< Isaías 30 >

1 La tragedia llega a mis hijos rebeldes, declara el Señor. Hacen planes que no vienen de mí; hacen alianzas contra mi voluntad, añadiendo pecado al pecado.
ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပုန်ကန် သော အမျိုးသား တို့သည် အမင်္ဂလာ ရှိကြ၏။ သူတို့သည် ငါ့ ကို အမှီမ ပြုဘဲ အချင်းချင်းတိုင်ပင် ကြ၏။ ငါ့ ဝိညာဉ် အခွင့်မ ရှိဘဲ မိဿဟာယ ဖွဲ့၍ အထပ်ထပ် အပြစ် ရောက် ကြ၏။
2 Van a Egipto sin preguntarme, buscando la protección del Faraón, esperando encontrar seguridad escondida detrás de Egipto.
ဖာရော ဘုရင်၏ ဘုန်း ကိုအမှီပြု၍၊ အဲဂုတ္တု အရိပ် ကို ခိုလှုံ ခြင်းငှါ ၊ ငါ့ နှုတ် ထွက်ကို အခွင့် မ ပန်ဘဲ၊ အဲဂုတ္တု ပြည်သို့ ရောက် အောင် သွား ကြ၏။
3 Pero la protección del Faraón será una vergüenza para ustedes; esconderse detrás de Egipto sólo les traerá humillación.
သို့ဖြစ်၍သင် တို့သည် ဖာရော ဘုရင်၏ ဘုန်း ကို အမှီပြုသောကြောင့် ရှက်ကြောက် ကြလိမ့်မည်။ အဲဂုတ္တု အရိပ် ကို ခိုလှုံ သောကြောင့် မျက်နှာ ပျက်ကြလိမ့်မည်။
4 Aunque tenga funcionarios en Zoán y sus mensajeros lleguen a Hanes,
သူ တို့မင်း တို့သည် ဇောန မြို့၌ ရှိ ကြပြီ။ သံတမန် တို့သည် ဟာနက် မြို့သို့ ရောက် ကြပြီ။
5 los egipcios ofenderán a todos porque son inútiles, no sirven para nada, excepto para causar vergüenza y traer desgracia.
အသုံး မ ဝင်၊ အကူအညီ မ ပေး၊ ကျေးဇူး မ ပြုနိုင် ဘဲ ရှက် ကြောက်ခြင်း၊ အသရေ ပျက်ခြင်း အကြောင်းသာ ဖြစ်သော လူမျိုး ကို သူတို့ရှိသမျှ သည် ရှက် ကြောက်ကြ၏။
6 Un mensaje sobre los animales del Néguev. Los mensajeros viajan a través de una tierra dura y hostil donde viven leones y leonas, víboras y serpientes feroces también. Sus burros van cargados de valiosos regalos, sus camellos van cargados de tesoros, para dárselos a un pueblo inútil que no puede ayudar.
ခြင်္သေ့ မ၊ ခြင်္သေ့ ပျို၊ မြွေဆိုး ၊ ပျံ တတ်သော မီး မြွေ များသဖြင့်၊ အလွန်ခဲယဉ်း ၍ ဆင်းရဲ သောပြည် ကို ရှောက် လျက်၊ တောင် မျက်နှာသို့သွားသော တိရစ္ဆာန်တို့အပေါ် မှာ တင်သော ဝန်များကို ကြည့်ရှုကြလော့။ မြည်း ပခုံး ပေါ်မှာ ဥစ္စာ ပစ္စည်းများကို၎င်း ၊ ကုလားအုပ် ၏ ဘို့ ပေါ် မှာ ဘဏ္ဍာ များကို၎င်း တင် ၍၊ ကျေးဇူး မ ပြုနိုင်သော လူမျိုး ထံသို့ ဆောင်သွားကြသည်တကား။
7 El apoyo de Egipto es un soplo de viento vacío. Por eso la llamo Orgullo Sentado.
အဲဂုတ္တု ပြည်သည် အချည်းနှီး သက်သက်၊ အကျိုး မပေး နိုင်။ ထိုကြောင့်၊ မ လှုပ်ဘဲနေတတ်သောရာခပ် ဟု ငါ သမုတ် ပေ၏။
