< Ezequiel 20 >

1 El día diez del quinto mes del séptimo año, algunos de los ancianos de Israel vinieron a pedir consejo al Señor, y se sentaron conmigo.
ပြည်​နှင်​ဒဏ်​ခံ​ရ​သည့်​သတ္တမ​နှစ်​မြောက်၊ ပဉ္စ​မ​လ၊ လ​ဆန်း​ငါး​ရက်​နေ့​၌​ဣ​သ​ရေ​လ​ခေါင်း​ဆောင် အ​ချို့​တို့​သည် ထာ​ဝ​ရ​ဘု​ရား​၏​အ​လို​တော် ကို​စုံ​စမ်း​မေး​မြန်း​ရန် ငါ့​ထံ​သို့​လာ​ရောက်​ကြ ၏။ ထို​သူ​တို့​ငါ​၏​ရှေ့​တွင်​ထိုင်​ကြ​သော​အ​ခါ၊-
2 Entonces me llegó un mensaje del Señor, que decía:
ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​ကို​ငါ ကြား​ရ​၏။-
3 “Hijo de hombre, dile a estos ancianos de Israel que esto es lo que dice el Señor Dios: ¿Han venido a pedirme consejo? Vivo yo, no voy a responderles, declara el Señor Dios.
ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့ အား`သင်​တို့​သည်​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း မေး​မြန်း​ရန်​လာ​ကြ​သ​လော။ ငါ​သည်​အ​သက် ရှင်​တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့် အ​ညီ သင်​တို့​မေး​မြန်း​စုံ​စမ်း​မှု​မှန်​သ​မျှ ကို​လက်​ခံ​မည်​မ​ဟုတ်။ ဤ​ကား​ငါ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​၏​စ​ကား​ဖြစ်​၏' ဟု​မိန့် တော်​မူ​ကြောင်း​ဆင့်​ဆို​လော့။
4 “¿Vas a condenarlos, hijo de hombre? Recuérdales las cosas repugnantes que hicieron sus antepasados,
``အ​ချင်း​လူ​သား၊ သင်​သည်​သူ​တို့​အား​စစ် ဆေး​စီ​ရင်​ရန်​အ​သင့်​ရှိ​ပြီ​လော။ အ​သင့်​ရှိ လျှင်​စစ်​ဆေး​စီ​ရင်​လော့။ သူ​တို့​အား​မိ​မိ တို့​ဘိုး​ဘေး​များ​ပြု​ကျင့်​ခဲ့​သော​စက်​ဆုပ် ဖွယ်​ကောင်း​သည့်​အ​မှု​တို့​ကို​သ​တိ​ပေး​ဖော် ပြ​လော့။-
5 y luego diles que esto es lo que dice el Señor Dios: Cuando elegí a Israel, levanté mi mano e hice una promesa solemne a los descendientes de Jacob y me revelé a ellos cuando estaban en Egipto. Levanté mi mano y les dije: ‘Yo soy el Señor, tu Dios’.
ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​အ​ဘယ်​သို့​မိန့်​တော် မူ​ကြောင်း​ကို​လည်း ပြော​ပြ​လော့။ ဣ​သ​ရေ​လ လူ​မျိုး​တို့​ကို​ငါ​ရွေး​ကောက်​တော်​မူ​၍ ယာ​ကုပ် ၏​အ​မျိုး​အ​နွယ်​တို့​အား​ငါ​သည်​က​တိ​ပေး ကျိန်​ဆို​ခဲ့​၏။ အီ​ဂျစ်​ပြည်​တွင်​ငါ​သည်​သူ​တို့ အား​ထင်​ရှား​လျက် ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း ကို​ကျိန်​ဆို​ခဲ့​၏။-
6 “Aquel día les prometí que los sacaría de Egipto y los llevaría a un país que había elegido para ellos, una tierra que mana leche y miel, mejor que cualquier otro país.
သူ​တို့​အား​အီ​ဂျစ်​ပြည်​မှ​ထုတ်​ဆောင်​ကာ သူ​တို့​အ​တွက်​ရွေး​ချယ်​ထား​သော​ပြည်​သို့ ခေါ်​ယူ​သွား​မည်​ဟု ငါ​က​တိ​ပေး​ကျိန်​ဆို ခဲ့​သည်​မှာ​ထို​အ​ခါ​က​ဖြစ်​၏။ ထို​ပြည်​ကား နို့​နှင့်​ပျား​ရည်​စီး​ဆင်း​နေ​၍​ပေါ​များ​သော ပြည်၊ အ​သာ​ယာ​ဆုံး​သော​ပြည်​ဖြစ်​၏။-
7 Les dije: ‘Todos ustedes tienen que deshacerse de sus repugnantes imágenes paganas. No se contaminen adorando a los ídolos de Egipto. Yo soy el Señor, vuestro Dios’.
