သွား ကြစဉ်၊ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ် ယောက်သည် တောရွာ မှ လာ သည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှု နောက် တော်၌ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
27 Una gran multitud lo seguía, junto con las mujeres que se lamentaban y lloraban por él.
၂၇နောက် တော်၌ လိုက်သောလူ များ အပေါင်း တို့တွင်၊ ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်း သော မိန်းမ အချို့ပါ၏။
28 Jesús se dio vuelta hacia ellas y les dijo: “Hijas de Jerusalén, no lloren por mí. Lloren por ustedes mismas y sus hijos.
၂၈ထိုသူ တို့ကို ယေရှု သည် လှည့်ကြည့် ၍ ၊ ယေရုရှလင် မြို့သမီး တို့၊ ငါ့ ကြောင့် မ ငိုကြွေး ကြနှင့်။ မိမိ တို့နှင့် မိမိ တို့သား များကြောင့် ငိုကြွေး ကြလော့။
29 Porque viene el tiempo cuando dirán: ‘Felices las que no tiene hijos, y las que nunca tuvieron bebés, y las que nunca amamantaron’.
၂၉အကြောင်းမူကား ၊ မြုံ သောမိန်းမသည် မင်္ဂလာ ရှိ၏။ ပဋိသန္ဓေ မ ယူဘူးသောဝမ်း နှင့် သူငယ်မ စို့ဘူး သောသားမြတ် သည် မင်္ဂလာရှိ၏ဟု ပြော ရသောနေ့ရက် ကာလရောက် လိမ့်မည်။
30 Y dirán a las montañas: ‘Caigan sobre nosotros,’ y a las colinas, ‘entiérrennos’.
၃၀ထိုအခါ သူတို့က၊ အိုတောင် များတို့၊ ငါ တို့အပေါ်သို့ ကျ ကြပါ။ အိုကုန်း များတို့၊ ငါ တို့ကို ဖုံးအုပ် ကြ ပါဟု ခေါ် ကြလိမ့်မည်။
31 Porque si hacen esto con el árbol que está verde, ¿qué sucederá cuando el árbol esté seco?”
၃၁အကြောင်းမူကား ၊ စိမ်း သောအပင် ကို ဤသို့ ပြု ကြလျှင် ၊ ခြောက် သောအပင် ၌ အဘယ်သို့ ဖြစ် လိမ့်မည်နည်း ဟု မိန့် တော်မူ၏။
32 Y también llevaron a otros dos que eran criminales para ejecutarlos con él.
၃၂ထိုအခါ ကိုယ်တော် နှင့်အတူ လူဆိုး နှစ် ယောက် တို့ကိုလည်း သတ် အံ့သောငှာထုတ်သွား ကြ၏။
33 Cuando llegaron al lugar llamado la Calavera, lo crucificaron junto con los criminales, uno a su derecha y el otro a su izquierda.
၃၃ကရာနိ အမည် ရှိသောအရပ် သို့ ရောက် ကြသော် ၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုး တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
34 Luego Jesús dijo: “Padre, por favor, perdónalos porque no saben lo que hacen”. Y ellos dividieron su ropa, lanzando el dado sobre ella.
၃၄ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။
35 La gente estaba allí y miraba, y los líderes se burlaban de Jesús: “Salvó a otros, entonces que se salve a sí mismo si es realmente el Mesías de Dios, el Escogido”, decían.
၃၅လူ များတို့သည်လည်း ကြည့်ရှု လျက် ရပ် နေကြ၏။ ထိုသူတို့နှင့်အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတစ်ပါး တို့ကိုကယ်တင် တတ်၏။ ခရစ်တော် တည်းဟူသောဘုရားသခင် ရွေးချယ် တော်မူသောသူ မှန်လျှင် ကိုယ် ကိုကယ်တင် ပါလေစေဟူ၍ပြက်ယယ်ပြု ကြ၏။
36 Los soldados también se burlaban de él, viniendo a ofrecerle vinagre de vino, y diciendo:
၃၆စစ်သူရဲ တို့သည်လည်း လာ ၍ ပုံးရည် ကို ကပ် ပေးလျက်၊
37 “Si eres el Rey de los judíos, entonces sálvate a ti mismo”.
၃၇သင် သည် ယုဒ ရှင်ဘုရင် မှန် လျှင် ကိုယ် ကို ကယ်တင် လော့ဟူ၍ ပြက်ယယ်ပြု လျက် ဆို ကြ၏။
38 Y sobre Jesús había un cartel sobre el cual estaba escrito: “Este es el Rey de los Judíos”.
၃၈ခေါင်း တော်ပေါ်မှာ တပ်၍ အပြစ်ဖေါ်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား ၊ ဤသူ သည် ယုဒ ရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာတပ် သတည်း။
39 Uno de los criminales que estaba colgado allí se unió a sus insultos. “¿No eres tú el Mesías?” le dijo. “¡Entonces sálvate a ti mismo, y a nosotros también!”
၃၉ဆွဲ ထားသော လူဆိုး နှစ်ယောက်တွင် တစ် ယောက်က၊ သင် သည် ခရစ်တော် မှန် လျှင် ကိုယ် ကို၎င်း ၊ ငါ တို့ ကို၎င်း၊ ကယ်တင် လော့ဟု ကိုယ်တော် ကို ကဲ့ရဲ့ ၍ ဆို လေ၏။
40 Pero el otro criminal no estaba de acuerdo y discutía con él: “¿No respetas a Dios ni siquiera cuando estás sufriendo el mismo castigo?” le preguntó.
