< 1 Samuel 28 >

1 Por aquel entonces, los filisteos convocaron a sus ejércitos para ir a la guerra contra Israel. Entonces Aquis le dijo a David: “Esperamos que tú y tus hombres me acompañen como parte del ejército”.
ကာ​လ​အ​နည်း​ငယ်​ကြာ​သော​အ​ခါ​ဖိ​လိတ္တိ အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​ပြည်​ကို တိုက်​ခိုက်​ရန်​စစ်​သည်​များ​ကို​စု​ရုံး​ကြ​၏။ ထို​အ​ခါ​အာ​ခိတ်​သည်​ဒါ​ဝိဒ်​အား``သင်​တို့ လူ​စု​သည်​ငါ​၏​ဘက်​မှ​နေ​၍​တိုက်​ရ​ကြ မည်'' ဟု​ဆို​လျှင်၊
2 “¡Está bien!” respondió David. “Entonces tú mismo descubrirás lo que yo, tu siervo, puedo hacer”. “Eso también está bien”, respondió Aquis. “Te haré mi guardaespaldas de por vida”.
ဒါ​ဝိဒ်​က``မှန်​လှ​ပါ။ အ​ကျွန်ုပ်​သည်​အ​ရှင်​၏ အ​စေ​ခံ​ဖြစ်​ပါ​၏။ အ​ကျွန်ုပ်​အ​ဘယ်​သို့​စွမ်း ဆောင်​နိုင်​သည်​ကို​ကိုယ်​တော်​တွေ့​မြင်​ရ​ပါ လိမ့်​မည်'' ဟု​လျှောက်​၏။ အာ​ခိတ်​က​လည်း``ကောင်း​ပြီ။ သင့်​အား​ငါ ၏​အ​မြဲ​တမ်း​သက်​တော်​စောင့်​အ​ဖြစ်​ခန့် ထား​မည်'' ဟု​ဆို​၏။
3 Para entonces Samuel había muerto, y todo Israel lo había llorado y enterrado en Ramá, su ciudad natal. Saúl se había deshecho de los médiums y espiritistas del país.
ရှ​မွေ​လ​ကွယ်​လွန်​ရာ​ဣ​သ​ရေ​လ​အ​မျိုး သား​တစ်​ရပ်​လုံး​သည်​ငို​ကြွေး​မြည်​တမ်း​လျက် သူ​၏​နေ​ရင်း​ဌာ​န​ရာ​မ​မြို့​တွင်​သူ​၏​အ​လောင်း ကို​သင်္ဂြိုဟ်​ကြ​၏။ ရှော​လု​သည်​ဗေ​ဒင်​ဆ​ရာ​နှင့် နတ်​ဝင်​သည်​အ​ပေါင်း​တို့​အား​ဣ​သ​ရေ​လ ပြည်​မှ​နှင်​ထုတ် ထား​တော်​မူ​ခဲ့​၏။
4 Los ejércitos filisteos se reunieron y acamparon en Sunem. Saúl convocó a todo el ejército israelita y acampó en Gilboa.
ဖိ​လိတ္တိ​အ​မျိုး​သား​စစ်​သည်​များ​သည်​ရှု​နင် မြို့​အ​နီး​တွင်​စု​ရုံး​၍​တပ်​စ​ခန်း​ချ​လျက်​နေ ကြ​၏။ ရှော​လု​မူ​ကား​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​ကို​စု​ရုံး​ပြီး​လျှင် ဂိ​လ​ဗော​တောင် ထိပ်​တွင်​တပ်​စ​ခန်း​ချ​လျက်​နေ​၏။-
