< Deuteronomio 32 >

1 Cielo, escucha mientras hablo; Tierra, escucha lo que digo.
``မိုး​ကောင်း​ကင်​နှင့်​ပ​ထ​ဝီ​မြေ​ကြီး​တို့ ငါ ပြော​သ​မျှ​ကို​စေ့​စေ့​နား​ထောင်​လော့။
2 Que mi enseñanza caiga suavemente como la lluvia; que mis palabras caigan ligeramente como el rocío, como una suave lluvia sobre la hierba nueva, como lluvias primaverales sobre las plantas en crecimiento.
ငါ့​သွန်​သင်​ချက်​သည်​မိုး​ပေါက်​ကဲ့​သို့​ကျ​၍ မြေ​ပေါ်​တွင်​နှင်း​ပေါက်​ကဲ့​သို့​တင်​ရှိ​လိမ့်​မည်။ ငါ့​စ​ကား​သည်​အ​ပင်​ငယ်​များ​ပေါ်​သို့ ရွာ​သော​မိုး​ကဲ့​သို့​လည်း​ကောင်း၊ မြက်​နု​ပေါ်​တွင်​ကျ​သော​မိုး​ဖွဲ​ကဲ့​သို့​လည်း​ကောင်း ဖြစ်​လိမ့်​မည်။
3 Alabaré el carácter del Señor. ¡Que todo el mundo sepa de su grandeza!
ငါ​သည်​ထာ​ဝ​ရ​ဘု​ရား​၏​နာ​မ​တော်​ကို ချီး​မွမ်း​မည်။ ကိုယ်​တော်​၏​လူ​မျိုး​တော်​သည် ကိုယ်​တော်​၏​ကြီး​မြတ်​တော်​မူ​ပုံ​ကို ထုတ်​ဖော်​ပြော​ဆို​ကြ​လိမ့်​မည်။
4 Él es la Roca. Todo lo que hace es perfecto, porque todos sus caminos son correctos. Él es el Dios confiable que nunca es injusto; es justo y honesto.
``ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ကာ​ကွယ် တော်​မူ​သော အ​ရှင်​ဖြစ်​တော်​မူ​၏။ အ​မှု​တော်​ခပ်​သိမ်း​တို့​သည်​စုံ​လင်​၍ တ​ရား​မျှ​တ​ပေ​၏။ သင်​တို့​၏​ဘု​ရား​သ​ခင်​သည်​သစ္စာ​တည်​သော​ဘု​ရား၊ ဖြောင့်​မတ်​မှန်​ကန်​သော​ဘု​ရား​ဖြစ်​တော်​မူ​၏။
5 Sus hijos han actuado inmoralmente con él; por eso ya no son sus hijos a causa de sus manchas pecaminosas. Son un pueblo perverso y corrupto.
သင်​တို့​သည်​ကား​သစ္စာ​မ​စောင့်​သော၊ ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​မ​ဖြစ်​ထိုက်​သော၊ လိမ်​လည်​လှည့်​ဖြား​သော​လူ​မျိုး​ဖြစ်​ကြ​၏။
6 ¿Es esta la manera de pagar al Señor, pueblo tonto y necio? ¿No es tu Padre quien te ha creado? ¿No es él quien te convirtió en una nación y te hizo fuerte?
မိုက်​မဲ​၍​အ​သိ​တ​ရား​ကင်း​မဲ့​သော​လူ​မျိုး၊ ထာ​ဝ​ရ​ဘု​ရား​ကို ဤ​ကဲ့​သို့​ကျေး​ဇူး​ဆပ်​သင့်​သ​လော။ ကိုယ်​တော်​သည်​သင်​တို့​ကို​ဖန်​ဆင်း​သော​အ​ရှင်၊ သင်​တို့​၏​အ​ဖ​ဖြစ်​တော်​မူ​၏။ သင်​တို့​အား​လူ​မျိုး​တစ်​မျိုး​အ​ဖြစ် ပေါ်​ထွန်း​စေ​တော်​မူ​၏။
7 Recuerda los tiempos antiguos; piensa en los tiempos pasados. Pregúntenle a Dios y a su padre, y él se los explicará. Hablen con los ancianos, y ellos se lo harán saber.
