< Jueces 18 >
1 En aquella época Israel no tenía rey. La tribu de Dan buscaba un territorio en el que poder vivir, porque hasta entonces no habían conseguido la posesión de la tierra que se les había concedido entre las tribus de Israel.
၁ထိုကာလ၌ဣသရေလလူမျိုးတွင်ဘုရင် မရှိသေးချေ။ ဒန်အနွယ်ဝင်တို့တွင်လည်း အခြားဣသရေလအမျိုးသားများကဲ့ သို့ ကိုယ်ပိုင်နယ်မြေတစ်စုံတစ်ရာမျှမရှိ ကြသေးပေ။ သို့ဖြစ်၍မိမိတို့သိမ်းယူ၍ အတည်တကျနေထိုင်ရန်နယ်မြေကို ရှာဖွေလျက်နေကြ၏။-
2 Así que los danitas eligieron de entre ellos a cinco hombres destacados de Zora y Estaol para que recorrieran la tierra y la exploraran. “Vayan y exploren la tierra”, les dijeron. Cuando los hombres llegaron a la región montañosa de Efraín, llegaron a la casa de Miqueas, donde pasaron la noche.
၂ဒန်အမျိုးသားတို့သည်နယ်မြေကိုစူးစမ်း ရှာဖွေရန် မိမိတို့အနွယ်ဝင်အိမ်ထောင်စု အပေါင်းမှ အရည်အချင်းရှိသူလူငါး ယောက်ကိုရွေးချယ်၍ဇောရာမြို့နှင့်ဧရှ တောလမြို့တို့မှစေလွှတ်လိုက်ကြ၏။ ထို သူတို့သည်တောင်ကုန်းဒေသဖြစ်သော ဧဖရိမ်ပြည်သို့ရောက်လာသောအခါ မိက္ခာ၏အိမ်တွင်တည်းခိုကြ၏။-
3 Mientras estaban allí, reconocieron el acento del joven levita, así que se dirigieron a él y le preguntaron: “¿Quién te ha traído aquí y qué haces en este lugar? ¿Por qué estás aquí?”
၃ထိုအိမ်တွင်ရှိနေစဉ်လူတို့သည်လေဝိလူ ငယ်ပြောဆိုသည့်စကားသံကိုသတိထား မိကြသဖြင့် သူ့ထံသို့သွားပြီးလျှင်``သင် သည်ဤအရပ်သို့အဘယ်ကြောင့်ရောက်နေ ပါသနည်း။ သင့်အားဤအရပ်သို့အဘယ် သူခေါ်ဆောင်လာပါသနည်း'' ဟုမေးကြ၏။
4 “Miqueas me arregló las cosas y me contrató como sacerdote”, les dijo.
၄သူကလည်း``ငါသည်မိက္ခာနှင့်အမှုတစ်ခု အတွက် သဘောတူထားပါသည်။ သူသည်ငါ့ အားအခပေး၍မိမိ၏ယဇ်ပုရောဟိတ် အဖြစ်ဖြင့်ငှားရမ်းထားပါသည်'' ဟုပြန် ပြော၏။
5 “Por favor, pide al Señor por nosotros para saber si nuestro viaje tendrá éxito”, le pidieron.
၅ထိုအခါသူတို့က``ငါတို့သည်ဤခရီးတွင် အောင်မြင်မှုရှိမည်မရှိမည်ကို ဘုရားသခင် အားကျေးဇူးပြု၍လျှောက်ထားမေးမြန်း ပေးပါ'' ဟုဆိုကြ၏။
6 “Id en paz”, respondió el sacerdote. “El viaje que están haciendo está siendo observado por el Señor”.
၆ယဇ်ပုရောဟိတ်က``မည်သို့မျှသင်တို့စိုးရိမ် ရန်မလိုပါ။ ဘုရားသခင်သည်ဤခရီးတွင် သင်တို့အားစောင့်ရှောက်တော်မူလျက်ရှိပါ သည်'' ဟုပြန်ပြော၏။
7 Los cinco hombres partieron y se dirigieron a la ciudad de Lais. Observaron que el pueblo de allí vivía con seguridad y seguía las costumbres de los sidonios. El pueblo estaba desprevenido y confiado en su seguridad, en su casa, en una tierra productiva. No tenían un gobernante fuerte, vivían muy lejos de los sidonios y no tenían otros aliados que los ayudaran.
