< 2 Crónicas 20 >
1 Después de esto, los moabitas y amonitas, así como algunos de los meunitas, vino a atacar a Josafat.
၁ကာလအနည်းငယ်ကြာသောအခါမောဘ ပြည်နှင့်အမ္မုန်ပြည်မှစစ်တပ်များသည် မိမိ တို့၏မဟာမိတ်မဟုနိမ် နှင့်အတူယုဒပြည်သို့ချင်းနင်းဝင်ရောက်လာ ကြ၏။-
2 Algunas personas vinieron y le dijeron a Josafat: “Un gran ejército viene a pelear contigo desde Edom, desde el otro lado del Mar Muerto. Ya han llegado a Hazazón-tamar” (también llamado En-gedi).
၂သတင်းပို့သူတို့သည်ယောရှဖတ်မင်းထံလာ ရောက်၍``အင်အားကြီးမားသည့်တပ်ကြီးတစ် တပ်သည်အရှင့်အား တိုက်ခိုက်ရန်ပင်လယ်သေ တစ်ဖက်ကမ်းဧဒုံပြည်မှချီတက်လာပါပြီ။ သူတို့သည်အင်္ဂေဒိခေါ်ဟာဇဇုန္တာမာမြို့ကို သိမ်းယူလိုက်ကြပါပြီ'' ဟုလျှောက်ထား ကြ၏။-
3 Josafat tuvo miedo y fue a preguntar al Señor qué hacer. También ordenó a todos los habitantes de Judá que ayunaran.
၃ယောရှဖတ်သည်ကြောက်လန့်သဖြင့်လမ်း ပြတော်မူရန် ထာဝရဘုရားထံပတ္ထနာပြု တော်မူ၏။ ယုဒပြည်တစ်လျှောက်လုံး၌ အစာရှောင်ရန်နေ့ကိုသတ်မှတ်တော်မူ၏။-
4 Entonces el pueblo de Judá se reunió en Jerusalén para orar al Señor; de hecho, vinieron de todas las ciudades de Judá para encomendarse a él.
၄ယုဒပြည်အမြို့မြို့မှလူတို့သည်ထာဝရ ဘုရားလမ်းပြပို့ဆောင်မှုကိုတောင်းခံရန် ယေရုရှလင်မြို့သို့လာရောက်ကြလေသည်။-
5 Josafat se presentó ante el pueblo de Judá y de Jerusalén reunido en el Templo, frente al patio nuevo,
၅ထိုနောက်သူတို့သည်ယေရုရှလင်မြို့သူမြို့ သားများနှင့်အတူ ဗိမာန်တော်တံတိုင်းသစ် တွင်စုဝေးကြ၏။ ယောရှဖတ်မင်းသည်သူ တို့၏ရှေ့သို့လာ၍ရပ်ပြီးလျှင်၊-
6 y dijo: “Señor, Dios de nuestros antepasados, ¿no eres tú el Dios del cielo? ¿No dominas todos los reinos terrestres? Posees fuerza y poder, y nadie puede enfrentarse a ti.
၆``အို အကျွန်ုပ်တို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည်ကောင်းကင်ဘုံ တွင်စံတော်မူ၍ ကမ္ဘာပေါ်ရှိလူမျိုးတကာတို့ ကိုအုပ်စိုးတော်မူပါ၏။ ကိုယ်တော်သည်တန်ခိုး အာနုဘော်ပြည့်စုံတော်မူသဖြင့်အဘယ် သူမျှကိုယ်တော်အားအတိုက်အခံမပြု နိုင်ပါ။-
7 Dios nuestro, ¿no expulsaste delante de tu pueblo Israel a los que vivían en esta tierra? ¿No diste esta tierra a los descendientes de tu amigo Abraham para siempre?