8 Ahora ve y escribe todo esto en una tablilla y en un pergamino para que perdure por los siglos de los siglos.
သင်သည်ယခု သွား ၍ သူ တို့ရှေ့မှာသင်ပုန်း ၌ ရေး ထားရသောအချက်၊ နောင် ကာလ အစဉ် အဆက် တည် စေခြင်းငှါ၊ စာစီ ၍ မှတ်သားရသောအချက်ဟူမူကား၊
9 Porque son un pueblo rebelde, hijos de mentira, que se niegan a escuchar las instrucciones del Señor.
ဤ လူမျိုး သည် ပုန်ကန် တတ်၏။ ဖောက်ပြန် သောအမျိုးသား ၊ ထာဝရဘုရား ၏ တရား တော်ကို နာယူ ခြင်းငှါအလို မ ရှိသော အမျိုးသား ဖြစ်ကြ၏။
10 Les dicen a los que ven visiones: “¡Dejen de ver visiones!”, y a los profetas: “No nos den profecías sobre hacer el bien; sólo dígannos cosas agradables y dennos profecías falsas.
၁၀သူတို့ကလည်း၊ ဗျာဒိတ် တော်ကို မ ခံပါနှင့် ဟု ဗျာဒိတ် ခံသောသူတို့အား ၎င်း၊ မှန် သောစကားကို ငါ တို့ အား မ ဟော ပါနှင့်။ ချော့မော့ သောစကားကို ပြောကြပါ။ လှည့်စား သောစကား ကို ဟော ကြပါ။
11 ¡Dejen de decirnos lo correcto; vayan en otra dirección! No queremos oír más sobre el Santo de Israel”.
၁၁လမ်း လွှဲ ကြပါ။ မှန်သောလမ်း ကို ရှောင် ကြပါ။ ဣသရေလ အမျိုး၏ သန့်ရှင်း သောဘုရားကို ငါ တို့ရှေ့ မှာ ကွယ် ထားကြပါဟု ပရောဖက် တို့အား ၎င်း ဆို တတ်ကြ၏။
12 Así responde el Santo de Israel: Puesto que han rechazado este mensaje, y puesto que confían en la opresión y creen en la deshonestidad,
၁၂သို့ဖြစ်၍၊ ဣသရေလ အမျိုး၏ သန့်ရှင်း သော ဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် နှုတ်ကပတ် တော်ကို ပယ် ၍ ၊ လိမ် ကောက် ယိုယွင်းခြင်းကို သာ မှီဝဲ ခိုလှုံ သောကြောင့်၊
13 su castigo caerá repentinamente sobre ustedes, como un alto muro que sobresale y se derrumba en un instante.
၁၃သင် တို့အပြစ် သည် ပြို ကျ လုသော အုတ်ရိုးပျက် ကဲ့သို့ ၎င်း၊ မြင့် သောအုတ်ထရံ ၌ မညီမညွတ်ထွက်ဝင်သ ကဲ့သို့၎င်း ဖြစ်လိမ့်မည်။ ထို ထရံ သည် အလျင် တဆောချက်ခြင်း ပြိုပျက် တတ်၏။
14 Serás destrozado como una vasija de barro, roto en pedazos tan pequeños que no habrá un pedazo lo suficientemente grande como para recoger brasas de un hogar o un poco de agua de un pozo.
၁၄မြေအိုး ကွဲ သကဲ့သို့ ကွဲ ရလိမ့်မည်။ ကွဲရာတွင် လည်း မီးဖို ထဲက မီးခဲ ခံ စရာဘို့ ၊ ရေကန် ထဲက ရေ ခပ် စရာ ဘို့ အိုးခြမ်း တခုမျှ မ ရှိ စေခြင်းငှါ၊ နှမြော ခြင်း မ ရှိဘဲ ခွဲ ခြင်း ကိုခံ ရလိမ့်မည်။
15 Esto es lo que el Señor Dios, el Santo de Israel, dijo: Si se arrepienten y confían pacientemente en mí, se salvarán; serán fuertes si guardan esta confianza. Pero se negaron a hacerlo.
