< 2 Crónicas 9 >

1 La reina de Saba se enteró de la fama de Salomón y vino a Jerusalén para ponerle a prueba con preguntas difíciles. Trajo consigo un séquito muy numeroso, con camellos cargados de especias, grandes cantidades de oro y piedras preciosas. Se acercó a Salomón y le preguntó todo lo que tenía en mente.
ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​၏​ဂုဏ် သတင်း​ကို​ကြား​သိ​ရ​သ​ဖြင့် ခက်​ခဲ​သော​ပုစ္ဆာ များ​ဖြင့်​မင်း​ကြီး​အား​ပ​ညာ​စမ်း​ရန်​ယေ​ရု ရှ​လင်​မြို့​သို့​ကြွ​လာ​တော်​မူ​၏။ ဘု​ရင်​မ သည်​များ​စွာ​သော​အ​ခြွေ​အ​ရံ​လိုက်​ပါ လျက်​နံ့​သာ​မျိုး​များ၊ ကျောက်​မျက်​ရ​တ​နာ များ၊ ရွှေ​အ​မြောက်​အ​မြား​တင်​ဆောင်​သည့် ကု​လား​အုတ်​များ​နှင့်​ရောက်​ရှိ​လာ​လေ​သည်။ သူ​သည်​မင်း​ကြီး​၏​ရှေ့​တော်​သို့​ရောက်​ရှိ လာ​သော​အ​ခါ​မိ​မိ​စဉ်း​စား​ရ​သ​မျှ​သော ပုစ္ဆာ​တို့​ကို​မေး​တော်​မူ​၏။-
2 Salomón respondió a todas sus preguntas. No había nada que no pudiera explicarle.
မင်း​ကြီး​သည်​တစ်​ခု​မ​ကျန်​ဖြေ​ကြား​တော်​မူ သည်။ မင်း​ကြီး​မ​ဖြေ​ရှင်း​နိုင်​သော​ပုစ္ဆာ​ဟူ​၍ မ​ရှိ။-
3 Cuando la reina de Saba vio la sabiduría de Salomón y el palacio que había construido,
ရှေ​ဘ​ပြည်​ဘု​ရင်​မ​သည်​ရှော​လ​မုန်​ထံ​မှ ဉာဏ်​ပညာ​နှင့်​ယှဉ်​သော​စ​ကား​များ​ကို​ကြား ၍ သူ​ဆောက်​လုပ်​ထား​သည့်​နန်း​တော်​ကို​မြင် တော်​မူ​၏။-
4 la comida que había en la mesa, cómo vivían sus funcionarios, cómo funcionaban sus sirvientes y cómo estaban vestidos, las ropas de los camareros y los holocaustos que presentaba en el Templo del Señor, quedó tan asombrada que apenas podía respirar.
ဘု​ရင်​မ​သည်​မင်း​ကြီး​ပွဲ​တော်​တည်​သော အ​စား​အ​စာ​များ၊ မှူး​မတ်​တို့​၏​နေ​အိမ် များ၊ နန်း​တော်​အ​မှု​ထမ်း​အ​ရာ​ထမ်း​များ အား​ဖွဲ့​စည်း​ပုံ​နှင့်​သူ​တို့​ဝတ်​ဆင်​ကြ​သည့် ဆင်​တူ​ဝတ်​စုံ​များ၊ ပွဲ​လမ်း​သ​ဘင်​အ​ခါ​တွင် မင်း​ကြီး​အား​ခ​စား​ရ​သူ​အ​စေ​ခံ​များ​နှင့် သူ​တို့​၏​ဝတ်စုံ​များ၊ ဗိ​မာန်​တော်​တွင်​မင်း ကြီး​ပူ​ဇော်​သည့်​ယဇ်​များ​ကို​တွေ့​မြင်​သော အ​ခါ​လွန်​စွာ​အံ့​သြ​လေ​သည်။