ငါ​သည်​သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​သ​ဖြင့် မိ​မိ​တို့​မြတ်​နိုး​သည့် စက်​ဆုပ်​ဖွယ်​ရာ​ရုပ်​တု​များ​ကို​စွန့်​ပစ်​လိုက် ကြ​ရန်​နှင့်​အီ​ဂျစ်​ဘုရား​အ​တု​များ​ကို ကိုး​ကွယ်​ခြင်း​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​မ​ညစ် ညမ်း​ကြ​စေ​ရန်​သူ​တို့​အား​ပြော​သော်​လည်း၊-
8 “Pero se rebelaron contra mí y no quisieron hacer lo que les dije. Ninguno de ellos se deshizo de sus repugnantes imágenes paganas, y no dejaron de adorar a los ídolos de Egipto. Así que les advertí que los castigaría con mi ira allí en Egipto.
သူ​တို့​သည်​ငါ့​အား​အာ​ခံ​ကာ​ငါ​၏​စ​ကား ကို​နား​မ​ထောင်​ဘဲ​နေ​ကြ​၏။ သူ​တို့​သည်​မိ​မိ တို့​မြတ်​နိုး​သည့်​စက်​ဆုပ်​ဖွယ်​ကောင်း​သော​ရုပ် တု​များ​နှင့် အီ​ဂျစ်​ဘု​ရား​များ​ကို​မ​စွန့်​ကြ။ ငါ​သည်​သူ​တို့​အား​အီ​ဂျစ်​ပြည်​တွင်​ငါ​၏ အ​မျက်​ဒေါ​သ​ကို​သူ​တို့​အ​ပေါ်​သို့​သွန်း လောင်း​၍ အ​မျက်​တော်​ဒဏ်​ကို​အ​ပြည့် အ​ဝ​ခံ​ကြ​စေ​ရန်​အ​ကြံ​ရှိ​ခဲ့​၏။-
9 Pero actué para no ser mal representado, para no perder el respeto a los ojos de las otras naciones que vivían cerca de ellos y que me habían visto revelarme a Israel al sacarlos de Egipto.
သို့​ရာ​တွင်​ငါ​၏​နာ​မ​တော်​ကို သူ​တို့​အ​တူ တ​ကွ​နေ​ထိုင်​လျက်​ရှိ​သော​နိုင်​ငံ​များ​ရှေ့​တွင် အ​သ​ရေ​မ​ပျက်​စေ​ခြင်း​ငှာ​ယင်း​သို့​မ​ပြု ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ထုတ် ဆောင်​တော်​မူ​ခြင်း​ဖြင့် သူ​တို့​နှင့်​အ​တူ​နေ ထိုင်​ကြ​သော​လူ​မျိုး​ခြား​တို့​၏​ရှေ့​တွင် ငါ သည်​ထင်​ရှား​တော်​မူ​ခဲ့​ပြီ​ဖြစ်​သော​ကြောင့် တည်း။
10 “Así que los saqué de Egipto y los llevé al desierto.
၁၀``သို့​ဖြစ်​၍​ငါ​သည်​သူ​တို့​အား​အီ​ဂျစ် ပြည်​မှ​တော​ကန္တာ​ရ​သို့​ထုတ်​ဆောင်​ကာ၊-
11 Allí les di mis leyes y les expliqué mis reglamentos para que los que los cumplieran vivieran.
၁၁ငါ​၏​အ​မိန့်​တို့​ကို​နာ​ခံ​စေ​၍ ပ​ညတ်​တော် တို့​ကို​သင်​ကြား​ပေး​၏။ ယင်း​တို့​ကို​စောင့် ထိန်း​သူ​တို့​သည်​အ​သက်​ရှင်​ရ​လိမ့်​မည်။-
12 También les di mis sábados para que fueran una señal entre ellos y yo, para que reconocieran que yo soy el Señor que los santifica.
၁၂သူ​တို့​အား​မြင့်​မြတ်​သန့်​ရှင်း​စေ​သူ​မှာ ငါ ထာ​ဝ​ရ​ဘု​ရား​ပင်​ဖြစ်​ကြောင်း​သ​တိ​ပေး လို​သ​ဖြင့် ငါ​နှင့်​သူ​တို့​သ​ဘော​တူ​သည့် အ​မှတ်​လက္ခ​ဏာ​အ​နေ​ဖြင့် ဥ​ပုသ်​နေ့​ကို စောင့်​ထိန်း​ကြ​ရန်​ငါ​ပြ​ဋ္ဌာန်း​ထား​၏။-
13 “Pero el pueblo de Israel se rebeló contra mí en el desierto, negándose a observar mis leyes y rechazando mis reglamentos, aunque les hubieran dado la vida. Violaron mis sábados. Así que les advertí que los castigaría y los aniquilaría allí en el desierto.