၁၅ဣသရေလ အမျိုး၏ သန့်ရှင်း တော်မူသောဘုရား၊ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင်တို့ သည် ပြောင်းလဲ ၍ ငြိမ်ဝပ် စွာ နေလျှင်၊ ကယ်တင် ခြင်း သို့ ရောက်ကြလိမ့်မည်။ ငြိမ်ဝပ် စွာနေခြင်း၊ ယုံကြည် ခြင်း အားဖြင့် ခွန်အား အစွမ်းကို ရ ကြလိမ့်မည်။ သင် တို့သည် ထိုသို့သော အလို မ ရှိကြ။
16 Respondieron: “¡No! ¡Escaparemos a caballo! ¡Escaparemos en caballos rápidos!” ¡Pero los rápidos serán quienes los persigan!
၁၆ငါတို့သည် ထိုသို့မ နေ၊ မြင်း စီး ၍ ပြေး မည်ဟု ဆို သောကြောင့် ၊ သူတပါးတို့သည် သင်တို့ကို ပြေး စေမည်။ ငါတို့သည် လျင်မြန် စွာ စီး သွားမည်ဟု ဆိုသောကြောင့် ၊ သင် တို့ကို လိုက် သောသူတို့သည် လျင်မြန် ကြ လိမ့်မည်။
17 Uno solo de ellos perseguirá a mil de ustedes. Sólo cinco de ellos os harán huir a todos. Todo lo que quede de ustedes parecerá una bandera ondeando en la cima de una montaña, un estandarte ondeando en una colina.
၁၇သင်တို့သည် တောင် ထိပ် ပေါ် မှာ စိုက်သောမှတ်တိုင် ကဲ့သို့ ၎င်း ၊ ကုန်း ပေါ်မှာထူသော အလံကဲ့သို့ ၎င်း ဖြစ် ရသည်တိုင်အောင် ၊ တ ယောက်သောသူသည် ခြိမ်း လျှင်၊ တ ထောင် သောသူတို့သည် ပြေးကြလိမ့်မည်။ ငါး ယောက်ခြိမ်း လျှင်၊ တသောင်းပြေး ကြလိမ့်မည်။
18 Así que el Señor espera, queriendo ser bondadoso con ustedes, dispuesto a actuar para mostrarles misericordia, porque el Señor es un Dios que hace lo que es justo. Todos los que esperan en él son bendecidos.
၁၈သို့သော်လည်း၊ ထာဝရဘုရား သည် သင် တို့၌ ကျေးဇူး ပြုလိုသောငှါ မြော်လင့် တော်မူမည်။ ကရုဏာ ပြု လိုသောငှါ ချီးမြှောက် ခြင်းကိုခံ တော်မူမည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် တရား သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို မြော်လင့် သောသူအပေါင်း တို့သည် မင်္ဂလာ ရှိကြ၏။
19 Pueblo de Sión, tú que vives en Jerusalén, ya no tendrás que llorar. Cuando clames por ayuda, él será bondadoso contigo. Les responderá en cuanto los escuche.
၁၉ယေရုရှလင် မြို့၌ နေ သောဇိအုန် အမျိုး ၊ သင် သည် အစဉ်ငိုကြွေး ရမည် မဟုတ်။ သင် အော်ဟစ် သံ ကို နားထောင်၍ ကယ်မ သနားတော်မူလိမ့်မည်။ ထိုအသံကို ကြား သောအခါ ထူး တော်မူလိမ့်မည်။
20 Aunque el Señor les dé a comer el pan de la penuria y a beber el agua del sufrimiento, su maestro ya no se esconderá de ustedes: lo verán con sus propios ojos.
၂၀ထာဝရဘုရား သည် သင့် အား ဒုက္ခ မုန့် ကို ကျွေး ၍ ၊ ဆင်းရဲ ခြင်းရေ ကို တိုက်တော်မူသော်လည်း ၊ သင် ၏ ဆရာ တို့သည် နောက် တဖန် ပုန်းရှောင် ၍ မ နေရကြ။ ကိုယ် မျက်စိ နှင့် ကိုယ် ဆရာ တို့ကို မြင် ရလိမ့်မည်။
21 Cuando caminen a la derecha o a la izquierda, oirán detrás de ustedes una voz que les dirá: Este es el camino a seguir.
