< 1 Samuel 17 >
1 Los ejércitos filisteos se reunieron para la batalla en Soco, en Judá. Acamparon en Efes-damim, entre Socoh y Azeca.
၁ဖိလိတ္တိအမျိုးသားတို့သည်ယုဒပြည်ရှောခေါ မြို့တွင်စုရုံးကာ ထိုမြို့နှင့်အဇေကာမြို့စပ် ကြားဧဖက်ဒမိမ်အရပ်တွင်တပ်ချထား ကြ၏။-
2 Saúl y los israelitas se reunieron y acamparon en el Valle de Ela y tomaron sus posiciones para comenzar la batalla contra los filisteos.
၂ရှောလုနှင့်ဣသရေလအမျိုးသားများသည် လည်းစုရုံး၍ ဝက်သစ်ချချိုင့်ဝှမ်းတွင်တပ်ချ ပြီးလျှင်ဖိလိတ္တိတပ်သားတို့အားတိုက်ခိုက် ရန်အသင့်ပြင်ဆင်ကြ၏။-
3 Los filisteos estaban en una colina y los israelitas en otra, con el valle entre ellos.
၃ဖိလိတ္တိအမျိုးသားတို့ကတောင်ကုန်းတစ်ခု ပေါ်တွင်လည်းကောင်း၊ ဣသရေလအမျိုးသား တို့ကအခြားတောင်ကုန်းတစ်ခုပေါ်တွင် လည်းကောင်းနေရာယူထားကြ၏။ သူတို့၏ စပ်ကြားတွင်ကားချိုင့်ဝှမ်းခံလျက်နေသတည်း။
4 Entonces salió del campamento filisteo un campeón. Se llamaba Goliat, de Gat, y medía seis codos y un palmo.
၄ဂါသမြို့သားဂေါလျတ်ဆိုသူသည်ဖိလိတ္တိတပ် စခန်းမှထွက်လာပြီးလျှင် ဣသရေလအမျိုးသား တို့အားမိမိနှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ် လေသည်။ သူသည်အရပ်ကိုးပေ ခန့်မြင့်၍၊-
5 Tenía en la cabeza un casco de bronce y llevaba una cota de malla de bronce que pesaba cinco mil siclos.
၅တစ်ရာနှစ်ဆယ့်ငါးပေါင်ခန့်လေးသောကြေးဝါ သံချပ်အင်္ကျီကိုဝတ်ဆင်ကာကြေးဝါခမောက် ကိုဆောင်းထား၏။-
6 En las piernas llevaba una armadura de bronce y una jabalina colgada entre sus hombros.
၆ကြေးဝါခြေစွပ်ကိုလည်းဝတ်လျက်ကြေးဝါ လက်ပစ်လှံကိုပုခုံးတွင်လွယ်ထား၏။-
7 El asta de su lanza era tan gruesa como una viga de tejedor, con una punta de hierro que pesaba seiscientos siclos. Su escudero caminaba delante de él llevando su escudo.
၇သူ၏လက်ထိုးလှံအရိုးသည်ယက်ကန်းလက် လိပ်တန်တမျှကြီး၏။ သံလှံသွားမှာလည်း တစ်ဆယ့်ငါးပေါင်ခန့်လေးသည်။ သူ၏ဒိုင်း လွှားကိုကိုင်ဆောင်သူစစ်သည်ကသူ၏ရှေ့ မှသွားရ၏။-
8 Goliat se puso de pie y gritó a las filas de soldados israelitas: “¿Por qué han venido y se han puesto en fila para la batalla? Yo soy el filisteo, y ustedes son los siervos de Saúl. Elijan a uno de sus hombres y hagan que descienda a pelear conmigo.
၈ဂေါလျတ်သည်ရပ်လျက်ဣသရေလအမျိုးသား တို့အား``သင်တို့သည်အဘယ်ကြောင့်ဤအရပ်သို့ လာကြသနည်း။ စစ်တိုက်ရန်လော။ အချင်းရှောလု ၏ကျွန်တို့၊ ငါသည်ဖိလိတ္တိအမျိုးသားဖြစ်၏။ ငါနှင့်စစ်ထိုးရန်သင်တို့အထဲမှလူတစ် ယောက်ကိုရွေးချယ်ကြလော့။-
9 Si él puede pelear conmigo y logra matarme, entonces los filisteos seremos sus esclavos. Pero si lo venzo y lo mato, entonces ustedes serán nuestros esclavos y trabajarán para nosotros”.