``လွန်​လေ​ပြီ​သော​အ​တိတ်​ကာ​လ​ကို သ​တိ​ရ​လော့။ ဖြစ်​ပျက်​ခဲ့​သ​မျှ​ကို​သင်​တို့​၏​ဖ​ခင်​တို့​အား မေး​စမ်း​ကြည့်​လော့။ အ​သက်​ကြီး​သူ​တို့​အား​ရှေး​ဖြစ်​ဟောင်း​ကို ပြော​ပြ​စေ​လော့။
8 El Altísimo les dio a las naciones sus tierras cuando dividió la raza humana; fijó sus fronteras según sus dioses.
အ​မြင့်​မြတ်​ဆုံး​သော​ဘု​ရား​သည်​တိုင်း​နိုင်​ငံ​တို့​၏ နယ်​နိ​မိတ်​များ​ကို​လည်းကောင်း၊ လူ​မျိုး​အ​သီး​သီး​တို့​နေ​ထိုင်​ရာ​ပြည်​များ ကို​လည်း​ကောင်း သတ်​မှတ်​ပေး​တော်​မူ​သော​အ​ခါ၊ နိုင်​ငံ​အ​သီး​သီး​တို့​အ​တွက်​နတ်​ဘု​ရား များ​ကို သတ်​မှတ်​ပေး​တော်​မူ​၏။
9 Pero el pueblo del Señor es suyo, Israel es su elegido.
သို့​ရာ​တွင်​ကိုယ်​တော်​သည်​ယာ​ကုပ်​၏ အ​ဆက်​အ​နွယ်​တို့​ကို မိ​မိ​အ​တွက်​ရွေး​ချယ်​တော်​မူ​၏။
10 Los encontró en una tierra desértica, en un páramo desolado de torbellinos. Los protegió, los cuidó, los cuidó como a la persona que más amaba.
၁၀``ကိုယ်​တော်​သည်​သူ​တို့​ကို​လေ​ထန်​သော တော​ကန္တာ​ရ​၌​လှည့်​လည်​နေ​သည်​ကို တွေ့​မြင်​တော်​မူ​သ​ဖြင့်၊ မိ​မိ​၏​ရင်​သွေး​သ​ဖွယ်​သူ​တို့​ကို ကာ​ကွယ်​စောင့်​ရှောက်​တော်​မူ​၏။
11 Como un águila que vigila su nido, revoloteando sobre sus polluelos, extendió sus alas, te recogió y te llevó consigo.
၁၁လင်း​ယုန်​ငှက်​သည်​သား​ငယ်​များ​ကို အ​ပျံ​သင်​သည့်​အ​ခါ​မိ​မိ​၏​တောင်​ပံ​များ​ကို ဖြန့်​၍​ဖမ်း​ယူ​သကဲ့​သို့၊ ထာ​ဝရ​ဘု​ရား​သည်​ဣ​သ​ရေ​လ​လူ​မျိုး​ကို ဆောင်​ယူ​သယ်​ပိုး​တော်​မူ​၏။
12 El Señor fue el único que te guió; ningún dios extranjero estaba con él.
၁၂အ​ခြား​ဘု​ရား​၏​အ​ကူ​အ​ညီ​ကို​မ​ယူ​ဘဲ ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​တည်း​သာ​လျှင်၊ မိ​မိ​၏​လူ​မျိုး​တော်​ကို​ရှေ့​ဆောင်​လမ်း​ပြ တော်​မူ​ခဲ့​၏။
13 El Señor te dio el país alto para gobernar, y te alimentó con los cultivos del campo para comer. Te alimentó con miel de la roca y aceite de oliva del peñón de piedra,
၁၃``ကိုယ်​တော်​သည်​မိ​မိ​၏​လူ​မျိုး​တော်​အား တောင်​ကုန်း​ဒေ​သ​များ​ကို​အုပ်​စိုး​စေ​၍ လယ်​မှ​ထွက်​သော​အ​သီး​အ​နှံ​များ​ကို စား​သုံး​စေ​တော်​မူ​၏။ သူ​တို့​သည်​ကျောက်​ကြား​မှ​ပျား​ရည်​ကို လည်း​ကောင်း၊ ကျောက်​ပေါ​များ​သော​မြေ​တွင်​ပေါက်​သော သံ​လွင်​ပင်​များ​မှ​ဆီ​ကို​လည်း​ကောင်း​ရ​ရှိ ကြ​၏။
14 Con yogur del rebaño y leche del rebaño, con grasa de corderos, con carneros de Basán, y cabras, junto con el mejor trigo. Bebiste el vino hecho de las mejores uvas.