၄၀တစ် ယောက်မူကား ၊ မိမိ အဘော်ကိုဆုံးမ ၍၊ သင် သည် ဤသူနည်းတူ အပြစ် ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မ ကြောက် သလော။
41 “Para nosotros esta sentencia es justa porque estamos siendo castigados por lo que hicimos, pero este hombre no hizo nada malo”.
၄၁ငါ တို့သည် ကိုယ်ပြု မိ သောအပြစ်နှင့်အလျောက် ခံရ သည်ဖြစ်၍တရားသဖြင့် ခံရ ကြ၏။ ဤ သူမူကား အဘယ် အပြစ် ကိုမျှမပြု ဟုဆို ပြီးလျှင်၊
42 Entonces dijo: “Jesús, por favor, acuérdate de mí cuando entres a tu reino”.
၄၂သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။
43 Jesús respondió: “Te prometo hoy que estarás conmigo en el paraíso”.
၄၃ယေရှုကလည်း ၊ ငါ အမှန် ဆိုသည်ကား၊ ယနေ့ တွင် သင်သည် ငါ နှင့်အတူ ပရဒိသု ဘုံ၌ ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
44 Para esta hora ya era medio día y una oscuridad cubrió toda la tierra hasta las tres de la tarde.
၄၄ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိ ဖြစ် လေ၏။
45 La luz del sol se apagó, y el velo del Templo se rasgó en dos.
၄၅နေ အရောင်ကွယ်ပျောက် လေ၏။ ဗိမာန် တော်၏ ကုလားကာ သည် နှစ် ဖြာကွဲ လေ၏။
46 Luego Jesús exclamó a gran voz: “Padre, dejo mi espíritu en tus manos”. Y habiendo dicho esto, expiró su último aliento.
၄၆ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် ၌ အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။
47 Cuando el centurión vio lo que había ocurrido, alabó a Dios y dijo: “Sin duda alguna este hombre era inocente”.
၄၇ထို အခြင်းအရာ တို့ကို တပ်မှူး သည်မြင် လျှင် ၊ စင်စစ် ဤသူ သည် ဖြောင့်မတ် သောသူမှန်ပေ ၏ဟုဆို ၍ ဘုရားသခင် ကို ချီးမွမ်း လေ၏။
48 Y cuando las multitudes que habían venido a ver a Jesús vieron lo que sucedió, se fueron a sus casas afligidos y dándose golpes en el pecho.
၄၈ထို အမှု ကို အကြည့်အရှု လာ သောသူအပေါင်း တို့သည် ထို အခြင်းအရာများ ကိုမြင် လျှင် ၊ ရင်ပတ် ကို ခတ် ၍ ပြန်သွား ကြ၏။
49 Pero los que conocían a Jesús, incluyendo las mujeres que lo habían seguido desde Galilea, observaban a la distancia.
၄၉ဂါလိလဲ ပြည်မှ နောက် တော်သို့လိုက်လာသော မိန်းမ တို့နှင့် ကိုယ်တော် ကို သိကျွမ်း သောသူအပေါင်း တို့သည်လည်း အဝေး က ကြည့်ရှု ၍ ရပ် နေကြ၏။
50 Y había allí un hombre llamado José. Él era miembro del concilio,
၅၀ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ မ ဟုတ် ၊
51 pero no había estado de acuerdo con sus decisiones y acciones. Este hombre venía de la ciudad judía de Arimatea, y estaba esperando con ansias el reino de Dios.
၅၁ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သော သူတော်ကောင်း သူတော်မြတ် ဖြစ် သည်နှင့် ပိလတ် မင်းထံသို့ဝင် ၍၊
52 José fue donde Pilato y le pidió el cuerpo de Jesús.
၅၂ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
53 Cuando lo bajó, lo envolvió en tela de lino. Puso a Jesús en una tumba que no había sido usada, y que había sido cortada de una roca.
၅၃အလောင်း တော်ကို ချ ၍ ပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊ တစ်ယောက် ကိုမျှ မ သင်္ဂြိုဟ် ဘူး သော ကျောက် သင်္ချိုင်း တွင်း၌ ထား လေ၏။
54 Y era el día de la preparación y el sábado comenzaría pronto.
၅၄ထိုနေ့ ကား အဘိတ်နေ့ ဖြစ် ၍ ဥပုသ်နေ့ အချိန် နီး သတည်း။
55 Las mujeres que habían venido con Jesús desde Galilea siguieron a José y vieron dónde había sido puesto el cuerpo de Jesús.
၅၅ဂါလိလဲ ပြည်က ကိုယ်တော် နှင့်အတူလာ သောမိန်းမ များသည် သင်္ချိုင်း တော်ကို၎င်း ၊ အလောင်း တော်ကို အဘယ်သို့ ထား သည်ကို၎င်း အကြည့်အရှု လိုက်လာ ကြ၏။
56 Luego regresaron y prepararon especias y ungüentos. Pero el sábado descansaron, guardando el mandamiento.
၅၆ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေ ကြ၏။