5 Le dijo al rey: “Es cierto lo que he oído en mi país sobre tus proverbios ¡y tu sabiduría!
ဘု​ရင်​မ​က​မင်း​ကြီး​အား``အ​ကျွန်ုပ်​သည် ကျွန်ုပ်​၏​တိုင်း​ပြည်​တွင်​ရှိ​စဉ်​အ​ခါ​က​အ​ဆွေ တော်​နှင့်​အ​ဆွေ​တော်​၏​ဉာဏ်​ပ​ညာ​အ​ကြောင်း ကို​ကြား​သိ​ခဲ့​ရ​သည့်​သ​တင်း​သည်​မှန်​ပါ သည်​တ​ကား။-
6 Pero no creí lo que me dijeron hasta que vine y lo vi con mis propios ojos. De hecho, no me contaron ni la mitad: ¡la extensión de tu sabiduría supera con creces lo que he oído!
ကိုယ်​တိုင်​မျက်​မြင်​ဒိ​ဌ​မ​တွေ့​မ​မြင်​ရ​မီ အ​ခါ​က​ထို​သ​တင်း​ကို​ကျွန်ုပ်​မ​ယုံ​ပါ။ အ​ဆွေ တော်​သည်​လူ​တို့​ပြော​ဆို​နေ​ကြ​သည်​ထက်​ပင် ပို​၍​ဉာဏ်​ပ​ညာ​ရှိ​တော်​မူ​ပါ​၏။-
7 ¡Qué feliz debe ser tu pueblo! ¡Qué felices los que trabajan para ti, los que están aquí cada día escuchando tu sabiduría!
အ​ဆွေ​တော်​၏​အ​ပါး​တော်​တွင်​အ​စဉ်​ခ​စား လျက် အ​ဆွေ​တော်​ထံ​မှ​ဉာဏ်​ပ​ညာ​နှင့်​ယှဉ် သော​စ​ကား​များ​ကို​ကြား​ရ​သူ​တို့​သည် အ​လွန်​မင်္ဂ​လာ​ရှိ​ကြ​ပါ​သည်​တ​ကား။-
8 Alabado sea el Señor, tu Dios, que tanto se complace en ti, que te puso en su trono como rey para gobernar en su nombre. Por el amor de tu Dios a Israel los ha asegurado para siempre, y te ha hecho rey sobre ellos para que hagas lo justo y lo correcto”.
အ​ဆွေ​တော်​၏​ဘုရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား အား​ထော​မ​နာ​ပြု​ကြ​ပါ​စေ​သ​တည်း။ ကိုယ် တော်​သည်​အ​ဆွေ​တော်​ကို​လွန်​စွာ​နှစ်​သက် မြတ်​နိုး​တော်​မူ​သည်​ဖြစ်​၍ မိ​မိ​၏​ကိုယ်​စား အုပ်​စိုး​နိုင်​ရန်​ဣသ​ရေ​လ​ဘု​ရင်​အ​ဖြစ်​ချီး မြှောက်​တော်​မူ​ပြီ။ ကိုယ်​တော်​သည်​မိ​မိ​လူ​မျိုး တော်​ဣသ​ရေ​လ​အ​မျိုး​သား​တို့​အား​ချစ် တော်​မူ​၍​ထာ​ဝစဉ်​စောင့်​ရှောက်​တော်​မူ​လို သ​ဖြင့်​တ​ရား​ဥ​ပ​ဒေ​စိုး​မိုး​မှု​နှင့်​တ​ရား မျှ​တ​မှု​ရှိ​နိုင်​စေ​ရန်​အ​ဆွေ​တော်​အား သူ​တို့​၏​ဘု​ရင်​အ​ဖြစ်​ဖြင့်​ချီး​မြှောက် တော်​မူ​ပြီ'' ဟု​ပြော​၏။
9 Presentó al rey ciento veinte talentos de oro, enormes cantidades de especias y piedras preciosas. Nunca antes había habido especias como las que la reina de Saba regaló al rey Salomón.