၁၄သူ​တို့​၏​ဆိတ်​များ​နွား​များ​မှ​နို့​လှိုင်​လှိုင် ထွက်​၏။ မျိုး​အ​ကောင်း​ဆုံး​သိုး​ဆိတ်​နွား​များ​ကို​ပိုင်​၍ မျိုး​အ​သန့်​ဆုံး​ဂျုံ​နှင့်​အ​ကောင်း​ဆုံး​စ​ပျစ် ရည်​ကို စား​သုံး​ရ​ကြ​၏။
15 Pero Israel, te engordaste y te rebelaste: con grasa, sobrepeso y llenura de comida. Abandonaste al Dios que te hizo y despreciaste la Roca de tu salvación.
၁၅``ထာ​ဝရ​ဘု​ရား​၏​လူ​မျိုး​တော်​သည် ကြွယ်​ဝ​ချမ်း​သာ​သ​ဖြင့် ဘု​ရား​ကို​ပုန်​ကန်​ကြ​၏။ သူ​တို့​သည်​ဝ​ဖြိုး​လာ​ကြ​၏။ အ​စား​အ​စာ​ဝ​စွာ​စား​ရ​ကြ​၏။ သူ​တို့​အား​ဖန်​ဆင်း​သော​ဘု​ရား​သ​ခင်​ကို စွန့်​၍ တန်​ခိုး​ကြီး​သော​ကယ်​တင်​ရှင်​အား​ပစ်​ပယ် ကြ​၏။
16 Celebraste al Señor adorando a dioses extranjeros; lo enojaste con prácticas tan repugnantes.
၁၆သူ​တို့​သည်​ရုပ်​တု​ဘု​ရား​များ​ကို​ကိုး​ကွယ်​သည့် အ​ပြစ်​ဒု​စ​ရိုက်​ကြောင့် ပြိုင်​ဘက်​ကင်း​သည့်​ထာ​ဝ​ရ​ဘု​ရား​အား အ​မျက်​တော်​ထွက်​စေ​ကြ​၏။
17 Ofreciste sacrificios a los demonios en lugar de a Dios, a dioses que no conocías, a nuevos dioses que tus antepasados no adoraban.
၁၇သူ​တို့​သည်​ဘိုး​ဘေး​တို့​မ​ကိုး​ကွယ်​ခဲ့​ဘူး​သော ဣ​သ​ရေ​လ​လူ​မျိုး​မ​ဆည်း​ကပ်​ခဲ့​ဘူး​သော၊ ဘု​ရား​သစ်​များ​အား​ယဇ်​ပူ​ဇော်​ကြ​၏။
18 Abandonaste a la Roca que te engendró; olvidaste al Dios que te dio a luz.
၁၈သူ​တို့​သည်​တန်​ခိုး​ကြီး​သည့်​ကယ်​တင်​ရှင်၊ မိ​မိ​တို့​ကို​ဖြစ်​ပွား​စေ​တော်​မူ​သော​ဘု​ရား​သ​ခင်​ကို မေ့​လျော့​ကြ​၏။
19 El Señor los rechazó cuando vio esto; sus hijos e hijas lo enojaron.
၁၉``ထာ​ဝရ​ဘု​ရား​သည်​ထို​အ​မှု​အ​ရာ​ကို မြင်​သော​အ​ခါ​အ​မျက်​တော်​ထွက်​၍၊ မိ​မိ​၏​သား​သ​မီး​တို့​ကို​စွန့်​ပယ်​တော်​မူ​၏။