၇ထို့ကြောင့်ထိုလူငါးယောက်တို့သည်လဲရှ မြို့သို့ထွက်သွားကြ၏။ ထိုမြို့သားတို့သည် ဇိဒုန်မြို့သားများကဲ့သို့ အေးဆေးငြိမ်းချမ်း စွာနေထိုင်ကြသူများဖြစ်ကြောင်း၊ မည်သူ နှင့်မျှအငြင်းမပွားတတ်ကြောင်း၊ သူတို့ လိုအပ်သမျှတို့ကိုလည်းရရှိကြကြောင်း၊ သူတို့သည်ဇိဒုန်မြို့သားတို့နှင့်အလွန် အလှမ်းကွာရာတွင်နေထိုင်ကြလျက် အခြားအဘယ်လူမျိုးနှင့်မျှလည်း အဆက်အသွယ်မရှိကြကြောင်းကို စူးစမ်းသိရှိကြလေသည်။-
8 Los hombres regresaron a Zora y Estaol, y sus parientes les preguntaron: “¿Qué han hecho?”
၈ထိုသူငါးယောက်တို့သည်ဇောရာမြို့နှင့် ဧရှတောလမြို့တို့သို့ပြန်လည်ရောက်ရှိ ကြသောအခါ အမျိုးသားချင်းတို့က``သင် တို့အဘယ်သို့စုံစမ်းတွေ့ရှိခဲ့ရသနည်း'' ဟုမေးမြန်းကြ၏။-
9 “¡Vamos a atacarlos!”, interrumpieron los hombres. “¡Hemos inspeccionado el terreno y es excelente! ¿No harán algo? ¡No se tarden en ir y ocupar el terreno!
၉သူတို့ကလည်း``လာကြ၊ လဲရှမြို့ကိုငါ တို့သွားရောက်တိုက်ခိုက်ကြကုန်အံ့။ ထို နယ်မြေသည်အလွန်ကောင်းမွန်ကြောင်း ကိုငါတို့တွေ့မြင်ခဲ့ရပြီ။ ဤအရပ်တွင် ဆိုင်းလင့်၍နေကြမည်လော။ အလျင် အမြန်ထိုနယ်မြေကိုဝင်ရောက်သိမ်းယူ ကြကုန်အံ့။-
10 Cuando lleguen allí verán que la gente es desprevenida y que la tierra es extensa. Dios te ha dado un lugar donde no falta nada”.
၁၀ထိုအရပ်သို့သင်တို့ရောက်ကြသောအခါ လူတို့သည် စိုးစဉ်းမျှမယုံသင်္ကာမဖြစ်ကြ သည်ကိုတွေ့ရှိရကြလိမ့်မည်။ ထိုနယ်မြေ သည်ကျယ်ပြန့်၍လူသားတို့လိုချင်တောင့် တသောအရာတို့နှင့်လည်းပြည့်စုံ၏။ ထို နယ်မြေကိုသင်တို့အားဘုရားသခင်ပေး သနားတော်မူလေပြီ'' ဟုဆိုကြ၏။
11 Así que seiscientos hombres armados danitas salieron de Zora y Estaol, listos para atacar.
၁၁သို့ဖြစ်၍ဒန်အနွယ်ဝင်လူပေါင်းခြောက်ရာ တို့သည် တိုက်ပွဲဝင်ရန်အသင့်ပြင်လျက် ဇောရာမြို့နှင့်ဧရှတောလမြို့တို့မှထွက်ခွာ သွားလေသည်။-
12 En el camino acamparon en Quiriat-Yearín, en Judá. Por eso el lugar al oeste de Quiriat-Yearín se llama hasta hoy el Campo de Dan.
