< 1 Samuel 23 >

1 Un día David escuchó la noticia: “Los filisteos están atacando Keila y están robando el grano de las eras”.
ဖိလိတ္တိ လူတို့သည် ကိလ မြို့ကို တိုက် ၍ ကောက်နယ် တလင်းတို့ကို လုယူ ကြောင်းကို ဒါဝိဒ် သည် ကြား သောအခါ၊
2 Entonces David le pidió consejo al Señor: “¿Debo ir a atacar a esos filisteos?”. Y el Señor le dijo a David: “Ve y ataca a los filisteos y salva a Keila”.
အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား ၍ လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။
3 Pero los hombres de David le dijeron: “Incluso aquí en Judá sentimos miedo. Si fuéramos a Keila a luchar contra los ejércitos filisteos, ¡estaríamos absolutamente aterrorizados!”
ဒါဝိဒ် ၏လူ တို့ကလည်း ၊ ငါ တို့သည် ယုဒ ပြည်၌ ပင် ကြောက် ကြ၏။ ထိုမျှမက ကိလ မြို့သို့ရောက်၍ ဖိလိတ္တိ ဗိုလ်ခြေ တို့နှင့် စစ်ပြိုင်သောအခါသာ၍ကြောက်စရာရှိပါသည်တကားဟု ဆို ကြ၏။
4 Entonces David volvió a pedir consejo al Señor, y éste le dijo: “Ve inmediatamente a Keila, porque te daré la victoria sobre los filisteos”.
တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ၌ ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
5 Entonces David y sus hombres fueron a Keila y lucharon contra los filisteos. Los mataron y expulsaron su ganado. De esta manera David salvó al pueblo de Keila.
ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ကိလ မြို့သို့သွား ၍ ဖိလိတ္တိ လူတို့နှင့် တိုက် သဖြင့် ၊ ထိုသူ တို့၏ တိရစ္ဆာန် များကို ယူ ၍ သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ကြ၏။ ထိုသို့ဒါဝိဒ် သည် ကိလ မြို့ကို ကယ်တင် လေ၏။
6 (Cuando Abiatar, hijo de Ahimelec, huyó hacia David en Keila, llevó consigo el efod).
အဟိမလက် ၏သား အဗျာသာ သည်၊ ဒါဝိဒ် ရှိရာ ကိလ မြို့သို့ ပြေး လာသောအခါ သင်တိုင်း တော် ပါလျက်ရောက် လာသတည်း။
7 Cuando Saúl se enteró de que David había ido a Keila, dijo: “Dios me lo ha entregado, porque se ha encerrado en una ciudad con puertas que se pueden cerrar con barrotes”.
ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ၊ ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်၊
8 Entonces Saúl convocó a todo su ejército para ir a atacar a Keila y sitiar a David y a sus hombres.
ကိလ မြို့သို့ စစ် ချီ ၍ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ထားခြင်းငှါ မိမိလူ အပေါင်း တို့ကို စုဝေး စေ၏။
9 Cuando David se enteró de que Saúl estaba tramando atacarlo, le pidió al sacerdote Abiatar: “Por favor, trae el efod”.
ရှောလု သည် မ ကောင်းသော အကြံနှင့် ကြိုးစား သည်ကို ဒါဝိဒ် သည် သိ ၍ ၊ ယဇ်ပုရောဟိတ် အဗျာသာ အား ၊ သင်တိုင်း တော်ကို ယူ ခဲ့ပါဟု ဆို ၏။
10 David oró: “Señor, Dios de Israel, a mí, tu siervo, me han dicho claramente que Saúl planea venir a Keila y destruir la ciudad por mi culpa.
၁၀ထိုအခါ ဒါဝိဒ် က၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ရှောလု သည် ကိလ မြို့သို့ လာ ၍ ကိုယ်တော် ၏ကျွန် အတွက် ဖျက်ဆီး မည်ဟု အကြံ ရှိသည်ကို ဆက်ဆက်ကြား ပါ၏။
11 ¿Van a entregarme los jefes de la ciudad de Keila? ¿Va a venir Saúl, como he oído? Señor, Dios de Israel, por favor, dímelo”. “Sí, vendrá”, respondió el Señor.