ဘု​ရင်​မ​သည်​ရှော​လ​မုန်​မင်း​အား​ရွှေ​ချိန် ငါး​တန်၊ နံ့​သာ​မျိုး​နှင့်​ကျောက်​မျက်​ရ​တ​နာ အ​မြောက်​အ​မြား​ကို​လက်​ဆောင်​အ​ဖြစ်​ပေး ဆက်​တော်​မူ​၏။ ရှော​လ​မုန်​မင်း​အား​ရှေ​ဘ ပြည်​ဘု​ရင်​မ​ပေး​ဆက်​သည့်​နံ့​သာ​မျိုး ကဲ့​သို့​ကောင်း​သည့်​နံ့​သာ​မျိုး​ကို​နောင် အ​ဘယ်​အ​ခါ​၌​မျှ​မ​တွေ့​ရ​တော့​ချေ။
10 (Hiram y los hombres de Salomón, que trajeron oro de Ofir, también trajeron madera de algum y piedras preciosas.
၁၀(သြ​ဖိ​ရ​မြို့​မှ​ရွှေ​ကို​ယူ​ဆောင်​လာ​သော ဟိ​ရံ​မင်း​နှင့်​ရှော​လ​မုန်​မင်း​၏​လူ​တို့​သည် ထင်း​ရှူး​သား​နှင့်​ကျောက်​မျက်​ရ​တ​နာ​များ ကို​လည်း​ယူ​ဆောင်​လာ​ကြ​၏။-
11 El rey utilizó la madera de algum para hacer escalones para el Templo y para el palacio real, y en liras y arpas para los músicos. Nunca se había visto nada igual en el país de Judá).
၁၁ရှော​လ​မုန်​သည်​ထင်း​ရှူး​သား​ကို​ဗိ​မာန်​တော်​နှင့် မိ​မိ​၏​နန်း​တော်​လှေ​ကား​များ​ပြု​လုပ်​ရာ​တွင် လည်း​ကောင်း၊ ဂီ​တ​ဆ​ရာ​များ​အ​တွက်​စောင်း ကြီး​စောင်း​ငယ်​များ​ပြု​လုပ်​ရာ​တွင်​လည်း ကောင်း​အ​သုံး​ပြု​တော်​မူ​၏။ ထို​မျှ​ကောင်း သော​ထင်း​ရှူး​သား​မျိုး​ကို ယ​ခင်​အ​ဘယ်​အ​ခါ က​မျှ​ယု​ဒ​ပြည်​တွင်​မ​တွေ့​မ​မြင်​ဘူး​ကြ။)
12 El rey Salomón dio a la reina de Saba todo lo que quiso, todo lo que pidió. Esto era mucho más de lo que ella había traído al rey. Luego, ella y sus acompañantes regresaron a su país.
၁၂ရှော​လ​မုန်​မင်း​သည်​ဘု​ရင်​မ​ထံ​မှ​ရ​ရှိ​သည့် လက်​ဆောင်​များ​အ​တွက် မိ​မိ​ပြန်​လည်​ပေး​သည့် လက်​ဆောင်​များ​အ​ပြင်​ဘု​ရင်​မ​အ​လို​ရှိ သ​မျှ​သော​အ​ရာ​များ​ကို​ပေး​တော်​မူ​၏။ ထို နောက်​ဘု​ရင်​မ​နှင့်​အ​ခြွေ​အ​ရံ​တို့​သည် ရှေ​ဘ​ပြည်​သို့​ပြန်​သွား​ကြ​၏။
13 El peso del oro que Salomón recibía cada año era de 666 talentos,
၁၃ကုန်​သည်​တို့​ပေး​သွင်း​သည့်​အ​ခွန်​တော်​များ အပြင်​နှစ်​စဉ်​နှစ်​တိုင်း​ရှော​လ​မုန်​မင်း​ထံ​ဆက် သွင်း​ရ​သော​ရွှေ​ချိန်​မှာ​နှစ်​ဆယ့်​ငါး​တန်​ကျော် ကျော်​ဖြစ်​၏။ အာ​ရပ်​ဘု​ရင်​များ​နှင့်​ဣသ​ရေ​လ နယ်​မြေ​ဘု​ရင်​ခံ​များ​က​လည်း​မင်း​ကြီး​ထံ ရွှေ၊ နှင့်​ငွေ​များ​ကို​ဆက်​သွင်း​ရ​ကြ​သည်။-
14 sin incluir el que recibía de los comerciantes y mercaderes. Todos los reyes de Arabia y los gobernadores del país también le llevaban oro y plata a Salomón.
