< Juan 12 >
1 Seis días antes de la Pascua, Jesús fue a Betania, al hogar de Lázaro, quien había sido levantado de los muertos.
၁ပသခါ ပွဲခံချိန်ခြောက် ရက် လိုသောအခါ ၊ အထက်ကသေလွန်၍ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု နေရာအရပ် ၊ ဗေသနိ ရွာသို့ ယေရှု သည်ရောက် တော်မူ၏။
2 Había allí una cena preparada en su honor. Marta ayudaba a servir la comida mientras que Lázaro estaba sentado en la mesa con Jesús y con los demás invitados.
၂ထိုကြောင့် ထိုသူတို့သည်ပွဲ လုပ် ကြသဖြင့် မာသ သည်လုပ်ကျွေးမှု ကိုဆောင်၍၊ လာဇရု သည် ကိုယ်တော် နှင့်အတူ လျောင်း သောသူ တို့ အဝင် ဖြစ် ၏။
3 María trajo medio litro de perfume de nardo puro y ungió los pies de Jesús, secándolos con su cabello. El aroma del perfume se esparció por toda la casa.
၃ထိုအခါ မာရိ သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် အကျပ် သုံးဆယ်ကိုယူ ၍၊ ယေရှု ၏ခြေ တော် ကို လိမ်း ပြီးလျှင်မိမိ ဆံပင် နှင့်သုတ် သဖြင့် ၊ ထိုဆီ ၏ အမွှေး သည် တစ်အိမ် လုံးကိုနှံ့ပြား ၏။
4 Pero uno de los discípulos, Judas Iscariote, quien después traicionaría a Jesús, preguntó:
၄တပည့် တော်တို့ အဝင် ဖြစ်၍ကိုယ်တော် ကိုအပ်နှံ မည့်သူ ၊ ရှိမုန်၏သား ယုဒ ရှကာရုတ် က၊
5 “¿No era mejor vender este perfume y regalar el dinero a los pobres? El perfume costaba trescientos denarios”.
၅ထို ဆီမွှေး ကို ဒေနာရိ အပြားသုံးရာ အဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူတို့အားအဘယ်ကြောင့် မ ပေး သနည်းဟုဆို ၏။
6 Él no decía esto porque le interesaran los pobres, sino porque era un ladrón. Él era quien administraba el dinero de los discípulos y a menudo tomaba de ese dinero para sí mismo.
၆ထိုသို့ဆိုသော်၊ ဆင်းရဲ သောသူတို့အကျိုး ကို ထောက် ၍ဆိုသည်မ ဟုတ်။ မိမိ သည် သူခိုး ဖြစ် လျက်၊ တပည့်တော်များသုံးရန်ငွေအိတ် ကိုဆောင် ၍ နှိုက် ယူ တတ်သောကြောင့် သာ ဆို သတည်း။
7 “No la critiquen”, respondió Jesús. “Ella hizo esto como una preparación para el día de mi entierro.
၇ယေရှု သည်လည်း၊ ထိုမိန်းမကိုရှိ စေတော့။ ငါ ၏အလောင်းကိုသင်္ဂြိုဟ် ခြင်းငှာ ပြင်ဆင်သောနေ့ တိုင်အောင် သူ သည်ဤ ဆီမွှေးကို သိုထား ပြီး။
8 Ustedes siempre tendrán a los pobres aquí con ustedes, pero no siempre me tendrán a mí aquí”.
၈ဆင်းရဲ သောသူတို့ကား သင် တို့၌ အစဉ် ရှိ ကြ၏။ ငါ မူကား ၊ အစဉ် ရှိ သည်မ ဟုတ် ဟု မိန့် တော်မူ၏။
9 Una gran multitud había descubierto que él estaba allí. Llegaron al lugar no solo para ver a Jesús sino porque querían ver a Lázaro, el hombre a quien Jesús había levantado de los muertos.