၁၃သို့​ရာ​တွင်​သူ​တို့​သည်​တော​ကန္တာရ​၌​ပင် ငါ့​ကို​အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့ ကို​လိုက်​နာ​သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင် ခွင့်​ရ​မည်​ဖြစ်​သော်​လည်း​သူ​တို့​သည်​ငါ ၏​ပ​ညတ်​တော်​တို့​ကို​ချိုး​ဖောက်​၍​ငါ​၏ အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကြ​၏။ ဥ​ပုသ်​နေ့ ကို​လည်း​အ​လျှင်း​မ​ရို​သေ။ သို့​ဖြစ်​၍​ငါ သည်​သူ​တို့​အား​တော​ကန္တာ​ရ​တွင်​ငါ​၏ အ​မျက်​တော်​သွန်း​လောင်း​ခြင်း​ဒဏ်​ကို​ခံ စေ​၍ သုတ်​သင်​ဖျက်​ဆီး​ပစ်​ရန်​အ​ကြံ​ရှိ ခဲ့​၏။-
14 Pero aun así actué a favor de ellos para que no me desprestigiaran, para que no perdiera el respeto a los ojos de las demás naciones que me habían visto sacar a Israel de Egipto.
၁၄သို့​ရာ​တွင်​ယင်း​သို့​ဖျက်​ဆီး​ပစ်​ပါ​မူ​နိုင်​ငံ တ​ကာ​ရှေ့​တွင် ငါ​၏​နာ​မ​တော်​အ​သ​ရေ ပျက်​လိမ့်​မည်။ အ​ဘယ်​ကြောင့်​ဆို​သော်​သူ​တို့ အား​အီ​ဂျစ်​ပြည်​မှ ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို လူ​မျိုး​တ​ကာ​တို့​မြင်​ခဲ့​ကြ​သော​ကြောင့် ဖြစ်​၏။-
15 “Así que levanté mi mano y les juré en el desierto que no los llevaría a la tierra que les había dado, una tierra que fluye leche y miel -mejor que cualquier otro país-
၁၅သို့​ဖြစ်​၍​အ​သာ​ယာ​ဆုံး​သော​ပြည်၊ နို့​နှင့် ပျား​ရည်​စီး​နေ​သော​ပြည်​တည်း​ဟူ​သော ငါ​ပေး​အပ်​ခဲ့​သည့်​ပြည်​သို့ သူ​တို့​အား​ပို့ ဆောင်​တော့​မည်​မ​ဟုတ်​ဟု​ငါ​သည်​တော ကန္တာ​ရ​တွင်​ကျိန်​ဆို​ခဲ့​၏။-
16 porque rechazaron repetidamente mis reglamentos, se negaron a observar mis leyes y violaron mis sábados, y porque eligieron seguir adorando a los ídolos.
၁၆ယင်း​သို့​ကျိန်​ဆို​ရ​ခြင်း​အ​ကြောင်း​မှာ​သူ​တို့ သည် မိ​မိ​တို့​၏​ရုပ်​တု​ကိုး​ကွယ်​မှု​ကို​ပို​မို နှစ်​သက်​ကြ​လျက် ငါ​၏​အ​မိန့်​တော်​တို့​ကို ပစ်​ပယ်​ကာ​ငါ​၏​ပ​ညတ်​တော်​တို့​ကို​ချိုး ဖောက်​၍ ဥ​ပုသ်​နေ့​ကို​မ​ရို​မ​သေ​ပြု​ကြ သော​ကြောင့်​ဖြစ်​၏။
17 Aun así, me compadecí de ellos y no los destruí; no los exterminé en el desierto.
၁၇``သို့​သော်​ငါ​သည်​သူ​တို့​ကို​သ​နား​သ​ဖြင့် တော​ကန္တာ​ရ​တွင်​ဆုံး​ပါး​ပျက်​စီး​စေ​ရန် မ​ပြု။-
18 “En el desierto les dije a sus hijos: ‘No hagan lo que sus padres les dijeron que hicieran. No sigan sus prácticas. No se ensucien adorando sus ídolos.
၁၈သို့​ရာ​တွင်​တော​ကန္တာ​ရ​ထဲ​မှ​သူ​တို့​၏​သား သ​မီး​များ​အား`သင်​တို့​ဘိုး​ဘေး​များ​စီ​ရင် ခဲ့​သည့်​စည်း​မျဉ်း​များ​ကို​မ​ကျင့်​သုံး​ကြ နှင့်။ သူ​တို့​၏​ဋ္ဌ​လေ့​ထုံး​စံ​များ​ကို​မ​လိုက် လျှောက်​ကြ​နှင့်။ သူ​တို့​၏​ရုပ်​တု​များ​ကို ကိုး​ကွယ်​ခြင်း​အား​ဖြင့်​ကိုယ်​ကို​မ​ညစ် ညမ်း​စေ​ကြ​နှင့်။-
19 Yo soy el Señor, tu Dios. Hagan lo que yo les digo. Sigan mis normas y asegúrense de practicarlas.
၁၉ငါ​သည်​သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ ဘု​ရား​ဖြစ်​၏။ ငါ​၏​ပ​ညတ်​တော်​တို့​ကို စောင့်​ထိန်း​၍ ငါ​၏​အ​မိန့်​တော်​တို့​ကို​နာ​ခံ ကြ​လော့။-