၁၄
15 El rey Salomón hizo doscientos escudos de oro martillado. Cada escudo requería seiscientos siclos de oro martillado.
၁၅ရှော​လ​မုန်​သည်​တစ်​ဆယ့်​ငါး​ပေါင်​နီး​ပါး စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့်​မွမ်း​မံ​ထား​သည့် ဒိုင်း​ကြီး​နှစ်​ရာ၊-
16 También hizo trescientos escudos pequeños de oro martillado. Cada uno de estos escudos requería trescientas monedas de oro. El rey los colocó en el Palacio del Bosque del Líbano.
၁၆ရှစ်​ပေါင်​နီး​ပါး​စီ​ရှိ​သည့်​ရွှေ​ပြား​များ​ဖြင့် မွမ်း​မံ​ထား​သော​ဒိုင်း​ငယ်​သုံး​ရာ​ကို​ပြု​လုပ် တော်​မူ​သည်။ သူ​သည်​ထို​ဒိုင်း​အား​လုံး​ကို လေ​ဗ​နုန်​တော​ခန်း​မ​ဆောင်​တွင်​ထား​ရှိ စေ​၏။
17 El rey hizo también un gran trono de marfil y lo cubrió de oro puro.
၁၇မင်း​ကြီး​သည်​တစ်​ပိုင်း​ကို​ဆင်​စွယ်​ဖြင့်​လည်း ကောင်း၊ ကျန်​တစ်​ပိုင်း​ကို​ရွှေ​စင်​ဖြင့်​လည်း ကောင်း​မွမ်း​မံ​ထား​သော​ရာ​ဇ​ပလ္လင်​ကြီး ကို​ပြု​လုပ်​စေ​တော်​မူ​၏။-
18 El trono tenía seis escalones, con un escabel de oro adosado. A ambos lados del asiento había reposabrazos, con leones de pie junto a los reposabrazos.
၁၈ထို​ရာ​ဇ​ပလ္လင်​သို့​တတ်​ရန်​လှေ​ကား​ခြောက် ထစ်​ရှိ​လေ​သည်။ ရာ​ဇ​ပလ္လင်​နှင့်​တစ်​စပ်​တည်း ရွှေ​ဖြင့်​မွမ်း​မံ​ထား​သော​ခြေ​တော်​တင်​ခုံ​ရှိ​၏။ ရာ​ဇ​ပလ္လင်​၏​တစ်​ဖက်​တစ်​ချက်​တွင်​လက်​ရုံး တန်း​တစ်​ခု​စီ​ရှိ​၍​ယင်း​တို့​၏​နံ​ဘေး​တွင် ရပ်​လျက်​နေ​သော​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ ရှိ​၏။-
19 En los seis escalones había doce leones, uno en cada extremo de cada escalón. Nunca se había hecho nada parecido para ningún reino.
၁၉လှေ​ကား​ထစ်​များ​၏​အ​စွန်း​တစ်​ဖက်​တစ်​ချက် စီ​တွင်​ခြင်္သေ့​ရုပ်​တစ်​ကောင်​စီ​ဖြင့်​ခြင်္သေ့​ရုပ်​တစ် ဆယ့်​နှစ်​ကောင်​ရှိ​လေ​သည်။ အ​ခြား​အ​ဘယ် တိုင်း​ပြည်​တွင်​မျှ​ဤ​ကဲ့​သို့​သော​ရာ​ဇ​ပလ္လင် မျိုး​မ​ရှိ​ခဲ့​ဘူး​ချေ။
20 Todas las copas del rey Salomón eran de oro, y todos los utensilios del Palacio del Bosque del Líbano eran de oro puro. No se usó plata, porque no era valorada en los días de Salomón.