၉ထို အရပ်၌ ယေရှုရှိ တော်မူသည်ကို ယုဒ လူ များအပေါင်း တို့သည်သိ လျှင် ၊ ကိုယ်တော် ကြောင့် သာ လာ သည်မ ဟုတ်။ သေ ခြင်းမှ ထမြောက် စေတော်မူသော လာဇရု ကိုမြင် ခြင်းငှာ လာကြ၏။
10 Entonces los jefes de los sacerdotes planeaban matar a Lázaro también,
၁၀ထိုသို့ ယုဒ လူများ တို့သည် လာဇရု ကိုအကြောင်း ပြုသဖြင့် ထွက်သွား ၍၊
11 pues era por él que muchos judíos ya no los seguían a ellos sino que estaban creyendo en Jesús.
၁၁ယေရှု ကို ယုံကြည် သောကြောင့် ၊ ယဇ်ပုရောဟိတ် အကြီးတို့သည် လာဇရု ကိုလည်း သတ် ခြင်းငှာ တိုင်ပင် စီရင်ကြ၏။
12 Al día siguiente, las multitudes de personas que habían venido a la fiesta de la Pascua escucharon que Jesús iba de camino hacia Jerusalén.
၁၂နက်ဖြန် နေ့၌ ယေရှု သည် ယေရုရှလင် မြို့သို့ ကြွလာတော်မူသည်ကို၊ ထိုပွဲ သို့ လာ သော လူအစုအဝေး အပေါင်း တို့သည် ကြား ရလျှင်၊
13 Entonces cortaron ramas de palmeras y salieron a darle la bienvenida, gritando: “¡Hosanna! Bendito es el que viene en el nombre del Señor. Bendito es el rey de Israel”.
၁၃စွန်ပလွံ ခက် များကိုကိုင် လျက်၊ ကိုယ်တော် ကို ခရီးဦးကြိုပြု အံ့သောငှာ ထွက်သွား ကြ၍ ၊ ဟောရှဏ္ဏ ဖြစ်စေသတည်း။ ထာဝရ ဘုရား၏အခွင့် နှင့် ကြွလာ တော်မူသော ဣသရေလ ရှင်ဘုရင် သည် မင်္ဂလာ ရှိစေသတည်းဟု ကြွေးကြော် ကြ၏။
14 Jesús encontró un potrillo y se montó sobre él, tal como dice la Escritura:
၁၄ကျမ်းစာ၌လာသည်ကား၊
15 “No temas, hija de Sión. Mira, tu rey viene, montado en un potrillo”.
၁၅အိုဇိအုန် သတို့သမီး ၊ မ စိုးရိမ် နှင့်။ သင် ၏အရှင် မင်းကြီးသည် မြည်းကလေး ကိုစီး ၍ သင်ရှိရာသို့ ကြွ တော်မူသည်ကို ကြည့်ရှု လော့ဟု ရေး ထားသည်နှင့်အညီ၊ ယေရှု သည်မြည်းကလေး ကိုတွေ့ ၍ စီး တော်မူ၏။
16 En ese momento, los discípulos de Jesús no entendían lo que significaban estas cosas. Fue después, cuando Jesús fue glorificado, que ellos entendieron que lo que había ocurrido ya había sido profetizado y se había aplicado a él.
၁၆ထိုအကြောင်းအရာကိုတပည့် တော်တို့သည် အစဦး ၌နား မ လည်သော်လည်း၊ ကိုယ်တော် ကိုရည်မှတ် ၍ ထိုသို့ ရေး ထားသည်ကို၎င်း ၊ ကိုယ်တော် အား ထိုသို့ ပြု ကြသည်ကို၎င်း၊ ဘုန်းပွင့် တော်မူသည်နောက် သတိရ ၍ မှတ်မိကြ၏။
17 Muchos en la multitud habían visto a Jesús llamar a Lázaro de la tumba y levantarlo de los muertos, y estaban contando el hecho.