5 Cuando Saúl vio al ejército filisteo, se aterrorizó y tembló de miedo.
ဖိ​လိတ္တိ​တပ်​မ​တော်​ကို​မြင်​သော​အ​ခါ​ရှော​လု သည်​ထိတ်​လန့်​လျက်၊-
6 Pidió consejo al Señor, pero éste no le respondió ni por sueños, ni por Urim, ni por profetas.
မိ​မိ​အ​ဘယ်​သို့​ပြု​ရ​မည်​ကို​ထာ​ဝ​ရ​ဘု​ရား အား​မေး​လျှောက်​လေ​သည်။ သို့​သော်​ထာ​ဝ​ရ ဘု​ရား​သည်​အိပ်​မက်​များ​အား​ဖြင့်​သော်​လည်း ကောင်း၊ ဥ​ရိမ်​နှင့်​သု​မိမ်​အား​ဖြင့်​သော်​လည်း ကောင်း၊ ပ​ရော​ဖက်​များ​အား​ဖြင့်​သော်​လည်း ကောင်း​လုံး​ဝ​ဖြေ​ကြား​တော်​မ​မူ။-
7 Entonces Saúl les dijo a sus oficiales: “Búsquenme una mujer que sea médium para que pueda ir a pedirle consejo”. “Hay una mujer que es médium en Endor”, respondieron sus oficiales.
ထို​အ​ခါ​ရှော​လု​သည်​မိ​မိ​၏​တပ်​မှူး​တို့ အား``နတ်​ဝင်​သည်​တစ်​ဦး​ကို​ရှာ​ကြ​လော့။ သူ​၏​ထံ​သို့​သွား​၍​ငါ​စုံ​စမ်း​မေး​မြန်း မည်'' ဟု​ဆို​၏။ ထို​သူ​တို့​က``အင်္ဒေါ​ရ​မြို့​တွင်​နတ်​ဝင်​သည်​မ တစ်​ယောက်​ရှိ​ပါ​သည်'' ဟု​လျှောက်​ထား​ကြ​၏။
8 Saúl se disfrazó vistiendo ropas diferentes. Fue con dos de sus hombres a ver a la mujer por la noche. Saúl le dijo: “Tráeme un espíritu para que pueda hacer algunas preguntas. Te daré el nombre”.
ထို့​ကြောင့်​ရှော​လု​သည်​ရုပ်​ဖျက်​ပြီး​လျှင် အ​ဝတ်​အ​စား​များ​ကို​လည်း ပြောင်း​လဲ​ဝတ်​ဆင် ကာ​ညဥ့်​အ​ချိန်​ကျ​သော​အ​ခါ​ငယ်​သား​နှစ် ယောက်​နှင့်​အ​တူ​နတ်​ဝင်​သည်​မ​ထံ​သို့​သွား လေ​၏။ သူ​သည်​ထို​အ​မျိုး​သ​မီး​အား``ငါ​၏ ကံ​ကြမ္မာ​ကို​နတ်​တို့​အား​ငါ​၏​ကိုယ်​စား​စုံ စမ်း​မေး​မြန်း​ပေး​ပါ။ ငါ​နာ​မည်​ထုတ်​ဖော်​သူ ၏​ဝိ​ညာဉ်​ကို​ခေါ်​ပေး​ပါ'' ဟု​ဆို​၏။
9 “¿No sabes lo que ha hecho Saúl?”, respondió ella. “Se ha deshecho de los médiums y espiritistas del país. ¿Intenta tenderme una trampa y hacer que me maten?”
ထို​အ​မျိုး​သ​မီး​က``ရှော​လု​မင်း​သည်​ဗေ​ဒင် ဆ​ရာ​နှင့်​နတ်​ဝင်​သည်​တို့​အား ဣ​သ​ရေ​လ ပြည်​မှ​အ​ဘယ်​သို့​နှင်​ထုတ်​တော်​မူ​ခဲ့​သည် ကို​သင်​အ​မှန်​ပင်​သိ​ပါ​လျက် ကျွန်​မ​အ​သတ် ခံ​ရ​လေ​အောင်​အ​ဘယ်​ကြောင့်​ဤ​သို့​ကျွန်​မ အား​ကျော့​ကွင်း​ထောင်​၍​ဖမ်း​ပါ​သ​နည်း'' ဟု ဆို​၏။
10 Saúl le hizo un juramento por el Señor: “Vive el Señor, no serás considerada culpable por hacer esto”.
၁၀ထို​အ​ခါ​ရှော​လု​က``ဤ​အ​မှု​ကို​ပြု​သည့် အ​တွက်​သင်​အ​ပြစ်​ဒဏ်​မ​သင့်​စေ​ရ​ပါ​ဟု အ​သက်​ရှင်​တော်​မူ​သော​ထာ​ဝ​ရ​ဘု​ရား ကို​တိုင်​တည်​၍​ငါ​ကျိန်​ဆို​က​တိ​ပြု​ပါ​၏'' ဟု​ဆို​လျှင်၊
11 “¿A quién quieres que traiga para ti?”, preguntó la mujer. “Trae a Samuel”, respondió él.