၂၁သင်သည် လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့လမ်းလွဲလျှင်၊ ဤမည်သောလမ်းသည် မှန်၏။ ဤ လမ်း ၌သွား လော့ဟု သင့် နောက် ၌ ပြောသောစကား သံကို ကိုယ် နား နှင့် ကြား ရလိမ့်မည်။
22 Profanarás tus ídolos recubiertos de plata y tus imágenes recubiertas de oro. Los desecharás como un paño sucio usado para las menstruaciones, y les dirás: “¡Fuera de aquí!”.
၂၂ထုလုပ်သောငွေ ရုပ်တု တန်ဆာ နှင့် သွန်းသော ရွှေ ရုပ်တု တန်ဆာ များကို မရို မသေပြု၍၊ ညစ်ညူးသော အဝတ် ကဲ့သို့ ပစ် ပယ်လျက်၊ သွား တော့ဟု ဆို ရလိမ့်မည်။
23 Él enviará la lluvia cuando siembres, y la tierra producirá grandes cosechas. En ese momento tu ganado se alimentará en ricos pastos.
၂၃သင် သည် လယ် ၌ကြဲ သော မျိုးစေ့ ဘို့ မိုဃ်း ကို ရွာ စေတော်မူလိမ့်မည်။ မြေ အသီး အနှံမှ ဖြစ်သော မုန့် ကို အလွန်ကြွယ်ဝ စွာ ပေး သနားတော်မူလိမ့်မည်။ ထိုအခါ သင် ၏သိုး နွားတို့သည် ကျယ် သော အရပ် ၌ ကျက်စား ရကြ လိမ့်မည်။
24 Los bueyes y los asnos que ayuden a cultivar la tierra comerán buenas verduras y granos, esparcidos con tenedor y pala.
၂၄စံကော နှင့် ဆန်ခါ ဖြင့် သန့်ရှင်း စေ၍၊ ကောင်းမွန် စွာ ရောနှော သောစပါးကိုသာ မြေ ၌လုပ် သောနွား နှင့် မြည်း တို့သည်လည်း စား ရကြလိမ့်မည်။
25 En ese tiempo, cuando tus enemigos sean asesinados y las fortalezas caigan, correrán arroyos de agua por todas las montañas y colinas.
၂၅များ စွာသော လူတို့ကိုသတ် ၍၊ ရဲတိုက် တို့သည် ပြိုလဲ သောအခါ ၊ မြင့် သောတောင် ရှိသမျှ နှင့် ထင်ရှား သော ကုန်း ရှိသမျှ တို့အပေါ် မှာ ရေ စီး ရာမြစ် နှင့် ချောင်း များရှိ ကြလိမ့်မည်။
26 La luna brillará tanto como el sol, y el sol brillará siete veces más, como si hubiera siete días de luz en uno. Así será cuando el Señor venda las lesiones de su pueblo y sane las heridas que le causó.
၂၆ထာဝရဘုရား သည် မိမိ လူ တို့၏ ကျိုး ပျက်ရာကို ပြုပြင် ၍၊ သူ တို့ခံရသောဒဏ်ချက် ရာကို ပျောက် စေတော်မူသောအခါ၊ လ ၏အလင်း သည် နေ ၏အလင်း ကဲ့သို့ ဖြစ် ၍ ၊ နေ ၏အလင်း သည်လည်း ပကတိ ထက် ခုနစ် ဆလင်း လိမ့်မည်။
27 ¡Mira cómo llega el Señor desde lejos, ardiendo de ira y acompañado de espesas nubes de humo! Lo que dice muestra su ira: es como un fuego que lo quema todo.
၂၇ကြည့်ရှု လော့။ ထာဝရဘုရား ၏ နာမ တော်သည် ဝေး သောအရပ်မှ လာ ၏။ အမျက်တော်လောင်၍ မီးလျှံဟုန်းလေ၏။ နှုတ်တော်သည် အမျက်နှင့် ပြည့်၍၊ လျှာ တော်သည် မီးရှို့သကဲ့သို့ဖြစ်လေ၏။
28 Su aliento se precipita como un torrente que llega hasta el cuello. Sacude a las naciones en una criba que las destruye; pone bridas en las bocas de los distintos pueblos para conducirlos.