20 Dijo: Me apartaré de ellos. ¡Entonces veré qué les pasa! Son un pueblo perverso, hijos infieles.
၂၀ထာ​ဝ​ရ​ဘု​ရား​က`သူ​တို့​သည်​ခေါင်း​မာ​၍ သစ္စာ​မဲ့​သော​သူ​များ​ဖြစ်​ကြ​၏။ ငါ​သည်​သူ​တို့​ကို​မ​ကူ​ညီ​ဘဲ​နေ​မည်။' ထို့​နောက်​သူ​တို့​သည်​အ​ဘယ်​သို့​ဖြစ်​မည်​ကို ငါ​စောင့်​ကြည့်​မည်။
21 Me han dado celos adorando cosas que no son Dios; me han hecho enojar con sus ídolos inútiles. Así que los pondré celosos usando un pueblo que no es realmente una nación; los haré enojar usando extranjeros ignorantes.
၂၁သူ​တို့​၏​ရုပ်​တု​ဘု​ရား​များ​ဖြင့်​ငါ့​အား အ​မျက်​ထွက်​စေ​ကြ​၏။ သူ​တို့​၏​ဘု​ရား​အ​တု​အ​ယောင်​များ​အားဖြင့် ပြိုင်​ဘက်​ကို​လုံး​ဝ​လက်​မ​ခံ​နိုင်​သော ငါ​၏​စိတ်​တော်​ကို​လှုံ့​ဆော်​ကြ​၏။ သို့​ဖြစ်​၍​မ​ရေ​ရာ​သော​လူ​မျိုး​အား​ဖြင့် သူ​တို့​အား​ဒေါ​သ​ထွက်​စေ​မည်။ မိုက်​မဲ​သော​လူ​မျိုး​အား​ဖြင့်​သူ​တို့​အား မ​နာ​လို​စိတ်​ဖြစ်​ပေါ်​စေ​မည်။
22 Mi ira se ha encendido, quemando hasta las profundidades de la tumba, destruyendo la tierra y todo lo que produce, incluso prendiendo fuego a los cimientos de las montañas. (Sheol h7585)
၂၂ငါ​၏​အ​မျက်​တော်​သည်​မီး​ကဲ့​သို့​တောက်​လောင်​၍ မြေ​ကြီး​ပေါ်​တွင်​ရှိ​သ​မျှ​တို့​ကို​လောင်​ကျွမ်း စေ​မည်။ အ​မျက်​တော်​မီး​သည်​မ​ရ​ဏာ​နိုင်​ငံ တိုင်​အောင်​လည်း​ကောင်း၊ တောင်​အောက်​ခြေ​သို့​တိုင်​အောင်​လည်း​ကောင်း လောင်​လိမ့်​မည်။ (Sheol h7585)
23 Amontonaré desastres sobre ellos; usaré mis flechas para dispararles.
၂၃`` `ငါ​သည်​သူ​တို့​အား​ဘေး​ဒဏ်​များ​ကို အ​ဆက်​မ​ပြတ်​တွေ့​ကြုံ​စေ​မည်။ ငါ​၏​မြား​ကုန်​စင်​အောင်​သူ​တို့​ကို​ပစ်​ခွင်း​မည်။
24 Se consumirán por el hambre, destruidos por la enfermedad y la peste venenosa. Enviaré animales salvajes para que los muerdan con sus dientes, los colmillos de las serpientes que se deslizan por el suelo.
၂၄သူ​တို့​သည်​ငတ်​မွတ်၊ဖျား​နာ​၍​သေ​ကြ​လိမ့်​မည်။ ကြောက်​မက်​ဖွယ်​သော​ရော​ဂါ​များ​ဖြင့် သေ​ဆုံး​ကြ​လိမ့်​မည်။ သား​ရဲ​တိ​ရစ္ဆာန်​တို့​သည်​သူ​တို့​ကို ကိုက်​ဖြတ်​လိမ့်​မည်။ မြွေ​ဆိုး​တို့​သည်​သူ​တို့​ကို​ကိုက်​လိမ့်​မည်။
25 Afuera en las calles la espada mata a sus hijos, dentro de sus casas, mueren de miedo; jóvenes y mujeres jóvenes, niños y ancianos.