၁၇နောက်တော်သို့လိုက်သော လူ အစုအဝေးတို့သည်ကား၊ လာဇရု ကိုသင်္ချိုင်း တွင်းမှ ခေါ် ၍ သေ ခြင်းမှ ထမြောက် စေတော်မူသည်အကြောင်းကို သက်သေခံ ကြ၏။
18 Esa fue la razón por la que tantas personas fueron a conocer a Jesús—porque habían escuchado acerca de este milagro.
၁၈ထို နိမိတ် လက္ခဏာကိုပြ တော်မူသည်ဟု လူ များတို့သည်သိတင်းကြား သောကြောင့် ၊ ခရီးဦးကြိုပြု အံ့သောငှာထွက်သွားကြ၏။
19 Los fariseos se decían unos a otros: “Miren, no estamos logrando nada. Todos corren detrás de él”.
၁၉ဖာရိရှဲ အချင်းချင်း တို့လည်း၊ သင်တို့သည်အလျှင်း မ တတ်နိုင် ။ ဤလောက သည် ထိုသူ နောက် သို့ လိုက် သွား ပါပြီတကားဟု ပြောဆို ကြ၏။
20 Sucedió que unos griegos habían venido a adorar durante la fiesta.
၂၀ကိုးကွယ် ခြင်းအမှုနှင့် ထို ပွဲ သို့ ရောက်လာ သောသူ တို့တွင် ဟေလသ လူအချို့ ပါ ၏။
21 Ellos se acercaron a Felipe de Betsaida, de Galilea, y le dijeron: “Señor, quisiéramos ver a Jesús”.
၂၁ထိုသူ တို့သည် ဂါလိလဲ ပြည်ဗက်ဇဲဒ မြို့သားဖြစ်သော ဖိလိပ္ပု ထံသို့သွား ၍ အကျွန်ုပ် တို့သည် ယေရှု ကို မြင် ချင်ပါသည်၊ ခင်ဗျား ဟု တောင်းပန် ကြ၏။
22 Felipe fue y le dijo a Andrés. Entonces ambos se acercaron a Jesús y le dijeron esto.
၂၂ဖိလိပ္ပု သည်သွား ၍ အန္ဒြေ ကို ကြားပြော ပြီးမှ၊ ထို သူနှစ်ယောက်တို့သည် ယေရှု ကိုလျှောက် ၏။
23 Jesús respondió: “Ha llegado el momento para que el Hijo del hombre sea glorificado.
၂၃ယေရှု ကလည်း၊ လူ သား သည် ဘုန်းပွင့် ရသောအချိန် ရောက် ပြီ။
24 Les digo la verdad: hasta que un grano de trigo no se plante en la tierra y muera, sigue siendo un grano. Pero si muere, produce muchos más granos de trigo.
၂၄ငါအမှန်အကန် ဆို သည်ကား၊ မြေ ၌ ကျ သောစပါး စေ့ သည် မ ပျက် လျှင် တစ်ခု တည်းနေ ၏။ ပျက် လျှင် မူကား များစွာ သောအသီး ကို သီး တတ်၏။
25 Si ustedes aman su propia vida, la perderán; pero si no aman su propia vida en este mundo, salvarán sus vidas para siempre. (aiōnios )
၂၅မိမိ အသက် ကို နှမြော သောသူ သည် အသက် ဆုံး လိမ့်မည်။ ဤ လောက ၌ မိမိ အသက် ကိုမုန်း သော သူ မူကား၊ ထာဝရ အသက် ကို စောင့်ရှောက် လျက်နေ၏။ (aiōnios )
26 Si ustedes quieren servirme, tienen que seguirme. Mis siervos estarán donde yo esté, y mi Padre honrará a todo el que me sirva.
၂၆ငါ ၏အမှု ကို ဆောင်ရွက်သောသူ ဖြစ်လျှင်ငါ့ နောက်သို့လိုက် ရမည်။ ငါ ၏အမှုဆောင် သည်လည်း ငါ ရှိ ရာအရပ် ၌ ရှိ ရလိမ့်မည်။ ငါ ၏အမှုကိုဆောင်ရွက် သောသူ ဖြစ်လျှင် ထိုသူ ကိုခမည်းတော် သည် ချီးမြောက် တော်မူလတံ့။
27 “Ahora estoy atribulado. ¿Qué debo decir, ‘Padre, guárdame de este momento de sufrimiento que está por venir’? No, porque esta es la razón por la cual vine—para vivir este momento de sufrimiento.