၁၁ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် ၌ အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။
12 “¿Y los jefes de la ciudad de Keila me entregarán a mí y a mis hombres a Saúl?” preguntó David. “Sí, lo harán”, respondió el Señor.
၁၂တဖန် ဒါဝိဒ် က၊ ကိလ မြို့သား တို့သည် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့ကို ရှောလု လက် သို့ အပ် ကြပါလိမ့်မည်လော ဟု မေးလျှောက် သော် ၊ ထာဝရဘုရား က၊ အပ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
13 Así que David y sus hombres, que eran unos seiscientos, salieron de Keila y se desplazaron de un lugar a otro. Cuando Saúl descubrió que David había escapado de Keila, no se molestó en ir allí.
၁၃ထိုအခါ ဒါဝိဒ် သည် ခြောက် ရာ ခန့် ရှိသောမိမိ လူ တို့နှင့် ထ ၍ ကိလ မြို့မှ ထွက် ပြီးလျှင် ၊ သွား နိုင် ရာအရပ်ရပ်သို့ သွား ကြ၏။ ဒါဝိဒ် သည် ကိလ မြို့မှ အလွတ် ပြေးကြောင်း ကို ရှောလု သည်ကြား ၍ ကိုယ်တိုင်မသွား ဘဲ နေ၏။
14 David acampó en las fortalezas del desierto, quedándose en las montañas del desierto de Zif. Saúl lo buscó continuamente, pero Dios no permitió que David fuera capturado.
၁၄ဒါဝိဒ် သည် ဇိဖ တောင်အစရှိသော တော ကြိုတောင် ကြားတို့၌ နေ ၍ ၊ ရှောလု သည် နေ့ တိုင်း ရှာ သော်လည်း သူ ၏လက် ၌ ဒါဝိဒ်ကို ဘုရား သခင်အပ် တော်မ မူ။
15 Mientras David se alojaba en Horesh, en el desierto de Zif, descubrió que Saúl iba a matarlo.
၁၅တရံရောအခါဒါဝိဒ် သည် ဇိဖ တောအုပ် ၌ ရှိ၍၊ သူ ၏ အသက် ကိုသတ် မည်ဟု ရှောလု လာ သည်ကို သိ သောအခါ၊
16 El hijo de Saúl, Jonatán, fue a ver a David a Horesh y lo animó a seguir confiando en Dios, diciéndole:
၁၆ရှောလု ၏ သား ယောနသန် သည် ထ ၍ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ၊ ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊
17 “No te preocupes, porque mi padre Saúl nunca te va a encontrar. Vas a ser rey de Israel y yo seré tu sustituto. Hasta mi padre Saúl lo sabe”.
၁၇မ စိုးရိမ် နှင့်။ သင် သည် ကျွန်ုပ် အဘ ရှောလု ၏ လက် မှလွတ်၍ ဣသရေလ ရှင် ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ် သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ် အဘ ရှောလု သိ သည်ဟု ဆို သဖြင့်၊
18 Los dos hicieron un acuerdo ante el Señor. David se quedó en Horesh y Jonatán se fue a su casa.
၁၈ထိုသူ နှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပဋိညာဉ် ဖွဲ့ ကြပြီးမှ ၊ ဒါဝိဒ် သည် တောအုပ် ၌ နေ ၍ ယောနသန် သည် မိမိ အိမ် သို့ သွား ၏။
19 Entonces los hombres de Zif fueron a ver a Saúl a Guibeá y le dijeron: “David se esconde en nuestra zona, en las fortalezas de Hores, en la colina de Haquila, en los páramos del sur.
၁၉တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ကျွန်တော် တို့နေရာ ယေရှိမုန် မြို့ တောင် ဘက်မှာ ၊ ဟခိလ တော ကြို တောင် ကြား၌ ပုန်း လျက်နေသည်ဖြစ်၍၊
20 Así que, Su Majestad, venga cuando quiera, y nos aseguraremos de entregárselo”.
၂၀အရှင်မင်းကြီး ကြွ ချင်သောစိတ် အားကြီးသည် အတိုင်းကြွ တော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက် တော်သို့ အပ် သော အမှုသည် ကျွန်တော် တို့တာရှိပါစေဟု လျှောက်လျှင်၊
21 Y Saúl le respondió: “Que el Señor te bendiga por pensar en mí.
၂၁ရှောလု က၊ သင် တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါစေသော။ သင်တို့သည် ငါ့ ကိုသနား ကြပြီ။
22 Por favor, ve y asegúrate de saber exactamente dónde está – dónde se hospeda y quién lo ha visitado – porque la gente me dice que es muy taimado.