20 Santifiquen mis sábados para que sean una señal entre ustedes y yo, para que reconozcan que yo soy el Señor su Dios’.
၂၀ငါ​နှင့်​သင်​တို့​ဖွဲ့​ထား​သည့်​ပ​ဋိ​ညာဉ်​၏​အ​မှတ် လက္ခ​ဏာ​ဖြစ်​စေ​ရန်​နှင့် ငါ​သည်​သင်​တို့​၏ ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ ကြောင်း​ကို​လည်း သင်​တို့​အား​သ​တိ​ရ​စေ​ရန် ဥ​ပုသ်​နေ့​ကို​သန့်​ရှင်း​စေ​ကြ​လော့' ဟု​ငါ သ​တိ​ပေး​၏။
21 “Pero sus hijos también se rebelaron contra mí. No siguieron mis leyes y no guardaron mis reglamentos, aunque les hubieran dado la vida. Violaron mis sábados. Así que les advertí que los castigaría con mi ira allí en el desierto.
၂၁``သို့​ရာ​တွင်​ထို​လူ​မျိုး​ဆက်​သည်​လည်း​ငါ့​ကို အာ​ခံ​ကြ​၏။ ငါ​၏​အ​မိန့်​တော်​တို့​ကို​လိုက်​နာ သူ​မှန်​သ​မျှ​သည်​အ​သက်​ရှင်​ခွင့်​ရ​မည်​ဖြစ် သော်​လည်း သူ​တို့​သည်​ငါ​၏​ပ​ညတ်​တော်​တို့ ကို​ချိုး​ဖောက်​၍​ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ် ပယ်​ကြ​၏။ ဥ​ပုသ်​နေ့​ကို​လည်း​အ​လျှင်း​မ ရို​သေ။ သူ​တို့​အား​တော​ကန္တာ​ရ​တွင်​သေ​စေ ရန် ငါ​သည်​မိ​မိ​၏​အ​မျက်​တော်​ကို​သူ​တို့ အ​ပေါ်​သို့​သွန်း​လောင်း​၍ အ​မျက်​တော်​ဒဏ် ကို​ခံ​စေ​မည်​ဟု​အ​ကြံ​ရှိ​ခဲ့​သော်​လည်း၊-
22 Pero me contuve e hice lo que hice para no ser mal representado, para no perder el respeto a los ojos de las otras naciones que me habían visto sacar a Israel de Egipto.
၂၂မ​ခံ​စေ​ခဲ့။ အ​ဘယ်​ကြောင့်​ဆို​သော်​ယင်း​သို့ ပြု​ပါ​မူ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား အီ​ဂျစ်​ပြည်​မှ​ငါ​ထုတ်​ဆောင်​ခဲ့​သည်​ကို မြင်​သော​လူ​မျိုး​တို့​၏​ရှေ့​တွင် ငါ​၏​နာ​မ တော်​အ​သ​ရေ​ပျက်​မည်​ဖြစ်​သော​ကြောင့် တည်း။-
23 “Sin embargo, levanté mi mano y les juré en el desierto que los iba a dispersar entre los distintos países de las diferentes naciones.
၂၃ထို့​ကြောင့်​ငါ​သည်​သူ​တို့​အား​ကမ္ဘာ​အ​ရပ် ရပ်​သို့​ကွဲ​လွင့်​စေ​မည်​ဟု တော​ကန္တာ​ရ​တွင် ငါ​ကျိန်​ဆို​၏။-
24 Porque no guardaron mis reglamentos, sino que rechazaron mis leyes y violaron mis sábados, buscando siempre adorar a los ídolos de sus padres.
၂၄ယင်း​သို့​ပြု​ရ​သည့်​အ​ကြောင်း​မှာ​သူ​တို့​သည် ငါ​၏​အ​မိန့်​တော်​တို့​ကို​ပစ်​ပယ်​ကာ ငါ​၏​ပညတ် တော်​တို့​ကို​ချိုး​ဖောက်​လျက်​ဥ​ပုသ်​နေ့​ကို​မ​ရို မ​သေ​ပြု​ပြီး​လျှင် ဘိုး​ဘေး​တို့​ကိုး​ကွယ်​ခဲ့​သော ရုပ်​တု​တို့​ကို​ဝတ်​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။''
25 “También dejé que siguieran los reglamentos que querían y que no eran buenos; leyes que no les ayudaban a vivir.
၂၅``ထို​နောက်​ငါ​သည်​သူ​တို့​အား​မ​လျောက်​ပတ် သည့်​ပ​ညတ်​များ​နှင့် အ​သက်​ရှင်​မှု​ကို​မ​ပြု စု​နိုင်​သည့်​အ​မိန့်​တော်​များ​ကို​ပေး​၏။-
26 Dejé que se ensuciaran con sus ofrendas a los ídolos, incluyendo a sus hijos primogénitos. Permití que esto sucediera para que se horrorizaran tanto que reconocieran que yo soy el Señor.