၇ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ် တော်မူပါ၏။ ကိုယ်တော်၏လူမျိုးတော်ဣသ ရေလအမျိုးသားတို့သည် ဤပြည်တော်သို့ ဝင်ရောက်လာချိန်၌ကိုယ်တော်သည်မူလနေ ထိုင်သောပြည်သားတို့ကိုနှင်ထုတ်၍ ပြည် တော်ကိုကိုယ်တော်၏အဆွေတော်အာဗြဟံ ၏သားမြေးတို့အားထာဝစဉ်အပိုင်ပေး သနားတော်မူပါ၏။-
8 Ellos viven en la tierra y han construido aquí un Templo para honrarte, diciendo:
၈သူတို့သည်ဤပြည်တွင်နေထိုင်လျက်ကိုယ်တော် ၏ဂုဏ်တော်ကိုချီးမွမ်းရန်ဗိမာန်တော်ကိုတည် ဆောက်ကြပါ၏။-
9 ‘Si nos sobreviene un desastre, ya sea una invasión o un juicio, una enfermedad o una hambruna, nos pondremos delante de este Templo y ante ti, porque este Templo es tuyo. Clamaremos a ti para que nos ayudes en nuestro sufrimiento, y tú nos escucharás y nos salvarás’.
၉စစ်မက်ဘေး၊ ကူးစက်တတ်သောရောဂါဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေးအစရှိသော ကြီးမားသည့် အဘယ်ဘေးအန္တရာယ်မဆို ကျရောက်လာချိန်၌ သူတို့သည်ကိုယ်တော်အား ကိုးကွယ်ဝတ်ပြုရာ ဤဗိမာန်တော်ရှေ့သို့လာ ၍ရပ်လျက်ပတ္ထနာပြုသောအခါ ကိုယ်တော် သည်နားညောင်း၍သူတို့အားကယ်ဆယ် တော်မူမည်ဟုယုံကြည်ကြပါ၏။''
10 “Mira, aquí vienen los ejércitos de Amón, Moab y el Monte Seir, esos mismos países que no dejaste que Israel invadiera cuando salieron de Egipto. Israel los dejó en paz y no los destruyó.
၁၀``ယခုအခါအမ္မုန်ပြည်သား၊ မောဘပြည်သား နှင့်ဧဒုံပြည်သားတို့သည်အကျွန်ုပ်အားတိုက် ခိုက်ကြပါပြီ။ အကျွန်ုပ်တို့ဘိုးဘေးများ အီဂျစ်ပြည်မှထွက်ခွာလာစဉ်အခါက ဘိုးဘေးတို့သည်ထိုပြည်များသို့ဝင်ရောက် ခွင့်ကိုကိုယ်တော်ပေးတော်မမူပါ။ သို့ဖြစ် ၍သူတို့သည်ထိုပြည်များကိုရှောင်ကွင်း ပြီးလျှင်မဖျက်မဆီးဘဲထားခဲ့ကြ ပါ၏။-
11 ¡Mira cómo nos recompensan, viniendo a robar la tierra que nos diste a poseer para siempre!
၁၁ဤသို့ပြုသည့်အတွက်ကျေးဇူးဆပ်သည့် အနေဖြင့်သူတို့သည် အကျွန်ုပ်တို့အား ကိုယ်တော်ပေးသနားတော်မူသည့်ပြည်တော် မှနှင်ထုတ်ရန်ရောက်ရှိလာကြပါ၏။-
12 Dios nuestro, ¿no los castigarás, porque no tenemos poder para enfrentar a un ejército tan grande que marcha contra nosotros? No sabemos qué hacer. Buscamos tu ayuda”.
၁၂ကိုယ်တော်သည်အကျွန်ုပ်တို့၏ဘုရားဖြစ်တော်မူ ပါ၏။ အကျွန်ုပ်တို့သည်ယခုတိုက်ခိုက်ရန်ရောက် ရှိလာသောတပ်မတော်ကြီး၏ရှေ့တွင်ခိုကိုးရာ မဲ့ဖြစ်လျက်နေကြပါ၏။ အဘယ်သို့ပြုရမည် ကိုအကျွန်ုပ်တို့မသိကြပါ။ သို့ရာတွင်ကူမ တော်မူရန်အထံတော်သို့မျှော်ကြည့်ကြပါ၏'' ဟုအသံကျယ်စွာဆုတောင်းပတ္ထနာပြုတော် မူ၏။
