< 2 Reyes 3 >
1 Joram, hijo de Acab, se convirtió en rey de Israel en el año dieciocho del reinado de Josafat de Judá. Reinó en Samaria durante doce años.
၁ယုဒ ရှင်ဘုရင် ယောရှဖတ် နန်းစံဆယ် ရှစ် နှစ် တွင် ၊ အာဟပ် သား ယောရံ သည်ရှမာရိ မြို့၌ မင်းပြု ၍ ဣသရေလ နိုင်ငံကို စိုးစံ ၏
2 Sus hechos fueron malos a los ojos del Señor, pero no como los de su padre y su madre, pues se deshizo de la imagen de piedra de Baal que había hecho su padre.
၂ထိုမင်းသည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၏။ သို့ရာတွင် မိဘ ကဲ့သို့ မ ပြု။ ခမည်း တော်လုပ် သော ဗာလ ရုပ်တု ကို ပယ်ရှား ၏
3 Sin embargo, aún se aferró a los pecados que Jeroboam, hijo de Nabat, había hecho cometer a Israel; no los abandonó.
၃သို့သော်လည်း ဣသရေလ အမျိုးကို ပြစ်မှား စေ သော နေဗတ် ၏သား ယေရောဗောင် ပြုသောဒုစရိုက် အပြစ် ကို မ ရှောင် ၊ မှီဝဲ ၏
4 Mesha, rey de Moab, era criador de ovejas. Solía dar un tributo al rey de Israel de cien mil corderos y la lana de cien mil carneros.
၄မောဘ မင်းကြီး မေရှာ သည်သိုးထိန်း ကြီး ဖြစ် ၍ ၊ ဣသရေလ ရှင်ဘုရင် အား သိုးသငယ် တသိန်း နှင့် အမွေး ပါသောသိုးထီး တသိန်း ကို ဆက် ရ၏
5 Pero después de la muerte de Acab, el rey de Moab se rebeló contra el rey de Israel.
၅အာဟပ် သေ သောအခါ ၊ မောဘ မင်းကြီး သည် ဣသရေလရှင်ဘုရင်ကို ပုန်ကန်လေ၏
6 Inmediatamente el rey Joram convocó a todo el ejército israelita y salió de Samaria.
၆ထိုအခါ ယောရံ မင်းကြီး သည် ရှမာရိ မြို့ထဲ က ထွက် ၍ ဣသရေလ အမျိုးသားအပေါင်း တို့ကို စာရင်း ယူ၏
7 En su camino envió un mensaje a Josafat, rey de Judá, diciendo: “El rey de Moab se ha rebelado contra mí. ¿Te unirás a mí para atacar a Moab?” Josafat respondió: “Sí, me uniré a ti. Tú y yo somos como uno, mis hombres y tus hombres son como uno, y mis caballos y tus caballos son como uno”.
၇ယုဒ ရှင်ဘုရင် ယောရှဖတ် ထံ သို့လူကိုစေလွှတ် ၍ ၊ မောဘ မင်းကြီး သည် ငါ့ ကို ပုန်ကန် ပြီ။ မောဘ ပြည်ကို စစ်တိုက် ခြင်းငှါ ငါ နှင့်အတူ လိုက် မည်လော ဟု မေး လျှင် ၊ ယောရှဖတ်က ငါလိုက် မည်။ ငါ သည် မင်းကြီး ကဲ့သို့ ဖြစ်၏။ ငါ့ လူ တို့သည် မင်းကြီး ၏ လူ ကဲ့သို့ ၎င်း၊ ငါ့ မြင်း တို့သည် မင်းကြီး ၏ မြင်း ကဲ့သို့ ၎င်း ဖြစ်ကြသည်ဟု ပြန်ပြော ၏
8 Entonces preguntó: “¿Por qué camino iremos?” “Tomaremos el camino que atraviesa el desierto de Edom”, respondió.
၈အဘယ် လမ်း ဖြင့် စစ်ချီရမည်နည်းဟုမေး သော် ၊ ဧဒုံ တော လမ်း ဖြင့် ချီ ရမည်ဟုပြန်ပြော ၏
9 Así que el rey de Israel, el rey de Judá y el rey de Edom se pusieron en marcha. Después de seguir una ruta indirecta durante siete días, se quedaron sin agua para su ejército y para sus animales.