၁၁နတ်​ဝင်​သည်​မ​က``သင့်​အ​တွက်​အ​ဘယ်​သူ ကို​ခေါ်​ပေး​ရ​ပါ​မည်​နည်း'' ဟု​မေး​၏။ ရှော​လု က``ရှ​မွေ​လ'' ဟု​ဆို​၏။
12 Pero cuando la mujer vio a Samuel, gritó con fuerza y le dijo a Saúl: “¿Por qué me has engañado? ¡Tú eres Saúl!”
၁၂နတ်​ဝင်​သည်​မ​သည်​ရှ​မွေ​လ​ကို​မြင်​လျှင် အ​သံ​ကုန်​အော်​၍​ရှော​လု​အား``အ​ဘယ်​ကြောင့် ကျွန်​မ​အား​လိမ်​လည်​လှည့်​စား​တော်​မူ​ပါ သ​နည်း။ အ​ရှင်​ကား​ရှော​လု​ဘု​ရင်​ပင်​ဖြစ် ပါ​သည်​တ​ကား'' ဟု​ဆို​၏။
13 “No te asustes”, le dijo el rey. “¿Qué ves?” “Veo un dios que sale de la tierra”, respondió la mujer.
၁၃မင်း​ကြီး​က​လည်း``မ​ကြောက်​နှင့်။ သင်​မြင်​သည့် အ​ရာ​ကို​ငါ့​အား​ဖော်​ပြ​လော့'' ဟု​မိန့်​တော် မူ​၏။ ထို​အ​မျိုး​သ​မီး​က``မြေ​ထဲ​မှ​နတ်​တစ်​ပါး ပေါ်​ထွက်​လာ​သည်​ကို​ကျွန်​မ​မြင်​ပါ​၏'' ဟု ဆို​လျှင်၊
14 “¿Qué aspecto tiene?” preguntó Saúl. “Un anciano está subiendo”, respondió ella. “Tiene una capa envuelta alrededor de él”. Saúl pensó que debía ser Samuel y se inclinó hacia abajo en señal de respeto.
၁၄ရှော​လု​က``ထို​သူ​သည်​အ​ဘယ်​သို့​အ​ဆင်း သဏ္ဌာန်​ရှိ​ပါ​သ​နည်း'' ဟု​မေး​တော်​မူ​၏။ အ​မျိုး​သ​မီး​က``ထို​သူ​သည်​အို​မင်း​သူ​တစ် ဦး​ဖြစ်​၍​ဝတ်​လုံ​ကို​ခြုံ​ထား​ပါ​၏'' ဟု​ဖြေ ကြား​၏။ ထို​အ​ခါ​ရှော​လု​သည်​ရှ​မွေ​လ ဖြစ်​ကြောင်း​ကို​သိ​သ​ဖြင့် ရို​သေ​စွာ​မြေ​သို့ ဦး​ညွှတ်​လျက်​နေ​၏။
15 Entonces Samuel le dijo a Saúl: “¿Por qué me molestas haciéndome subir?”. “Estoy en un problema terrible”, respondió Saúl. “Los filisteos me atacan, y Dios me ha abandonado. Ya no me responde, ni con profetas ni con sueños. Por eso te he llamado para que me digas qué hacer”.