13 Todos los hombres de Judá se pusieron de pie ante el Señor, junto con sus esposas, hijos y bebés.
၁၃ယုဒပြည်သူအပေါင်းတို့သည် မိမိတို့သား မယားများနှင့်အတူဗိမာန်တော်ရှေ့တွင် ရပ်လျက်နေကြ၏။-
14 Entonces el Espíritu del Señor se apoderó de Jahaziel mientras estaba de pie en la asamblea. Era hijo de Zacarías, hijo de Benaía, hijo de Jeiel, hijo de Matanías, un levita de los descendientes de Asaf.
၁၄ထာဝရဘုရား၏ဝိညာဉ်သည်လူအုပ်ထဲတွင် ရှိသောလေဝိအနွယ်ဝင်တစ်ဦး၏အပေါ် သို့သက်ရောက်တော်မူ၏။ ထိုသူသည်ဇာခရိ သားယဟာဇေလဖြစ်၏။ မတ္တနိ၊ ယေယေလ၊ ဗေနာယနှင့်အာသပ်မှဆင်းသက်လာသူ အာသပ်အနွယ်ဝင်တည်း။-
15 Él dijo: “Escuchen todos los de Judá, el pueblo de Jerusalén y el rey Josafat. Esto es lo que el Señor tiene que decirles: No tengan miedo ni se desanimen por culpa de este gran ejército. Esta no es su batalla, ¡es la de Dios!
၁၅ယဟာဇေလက``အရှင်မင်းကြီးနှင့်တကွ ယုဒပြည်သူများ၊ ယေရုရှလင်မြို့သား အပေါင်းတို့၊ သင်တို့သည်စိတ်မပျက်အား မလျော့ကြနှင့်။ ဤကြီးမားသည့်တပ်မတော် ကိုရင်ဆိုင်ရန်မကြောက်ကြနှင့်ဟုထာဝရ ဘုရားမိန့်တော်မူပါ၏။ တိုက်ပွဲသည်သင် တို့၏အပေါ်တွင်မတည်။ ဘုရားသခင် ၏အပေါ်တွင်တည်ပေသည်။-
16 Mañana marchen a enfrentarlos. Los verás subir por el paso de Ziz; los encontrarás al final del valle, frente al desierto de Jeruel.
၁၆နက်ဖြန်ထိုသူတို့ဇိဇမြို့တောင်ကြားလမ်း သို့ချီတက်လာသောအခါ သူတို့အားတိုက် ခိုက်ကြလော့။ သင်တို့သည်ယေရွေလအနီး တောကန္တာရသို့သွားရာချိုင့်ဝှမ်းအဆုံး၌ သူတို့နှင့်တွေ့ဆုံမိကြလိမ့်မည်။-
17 Pero no es necesario que luches en esta batalla. Sólo quédense quietos y observen la victoria del Señor. Él está contigo, Judá y Jerusalén. ¡No tengan miedo ni se desanimen! Marchen a enfrentarlos, porque el Señor está con ustedes”.
၁၇သင်တို့သည်ဤတိုက်ပွဲကိုဆင်နွဲရကြမည် မဟုတ်။ နေရာသာယူ၍စောင့်နေကြလော့။ ထာဝရဘုရားသည်သင်တို့အားအောင်ပွဲ ခံစေတော်မူသည်ကိုတွေ့ရကြလိမ့်မည်။ ယုဒပြည်သူများနှင့်ယေရုရှလင်မြို့ သားတို့၊ မတွန့်မဆုတ်ကြနှင့်။ မကြောက် မလန့်ဘဲတိုက်ပွဲသို့ဝင်ကြလော့။ ထာဝရ ဘုရားသည်သင်တို့နှင့်အတူရှိတော်မူ လိမ့်မည်'' ဟုဗျာဒိတ်တော်ဆင့်ဆို၏။
18 Josafat se inclinó con el rostro hacia el suelo, y todo el pueblo de Judá y de Jerusalén se postró ante el Señor, adorándolo.