၂၈ထွက် သက်တော်သည်လည်း၊ လူမျိုး တို့ကို ရှင်းရှင်းဖျက်ဆီး ခြင်းငှါ ၊ လွှမ်းမိုး သောရေ ကဲ့သို့ လည်ပင်း ကို မှီ လိမ့်မည်။ လမ်း လွဲစေသောဇက် ကို သူ တို့ပစပ် ၌ ခွံ့တော်မူလိမ့်မည်။
29 Pero ustedes tendrán una canción que cantar como en la noche de una fiesta sagrada. Celebrarán con alegría como los que tocan la flauta cuando suben al monte del Señor, a la Roca de Israel.
၂၉သင်တို့သည် ပွဲခံ သောနေ့ ညဉ့် တွင် ပြုသကဲ့သို့ သီချင်း ဆိုရကြလိမ့်မည်။ ဣသရေလ အမျိုး၏ ကျောက် ၊ ထာဝရဘုရား ၏ တောင် တော်သို့ ပုလွေ မှုတ်လျက် သွား သကဲ့သို့ ဝမ်းမြောက် ရကြလိမ့်မည်။
30 El Señor gritará para que todos lo oigan, y revelará su gran poder. Golpeará con su cólera y furia, con un fuego consumidor y con lluvia torrencial, tormenta y granizo.
၃၀ထာဝရဘုရား သည်လည်း ဘုန်းကြီး သောအသံ တော်ကို လွှတ် တော်မူလိမ့်မည်။ လက်ရုံး တော် သက်ရောက် ခြင်း၊ ပြင်းစွာအမျက် ထွက်ခြင်း၊ မီးလျှံ လောင် ခြင်း၊ မိုဃ်းသီး ပါလျက်၊ မိုဃ်းသက် မုန်တိုင်း များတို့ကို ပြ တော်မူလိမ့်မည်။
31 A la orden del Señor, los asirios serán destrozados, derribados por su cetro.
၃၁သို့ ဖြစ်၍၊ အာရှုရိ လူသည် ထာဝရဘုရား ၏ အသံ တော်အားဖြင့် လှဲ ချခြင်း၊ လှံတံ တော်အားဖြင့် ဒဏ်ခတ် ခြင်းကိုခံရလိမ့်မည်။
32 Cada vez que el Señor los golpee con su vara de castigo será acompañado por la música de panderetas y arpas mientras los combate, golpeándolos en la batalla.
၃၂ထာဝရဘုရား စီရင် ၍၊ သူ ၏အပေါ် မှာ လေးစွာ ချ ထားတော်မူသော လှံတံ သည် ရှောက် သွားရာရာ ၌ စောင်း ၊ ပတ်သာ တီးခြင်းနှင့်တကွ ဖြစ် လိမ့်မည်။ သူ့ ကို ပြင်းစွာစစ် တိုက် တော်မူလိမ့်မည်။
33 El lugar de incineración ha sido preparado hace mucho tiempo, listo para el rey. Su pira fúnebre es profunda y ancha, y tiene mucho fuego y leña. El soplo del Señor le prende fugo, como un torrente de azufre ardiente.
၃၃အကြောင်း မူကား၊ တောဖက် အရပ်သည် ရှေး ကာလ၌ စီရင် လျက်ရှိ၏။ အကယ်စင်စစ်ရှင်ဘုရင် အဘို့ ပြင်ဆင် လျက်ရှိ၏။ နက်နဲ ကျယ်ဝန်း စေခြင်းငှါဖန်ဆင်းတော်မူပြီ။ မီး ရှို့ဘို့ ထင်း ပုံကြီးလည်း ရှိ၏။ ထာဝရဘုရား ၏ ထွက် သက်တော်သည် အရည် ကျိုသောကန့် ကဲ့သို့၊ ထို ထင်းပုံ ကို မီးရှို့ ရလိမ့်မည်။

< Isaías 30 >