< 2 Crónicas 11 >
1 Cuando Roboam llegó a Jerusalén, reunió a los hombres de las familias de Judá y Benjamín - 180.000 guerreros elegidos - para ir a luchar contra Israel y devolver el reino a Roboam.
၁ရောဗောင်မင်းသည်ယေရုရှလင်မြို့သို့ပြန် ရောက်လာသောအခါ ဗင်္ယာမိန်နှင့်ယုဒအနွယ် ဝင်လက်ရွေးစင်တပ်သားတစ်သိန်းရှစ်သောင်း ကိုစုရုံးစေတော်မူ၏။ မင်းကြီးသည်ဣသရေလ ပြည်မြောက်ပိုင်းနယ်မြေများကို ပြန်လည်သိမ်း ပိုက်နိုင်ရန်စစ်ဆင်မည်အကြံရှိတော်မူ၏။-
2 Pero llegó un mensaje del Señor a Semaías, el hombre de Dios, que decía:
၂သို့ရာတွင်ထာဝရဘုရားက``သင်တို့အားလုံး မိမိတို့နေရပ်သို့ပြန်ကြလော့။ ဣသရေလ အမျိုးသားအချင်းချင်းမတိုက်ခိုက်ကြ နှင့်။ ယခုဖြစ်ပွားခဲ့သောအမှုသည်ငါ၏ အလိုတော်အရဖြစ်ကြောင်းကို ရောဗောင် မင်းနှင့်တကွယုဒနှင့်ဗင်္ယာမိန်အနွယ်ဝင် အပေါင်းတို့အားဆင့်ဆိုလော့'' ဟုပရော ဖက်ရှေမာယအားမိန့်တော်မူ၏။ ထိုသူ အပေါင်းတို့သည်ထာဝရဘုရား၏အမိန့် တော်ကိုနာခံလျက်ယေရောဗောင်ကိုစစ် မတိုက်ဘဲပြန်ကြကုန်၏။
3 “Dile a Roboam, hijo de Salomón, rey de Judá, y a todos los israelitas que viven en Judá y Benjamín:
၃
4 ‘Esto es lo que dice el Señor. No luches contra tus parientes. Cada uno de ustedes, váyase a su casa. Porque lo que ha sucedido se debe a mí’”. Así que obedecieron lo que el Señor les dijo y no lucharon contra Jeroboam.
၄
5 Roboam se quedó en Jerusalén y reforzó las defensas de las ciudades de Judá.
၅ရောဗောင်သည်ယေရုရှလင်မြို့၌နန်းစံ၍ ယုဒနှင့်ဗင်္ယာမိန်နယ်မြေများရှိ၊-
6 Construyó Belén, Etam, Tecoa,
၆ဗက်လင်မြို့၊ ဧတံမြို့၊ တေကောမြို့၊- ဗက်ဇုရ မြို့၊ ရှောကောမြို့၊ အဒုလံမြို့၊-
၈ဂါသမြို့၊ မရေရှမြို့၊ ဇိဖမြို့၊- အဒေါရိမ် မြို့၊ လာခိရှမြို့၊ အဇေကာမြို့၊-
9 Adoraim, Laquis, Azeca,
၉
10 Zora, Ajalón y Hebrón. Estas son las ciudades fortificadas de Judá y de Benjamín.
၁၀ဇောရာမြို့၊ အာဇလုန်မြို့၊ ဟေဗြုန်မြို့များ ကိုတံတိုင်းကာစေတော်မူ၏။-
11 Fortaleció sus fortalezas y puso comandantes a cargo de ellas, junto con provisiones de alimentos, aceite de oliva y vino.
၁၁ထိုမြို့တို့ကိုခိုင်ခံ့စွာတံတိုင်းကာပြီးလျှင် မြို့တိုင်းတွင် တပ်မှူးတစ်ဦးစီခန့်ထား၍ ဆီ၊ စပျစ်ရည်၊ စားနပ်ရိက္ခာ၊-
12 Almacenó escudos y lanzas en todas las ciudades y las hizo muy fuertes. Así mantuvo a Judá y a Benjamín bajo su dominio.
၁၂ဒိုင်းလွှားနှင့်လှံတံများကိုသိုလှောင်ထားတော် မူ၏။ ဤနည်းအားဖြင့်သူသည်ယုဒနှင့်ဗင်္ယာ မိန်နယ်မြေများကိုထိန်းသိမ်းအုပ်ချုပ်ထား တော်မူ၏။
13 Sin embargo, los sacerdotes y los levitas de todo Israel decidieron ponerse del lado de Roboam.
၁၃ဣသရေလနိုင်ငံတစ်ဝှမ်းလုံးမှယဇ်ပုရော ဟိတ်များနှင့်လေဝိအနွယ်ဝင်တို့သည် တောင် ဘက်ရှိယုဒပြည်သို့လာရောက်ကြ၏။-
14 Los levitas incluso dejaron sus pastos y propiedades y vinieron a Judá y Jerusalén, porque Jeroboam y sus hijos se negaron a permitirles servir como sacerdotes del Señor.
၁၄ဣသရေလဘုရင်ယေရောဗောင်နှင့်သူ၏အရိုက် အရာကိုဆက်ခံသူတို့သည် လေဝိအနွယ်ဝင် တို့အားထာဝရဘုရား၏ယဇ်ပုရောဟိတ်များ အဖြစ်ဖြင့်အမှုတော်ထမ်းဆောင်ရန်ခွင့်မပြု ကြချေ။ သို့ဖြစ်၍လေဝိအနွယ်ဝင်တို့သည် မိမိတို့၏စားကျက်များနှင့်အခြားမြေယာ များကိုစွန့်၍ ယုဒပြည်၊ ယေရုရှလင်မြို့သို့ ရောက်ရှိလာကြ၏။-
15 Jeroboam eligió a sus propios sacerdotes para los lugares altos y para los ídolos de cabra y de becerro que había hecho.