၁၈ထိုအခါယောရှဖတ်မင်းသည်မြေသို့တိုင် အောင်ဦးညွှတ်ပျပ်ဝပ်လျက်နေ၏။ ပြည်သူ အပေါင်းတို့သည်လည်းမင်းကြီးနှင့်အတူ ပျပ်ဝပ်ကာထာဝရဘုရားအားရှိခိုးကြ၏။-
19 Entonces los levitas coatitas y corasitas se pusieron de pie para alabar al Señor, el Dios de Israel, gritando con fuerza.
၁၉ကောဟတ်နှင့်ကောရသားချင်းစုများမှလေဝိ အနွယ်ဝင်တို့သည်မတ်တပ်ရပ်လျက် ဣသရေလ အမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား အားအသံကျယ်စွာထောမနာပြုကြကုန်၏။
20 A la mañana siguiente se levantaron temprano y fueron al desierto de Tecoa. Al salir, Josafat se levantó y dijo: “Escúchenme, pueblo de Judá y de Jerusalén. Confíen en el Señor, su Dios, y serán reivindicados; confíen en sus profetas, y tendrán éxito”.
၂၀နောက်တစ်နေ့နံနက်စောစော၌ ပြည်သူတို့သည် တေကောအနီးတောကန္တာရသို့ထွက်ခွာသွား ကြ၏။ ထွက်ခွာစပြုသောအခါ ယောရှဖတ် သည်ပြည်သူတို့အား``ယုဒပြည်သူများ နှင့်ယေရုရှလင်မြို့သားတို့၊ သင်တို့သည် မိမိတို့ဘုရားသခင်ထာဝရဘုရားကို ကိုးစားကြလျှင်ရပ်တည်နိုင်ကြလိမ့်မည်။ ကိုယ်တော်၏ပရောဖက်များဟောကြား သည်ကိုယုံကြည်ကြလျှင်အောင်မြင် ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။-
21 Después de discutir con el pueblo, designó a unos cantores para que alabaran al Señor por su gloriosa y santa bondad. Ellos iban al frente del ejército, cantando: “¡Alaben al Señor, porque su amor digno de confianza es eterno!”
၂၁မင်းကြီးသည်ပြည်သူတို့နှင့်တိုင်ပင်၍ဂီတ ပညာသည် အချို့ကိုနေ့ထူးနေ့မြတ်များတွင် ဝတ်ဆင်လေ့ရှိသည့်ဝတ်လုံများကိုဝတ်စေ၍ တပ်မတော်ရှေ့ကချီတက်စေပြီးလျှင်``ထာဝရ ဘုရားအားထောမနာပြုကြလော့။ ကိုယ်တော် ၏မေတ္တာတော်သည် ထာဝစဉ်တည်၏'' ဟုသီဆို ကြစေရန်အမိန့်ပေးတော်မူ၏။
22 En cuanto empezaron a cantar y a alabar, el Señor tendió una emboscada a los hombres de Amón, Moab y el monte Seír que venían a atacar a Judá, y fueron derrotados.
၂၂သူတို့စ၍သီချင်းဆိုကြသောအခါ ထာဝရ ဘုရားသည်ချင်းနင်းဝင်ရောက်လာသောတပ် တို့ကိုကစဥ့်ကလျားဖြစ်စေတော်မူ၏။-
23 Los hombres de Amón y Moab se volvieron contra los hombres del monte Seir, y los mataron a todos. Una vez que terminaron de aniquilar al ejército de Seir, se volvieron unos contra otros, destruyéndose.
၂၃အမ္မုန်တပ်မတော်နှင့်မောဘတပ်မတော်တို့ သည် ဧဒုံတပ်မတော်ကိုတိုက်ခိုက်ချေမှုန်း ဖျက်ဆီးပြီးလျှင် အချင်းချင်းပြန်၍ကြမ်း ကြုတ်စွာတိုက်ခိုက်ကြလေသည်။-
24 Así que cuando los hombres de Judá llegaron a la torre de vigilancia en el desierto, se asomaron para ver al ejército enemigo y todo lo que vieron fueron cadáveres tirados en el suelo. Nadie había escapado.