၂၅စစ်​ဘေး​ကြောင့်​လူ​တို့​သည်​လမ်း​များ​ပေါ်​၌ သေ​ဆုံး​ကြ​လိမ့်​မည်။ နေ​အိမ်​များ​တွင်​ကြောက်​မက်​ဖွယ်​ရာ​ဘေး​နှင့် တွေ့​ကြုံ​ရ​လိမ့်​မည်။ ယောကျာ်း​ပျို​နှင့်​မိန်း​မ​ပျို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။ နို့​စို့​က​လေး​နှင့်​အ​ဖိုး​အို​တို့​သေ​ဆုံး​ရ​ကြ​လိမ့်​မည်။
26 Les habría dicho que iba a cortarlos en pedazos y borrar incluso su memoria;
၂၆ငါ​သည်​သူ​တို့​ကို​တစ်​ယောက်​မ​ကျန် သုတ်​သင်​ဖျက်​ဆီး​ပစ်​မည်​ဟု​အ​ကြံ​ရှိ​၏။
27 Pero no quería oír a sus conquistadores burlándose, sus enemigos malinterpretando lo que había pasado y diciendo: “Ganamos por nuestra propia cuenta, el Señor no tuvo nada que ver”.
၂၇သို့​ရာ​တွင်​သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ တို့​၏ အ​စွမ်း​ကြောင့် ငါ​၏​လူ​မျိုး​တော်​ကို​အောင်​မြင်​သည်​ဟူ​၍ ဝါ​ကြွား​ခွင့်​ကို​ငါ​ပေး​မည်​မ​ဟုတ်။'
28 Israel es una nación que no piensa con claridad; ninguno de ellos entiende nada.
၂၈``ဣ​သ​ရေ​လ​လူ​မျိုး​သည်​စဉ်း​စား​ဉာဏ်​မ​ရှိ၊ အ​သိ​ဉာဏ်​ကင်း​မဲ့​ကြ​၏။
29 ¡Cómo me gustaría que fueran sabios, para que pudieran entenderlo; así reconocerían cuál puede ser su fin!
၂၉သူ​တို့​သည်​မည်​သည့်​အ​ကြောင်း​ကြောင့် စစ်​ရှုံး​ရ​သည်​ကို​မ​သိ​ကြ။ ဖြစ်​ပျက်​သည့်​အ​ကြောင်း​အ​ရာ​ကို​လည်း နား​မ​လည်​နိုင်​ကြ။
30 ¿Cómo podría un hombre perseguir a mil, o dos hacer huir a diez mil, si su Roca de protección no los hubiera vendido, si el Señor no los hubiera entregado?
၃၀လူ​တစ်​ထောင်​တပ်​ကို​လူ​တစ်​ယောက် က​လည်း​ကောင်း၊ လူ​တစ်​သောင်း​တပ်​ကို​လူ​နှစ်​ယောက်​တို့ က​လည်း​ကောင်း အ​ဘယ်​ကြောင့်​နှိမ်​နင်း​နိုင်​ခဲ့​သ​နည်း။ သူ​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝရ​ဘု​ရား​သည် သူ​တို့​အား​စွန့်​ပစ်​တော်​မူ​သော​ကြောင့်​တည်း။ သူ​တို့​၏​တန်​ခိုး​ကြီး​သော​ဘု​ရား​သ​ခင်​သည် သူ​တို့​အား​ရန်​သူ​လက်​သို့​အပ်​တော်​မူ သော​ကြောင့်​တည်း။
31 La roca en la que confían no es como nuestra Roca, como incluso nuestros enemigos admiten.
၃၁သူ​တို့​၏​ရန်​သူ​များ​သည်​မိ​မိ​တို့​၏​ဘု​ရား​များ အား​နည်း​၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​ကဲ့​သို့ တန်​ခိုး​မ​ကြီး​ကြောင်း​သိ​ကြ​၏။
32 Pero su vid proviene de la vid de Sodoma, de los campos de Gomorra. Sus uvas son venenosas; son racimos amargos.
၃၂သူ​တို့​၏​ရန်​သူ​များ​သည်​သော​ဒုံ​မြို့​သား၊ ဂေါ​မော​ရ မြို့​သား​တို့​ကဲ့​သို့​အ​ကျင့်​ပျက်​လျက် ခါး​၍​အ​ဆိပ်​တောက်​သော​စ​ပျစ်​သီး​ကို​သီး​သည့် စ​ပျစ်​နွယ်​ပင်​ကဲ့​သို့​လည်းကောင်း၊