၁၅ယေရောဗောင်သည်ရုပ်တုကိုးကွယ်ရာဌာန များ၌လည်းကောင်း၊ နတ်မိစ္ဆာများနှင့်မိမိ သွန်းလုပ်ထားသည့်နွားသငယ်ရုပ်များကို ရှိခိုးဝတ်ပြုရာ၌လည်းကောင်းအမှုတော် ဆောင်ရန်မိမိအလိုရှိသူတို့အားယဇ် ပုရောဟိတ်များအဖြစ်ခန့်ထားတော်မူ သည်။-
16 Los de todas las tribus de Israel que estaban comprometidos con el culto a su Dios seguían a los levitas a Jerusalén para sacrificar al Señor, el Dios de sus antepasados.
၁၆ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားအားအမှန်အကန်ဝတ်ပြု ကိုးကွယ်လိုသူ ဣသရေလအနွယ်ဝင်အပေါင်း တို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင် ထာဝရဘုရားအားယဇ်များကိုပူဇော်နိုင် ရန် လေဝိအနွယ်ဝင်တို့နှင့်အတူယေရုရှ လင်မြို့သို့လိုက်သွားကြ၏။-
17 Así apoyaron al reino de Judá y durante tres años fueron leales a Roboam, hijo de Salomón, porque siguieron el camino de David y Salomón.
၁၇သူတို့သည်ယုဒပြည်ကိုအင်အားတောင့် တင်းလာစေလျက် သုံးနှစ်တိုင်တိုင်ရှောလမုန် ၏သားရောဗောင်ကိုအားပေးထောက်ခံကာ ဒါဝိဒ်မင်းနှင့်ရှောလမုန်မင်းတို့အုပ်စိုး ချိန်ကဲ့သို့နေထိုင်ကြလေသည်။
18 Roboam se casó con Mahalat, que era hija de Jerimot, hijo de David, y de Abihail, hija de Eliab, hijo de Isaí.
၁၈ရောဗောင်သည်မဟာလတ်နှင့်စုံဖက်တော်မူ ၏။ မဟာလတ်၏ခမည်းတော်သည်ဒါဝိဒ်၏ သားယေရိမုတ်ဖြစ်၍မယ်တော်မှာယေရှဲ ၏မြေး၊ ဧလျာဘ၏သမီးအဘိဟဲလ ဖြစ်၏။-
19 Ella fue la madre de sus hijos Jeús, Samaria y Zaham.
၁၉သူတို့သည်ယုရှ၊ ရှမာရိနှင့်ဇာဟံဟူသော သားသုံးယောက်ကိုရကြ၏။-
20 Después de ella se casó con Maaca, hija de Absalón, y fue madre de sus hijos Abías, Atai, Ziza y Selomit.
၂၀ထိုနောက်ရောဗောင်သည်အဗရှလုံ၏သမီး မာခါနှင့်စုံဖက်၍ အဘိယ၊ အတ္တဲ၊ ဇိဇ၊ ရှေလော မိတ်ဟူသောသားလေးယောက်ကိုရလေသည်။-
21 Roboam amaba a Maaca, la hija de Absalón, más que a todas sus otras esposas y concubinas. Tuvo en total dieciocho esposas y sesenta concubinas, veintiocho hijos y sesenta hijas.
၂၁ရောဗောင်တွင်စုစုပေါင်းမိဖုရားတစ်ဆယ့် ရှစ်ပါးနှင့် မောင်းမမိဿံခြောက်ဆယ်ရှိ၏။ သူသည်သားနှစ်ဆယ့်ရှစ်ယောက်နှင့်သမီး ခြောက်ဆယ်တို့၏ဖခင်ဖြစ်သော်လည်း မိမိ၏ မိဖုရားများနှင့်မောင်းမအပေါင်းတို့ အနက်မာခါကိုအများဆုံးချစ်တော်မူ၏။-
22 Roboam nombró a Abías, hijo de Maacá, príncipe heredero entre sus hermanos, planeando hacerlo rey.
၂၂သို့ဖြစ်၍မင်းကြီးသည်မာခါနှင့်ရသောသား တော်အဘိယကို အခြားသားသမီးအပေါင်း တို့ထက်ပို၍မျက်နှာသာပေးကာ မိမိ၏အ ရိုက်အရာကိုဆက်ခံမင်းလုပ်ရမည့်သူ အဖြစ်ဖြင့်ရွေးချယ်ထားတော်မူလေသည်။-
23 Roboam también tuvo la sabiduría de colocar a algunos de sus hijos en toda la tierra de Judá y Benjamín, y en todas las ciudades fortificadas. Les dio abundantes provisiones y les buscó muchas esposas. Trabajó para conseguirles muchas esposas.
၂၃ရောဗောင်သည်ပညာသတိရှိစွာမိမိ၏သား တော်များအားတာဝန်ဝတ္တရားများခွဲဝေသတ် မှတ်ပေးပြီးလျှင် ယုဒနှင့်ဗင်္ယာမိန်နယ်မြေတစ် လျှောက်ရှိခံတပ်မြို့များတွင်နေရာချထား တော်မူ၏။ မင်းကြီးသည်သူတို့အားရက်ရော စွာစားနပ်ရိက္ခာများထောက်ပံ့၍ကြင်ဖော် အမြောက်အမြားကိုလည်းရှာပေးတော် မူ၏။