၂၄ယုဒတပ်မတော်သည်သဲကန္တာရရှိကင်းမျှော် စင်သို့ရောက်သောအခါ ရန်သူတို့ဘက်သို့ကြည့် လိုက်ရာတစ်ယောက်မကျန်မြေပေါ်တွင်လဲသေ နေကြသည်ကိုမြင်ရကြ၏။
25 Cuando Josafat y su gente fueron a recoger el botín, encontraron una gran cantidad de ganado, equipo, ropa, y otros artículos de valor, más de lo que podían llevar. Tardaron tres días en recoger el botín porque era mucho.
၂၅ယောရှဖတ်နှင့်သူ၏စစ်သည်တော်တို့သည် ရန်သူ တို့၏ဥစ္စာပစ္စည်းများကိုသိမ်းယူရန်လာရောက် ကြသောအခါသိုးနွားအမြောက်အမြား၊ ရိက္ခာ၊ အဝတ်အစားနှင့်အခြားအဖိုးတန်ပစ္စည်းများ ကိုတွေ့ရှိကြလေသည်။ သူတို့သိမ်းယူသည့်ဥစ္စာ ပစ္စည်းမှာအလွန်ပင်များသဖြင့် သုံးရက်တိုင်တိုင် သိမ်းယူသော်လည်းမကုန်ချေ။-
26 Al cuarto día se reunieron en el Valle de la Bendición. Le pusieron este nombre porque allí bendecían al Señor. Hasta el día de hoy se le llama el Valle de la Bendición.
၂၆လေးရက်မြောက်သောနေ့၌သူတို့သည်ဗရာခ ချိုင့်ဝှမ်းတွင်စုရုံးကြလျက် ဘုရားသခင်ပြု တော်မူသောကျေးဇူးတော်အပေါင်းအတွက် ကိုယ်တော်အားထောမနာပြုကြကုန်၏။ ဤ သည်ကိုအကြောင်းပြု၍ထိုချိုင့်ဝှမ်းကို ဗရာခ ဟုခေါ်ဝေါ်သမုတ်ကြလေသည်။-
27 Entonces todos los hombres de Judá y Jerusalén celebraron su regreso a Jerusalén, con Josafat a la cabeza, llenos de alegría por la victoria del Señor sobre sus enemigos.
၂၇ယောရှဖတ်သည်အောင်ပွဲခံ၍မိမိ၏စစ် သည်တော်တို့ကို ယေရုရှလင်မြို့သို့ပြန် လည်ခေါ်ဆောင်လာတော်မူ၏။-
28 Entraron en Jerusalén y se dirigieron directamente al Templo del Señor, acompañados por la música de arpas, liras y trompetas.
၂၈သူတို့သည်မြို့တော်သို့ရောက်ကြသောအခါ စောင်းများ၊ တံပိုးခရာများတီးမှုတ်လျက် ဗိမာန်တော်သို့ချီတက်ကြလေသည်။-
29 Todos los reinos de los alrededores se asombraron de Dios al oír que el Señor había luchado contra los enemigos de Israel.
၂၉ဣသရေလအမျိုးသားများ၏ရန်သူတို့ ကို ထာဝရဘုရားအဘယ်သို့နှိမ်နင်းတော်မူ ကြောင်းကိုကြားသိရသည့်လူမျိုးအပေါင်း တို့သည်ကြောက်လန့်ကြကုန်၏။-
30 Josafat y su reino estaban en paz, pues Dios le dio descanso; no hubo ataques de ninguna dirección.
၃၀သို့ဖြစ်၍ယောရှဖတ်သည်ငြိမ်းချမ်းစွာနန်းစံ တော်မူရ၏။ ဘုရားသခင်သည်သူ၏နိုင်ငံ အရပ်ရပ်တွင်လုံခြုံမှုရှိစေတော်မူ၏။
31 Así reinó Josafat sobre Judá, siendo rey a los treinta y cinco años, y reinó en Jerusalén durante veinticinco años. Su madre se llamaba Azuba, hija de Silhi.