33 Su vino es el veneno de las serpientes, el veneno de las serpientes mortales.
၃၃မြွေ​အ​ဆိပ်​တောက်​သော​စ​ပျစ်​ရည် ကဲ့​သို့​လည်း​ကောင်း​ဖြစ်​ကြ​၏။
34 He guardado todo esto; está sellado en mis bóvedas.
၃၄``ထာ​ဝ​ရ​ဘု​ရား​သည်​သူ​တို့​၏​ရန်​သူ​များ ပြု​လုပ်​သ​မျှ​ကို​သိ​မြင်​တော်​မူ​သ​ဖြင့်၊ သူ​တို့​အား​ဒဏ်​ခတ်​ရန်​အ​ချိန်​ကို​စောင့်​ဆိုင်း နေ​တော်​မူ​၏။
35 Me aseguro de que se haga justicia, lo pagaré. Se acerca el momento en que caerán, se acerca el día del desastre, su perdición llegará pronto.
၃၅ထာ​ဝ​ရ​ဘု​ရား​သည်​ရန်​သူ​တို့​အား​ဒဏ်​ခတ်​၍ လက်​စား​ချေ​တော်​မူ​မည်။ သူ​တို့​ရှုံး​နိမ့်​ရ​သော​အ​ချိန်​ရောက်​လိမ့်​မည်။ သူ​တို့​ပျက်​စီး​ရ​သော​အ​ချိန်​နီး​ပြီ။
36 El Señor va a reivindicar a su pueblo; será misericordioso con sus siervos cuando vea que no les quedan fuerzas y que todos se han ido, ya sean esclavos o libres.
၃၆ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​လူ​မျိုး​တော်​၏ အင်​အား​ကုန်​သည့်​အ​ဖြစ်​ကို​မြင်​ရ​သော အ​ခါ သူ​တို့​အား​ကယ်​တင်​တော်​မူ​လိမ့်​မည်။ ကိုယ်​တော်​ရှင်​ကို​ဆည်း​ကပ်​ကိုး​ကွယ်​သူ​တို့ ခို​ကိုး​ရာ​မဲ့​သည့်​အ​ဖြစ်​ကို​မြင်​တော်​မူ​သော အ​ခါ သူ​တို့​အား​က​ရု​ဏာ​ပြ​တော်​မူ​လိမ့်​မည်။
37 Preguntará: ¿Qué pasó con tus dioses, la roca a la que acudiste para protegerte?
၃၇ထို​အ​ခါ​ထာ​ဝရ​ဘု​ရား​သည်​မိ​မိ​၏​လူ​မျိုး တော်​အား `သင်​တို့​ယုံ​ကြည်​ကိုး​စား​ရာ၊တန်​ခိုး​ကြီး​သော ဘု​ရား​များ​အ​ဘယ်​မှာ​ရှိ​သ​နည်း။
38 ¿Quién comió la grasa de sus sacrificios y bebió el vino de sus ofrendas? ¡Haz que vengan a ayudarte! ¡Haz que vengan a protegerte!
၃၈သင်​တို့​သည်​ထို​ဘု​ရား​များ​အား​ယဇ်​ကောင် မှ​အ​ဆီ အ​ဥ​နှင့်​စ​ပျစ်​ရည်​ကို​ပူ​ဇော်​ဆက်​သ​ခဲ့​ကြ​ပြီ။ ထို​ဘု​ရား​များ​သည်​ယ​ခု​ကြွ​လာ​၍​သင်​တို့ အား ကူ​မ​ပါ​လေ​စေ။ အ​မြန်​ကြွ​လာ​၍​ကယ်​တင်​ပါ​လေ​စေ။
39 ¡Escuchen! ¡Yo soy el único Dios! ¡No hay otro Dios excepto yo! Traigo la muerte y doy la vida; hiero y curo. Nadie puede ser rescatado de mi poder.