၂၇ငါ သည် ယခု စိတ် နှလုံးပူပန် ခြင်းရှိ၏။ အဘယ်သို့ ငါလျှောက် ရမည်နည်း။ ထို အချိန် မှစ၍ အကျွန်ုပ် ကို ကယ်တင် တော်မူပါ၊ အဘ ဟုလျှောက်ရမည်လော။ အကြောင်းရှိ၍သာ ထို အချိန် သို့ ရောက်လာ ပြီ။
28 Padre, muéstrame la gloria de tu carácter”. Vino una voz del cielo que decía: “He mostrado la gloria de mi carácter, y la volveré a mostrar”.
၂၈အိုအဘ ၊ ကိုယ်တော် ၏နာမ တော်ကို ချီးမြှောက် တော်မူပါ ဟု မိန့်မြွတ် တော်မူ၏။ ထိုအခါကောင်းကင် မှ စကား သံကား၊ ငါချီးမြှောက် ခဲ့ပြီ၊ တဖန် ချီးမြှောက် ဦး မည်ဟုလာ ၏။
29 La multitud que estaba allí en pie escuchó la voz. Algunos decían que era un trueno; otros decían que un ángel le había hablado.
၂၉ဝန်းရံ လျက်ရှိသောလူ အစုအဝေးတို့သည်ကြား လျှင် မိုဃ်းချုန်း သည်ဟုဆို ကြ၏။ အချို့ ကလည်းကိုယ်တော် အား ကောင်းကင်တမန် မြွက် သည်ဟု ဆို ကြ၏။
30 Jesús les dijo: “Esta voz no habló por mí, sino por causa de ustedes.
၃၀ယေရှု က၊ ထို စကား သံသည် ငါ အဘို့ အလိုငှာလာသည်မ ဟုတ်၊ သင် တို့အဘို့ အလို့ငှာလာ ၏။
31 Ahora es el juicio de este mundo; ahora el príncipe de este mundo será lanzado fuera.
၃၁ယခု တွင်ဤ လောက သည်တရား စီရင်ခြင်းကိုခံရ ၏။ ယခု တွင် ဤ လောက ကို အစိုးရ သောမင်းသည် ပြင် သို့ နှင်ထုတ် ခြင်းကိုခံရလိမ့်မည်။
32 Pero cuando yo sea levantado, a todos atraeré hacia mí”.
၃၂ငါ သည်လည်းမြေကြီး နှင့်ခွာ၍ မြှောက် ထားခြင်းကို ခံရလျှင် ။ လူအပေါင်း တို့ကို ငါ့ ထံသို့ ငါဆွဲ မည် ဟု မိန့် တော်မူ၏။
33 (Él dijo esto para señalar el tipo de muerte que iba a sufrir).
၃၃ထိုသို့ မိန့် တော်မူသော်၊ မိမိ သည်အဘယ်သို့ သေ ရမည်အရိပ် ကို ပေးတော်မူ၏။
34 La multitud respondió: “la Ley nos dice que el Mesías vivirá para siempre, ¿cómo puedes decir tú que el Hijo del hombre debe ser ‘levantado’? ¿Quién es este ‘Hijo del hombre’?” (aiōn )
၃၄လူ များတို့ကလည်း၊ ခရစ်တော် သည် အစဉ်အမြဲ တည် သည်ဟု ပညတ္တိ ကျမ်း၌ လာကြောင်း ကို အကျွန်ုပ် တို့ ကြားသိ ရပြီ။ သို့ဖြစ်လျှင် လူ သား သည်မြှောက် ထားခြင်းကိုခံရမည်ဟု သင် သည် အဘယ်သို့ ဆို သနည်း။ ထို လူ သား သည် အဘယ်သို့ သောသူနည်းဟု ဆို ကြ၏။ (aiōn )
35 Jesús respondió: “La luz está aquí con ustedes un poco más. Caminen mientras tienen la luz para que la oscuridad no los sorprenda. Los que caminan en la oscuridad no saben hacia dónde van.