၁၂သူတို့သည်ယုဒပြည်၊ ကိရယတ်ယာရိမ်မြို့၌ တပ်စခန်းချကြ၏။ ထိုအကြောင်းကြောင့်ထို အရပ်သည်ဒန်တပ်စခန်းဟူ၍ယနေ့တိုင် အောင်အမည်တွင်သတည်း။-
13 Luego partieron de allí y se dirigieron a la región montañosa de Efraín y llegaron a la casa de Miqueas.
၁၃သူတို့သည်ထိုအရပ်မှဆက်လက်၍ခရီး ပြုကြရာ ဧဖရိမ်တောင်ကုန်းဒေသရှိမိက္ခာ ၏အိမ်သို့ရောက်ကြ၏။
14 Entonces los cinco hombres que habían ido a explorar la tierra de Lais dijeron a los demás miembros de la tribu: “¿Se dan cuenta de que aquí, en estas casas, hay un efod, dioses domésticos y un ídolo tallado, una imagen hecha con plata fundida? Así que ya saben lo que deben hacer”.
၁၄ထိုအခါလဲရှနယ်သို့သွားရောက်စူးစမ်း ထောက်လှမ်းခဲ့သောလူငါးယောက်တို့က မိမိ တို့၏အပေါင်းအဖော်များအား``ဤအိမ်စု အနက်အိမ်တစ်လုံးတွင်ငွေဖြင့်မွမ်းမံထား သည့်ရုပ်တုတစ်ခုရှိသည်ကို သင်တို့သိကြ ပါ၏လော။ ထိုအိမ်တွင်အခြားရုပ်တုများ နှင့်သင်တိုင်းတော်တစ်ခုလည်းရှိ၏။ ငါတို့ အဘယ်သို့ပြုသင့်သည်ဟုသင်တို့ထင် မြင်ကြပါသနည်း'' ဟုမေး၏။-
15 Los cinco hombres dejaron el camino y fueron a donde vivía el joven levita en la casa de Miqueas para preguntar cómo estaba.
၁၅သို့ဖြစ်၍သူတို့သည်လေဝိလူငယ်နေထိုင် ရာ မိက္ခာ၏အိမ်သို့သွား၍သူ့အားနှုတ်ခွန်း ဆက်ကြ၏။-
16 Los seiscientos hombres armados danitas estaban a la entrada, junto a la puerta.
၁၆တိုက်ခိုက်ရန်အသင့်ရှိသောဒန်အနွယ်ဝင် စစ်သည် ခြောက်ရာတို့သည်ဝင်းတံခါးဝ တွင်စောင့်ဆိုင်းနေကြ၏။-
17 Los cinco hombres entraron y tomaron el ídolo tallado, el efod, los ídolos domésticos y la imagen hecha con plata fundida. El sacerdote estaba junto a la puerta con los seiscientos hombres armados.
၁၇ထောက်လှမ်းရန်သွားရောက်ခဲ့သောလူငါး ယောက်တို့သည် အိမ်ထဲသို့ဝင်၍ငွေဖြင့်မွမ်း မံထားသည့်ရုပ်တုနှင့်အခြားရုပ်တုများကို လည်းကောင်း၊ သင်တိုင်းတော်ကိုလည်းကောင်းယူ ကြ၏။ ထိုအချိန်၌ယဇ်ပုရောဟိတ်သည်စစ် သားခြောက်ရာနှင့်အတူဝင်းတံခါးဝတွင် ရှိသတည်း။
18 Cuando el sacerdote los vio llevarse todos los objetos religiosos de la casa de Miqueas, les preguntó: “¿Qué están haciendo?”
၁၈မိက္ခာ၏အိမ်သို့ထိုသူတို့ဝင်၍ရုပ်တုများ နှင့် သင်တိုင်းတော်တို့ကိုယူကြသောအခါ ယဇ်ပုရောဟိတ်ကသူတို့အား``သင်တို့သည် အဘယ်သို့ပြုကြပါသနည်း'' ဟုမေး၏။
19 “¡Cállense! ¡No digan nada! Vengan con nosotros, y podrán ser nuestro ‘padre’ y sacerdote. ¿No sería mejor para ti que en lugar de ser sacerdote de la casa de un solo hombre fueras el sacerdote de una tribu y una familia israelita?”