၃၉`` `ငါ​တစ်​ဆူ​တည်း​သာ​လျှင်​ဘု​ရား​ဖြစ် တော်​မူ​၏။ ငါ​သာ​လျှင်​စစ်​မှန်​သော​ဘု​ရား​ဖြစ်​၏။ ငါ​သည်​အ​သက်​ကို​ရုပ်​သိမ်း​ပိုင်​၏။ အ​သက်​ကို​ပေး​ပိုင်​၏။ ငါ​သည်​ဒဏ်​ရာ​ရ​စေ​နိုင်​၏။ ဒဏ်​ရာ​ကို​ပျောက်​ကင်း​စေ​နိုင်​၏။
40 Levanto mi mano al cielo y declaro solemnemente sobre mi vida eterna,
၄၀ငါ​သည်​နိစ္စ​ထာ​ဝ​ရ​အ​သက်​ရှင်​တော်​မူ သည့်​အ​တိုင်း ငါ​သည်​ကောင်း​ကင်​သို့​လက်​ကို​မြှောက်​၍ ကျိန်​ဆို​၏။
41 Cuando afile mi brillante espada y la recoja para ejecutar el juicio, pagaré a mis enemigos y castigaré a los que me odian como se merecen.
၄၁ငါ​သည်​ပြောင်​လက်​သော​ဋ္ဌား​ကို​သွေး​၍ တ​ရား​မျှ​တ​စွာ​စီ​ရင်​မည်။ ငါ​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​၍​ငါ့​အား မုန်း​သူ​တို့​ကို​ဒဏ်​စီ​ရင်​မည်။
42 Mis flechas se emborracharán de sangre, como mi espada come carne; la sangre de los muertos y capturados, las cabezas de los líderes del enemigo.
၄၂ငါ​၏​မြား​များ​တွင်​သူ​တို့​၏​သွေး​စက်​စီး ကျ​လိမ့်​မည်။ ငါ​၏​သန်​လျက်​သည်​ငါ့​အား​ဆန့်​ကျင်​သူ ရှိ​သ​မျှ​တို့​ကို​သုတ်​သင်​လိမ့်​မည်။ ငါ့​ကို​ရန်​ဖက်​ပြု​သူ​တို့​အား​တစ်​ယောက်​မ​ကျန် အ​ဆုံး​စီ​ရင်​မည်။ ဒဏ်​ရာ​ရ​သူ​နှင့်​သုံ့​ပန်း​များ​ပင်​လျှင် သေ​ဆုံး​ရ​လိမ့်​မည်။'
43 ¡Celebren con él! ¡Que todos los ángeles de Dios lo adoren! Celebren, extranjeros, con su pueblo; porque él pagará a los que mataron a sus hijos. Castigará a sus enemigos, y pagará a los que lo odien; purificará su tierra y su pueblo.
၄၃``တိုင်း​နိုင်​ငံ​တို့၊ထာ​ဝ​ရ​ဘု​ရား​၏​လူ​မျိုး တော်​ကို ချီး​ကူး​ကြ​လော့။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး​တော်​ကို​သတ်​သူ ရှိ​သ​မျှ​တို့​အား​ဒဏ်​ခတ်​တော်​မူ​မည်။ ကိုယ်​တော်​၏​ရန်​သူ​တို့​ကို​လက်​စား​ချေ​မည်။ မိ​မိ​လူ​မျိုး​တော်​၏​အ​ပြစ်​များ​ကို​လွှတ်​တော် မူ​မည်။''
44 Entonces Moisés vino con Josué hijo de Nun y recitó todas las palabras de esta canción para que el pueblo la escuchara.
၄၄မော​ရှေ​နှင့်​နုန်​၏​သား​ယော​ရှု​တို့​သည်​ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ကြား​နိုင်​လောက်​အောင် ဤ​သီ​ချင်း​ကို​ရွတ်​ဆို​ကြ​လေ​သည်။
45 Después de que Moisés terminó de recitar toda la canción a todos los israelitas,
၄၅မော​ရှေ​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​အား ဘု​ရား​သ​ခင်​၏​မိန့်​မှာ​ချက်​များ​ကို ဆင့်​ဆို​ပြီး​နောက်​ဆက်​လက်​၍၊-
46 les dijo: “Piensen en todas estas palabras que les he declarado hoy, para que puedan instruir a sus hijos a seguir cuidadosamente todo lo que está en esta ley.