၃၅ယေရှု ကလည်း၊ အလင်း သည် သင် တို့တွင်ခဏ သာရှိ ၏။ အလင်း ရှိ စဉ်အခါ သွားလာ ကြလော့။ သို့မဟုတ် လျှင် မှောင်မိုက် သည် သင် တို့မှီ လိမ့်မည်။ မှောင်မိုက် ၌ သွား သောသူ သည် အဘယ် ဆီသို့မိမိသွား သည်ကိုမိမိမ သိ ။
36 Confíen en la luz mientras la tienen para que sean hijos de la luz”. Cuando Jesús terminó de decirles esto, se fue y se ocultó de ellos.
၃၆အလင်း ရှိ စဉ်အခါအလင်း ၏ သား ဖြစ် အံ့သောငှာ အလင်း ကိုယုံကြည် ကြလော့ ဟု မိန့် တော်မူ၏။ ထိုသို့ မိန့် တော်မူပြီးမှယေရှု သည်ထွက်ကြွ ၍ ထိုသူ တို့ကို တိမ်းရှောင် လျက်နေတော်မူ၏။37
37 Pero a pesar de todos los milagros que él había hecho en presencia de ellos, aún no creían en Jesús.
၃၇ထိုမျှလောက်ကြီးစွာ သော နိမိတ် လက္ခဏာတို့ကို သူ တို့မျက်မှောက် ၌ ပြ တော်မူသော်လည်း သူတို့သည် ယုံကြည် ခြင်းသို့ မ ရောက်ကြ။
38 Esto era en cumplimiento del mensaje del profeta Isaías, quien dijo: “Señor, ¿quién ha creído en lo que hemos dicho? ¿A quién le ha sido revelado el poder del Señor?”
၃၈ပရောဖက် ဟေရှာယ ဟော ဘူးသည်ကား၊ အိုထာဝရ ဘုရား၊ အကျွန်ုပ် တို့ဟောပြောသော သိတင်း စကားကို အဘယ်သူ ယုံ ပါသနည်း။ ထာဝရ ဘုရား၏ လက် တော်သည်အဘယ်သူ အား ထင်ရှား တော်မူသနည်း ဟူသောစကား သည် ပြည့်စုံ ခြင်းသို့ရောက်သတည်း။
39 Ellos no podían creer en él, y como consecuencia, cumplieron lo que Isaías dijo:
၃၉တစ်ဖန် ပရောဖက်ဟေရှာယ ဟော ပြန်သည်ကား၊
40 “Él cegó sus ojos, y oscureció sus mentes a fin de que sus ojos no vieran, y sus mentes no pensaran, y no se volvieran a mí—porque si lo hacían, yo los sanaría”.
၄၀သူတို့မျက်စိ မ မြင် ၊ စိတ် နှလုံးနား မလည်၊ အကျင့်မပြောင်းလဲ ၊ သူ တို့အနာ ရောဂါကို ငါမငြိမ်းစေသည် တိုင်အောင်သူ တို့မျက်စိ ကိုကွယ် စေတော်မူ၏။ သူ တို့ စိတ်နှလုံး ကိုမိုက် စေတော်မူ၏ဟူသောစကားကြောင့် ထိုသူတို့သည်ယုံကြည် ခြင်းသို့ မ ရောက်နိုင် ကြ။
41 Isaías vio la gloria de Jesús y dijo esto en referencia a él.
၄၁ဟေရှာယ သည် ဘုန်း အာနုဘော်တော်ကိုမြင် ၍ ဗျာဒိတ်တော်ကိုပြန် စဉ်တွင် ထိုစကား ကို ဟောပြော သတည်း။
42 Incluso muchos de los líderes creían en él. Sin embargo, no lo admitían abiertamente porque no querían que los fariseos los expulsaran de la sinagoga,
၄၂သို့သော်လည်း အရာရှိ အများ တို့သည် ကိုယ်တော် ကိုယုံကြည် ကြ၏။ တရားစရပ် မှဖာရိရှဲ တို့သည် နှင်ထုတ်မည်ကို စိုးရိမ်သောကြောင့် ထင်ရှား စွာဝန် မ ခံကြ။
43 demostrando que amaban la admiración humana más que la aprobación de Dios.