၂၀ရှော​လ​မုန်​မင်း​၏​သောက်​တော်​ရေ​ဖ​လား​မှန် သ​မျှ​သည်​ရွှေ​ဖြင့်​ပြီး​၍ လေ​ဗ​နုန်​တော​ခန်း မ​ဆောင်​တွင်​ရှိ​သ​မျှ​သော​ခွက်​ယောက်​အ​သုံး အ​ဆောင်​များ​သည်​လည်း​ရွှေ​စင်​ဖြင့်​ပြီး သ​တည်း။ ရှော​လ​မုန်​၏​ခေတ်​၌​ငွေ​ကို​တန် ဖိုး​မ​ထား​ကြ။-
21 El rey tenía una flota de barcos de Tarsis tripulada por marineros de Hiram. Una vez cada tres años los barcos de Tarsis llegaban con un cargamento de oro, plata, marfil, monos y pavos reales.
၂၁မင်း​ကြီး​၌​ဟိရံ​မင်း​၏​သင်္ဘော​စု​နှင့်​အ​တူ​ပင် လယ်​သွား​သင်္ဘော​များ​ရှိ​၏။ သူ​၏​သင်္ဘော​တို့ သည် ရွှေ၊ ငွေ၊ ဆင်​စွယ်၊ လူ​ဝံ​နှင့်​မျောက်​များ​ကို တင်​ဆောင်​၍​သုံး​နှစ်​တစ်​ကြိမ်​ပြန်​လည်​ရောက် ရှိ​လေ​သည်။-
22 El rey Salomón era más grande que cualquier otro rey de la tierra en riqueza y sabiduría.
၂၂ရှော​လ​မုန်​မင်း​သည်​ကမ္ဘာ​ပေါ်​ရှိ​ဘု​ရင်​တ​ကာ တို့​ထက်​ချမ်း​သာ​ကြွယ်​ဝ​၍​ဉာဏ်​ပ​ညာ​ရှိ တော်​မူ​၏။-
23 Todos los reyes de la tierra querían conocer a Salomón para escuchar la sabiduría que Dios había puesto en su mente.
၂၃သူ​တို့​သည်​ရှော​လ​မုန်​အား​ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ဉာဏ်​ပ​ညာ​တော်​နှင့် ယှဉ် သည့်​စ​ကား​များ​ကြား​နာ​ရန်​သူ့​ထံ​သို့ လာ​ရောက်​ကြ​၏။-
24 Año tras año, todos los visitantes traían regalos: objetos de plata y oro, ropa, armas, especias, caballos y mulas.
၂၄ထို​သူ​အ​သီး​သီး​တို့​သည်​ရွှေ​ထည်၊ ငွေ​ထည်၊ အ​ဝတ်​ထည်၊ လက်​နက်၊ နံ့​သာ​မျိုး၊ မြင်း​နှင့် လား​တို့​ကို​လက်​ဆောင်​အ​ဖြစ်​ဖြင့်​ရှော​လ​မုန် ထံ​နှစ်​စဉ်​ဆက်​သ​ကြ​လေ​သည်။
25 Salomón tenía cuatro mil establos para caballos y carros, y doce mil jinetes. Los mantuvo en las ciudades de los carros, y también con él en Jerusalén.