၂၂ယခု သွား ၍ ပြင်ဆင် ကြလော့။ သူ ပုန်းရှောင်၍ နေရာ ကို၎င်း၊ အဘယ်သူ မြင် ပြီးသည်ကို၎င်း စူးစမ်း ကြလော့။ သူ သည် အလွန်လိမ္မာ သည်ကို ငါကြား၏။
23 Busca y anota todos sus escondites. Luego vuelve a mí cuando estés seguro, y yo volveré contigo. Si está aquí en el campo, lo cazaré entre todo el pueblo de Judá”.
၂၃ထိုကြောင့် သူပုန်းရှောင် ခိုလှုံရာ အရပ်ရပ် တို့ကို သေချာ စွာကြည့်ရှု သိမှတ် ပြီးမှ ၊ ငါ့ ထံသို့ တဖန် လာကြလျှင် ၊ သင် တို့နှင့်အတူ ငါလိုက် မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒ အမျိုးသားအထောင် အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
24 Así que los hombres de Zif se pusieron en marcha, regresando a Zif por delante de Saúl. David y sus hombres estaban en el desierto de Maón, en el valle de Araba en los páramos del sur.
၂၄သူတို့သည် ထ ၍ ရှောလု အရင် ဇိဖ တောသို့ သွား ကြ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မောန တော ၊ ယေရှိမုန် မြို့ တောင် ဘက်လွင်ပြင် ၌ ရှိကြ၏။
25 Saúl y sus hombres comenzaron a buscarlo. Cuando David se enteró, bajó a la roca y se quedó en el desierto de Maón. Y cuando Saúl se enteró, persiguió a David en el desierto de Maón.
၂၅ရှောလု သည်လည်း လူ များနှင့်တကွလာ၍ ရှာ သည်ကို ဒါဝိဒ် သည် ကြား ပြန်လျှင် ၊ ကျောက် ကြားမှ ထွက်သွား ၍ မောန တော ၌ နေ ၏။ ရှောလု ကြား ပြန်သော် ၊ မောန တော ၌ ဒါဝိဒ် ကို လိုက် ၍ ရှာ၏။
26 Saúl iba por un lado de la montaña, mientras que David y sus hombres iban por el otro lado, apurando la marcha. Pero justo cuando Saúl y sus hombres se acercaban a David y a los suyos, a punto de capturarlos,
၂၆ရှောလု သည် တောင် တစ်ဘက် ၌ ၎င်း ၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက် ၌ ၎င်း၊ သွား ကြ၍ ရှောလု ကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလု နှင့် သူ ၏လူ တို့သည် ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ၍ ဘမ်းမိ လုကြပြီ။
27 llegó un mensajero para decirle a Saúl: “¡Ven de inmediato! Los filisteos han invadido el país”.
၂၇ထိုအခါ တမန် ရောက် လာ၍၊ အလျင်အမြန် ကြွ လာတော်မူပါ။ ဖိလိတ္တိ လူတို့သည် ပြည် တော်ကို တိုက် လာကြပါပြီဟု ရှောလု အား ကြားလျှောက် သောကြောင့်၊
28 Así que Saúl tuvo que dejar de perseguir a David y fue a enfrentarse a los filisteos. Por eso el lugar se llama “Roca de la Fuga”.
၂၈ရှောလု သည် ဒါဝိဒ် ကို လိုက် ရှာရာမှ ပြန် ၍ ဖိလိတ္တိ လူတို့ရှိရာသို့ ချီ သွားလေ၏။ သို့ဖြစ်၍ ထို အရပ် ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ် သတည်း။
29 Entonces David partió y se fue a vivir a las fortalezas de En-gadi.
၂၉ဒါဝိဒ် သည် ထို အရပ်မှ သွား ၍ အင်္ဂေဒိ မြို့နယ်၊ ခိုင်ခံ့ သော အရပ်တို့၌ နေ လေ၏။

< 1 Samuel 23 >