၄၃အကြောင်းမူကား ၊ ဘုရားသခင် ပေးတော်မူသော ဘုန်း အသရေထက် လူ တို့ပေးသော ဘုန်း အသရေကို သာ၍ နှစ်သက် ကြ၏။
44 Jesús dijo a gran voz: “Si creen en mí, no solamente están creyendo en mí sino también en Aquél que me envió.
၄၄ယေရှု ကလည်း၊ ငါ့ ကိုယုံကြည် သောသူ သည် ငါ့ ကိုသာယုံကြည် သည်မ ဟုတ်၊ ငါ့ ကိုစေလွှတ် တော်မူသော သူ ကိုယုံကြည်၏။
45 Cuando me ven a mí, están viendo al que me envió.
၄၅ငါ့ ကို ကြည့် မြင်သောသူ သည် ငါ့ ကို စေလွှတ် တော်မူသောသူ ကိုကြည့် မြင်၏။
46 He venido como una luz que ilumina al mundo, así que si creen en mí no permanecerán en la oscuridad.
၄၆ငါ့ ကို ယုံကြည် သမျှသောသူတို့သည် မှောင်မိုက် ၌ မ နေ စေခြင်းငှာ ငါ သည်အလင်း ဖြစ်လျက် ဤလောက သို့ ကြွလာ ပြီ။
47 Yo no juzgo a ninguno que escucha mis palabras y no hace lo que yo digo. Yo vine a salvar al mundo, no a juzgarlo.
၄၇ငါ့ စကား ကိုကြား သောသူ သည် မ ယုံကြည် ဘဲနေလျှင် ထိုသူ ကို ငါ သည်အပြစ် မ စီရင်။ လောကီသား တို့ကို အပြစ် စီရင်အံ့သောငှာ ငါလာ သည်မ ဟုတ်၊ လောကီသား တို့ကို ကယ်တင် အံ့သောငှာ ငါလာ၏။
48 Cualquiera que me rechaza y no acepta mis palabras, será juzgado en el juicio final, conforme a lo que he dicho.
၄၈ငါ့ ကိုပယ် ၍ ငါ့ စကား ကို နာ မ ခံသောသူ အားအပြစ် စီရင်သောသူ ရှိ သေး၏။ ငါဟောပြော သော စကား ပင် နောက်ဆုံး သောနေ့ ၌ ထိုသူ အားအပြစ် စီရင်လိမ့်မည်။
49 Porque no estoy hablando por mí mismo sino por mi Padre que me envió. Él fue quien me instruyó en cuanto a lo que debo decir y cómo lo debo decir.
၄၉အကြောင်းမူကား ၊ ငါ သည် ကိုယ် အလိုအလျောက်ဟောပြော သည်မ ဟုတ်၊ ငါ့ ကို စေလွှတ် သော ခမည်းတော် သည် အဘယ်သို့ ငါ ဆုံးမဟောပြော ရမည်ကို ပညတ် ပေး တော်မူပြီ။ ခမည်းတော် ၏ပညတ် တော် သည် ထာဝရ အသက် ဖြစ် သည်ကို ငါသိ ၏။
50 Yo sé que lo que Él me ordenó que les dijera, trae vida eterna—Así que todo lo que yo digo es lo que el Padre me dijo a mí”. (aiōnios )
၅၀ထိုကြောင့် ဟောပြောသမျှ တို့ကို ခမည်းတော် မှာထား တော်မူသည် အတိုင်းငါ ဟောပြောသည် ဟု ကြွေးကြော် ၍ မိန့် တော်မူ၏။ (aiōnios )