၁၉သူတို့ကလည်း``ဆိတ်ဆိတ်နေလော့။ စကား တစ်ခွန်းမျှမပြောနှင့်။ သင်သည်ငါတို့နှင့် အတူလိုက်၍ငါတို့အားအကြံပေးသူ အဖြစ်ဆောင်ရွက်ပါလော့။ လူတစ်ယောက် ၏အိမ်ထောင်အတွက်ယဇ်ပုရောဟိတ်ပြု ရခြင်းထက် ဣသရေလအနွယ်ဝင်တစ် ခုလုံးအတွက်ပြုရခြင်းကသင့်အဖို့ ပို၍ကောင်းမည်မဟုတ်ပါလော'' ဟု ပြောကြ၏။-
20 Esto le pareció una buena idea al sacerdote y se fue con ellos. Llevando el efod, los ídolos de la casa y la imagen hecha con plata fundida, marchó con el pueblo a su alrededor.
၂၀ထိုအခါယဇ်ပုရောဟိတ်သည်လွန်စွာ ဝမ်းမြောက်သဖြင့် ရုပ်တုများနှင့်သင်တိုင်း တော်တို့ကိုယူ၍ထိုလူစုနှင့်အတူ လိုက်သွားလေသည်။
21 Continuaron su viaje, poniendo por delante a sus hijos, su ganado y sus posesiones.
၂၁သူတို့သည်ပြန်လှည့်ပြီးလျှင်ထွက်ခွာ သွားကြ၏။ မိမိတို့၏သားသမီးများ၊ တိရစ္ဆာန်များနှင့်ဝန်စည်စလယ်များကို ရှေ့မှအလျင်သွားနှင့်စေကြ၏။-
22 Losdanitas ya estaban bastante lejos de la casa de Miqueas cuando los hombres del pueblo de Miqueas los alcanzaron,
၂၂ထိုသူတို့အတန်ငယ်ခရီးရောက်သောအခါ မိက္ခာသည် မိမိ၏အိမ်နီးချင်းတို့တိုက်ပွဲဝင် ရန်စုရုံးလေသည်။ သူတို့သည်ဒန်အမျိုး သားတို့အားလိုက်၍မီသောအခါ၊-
23 gritándoles. Los danitas se volvieron para mirarlos y le preguntaron a Miqueas: “¿Qué te pasa? ¿Por qué llamas a estos hombres para que vengan a por nosotros?”
၂၃ဟစ်ခေါ်ကြ၏။ သူတို့သည်လည်းလှည့်၍ကြည့် ပြီးလျှင် မိက္ခာအား``သင်တို့တွင်အဘယ်အရေး အခင်းရှိသနည်း။ ဤလူထုနှင့်အဘယ်ကြောင့် လိုက်လာကြသနည်း'' ဟုမေး၏။
24 “Se han robado los dioses que hice, y también a mi sacerdote, y luego se han ido. ¿Qué me han dejado? ¿Cómo pueden preguntarme: ‘Qué te pasa’?”
၂၄မိက္ခာကလည်း`` `အဘယ်အရေးအခင်းရှိ သနည်း' ဟုဆိုရာ၌သင်တို့အဘယ်သို့ဆို လိုပါသနည်း။ သင်တို့သည်ငါ၏ယဇ်ပုရော ဟိတ်နှင့် ငါထုလုပ်ထားသောရုပ်တုတို့ကို ယူသွားကြပါသည်တကား။ ငါ၌အဘယ် အရာကျန်ရှိသေးသနည်း'' ဟုပြန်ပြော လေ၏။
25 “¡No te quejes con nosotros!” contestaron los danitas. “¡Algunos de los que están de mal humor aquí podrían atacarte y tú y tu familia perderían la vida!”
၂၅ဒန်အမျိုးသားတို့က``ဤသူတို့သည်အမျက် ထွက်၍ သင်တို့အားမတိုက်ခိုက်စေလိုလျှင် နောက်ထပ်စကားတစ်ခွန်းမျှမပြောပါနှင့်။ သင်နှင့်သင်၏အိမ်ထောင်စုတစ်ခုလုံးသေ သွားလိမ့်မည်'' ဟုဆိုကြ၏။-
26 Los danitas siguieron su camino. Miqueas vio que eran demasiado fuertes para luchar, así que se dio la vuelta y regresó a su casa.