၃၁ယောရှဖတ်သည်သက်တော်သုံးဆယ့်ငါးနှစ်ရှိ သောအခါ ယုဒပြည်ဘုရင်အဖြစ်နန်းတက် ၍ယေရုရှလင်မြို့တွင်နှစ်ဆယ့်ငါးနှစ်နန်းစံ လေသည်။ သူ၏မယ်တော်မှာရှိလဟိ၏သမီး အဇုဘဖြစ်၏။-
32 Josafat siguió el camino de su padre Asa y no se apartó de él. Hizo lo que era correcto a los ojos del Señor.
၃၂သူသည်မိမိခမည်းတော်အာသကဲ့သို့ပင် ထာဝရဘုရား၏ရှေ့တော်မှောက်တွင်ဖြောင့် မှန်သည့်အမှုကိုသာပြုကျင့်၏။-
33 Sin embargo, los lugares altos no fueron eliminados, y el pueblo no se comprometió con el Dios de sus antepasados.
၃၃သို့ရာတွင်ရုပ်တုကိုးကွယ်ရာဌာနများကို မဖြိုဖျက်။ ပြည်သူတို့သည်မိမိတို့ဘိုးဘေး များ၏ဘုရားသခင်ထာဝရဘုရားအား စိတ် ပါလက်ပါကိုးကွယ်ဝတ်ပြုမှုကိုမပြုကြ သေးပေ။
34 El resto de lo que hizo Josafat, de principio a fin, está escrito en las Crónicas de Jehú, hijo de Hanani, registradas en el Libro de los Reyes de Israel.
၃၄ယောရှဖတ်၏နန်းသက်အစမှအဆုံးတိုင် အောင်သူဆောင်ရွက်ခဲ့သည့်အမှုအရာ အလုံးစုံကို ဣသရေလရာဇဝင်၏တစ်စိတ် တစ်ဒေသဖြစ်သောဟာနန်၏သားယေဟု အတ္ထုပ္ပတ္တိတွင်ရေးထားသတည်း။
35 Más adelante en su vida, Josafat, rey de Judá, se alió con Ocozías, rey de Israel, quien hizo cosas malvadas.
၃၅အခါတစ်ပါးကယုဒဘုရင်ယောရှဖတ် သည် ဆိုးညစ်ယုတ်မာသောအမှုများစွာတို့ ကိုပြုကျင့်သူဣသရေလဘုရင်အာခဇိ နှင့်မဟာမိတ်ဖွဲ့ခဲ့၏။-
36 Acordaron trabajar juntos y enviar barcos a Tarsis. Los barcos fueron construidos en Ezión-geber.
၃၆သူတို့နှစ်ဦးသည်ဧဇယုန်ဂါဗာသင်္ဘောဆိပ်တွင် တာရှုမြို့သို့ရွက်လွှင့်ရန်သင်္ဘောများကိုဆောက် လုပ်ကြ၏။-
37 Pero Eliezer, hijo de Dodava de Maresa, profetizó contra Josafat, diciendo: “Por haber hecho una alianza con Ocozías, el Señor destruirá lo que estás haciendo”. Entonces los barcos naufragaron y no pudieron navegar hasta Tarsis.
၃၇သို့ရာတွင်မရေရှမြို့နေဒေါဒဝ၏သား ဧလျေဇကယောရှဖတ်အား``အရှင်သည် အာခဇိနှင့်မဟာမိတ်ဖွဲ့သဖြင့် ထာဝရ ဘုရားသည်အရင်ဆောက်လုပ်ထားသည့် သင်္ဘောများကိုဖျက်ဆီးတော်မူလိမ့်မည်'' ဟုဆိုသည့်အတိုင်းထိုသင်္ဘောတို့သည် ပျက်၍တာရှုမြို့သို့မသွားရချေ။