၉ထိုသို့ ဣသရေလ ရှင်ဘုရင် ၊ ယုဒ ရှင်ဘုရင် ၊ ဧဒုံ ရှင် ဘုရင်တို့သည် ဝိုင်း ၍ ခုနှစ် ရက် ခရီး သွား ကြ၏။ ဗိုလ်ခြေ များ သောက်စရာ၊ ပါသောတိရစ္ဆာန် များသောက် စရာ ရေ မ ရှိ။
10 “¿Qué estamos haciendo?”, se quejó el rey de Israel. “¡El Señor nos ha traído aquí a tres reyes para entregarnos a los moabitas!”.
၁၀ဣသရေလ ရှင်ဘုရင် က၊ ခက် လှပြီ။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို ၏
11 Pero Josafat preguntó: “¿No hay aquí con nosotros un profeta del Señor? Consultemos al Señor por medio de él”. Uno de los oficiales del rey de Israel respondió: “Eliseo, hijo de Safat, está aquí. Era el ayudante de Elías”.
၁၁ယောရှဖတ် ကလည်း၊ ထာဝရဘုရား ၌ မေး လျှောက် မည်အကြောင်း ၊ ထာဝရဘုရား ၏ ပရောဖက် တယောက်မျှမ ရှိသလောဟုမေး လျှင် ၊ ဣသရေလ ရှင်ဘုရင် ၏ ကျွန် တယောက် က၊ ဧလိယ လက် ထောက် ရှာဖတ် သား ဧလိရှဲ ရှိပါ၏ဟု လျှောက် သော်၊ “
12 Josafat aceptó: “El Señor se comunica por medio de él”. Así que el rey de Israel, Josafat y el rey de Edom fueron a verlo.
၁၂ယောရှဖတ် က၊ ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် သူ ၌ရှိ တော်မူသည်ဟုဆို လျက် ၊ ရှင် ဘုရင်သုံးပါးတို့သည် ဧလိရှဲ ထံသို့ သွား ကြ၏
13 Eliseo le dijo al rey de Israel: “¿Qué tengo que ver contigo? Ve con tus propios profetas, los de tu padre y tu madre”. Pero el rey de Israel le dijo: “¡No, porque es el Señor quien ha traído aquí a estos tres reyes para entregarlos a los moabitas!”
၁၃ဧလိရှဲ သည် ဣသရေလ ရှင်ဘုရင် အား လည်း ၊ ငါ သည်သင် နှင့် အဘယ် သို့ဆိုင်သနည်း။ သင့် အဘ ၏ ပရောဖက် ၊ သင့်အမိ ၏ ပရောဖက် တို့ထံသို့ သွား လော့ဟု ဆို လျှင် ၊ ဣသရေလ ရှင်ဘုရင် က၊ မ ဆိုပါနှင့်။ ထာဝရဘုရား သည် ဤ ရှင်ဘုရင် သုံး ပါးတို့ကို မောဘ လူတို့ လက် သို့ အပ် ခြင်းငှါ စုဝေး စေတော်မူသည်တကားဟု ဆို သော်၊ “
14 Eliseo respondió: “Vive el Señor Todopoderoso, a quien sirvo, si no respetara el hecho de que Josafat, rey de Judá, está aquí, ni siquiera miraría en tu dirección ni te reconocería.