၁၅ရှ​မွေ​လ​သည်​ရှော​လု​အား``သင်​သည်​အ​ဘယ် ကြောင့်​ငါ့​ကို​နှောင့်​ယှက်​ပါ​သ​နည်း။ အ​ဘယ် ကြောင့်​ငါ့​ကို​ပြန်​၍​ခေါ်​ယူ​ပါ​သ​နည်း'' ဟု​မေး​၏။ ရှော​လု​က``အ​ကျွန်ုပ်​သည်​ဒုက္ခ​အ​ကြီး​အ​ကျယ် ရောက်​လျက်​နေ​ပါ​၏။ ဖိ​လိတ္တိ​အ​မျိုး​သား​တို့ သည်​အ​ကျွန်ုပ်​နှင့်​စစ်​ဖြစ်​လျက်​ရှိ​ပါ​သည်။ ထာ​ဝ​ရ​ဘု​ရား​က​လည်း​အ​ကျွန်ုပ်​ကို​စွန့် တော်​မူ​ပါ​ပြီ။ ကိုယ်​တော်​သည်​ပ​ရော​ဖက် များ​အား​ဖြင့်​သော်​လည်း​ကောင်း၊ အိပ်​မက် များ​အား​ဖြင့်​သော်​လည်း​ကောင်း​အ​ကျွန်ုပ် အား​ဖြေ​ကြား​တော်​မ​မူ​ပါ။ သို့​ဖြစ်​၍ အ​ကျွန်ုပ်​သည်​အ​ရှင့်​ကို​ခေါ်​ယူ​ရ​ခြင်း ဖြစ်​ပါ​သည်။ အ​ကျွန်ုပ်​အ​ဘယ်​သို့​ပြု​ရ မည်​ကို​မိန့်​ကြား​တော်​မူ​ပါ'' ဟု​ဆို​၏။
16 “¿Por qué vienes a preguntarme si el Señor te ha abandonado y se ha convertido en tu enemigo?” preguntó Samuel.
၁၆ရှ​မွေ​လ​က``ထာ​ဝ​ရ​ဘု​ရား​သည်​သင့်​ကို စွန့်​တော်​မူ​၍​ရန်​ဘက်​ဖြစ်​ပါ​လျက် သင် သည်​အ​ဘယ်​ကြောင့်​ငါ့​ကို​ခေါ်​ယူ​ပါ သ​နည်း။-
17 “El Señor ha hecho contigo exactamente lo que te dijo a través de mí, pues el Señor te ha arrancado el reino y se lo ha dado a tu vecino, David.
၁၇ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဖြင့်​မိန့်​မြွက် တော်​မူ​ခဲ့​သည့်​အ​တိုင်း ယ​ခု​သင့်​ကို​ပြု တော်​မူ​လေ​ပြီ။ ကိုယ်​တော်​သည်​သင်​၏​နိုင်​ငံ ကို​သင့်​ထံ​မှ​ရုပ်​သိမ်း​၍​ဒါ​ဝိဒ်​အား​ပေး အပ်​တော်​မူ​လေ​ပြီ။-
18 El Señor te ha hecho esto hoy porque no hiciste lo que el Señor te mandó y no ejecutaste su furia sobre los amalecitas.
၁၈သင်​သည်​ထာ​ဝ​ရ​ဘု​ရား​၏​အမိန့်​တော်​ကို လွန်​ဆန်​၍ အာ​မ​လက်​အ​မျိုး​သား​များ​နှင့် သူ​တို့​၏​ပစ္စည်း​ဥစ္စာ​ရှိ​သ​မျှ​တို့​ကို​အ​ကုန် အ​စင်​မ​ဖျက်​ဆီး​သ​ဖြင့် ယ​ခု​ထာ​ဝ​ရ ဘု​ရား​သည်​သင့်​အား​ဤ​သို့​ဒဏ်​ခတ်​တော် မူ​ခြင်း​ဖြစ်​၏။-
19 El Señor te entregará a ti y a Israel a los filisteos. Mañana tú y tus hijos morirán y estarán conmigo. El Señor también entregará el ejército israelita de Israel a los filisteos”.
၁၉ကိုယ်​တော်​သည်​သင်​နှင့်​တ​ကွ​ဣ​သ​ရေ​လ နိုင်​ငံ​ကို ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်။ နက်​ဖြန်​ခါ​သင် နှင့်​သင်​၏​သား​တို့​သည်​ငါ​ရှိ​ရာ​အရပ်​သို့ ရောက်​ရှိ​လာ​ကြ​လိမ့်​မည်။ ထို​နောက်​ထာ​ဝ​ရ ဘု​ရား​သည်​ဣ​သ​ရေ​လ​တပ်​မ​တော်​ကို လည်း ဖိ​လိတ္တိ​အ​မျိုး​သား​တို့​၏​လက်​သို့ ပေး​အပ်​တော်​မူ​လိမ့်​မည်'' ဟု​ဆို​၏။
20 Saúl se derrumbó boca abajo en el suelo, aterrorizado por lo que Samuel había dicho. No tenía fuerzas, porque no había comido nada en todo ese día y esa noche.