၂၆သူ​တို့​သည်​မိ​မိ​တို့​၏​သား​ဦး​များ​ကို​ယဇ်​ပူ ဇော်​ခြင်း​အား​ဖြင့် မိ​မိ​တို့​ကိုယ်​ကို​ညစ်​ညမ်း ကြ​စေ​ရန်​သူ​တို့​အား​ငါ​အ​ခွင့်​ပေး​၏။ ယင်း သို့​အ​ခွင့်​ပေး​ရ​သည့်​အ​ကြောင်း​မှာ ငါ​သည် ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ​ကြောင်း​ပြ​သ​ရန် နှင့်​သူ​တို့​အား​ဒဏ်​ခတ်​ရန်​ဖြစ်​၏။''
27 “Así que, hijo de hombre, dile al pueblo de Israel que esto es lo que dice el Señor Dios: Ustedes están actuando exactamente de la misma manera en que sus antepasados me insultaron al serme infieles.
၂၇``သို့​ဖြစ်​၍​အ​ချင်း​လူ​သား၊ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ငါ​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​အ​ဘယ်​သို့​မိန့်​တော်​မူ​သည်​ကို ယ​ခု​ဆင့်​ဆို​လော့။ သူ​တို့​၏​ဘိုး​ဘေး​များ သည်​သစ္စာ​ဖောက်​ခြင်း​အား​ဖြင့် ငါ့​ကို​စော် ကား​ကြ​ပြန်​သည့်​နည်း​မှာ​ဤ​သို့​တည်း။-
28 Después de que los conduje a la tierra que les había prometido dar, en cualquier monte alto o bajo cualquier árbol frondoso que veían allí ofrecían sus sacrificios paganos y presentaban ofrendas a los ídolos que me hacían enojar, quemando su incienso de olor dulce y derramando sus libaciones.
၂၈ငါ​သည်​သူ​တို့​အား​ကျိန်​ဆို​က​တိ​ပြု​ထား သည့်​ပြည်​သို့​ခေါ်​ဆောင်​၍​သွား​၏။ သူ​တို့​သည် မြင့်​သော​တောင်​ကုန်း​များ​နှင့်​စိမ်း​လန်း​သော သစ်​ပင်​တို့​ကို​မြင်​သော​အ​ခါ ထို​အ​ရပ်​တို့ တွင်​ယဇ်​ပူ​ဇော်​ကြ​ကုန်​၏။ နံ့​သာ​ပေါင်း​ကို မီး​ရှို့​ရာ​ယဇ်​နှင့်​စ​ပျစ်​ရည်​ပူ​ဇော်​သ​ကာ ကို​ဆက်​ကပ်​ကြ​၏။ ဤ​နည်း​အား​ဖြင့်​သူ တို့​သည်​ငါ​၏​အ​မျက်​တော်​ကို​နှိုး​ဆော် ကြ​သည်။-
29 Así que les pregunté: ‘¿Qué es ese lugar alto al que van?’ (Todavía hoy se llama Bama).
၂၉ငါ​သည်​သူ​တို့​ကို`သင်​တို့​သွား​ကြ​သည့် ကုန်း​မြင့်​များ​ကား​အ​ဘယ်​နည်း' ဟု​မေး​၏။ ထို​ကြောင့်​ထို​အ​ရပ်​တို့​သည်​ယ​နေ့​တိုင် အောင်​ဗာ​မာ​ဟု​ခေါ်​သော``ကုန်း​မြင့်'' များ ဟု​တွင်​သ​တည်း။-
30 “Por tanto, díganle al pueblo de Israel que esto es lo que dice el Señor Dios: ¿Se contaminarán como sus antepasados, convirtiéndose en prostitutas, actuando como ellos y siguiendo las mismas prácticas repugnantes?
၃၀ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား​အ​ရှင် ထာ​ဝ​ရ​ဘု​ရား ဤ​သို့​မိန့်​ဆို​ကြောင်း​ဆင့် ဆို​လော့။ `သင်​တို့​သည်​အ​ဘယ်​ကြောင့်​ဘိုး ဘေး​တို့​အ​ပြစ်​ကူး​လွန်​၍​ညစ်​ညမ်း​စေ သ​ကဲ့​သို့ သင်​တို့​ကိုယ်​ကို​ညစ်​ညမ်း​စေ​ကြ သ​နည်း။ သူ​တို့​ကိုး​ကွယ်​သည့်​ညစ်​ညမ်း သော​ရုပ်​တု​တို့​ကို​ကိုး​ကွယ်​ကြ​သ​နည်း။-
31 Cuando presentan sus ofrendas a los ídolos y sacrifican a sus hijos en el fuego, siguen contaminándose con todos sus ídolos hasta hoy. ¿Y aun así pretenden que yo sea quien los aconseje cuando me preguntan algo, pueblo de Israel? Vivo yo, declara el Señor Dios, que no voy a responderles.