၁၄ဧလိရှဲ က၊ ငါကိုးကွယ် သော ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား အသက်ရှင် တော်မူသည် အတိုင်း၊ အကယ်၍ယုဒ ရှင်ဘုရင် ယောရှဖတ် ၏ မျက်နှာ ကို ငါ မ ထောက် လျှင်၊ သင့် ကို ငါမ ကြည့် မ မြင် လို
15 Ahora tráeme un músico”. Mientras el músico tocaba, el poder del Señor cayó sobre Eliseo,
၁၅စောင်းသမားကို ခေါ်ခဲ့ဟုဆို၍ စောင်းသမား သည် တီး သောအခါ ၊ ထာဝရဘုရား ၏ လက် တော်သည် ဧလိရှဲ အပေါ် သို့ ရောက် ၍၊ “
16 y anunció: “Esto es lo que dice el Señor: Este valle se llenará de estanques de agua. Porque el Señor dice:
၁၆ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဤ ချိုင့် ပတ်လည် ၌ ဆယ် ပေါင်းတို့ကို လုပ် ကြလော့
17 No verás viento, no verás lluvia, pero aun así este valle se llenará de agua. Beberás tú, y tu ganado, y tus animales.
၁၇အကြောင်း မူကား၊ သင် တို့နှင့် တိရစ္ဆာန် တို့သည် သောက် စရာဘို့ လေ မ လာ ၊ မိုဃ်း မ ရွာ ဘဲ ဤ ချိုင့် သည် ရေ နှင့် ပြည့် လိမ့်မည်
18 El Señor considera que esto es algo trivial, y también te hará victorioso sobre los moabitas.
၁၈ထို အမှုသည် ထာဝရဘုရား ရှေ့ တော်၌ သာမည အမှုဖြစ်သေး၏။ မောဘ လူတို့ကိုလည်း သင် တို့လက် သို့ အပ် တော်မူမည်
19 Conquistarás toda ciudad fortificada y toda ciudad importante. Cortarás todos los árboles buenos, bloquearás todos los manantiales y arruinarás todos los campos buenos arrojando piedras sobre ellos”.
၁၉သင်တို့သည် ခိုင်ခံ့ ထူးဆန်းသော မြို့ ရှိသမျှ တို့ကို လုပ်ကြံ ကြလိမ့်မည်။ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြလိမ့်မည်။ ရေ တွင်း ရှိသမျှ တို့ကို မြေ ဖို့ကြလိမ့်မည်။ ကောင်း သော မြေကွက် ရှိသမျှ တို့ကို ကျောက်ခဲ နှင့် ဖျက် ကြ လိမ့်မည်ဟု မိန့် တော်မူ၏
20 Al día siguiente, alrededor de la hora del sacrificio matutino, el agua fluyó repentinamente desde la dirección de Edom, llenando de agua todo el campo.
၂၀နံနက် အချိန် ဘောဇဉ် ပူဇော်သက္ကာကို ပူဇော် သောအခါ ၊ ရေ သည် ဧဒုံ လမ်း ဖြင့် လာ ၍ တပြည်လုံး ကို လွှမ်း လေ၏
21 Todos los moabitas habían oído que los reyes habían venido a atacarlos. Así que todos los que podían llevar una espada, jóvenes y viejos, fueron llamados y fueron a vigilar la frontera.
၂၁ရှင် ဘုရင်တို့သည် စစ်ချီ၍ လာ ကြောင်း ကို မောဘ ပြည်သားအပေါင်း တို့သည် ကြား သောအခါ၊ လက်နက်ဆောင်သောသူ အကြီးအငယ်ရှိသမျှ တို့ကို စုဝေး စေ၍ ၊ ပြည် စွန်းနား မှာ တပ်ချ ကြ၏
22 Pero a la mañana siguiente, cuando se levantaron, el sol brillaba sobre el agua, y a los moabitas del otro lado les pareció roja como la sangre.