၂၀ရှ​မွေ​လ​၏​စ​ကား​ကြောင့်​ရှော​လု​သည်​ထိတ် လန့်​ကာ​ရုတ်​တ​ရက်​မြေ​ပေါ်​သို့​လဲ​ကျ​ပြီး လျှင် အ​လျား​မှောက်​၍​နေ​လေ​သည်။ သူ​သည် တစ်​နေ့​လုံး​တစ်​ညဥ့်​လုံး​မည်​သည့်​အ​စား အ​စာ​ကို​မျှ​မ​စား​သ​ဖြင့်​အား​အင် ချည့်​နဲ့​၍​နေ​၏။-
21 La mujer se acercó a Saúl y vio que estaba absolutamente aterrado. Ella le dijo: “Mire, señor, yo hice lo que usted me pidió. Arriesgué mi vida e hice lo que usted me dijo.
၂၁နတ်​ဝင်​သည်​မ​သည်​သူ့​အား​သွား​၍​ကြည့် ရာ​ထိတ်​လန့်​လျက်​နေ​သည်​ကို​တွေ့​သ​ဖြင့် ``အ​ရှင်၊ ကျွန်​မ​သည်​မိ​မိ​အ​သက်​ကို​စွန့်​၍ အ​ရှင်​ခိုင်း​စေ​ရာ​ကို​ပြု​ခဲ့​ပါ​၏။-
22 Ahora, por favor, haga lo que le digo. Deje que le traiga un poco de comida. Cómasela y tendrá fuerzas para seguir su camino”.
၂၂ယ​ခု​ကျွန်​မ​လျှောက်​ထား​သည့်​အ​တိုင်း​အ​ရှင် ပြု​တော်​မူ​ပါ။ အ​ရှင့်​အား​ကျွန်​မ​အ​စား အ​စာ​အ​နည်း​ငယ်​ကို​ရှေ့​တော်​၌​တင်​ပါ​ရ စေ။ အ​ရှင်​သည်​ခ​ရီး​ပြု​နိုင်​အောင်​ခွန်​အား ရ​ရှိ​ရန်​စား​တော်​ခေါ်​ပါ'' ဟု​လျှောက်​၏။
23 Pero él se negó, diciendo: “No puedo comer nada”. Pero sus hombres y la mujer le animaron a comer, y él hizo lo que le dijeron. Se levantó del suelo y se sentó en la cama.
၂၃ရှော​လု​က​မိ​မိ​အ​ဘယ်​အ​ရာ​ကို​မျှ​မ​စား လို​ကြောင်း​ငြင်း​ဆန်​၍​နေ​၏။ သို့​ရာ​တွင်​သူ​၏ ငယ်​သား​တို့​က​ဝိုင်း​၍​တိုက်​တွန်း​ကြ​သ​ဖြင့် သူ​သည်​နောက်​ဆုံး​၌​အ​လျော့​ပေး​ပြီး​လျှင် မြေ​ပေါ်​မှ​ထ​၍​ကု​တင်​ပေါ်​တွင်​ထိုင်​တော် မူ​၏။-
24 La mujer tenía un ternero cebado en la casa, y rápidamente fue a sacrificarlo. También cogió harina, la amasó y coció panes sin levadura.
၂၄နတ်​ဝင်​သည်​မ​လည်း​မိ​မိ​ဝ​အောင်​ကျွေး​ထား သည့်​နွား​ငယ်​ကို​အ​လျင်​အ​မြန်​စီ​ရင်​၍ မုန့် ညက်​အ​နည်း​ငယ်​ကို​နယ်​ကာ​တ​ဆေး​မ​ပါ သော​မုန့်​ကို​ဖုတ်​လေ​၏။-
25 Luego ella sirvió la comida a Saúl y a sus hombres, y ellos la comieron. Luego se levantaron y se fueron, esa misma noche.
၂၅ထို​နောက်​ထို​အ​စား​အ​စာ​ကို​ရှော​လု​နှင့် ငယ်​သား​တို့​အား​ကျွေး​၏။ သူ​တို့​သည်​စား သောက်​ကြ​ပြီး​လျှင်​ထို​ညဥ့်​၌​ပင်​ထွက် ခွာ​သွား​ကြ​၏။

< 1 Samuel 28 >