၂၆ထိုနောက်သူတို့သည်ခရီးဆက်ကြ၏။ မိက္ခာ သည်သူတို့အားခုခံတိုက်ခိုက်နိုင်စွမ်းမရှိ သည်ကို သိသဖြင့်လှည့်၍အိမ်သို့ပြန်လေ၏။
27 Así que los danitas se llevaron los ídolos que había hecho Miqueas, así como a su sacerdote. Atacaron a Lais con su gente pacífica y desprevenida, los mataron a espada y quemaron la ciudad.
၂၇ဒန်အမျိုးသားတို့သည်ယဇ်ပုရောဟိတ်နှင့် တကွမိက္ခာပြုလုပ်ထားသည့်ရုပ်တုများကို ယူပြီးနောက် အေးဆေးငြိမ်းချမ်းစွာနေထိုင် ကြသူတို့၏လဲရှမြို့သို့သွားရောက်တိုက် ခိုက်ကြ၏။ ထိုမြို့သည်ဗက်ရဟောဘမြို့ တည်ရှိရာချိုင့်ဝှမ်း၌ပင်တည်ရှိသည်။ သူ တို့သည်မြို့သားတို့ကိုသတ်၍မြို့ကိုလည်း မီးရှို့ပစ်ကြ၏။ သူတို့အားကယ်ဆယ်သည့် သူတစ်စုံတစ်ယောက်မျှမရှိချေ။ အဘယ် ကြောင့်ဆိုသော်လဲရှမြို့သည်ဇိဒုန်မြို့နှင့် အလွန်ခရီးလှမ်းသည့်ပြင် လဲရှမြို့သား တို့သည်အခြားလူတို့နှင့်ဆက်သွယ်မှု လုံးဝမရှိသောကြောင့်ဖြစ်၏။ ဒန်အမျိုး သားတို့သည်ထိုမြို့ကိုပြန်လည်တည် ထောင်ကာအတည်တကျနေထိုင်ကြ လေသည်။-
28 Nadie pudo salvarlos porque estaban muy lejos de Sidón y no tenían otros aliados que los ayudaran. La ciudad estaba en el valle que pertenece a Bet-rejob. Los danitas reconstruyeron la ciudad y vivieron allí.
၂၈
29 Cambiaron el nombre de la ciudad a Dan, en honor a su antepasado, el hijo de Israel. Laish era su nombre anterior.
၂၉ယင်းအမည်လဲရှမြို့ကိုလည်းယာကုပ် ၏သား မိမိတို့၏ဘိုးဘေးဖြစ်သူဒန်ကို အစွဲပြု၍ဒန်မြို့ဟုပြောင်းလဲခေါ်ဝေါ် ကြ၏။-
30 Losdanitas erigieron el ídolo tallado para adorarlo, y Jonatán, hijo de Gersón, hijo de Moisés, y sus hijos se convirtieron en sacerdotes de la tribu de Dan hasta el momento en que el pueblo salió del país en cautiverio.
၃၀ဒန်အမျိုးသားတို့သည်မိက္ခာပြုလုပ်သည့်ရုပ် တုကိုတည်ထားပြီးလျှင် ဝတ်ပြုကိုးကွယ် ကြလေသည်။ မောရှေ၏မြေး၊ ဂေရရှုံ၏ သားယောနသန်က သူတို့၏ယဇ်ပုရော ဟိတ်အဖြစ်ဖြင့်ဆောင်ရွက်လေသည်။ သူ၏ သားစဉ်မြေးဆက်တို့သည်လည်း ဣသရေလ အမျိုးသားတို့ဖမ်းဆီးသိမ်းသွားခြင်း ခံရချိန်တိုင်အောင် သူတို့၏ယဇ်ပုရော ဟိတ်များအဖြစ်ဖြင့်ဆောင်ရွက်ကြ၏။-
31 Ellos adoraron el ídolo tallado que Miqueas había hecho todo el tiempo que el Templo de Dios estuvo en Silo.
၃၁ရှိလောမြို့၌ဘုရားသခင်အားဝတ်ပြုကိုး ကွယ်ရာတဲတော်ရှိနေသမျှကာလပတ် လုံး မိက္ခာပြုလုပ်သည့်ရုပ်တုသည်လည်းထို အရပ်၌တည်ရှိနေသတည်း။