၄၆``သင်​တို့​အား​ငါ​ယ​နေ့​ပေး​သ​မျှ​သော​ပညတ် တို့​ကို​စောင့်​ထိန်း​ကြ​လော့။ သင်​တို့​၏​သား​သ​မီး တို့​သည်​လည်း ဘု​ရား​သ​ခင်​၏​ပ​ညတ်​ရှိ​သ​မျှ ကို တစ်​သ​ဝေ​မ​တိမ်း​လိုက်​လျှောက်​စေ​ရန်​သွန် သင်​လော့။-
47 No traten estas palabras como triviales porque son su vida, y por ellas tendrán larga vida en el país que posean después de cruzar el Jordán”.
၄၇ဤ​ပညတ်​များ​သည်​အကျိုး​မဲ့​ဖြစ်​သည်​မ​ဟုတ်။ သင်​တို့​အ​သက်​ရှင်​ရာ​ရှင်​ကြောင်း​ဖြစ်​၏။ သင် တို့​သည်​ဤ​ပညတ်​တို့​ကို​စောင့်​ထိန်း​လျှင်​ယော်​ဒန် မြစ်​တစ်​ဖက်​ရှိ​သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင် ကြာ​ရှည်​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်'' ဟု​မှာ ကြား​လေ​သည်။
48 Ese mismo día el Señor le dijo a Moisés:
၄၈ထို​နေ့​၌​ပင်​ထာ​ဝ​ရ​ဘု​ရား​က​မော​ရှေ​အား၊-
49 “Sube a los montes de Abarim al monte Nebo, en la tierra de Moab, frente a Jericó, y mira la tierra de Canaán, que doy a los israelitas para que la posean.
၄၉``ယေ​ရိ​ခေါ​မြို့​တစ်​ဘက်​မော​ဘ​ပြည်​ရှိ​အာ​ဗ ရိမ်​တောင်​တန်း​သို့​သွား​၍ နေ​ဗော​တောင်​ထိပ်​ပေါ် သို့​တက်​လော့။ ထို​တောင်​ထိပ်​ပေါ်​မှ​နေ​၍ ဣ​သ​ရေ လ​အ​မျိုး​သား​တို့​အား ငါ​ပေး​မည့်​ခါနာန်​ပြည် ကို​မြော်​ကြည့်​လော့။-
50 “Allí, en el monte que has subido, morirás y te unirás a tu pueblo en la muerte, de la misma manera que tu hermano Aarón murió en el monte Hor y se unió a su pueblo.
၅၀သင်​၏​အစ်​ကို​အာ​ရုန်​သည်​ဟော​ရ​တောင်​ပေါ် တွင် အ​နိစ္စ​ရောက်​ရ​သည့်​နည်း​တူ သင်​သည်​လည်း ထို​တောင်​ပေါ်​၌​အ​နိစ္စ​ရောက်​ရ​မည်။-
51 “Porque allí, en las aguas de Meribá-Cades, en el desierto de Zin, me fueron infieles. Me representaste falsamente ante los israelitas cuando no me trataste como a un santo en presencia de ellos.
၅၁အ​ဘယ်​ကြောင့်​ဆို​သော်​သင်​တို့​နှစ်​ဦး​စ​လုံး သည် ဇိ​န​တော​ကန္တာ​ရ​ရှိ​ကာ​ဒေ​ရှ​မြို့​အ​နီး မေ​ရိ​ဘ​စမ်း​သို့​ရောက်​စဉ်​အ​ခါ​က ဣ​သ ရေ​လ​အ​မျိုး​သား​တို့​ရှေ့​တွင် ငါ့​အား​မ​ရို မ​သေ​ပြု​ကြ​သော​ကြောင့်​ဖြစ်​၏။-
52 Aunque verás el país que les doy a los israelitas desde lejos, no entrarás en él”.
၅၂သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ငါ​ပေး​သော​ပြည်​ကို​မ​ဝင်​ရ​ဘဲ အ​ဝေး​မှ မြင်​ရုံ​သာ​မြင်​ရ​မည်'' ဟု​မိန့်​တော်​မူ​၏။

< Deuteronomio 32 >