၃၁သင်​တို့​သည်​ယ​နေ့​တိုင်​အောင်​ပင်​သူ​တို့ ဆက်​သ​သည့်​ပူ​ဇော်​သ​ကာ​များ​ကို​ဆက် သ​လျက် ရုပ်​တု​များ​အား​မိ​မိ​တို့​၏​သား သ​မီး​များ​ကို​မီး​ရှို့​ပူ​ဇော်​ကာ​ကိုယ့်​ကိုယ် ကို​ညစ်​ညမ်း​စေ​ကြ​၏။ အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​တို့၊ သင်​တို့​သည်​ငါ့​ထံ​သို့ လာ​၍​ငါ​၏​အ​လို​တော်​ကို​စုံ​စမ်း​မေး မြန်း​ကြ​၏။ ငါ​သည်​အ​သက်​ရှင်​တော်​မူ သော​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ဖြစ်​တော်​မူ သည်​နှင့်​အ​ညီ အ​ဘယ်​သို့​မျှ​စုံ​စမ်း​မေး မြန်း​ခွင့်​ကို​သင်​တို့​အား​ပေး​မည်​မ​ဟုတ်။-
32 “Cuando se dicen a sí mismos: ‘Seamos como las demás naciones, como la gente de otros países que adora a los ídolos de madera y de piedra’, lo que están pensando nunca va a suceder.
၃၂သင်​တို့​သည်​အ​ခြား​နိုင်​ငံ​များ​ကဲ့​သို့​လည်း ကောင်း၊ တိုင်း​တစ်​ပါး​တွင်​နေ​ထိုင်​သူ​များ​ကဲ့ သို့​လည်း​ကောင်း၊ သစ်​ပင်​များ၊ ကျောက်​တုံး များ​ကို​ဝတ်​ပြု​ရှိ​ခိုး​ကြ​မည်​ဟု​ကြံ​စည် ဆုံး​ဖြတ်​ထား​ကြ​၏။ သို့​ရာ​တွင်​ယင်း အ​ကြံ​မ​ထ​မြောက်​ရ။
33 “Vivo yo, declara el Señor Dios, que los gobernaré con toda mi fuerza y poder, y con mi ira.
၃၃``ငါ​အ​ရှင်​ထာ​ဝရ​ဘု​ရား​သည်​အ​သက်​ရှင် တော်​မူ​သော​ဘု​ရား​ဖြစ်​တော်​မူ​သည်​နှင့်​အ​ညီ ငါ​သည်​အ​မျက်​တော်​ထွက်​လျက် သင်​တို့​အား ငါ​၏​ခွန်​အား​ကြီး​မား​သော​လက်​ရုံး​တော် ဖြင့်​တန်​ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော် ကို​ဆန့်​လျက်​အုပ်​စိုး​တော်​မူ​မည်။-
34 Con toda mi fuerza y mi poder, y con mi ira, te sacaré de entre las naciones y te reuniré de los países donde estabas disperso.
၃၄သင်​တို့​ကို​နိုင်​ငံ​အ​သီး​သီး၊ ကွဲ​လွင့်​လျက် နေ​ရာ​အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​မှ​ပြန် လည်​ခေါ်​ယူ​စု​သိမ်း​ချိန်​၌ သင်​တို့​အား​ငါ ၏​ခွန်​အား​ကြီး​သော​လက်​ရုံး​တော်​ဖြင့် တန် ခိုး​အာ​ဏာ​ရှိ​သ​မျှ​နှင့်​လက်​တော်​ကို ဆန့်​လျက်​အ​မျက်​တော်​ကို​ပြ​မည်။-
35 Los traeré ante mí para juzgarlos cara a cara en el desierto de las naciones.
၃၅လူ​မျိုး​တ​ကာ​တို့​နှင့်​ဆိုင်​သော​တော​ကန္တာ​ရ သို့​ခေါ်​ဆောင်​၍ သင်​တို့​ကို​ငါ​ကိုယ်​တိုင် အ​ပြစ်​ဒဏ်​စီ​ရင်​မည်။-
36 “De la misma manera que juzgué a sus antepasados en el desierto egipcio después de haberlos sacado de Egipto, así los juzgaré a ustedes, declara el Señor Dios.
၃၆အီ​ဂျစ်​ပြည်​တော​ကန္တာ​ရ​တွင်​သင်​တို့​၏ ဘိုး​ဘေး​များ​ကို​ငါ​အ​ပြစ်​ဒဏ်​စီ​ရင်​ခဲ့ သည့်​နည်း​တူ ယ​ခု​သင်​တို့​ကို​လည်း​အ​ပြစ် ဒဏ်​စီ​ရင်​မည်'' ဟု​အ​ရှင်​ထာ​ဝရ​ဘု​ရား မိန့်​တော်​မူ​၏။
37 Decidiré sobre ustedes cuando pasen bajo la vara y veré si han cumplido nuestro acuerdo solemne.
၃၇``ငါ​သည်​သင်​တို့​ကို​ပိုင်​ပိုင်​နိုင်​နိုင်​အုပ် ထိန်း​၍ ပ​ဋိ​ညာဉ်​တော်​အ​တိုင်း​လိုက်​နာ စေ​မည်။-
38 Me ocuparé de los que se rebelan contra mí, de los que pecan contra mí. Los sacaré del país donde viven actualmente, pero no entrarán en la tierra de Israel. Entonces sabrán que yo soy el Señor.