၂၅ရှော​လ​မုန်​မင်း​တွင်​စစ်​ရ​ထား​များ​နှင့်​မြင်း​များ အ​တွက်​မြင်း​စောင်း​လေး​ထောင်​ရှိ​၍​တိုက်​မြင်း တစ်​သောင်း​နှစ်​ထောင်​လည်း​ရှိ​လေ​သည်။ ထို​မြင်း အ​ချို့​တို့​ကို​ယေ​ရု​ရှ​လင်​မြို့​၌​လည်း​ကောင်း၊ အ​ချို့​တို့​ကို​အ​ခြား​မြို့​များ​၌​လည်း​ကောင်း ထား​ရှိ​တော်​မူ​၏။-
26 Dominó a todos los reyes desde el río Éufrates hasta el país de los filisteos y hasta la frontera con Egipto.
၂၆ရှော​လ​မုန်​သည်​ဥ​ဖ​ရတ်​မြစ်​မှ​သည်​ဖိ​လိတ္တိ ပြည်​နှင့်​အီ​ဂျစ်​ပြည်​နယ်​စပ်​တိုင်​အောင် အ​ရပ် ရပ်​ရှိ​ဘု​ရင်​တို့​ကို​အုပ်​စိုး​ရ​၏။-
27 El rey hizo que en Jerusalén abundara la plata como las piedras, y la madera de cedro como los sicómoros en las estribaciones.
၂၇သူ​၏​လက်​တော်​၌​ယေရု​ရှ​လင်​မြို့​တွင်​ငွေ​သည် ကျောက်​ခဲ​ကဲ့​သို့​လည်း​ကောင်း၊ သစ်​က​တိုး​သား သည်​ယု​ဒ​တောင်​ခြေ​တွင်​အ​လေ့​ကျ​ပေါက် သော​သ​ဖန်း​ပင်​ကဲ့​သို့​လည်း​ကောင်း​ပေါ​များ လေ​သည်။-
28 Los caballos de Salomón fueron importados de Egipto y de muchas otras tierras.
၂၈ရှော​လ​မုန်​သည်​မြင်း​များ​ကို​မု​သ​ရိ ခေါ်​အီ​ဂျစ်​နှင့်​အ​ခြား​တိုင်း​ပြည်​များ​မှ တင်​သွင်း​ခဲ့​သည်။
29 El resto de los hechos de Salomón, desde el principio hasta el final, están escritos en las Actas de Natán el Profeta, en la Profecía de Ahías el Silonita y en las Visiones de Iddo el Vidente acerca Jeroboam, hijo de Nabat.
၂၉ကြွင်း​ကျန်​သော​ရှော​လ​မုန်​၏​အ​ကြောင်း​ကို အ​စ​မှ​အ​ဆုံး​တိုင်​အောင်​ပ​ရော​ဖက်​နာ​သန် ၏​ကျမ်း၊ ရှိလော​မြို့​သား​အ​ဟိ​ယ​၏​ပ​ရော​ဖက် ကျမ်း၊ ဣသ​ရေ​လ​ဘု​ရင်​ယေ​ရော​ဗောင်​၏​နန်း ဆက်​အ​ကြောင်း​ကို​လည်း​ဖော်​ပြ​ပါ​ရှိ​သည့် ပ​ရော​ဖက်​ဣဒ္ဒေါ​၏​ဗျာ​ဒိတ်​ရူပါ​ရုံ​ကျမ်း​များ တွင်​မှတ်​တမ်း​တင်​ထား​သ​တည်း။-
30 Salomón gobernó en Jerusalén sobre todo Israel durante cuarenta años.
၃၀ရှော​လ​မုန်​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နန်း​စံ တော်​မူ​၍​ဣသ​ရေ​လ​တစ်​နိုင်​ငံ​လုံး​ကို အ​နှစ်​လေး​ဆယ်​အုပ်​စိုး​တော်​မူ​၏။-
31 Luego Salomón murió y fue enterrado en la ciudad de su padre David. Su hijo Roboam asumió como rey.
၃၁သူ​ကွယ်​လွန်​သော​အ​ခါ​သား​တော်​ရော​ဗောင် သည်​ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​ကို​ဆက်​ခံ ၍​နန်း​တက်​လေ​သည်။

< 2 Crónicas 9 >