၂၂နံနက် စောစောထ သောအခါ ၊ ရေ ပေါ် မှာ နေ ရောင်ထင် ၍ ၊ ပြည် တဘက် ၌ ရေ သည်အသွေး ကဲ့သို့ နီ သည်ကို မောဘ ပြည်သားတို့သည် မြင် ကြလျှင်၊”
23 “¡Esto es sangre!”, dijeron. “¡Los reyes y sus ejércitos deben haberse atacado y matado! Moabitas, vamos a coger el botín”.
၂၃အသွေး ဖြစ်၏။ စင်စစ်ရှင် ဘုရင်တို့သည် တယောက် ကိုတယောက်လုပ်ကြံ ၍ သေ ကြပြီ။ သို့ဖြစ်၍ မောဘ ပြည်သားတို့၊ လု ယူကြလော့ဟု ဆို ကြ၏
24 Pero cuando los moabitas llegaron al campamento israelita, los israelitas salieron corriendo y los atacaron, y ellos huyeron de ellos. Entonces los israelitas invadieron su país y mataron a los moabitas.
၂၄ဣသရေလ တပ် သို့ ရောက် သောအခါ ၊ ဣသရေလ လူတို့သည် ထ ၍ မောဘ ပြည်သားတို့ကို လိုက် သဖြင့် သူတို့သည် ပြေး ကြ၏။ ဣသရေလ လူတို့သည် မောဘ ပြည်ထဲသို့ တိုင်အောင်လိုက် ၍ လုပ်ကြံ ကြ၏
25 Destruyeron las ciudades, y cada soldado arrojó piedras sobre todo campo bueno hasta cubrirlo. Bloquearon todos los manantiales y cortaron todos los árboles buenos. Sólo Quir Jaréset conservaba sus murallas, pero los soldados, usando hondas, la rodearon y la atacaron también.
၂၅မြို့ တို့ကိုဖြိုဖျက် ကြ၏။ ကောင်း သော မြေကွက် ရှိသမျှ တို့အပေါ်မှာ လူ အပေါင်းတို့သည် ကျောက်ခဲ ပစ်ချ ၍ ဖုံးလွှမ်း ကြ၏။ ရေ တွင်း ရှိသမျှ တို့ကိုလည်း မြေ ဖို့ ၍ ၊ အသုံး ဝင်သော သစ်ပင် ရှိသမျှ တို့ကို ခုတ် လှဲကြ၏။ ကိရဟရက် မြို့၌ သာ မြို့ရိုး ကို ချန် ထားရာတွင်၊ လောက်လွှဲ သမားတို့သည် ဝိုင်း ၍ ပစ် ကြ၏
26 Cuando el rey de Moab se dio cuenta de que había perdido la batalla, dirigió a setecientos espadachines para intentar abrirse paso y atacar al rey de Edom, pero no pudieron hacerlo.
၂၆မောဘ မင်းကြီး သည် အတိုက်မခံနိုင်သည်ကို သိ သောအခါ ၊ ထား ကိုင် သောသူ ခုနစ် ရာ ကို ခေါ် ၍ ဧဒုံ ရှင်ဘုရင် ၏ တပ် ကို ဖျက် မည်ဟု အားထုတ် သော်လည်း မ ဖျက်နိုင်။
27 Entonces el rey de Moab tomó a su hijo primogénito, que estaba destinado a sucederlo, y lo sacrificó como holocausto en el muro de la ciudad. Un gran enojo se apoderó de los israelitas, así que se fueron y regresaron a su país.
၂၇နောက်မှ မိမိ ကိုယ်စား နန်း ထိုင်ထိုက်သော သားဦး ကို ယူ ၍ မြို့ရိုး ပေါ် မှာ မီးရှို့ ရာယဇ်ပြု လေ၏။ ဣသရေလ အမျိုးသားတို့သည် သူတပါးအမျက် ထွက်ခြင်း ကို ခံရ သောကြောင့် ၊ ထိုပြည်ကို ထား ၍ ကိုယ် ပြည် သို့ ပြန်သွား ကြ၏