၃၈သင်​တို့​အ​နက်​ပုန်​ကန်​သူ​များ​နှင့်​တော်​လှန် သူ​များ​ကို​ဖယ်​ရှား​ပစ်​မည်။ သူ​တို့​ကို​မိ​မိ တို့​ယ​ခု​နေ​ထိုင်​ရာ​ပြည်​များ​မှ​ထွက်​သွား စေ​မည်။ သို့​ရာ​တွင်​ဣ​သ​ရေ​လ​ပြည်​သို့​ပြန် လာ​ခွင့်​ပြု​မည်​မ​ဟုတ်။ ထို​အ​ခါ​ငါ​သည် ထာ​ဝရ​ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း သင်​တို့ သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။
39 “Esto es lo que el Señor Dios les dice a ustedes, pueblo de Israel: Todos ustedes, sigan adelante y adoren a sus ídolos. Pero después, si no me escuchan, no seguirán deshonrándome con sus ofrendas e ídolos paganos.
၃၉အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​က``အ​ချင်း​ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့၊ ယ​ခု​သင်​တို့​သည်​တစ် ယောက်​မ​ကျန်​မိ​မိ​တို့​ရှိ​ရုပ်​တု​များ​ကို​သွား​၍ ရှိ​ခိုး​ဝတ်​ပြု​ကြ​လော့။ သို့​ရာ​တွင်​ယ​ခု​မှ​စ​၍ သင်​တို့​သည်​ငါ​၏​စ​ကား​ကို​နား​ထောင်​ရ​ကြ မည်။ ရုပ်​တု​တို့​အား​ပူ​ဇော်​သ​ကာ​များ​ဆက်​သ ခြင်း​အား​ဖြင့် ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သည့် နာ​မ​တော်​ကို​နောက်​တစ်​ဖန်​မ​ရှုတ်​ချ​ရ။-
40 “Porque allí, en mi monte sagrado, el monte alto de Israel, declara el Señor Dios, me adorarán todos los habitantes de todo el país de Israel. Allí los aceptaré y les pediré sus ofrendas y sus mejores regalos, junto con todos sus sacrificios sagrados.
၄၀ငါ​၏​သန့်​ရှင်း​မြင့်​မြတ်​သော​တောင်​တော်​တည်း ဟူ​သော​ဣ​သ​ရေ​လ​တောင်​မြင့်​ပေါ်​တွင် သင်​တို့ အား​လုံး​ပင်​ငါ့​အား​ဝတ်​ပြု​ကိုး​ကွယ်​ကြ​လိမ့် မည်​ဟု​ငါ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​ဆို​၏။ ငါ သည်​သင်​တို့​အား​နှစ်​သက်​လက်​ခံ​မည်။ သင်​တို့ ပူ​ဇော်​သော​ယဇ်​များ၊ အ​ကောင်း​မြတ်​ဆုံး​သော ပူ​ဇော်​သကာ​များ​နှင့်​သီး​သန့်​ဆက်​ကပ်​ထား သည့်​အ​လှူ​ဝတ္ထု​များ​ကို​ငါ​တောင်း​ဆို​မည်။-
41 “Cuando los traiga de vuelta de entre las naciones y los reúna de los países donde estaban dispersos, los aceptaré como una ofrenda digna para mí. Revelaré mi santidad a través de ustedes para que las naciones la vean.
၄၁သင်​တို့​အား​နိုင်​ငံ​များ​ကွဲ​လွင့်​လျက်​ရှိ​သည့် တိုင်း​ပြည်​များ​မှ ငါ​သည်​သင်​တို့​ကို​ယူ​ဆောင် စု​ရုံး​ပြီး​နောက်​သင်​တို့​မီး​ရှို့​ပူ​ဇော်​သည့်​နံ့​သာ ပေါင်း​နှင့်​တ​ကွ​သင်​တို့​ကို​ငါ​လက်​ခံ​မည်။ ငါ သည်​သန့်​ရှင်း​မြင့်​မြတ်​တော်​မူ​ကြောင်း​လူ​မျိုး တ​ကာ​တို့​တွေ့​မြင်​ကြ​လိမ့်​မည်။-
42 Entonces reconocerán que yo soy el Señor cuando los haga regresar al país de Israel, la tierra que prometí dar a sus antepasados.
၄၂သင်​တို့​၏​ဘိုး​ဘေး​တို့​အား​ငါ​ပေး​မည်​ဟု ကျိန်​ဆို​က​တိ​ပြု​ထား​သည့်​ဣ​သ​ရေ​လ ပြည်​သို့ သင်​တို့​ကို​ငါ​ယူ​ဆောင်​လာ​သော အ​ခါ ငါ​သည်​ဘု​ရား​သ​ခင်​ဖြစ်​တော်​မူ ကြောင်း​သင်​တို့​သိ​ရှိ​ကြ​လိမ့်​မည်။-
43 “Allí se acordarán de sus malos caminos y de todo lo que hicieron para contaminarse, y se odiarán a sí mismos por las conductas malas que tuvieron.
၄၃ထို​အ​ခါ​သင်​တို့​သည်​မိ​မိ​တို့​ပြု​ခဲ့​သော စက်​ဆုပ်​ဖွယ်​ရာ​အ​မှု​များ​ကြောင့်​မိ​မိ​ကိုယ် ကို​ရွံ​ရှာ​၍ မိ​မိ​တို့​ကိုယ်​ကို​အ​ဘယ်​သို့ ညစ်​ညမ်း​စေ​ခဲ့​ကြ​ကြောင်း​တို့​ကို​ပြန်​လည် သ​တိ​ရ​ကြ​လိမ့်​မည်။ ထို​အ​ခါ​သင့်​ကိုယ် သင်​ရွံ​ရှာ​လိမ့်​မည်။-
44 Entonces ustedes, pueblo de Israel, reconocerán que yo soy el Señor, porque los he tratado bien por lo que soy, y no por sus malos caminos y las cosas terribles que han hecho, declara el Señor Dios”.
၄၄အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ငါ​သည်​ငါ ၏​နာ​မ​တော်​ကို​ထောက်​၍ မိ​မိ​၏​အ​သ​ရေ ကို​ကာ​ကွယ်​ရန်​သင်​တို့​၏​ယုတ်​မာ​ဆိုး​ညစ် ဖောက်​ပြန်​သော​အ​ကျင့်​များ​အ​လျောက် သင် တို့​ကို​မ​စီ​ရင်​သော​အ​ခါ​ငါ​သည်​ထာ​ဝ​ရ ဘု​ရား​ဖြစ်​တော်​မူ​ကြောင်း​သင်​တို့​သိ​ရှိ ကြ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။ ဤ​ကား အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော စကား​ဖြစ်​၏။
45 Otro mensaje del Señor vino a mí, diciendo:
၄၅ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ်​တော်​သည် ငါ့​ထံ​သို့​ရောက်​လာ​၏။-
46 “Hijo de hombre, mira hacia el sur y predica contra él. Profetiza contra el bosque del Néguev.
၄၆ကိုယ်​တော်​က``အ​ချင်း​လူ​သား၊ တောင်​အ​ရပ် သို့​မျှော်​ကြည့်​၍ ထို​အ​ရပ်​နှင့်​ထို​အ​ရပ်​ရှိ သစ်​တော​အား​ဗျာ​ဒိတ်​တော်​ကို​ဆင့်​ဆို​လော့။-
47 Dile al bosque del Néguev: ¡Escucha la palabra del Señor! Esto es lo que dice el Señor: Voy a prenderte fuego, y quemará todos tus árboles, tanto los que están vivos como los que están muertos. El fuego no se apagará, y se quemará todo, desde el norte hasta el sur.
၄၇တောင်​အ​ရပ်​မှ​သစ်​တော​အား​အ​ရှင်​ထာ​ဝ​ရ ဘု​ရား​က​ထာ​ဝ​ရ​ဘု​ရား​၏​နှုတ်​က​ပတ် တော်​ကို​နား​ထောင်​လော့။ ငါ​သည်​မီး​မွှေး​လျက် ရှိ​၏။ ထို​မီး​သည်​သင်​၏​သစ်​ပင်​ခြောက်​ရှိ သ​မျှ​နှင့်​သစ်​ပင်​စို​ရှိ​သ​မျှ​တို့​ကို​ကျွမ်း လောင်​စေ​လိမ့်​မည်။ မီး​တောက်​များ​ကို​အ​ဘယ် အ​ရာ​မျှ​မ​ငြိမ်း​မ​သတ်​နိုင်​ရာ။ ထို​မီး​သည် တောင်​အ​ရပ်​မှ​မြောက်​အ​ရပ်​သို့​ပျံ့​နှံ့​သွား ကာ မြေ​တစ်​ပြင်​လုံး​ကို​ကျွမ်း​လောင်​စေ လိမ့်​မည်။-
48 Entonces todos reconocerán que fui yo, el Señor, quien inició el fuego, y no se apagará”.
၄၈ထို​မီး​ကို​ငါ​ထာ​ဝရ​ဘု​ရား​မွှေး​တော်​မူ​ကြောင်း ယင်း​ကို​အ​ဘယ်​သူ​မျှ​မ​ငြိမ်း​မ​သတ်​နိုင် ကြောင်း​လူ​အ​ပေါင်း​တို့​သိ​ရှိ​ကြ​လိမ့်​မည်'' ဟု​မြွက်​ဆို​တော်​မူ​ကြောင်း​ဆင့်​ဆို​လော့​ဟု မိန့်​တော်​မူ​၏။
49 Pero entonces dije: “¡Oh, no, Señor Dios! La gente ya dice: Él sólo cuenta historias!”
၄၉ငါ​က``အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​ကျွန်​တော်​မျိုး သည်​စ​ကား​ထာ​များ​သာ​ပြော​ဆို​နေ​ခြင်း ဖြစ်​သည်​ဟု လူ​အ​ပေါင်း​တို့​ပြော​ဆို​နေ ကြ​ပါ​သည်'' ဟု​လျှောက်​ထား​၏။

< Ezequiel 20 >