၉အကယ်၍ထိုသူသည်ငါ့ကိုနှိမ်နင်းသတ် ဖြတ်နိုင်လျှင် ငါတို့သည်သင်တို့ထံတွင်ကျွန် ခံမည်။ သို့ရာတွင်အကယ်၍ငါသည်သူ့ကို နှိမ်နင်းသတ်ဖြတ်နိုင်ပါမူ သင်တို့သည်ငါ တို့ထံ၌ကျွန်ခံရကြမည်။-
10 Entonces el filisteo dijo: “¡Me burlo de las líneas de batalla de Israel hoy! Dénme un hombre para que podamos luchar los dos”.
၁၀ယခုငါသည်ဣသရေလတပ်မတော်အားငါ နှင့်တစ်ဦးချင်းစစ်ထိုးရန်စိန်ခေါ်ပါ၏။ ငါနှင့် တိုက်ခိုက်ရန်လူတစ်ဦးကိုရွေးချယ်ကြလော့'' ဟုဆို၏။-
11 Saúl y todos los soldados israelitas quedaron destrozados y absolutamente aterrados cuando oyeron lo que dijo el filisteo.
၁၁ထိုစကားကိုကြားသောအခါရှောလုနှင့် သူ၏စစ်သည်တပ်သားတို့သည်ထိတ်လန့် ကြကုန်၏။
12 David era uno de los hijos de Isaí, un efrateo de Belén de Judá que tenía ocho hijos. En la época en que Saúl era rey, Isaí era muy viejo.
၁၂ဒါဝိဒ်သည်ယုဒပြည်၊ ဗက်လင်မြို့မှဧဖရတ် အရပ်သားယေရှဲ၏သားဖြစ်၏။ ယေရှဲတွင် သားရှစ်ယောက်ရှိ၏။ ရှောလုမင်းနန်းစံချိန်၌ ယေရှဲသည်များစွာအိုမင်းလျက်နေလေပြီ။-
13 Los tres hijos mayores de Isaí se habían unido a la guerra como parte del ejército de Saúl. Ellos eran Eliab (el primogénito), Abinadab (el segundo) y Simea (el tercero).
၁၃သူ၏သားကြီးသုံးယောက်သည်ရှောလုနှင့်အတူ တိုက်ပွဲဝင်ရန်လိုက်သွားကြ၏။ အကြီးဆုံး သည်ဧလျာဘ၊ ဒုတိယသားမှာအဘိနဒပ်၊ တတိယသားကားရှိမာဖြစ်၏။-
14 David era el más joven. Los tres hijos mayores estaban con Saúl,
၁၄ဒါဝိဒ်သည်အငယ်ဆုံးသားဖြစ်၏။ သားကြီး သုံးယောက်တို့သည်ရှောလုထံတွင်ခစားလျက် နေကြသော်လည်း ဒါဝိဒ်မူကားရံဖန်ရံခါ ဗက်လင်မြို့သို့ပြန်ပြီးလျှင်ဖခင်၏သိုးတို့ ကိုထိန်းကျောင်းလေ့ရှိ၏။
15 mientras que David iba con Saúl y luego volvía para cuidar las ovejas de su padre.
၁၅
16 Todas las mañanas y las tardes, durante cuarenta días, el filisteo salió y se puso en pie en el mismo lugar.
၁၆ဂေါလျတ်သည်ဣသရေလအမျိုးသားတို့ အား တစ်ဦးချင်းစစ်ထိုးရန်နံနက်တစ်ခါ၊ ညတစ်ခါအရက်လေးဆယ်တိုင်တိုင်စိန် ခေါ်လေသည်။
17 Isaí le dijo a su hijo David: “Por favor, lleva a tus hermanos este efa de grano tostado y estos diez panes para tus hermanos. Llévalos rápidamente al campamento de tus hermanos.
၁၇တစ်နေ့သ၌ယေရှဲသည်ဒါဝိဒ်အား``ဤပေါက် ပေါက်တစ်တင်းနှင့်မုန့်ဆယ်လုံးကိုယူ၍သင် ၏အစ်ကိုများရှိရာတပ်စခန်းသို့အမြန် သွားလော့။-
18 Además, lleva estos diez trozos de queso a su comandante. Comprueba con cuidado cómo están tus hermanos y tráeme noticias de ellos”.
၁၈တပ်မှူးအတွက်ဒိန်ခဲဆယ်လုံးကိုလည်းယူ ၍သွားပါလေ။ သင်၏အစ်ကိုများကျန်းမာ သည်မကျန်းမာသည်ကိုစုံစမ်းပြီးလျှင် သူတို့ကျန်းမာစွာရှိကြောင်းသက်သေတစ် ခုခုကိုယူခဲ့လော့။-
19 Sus hermanos estaban con Saúl y todo el ejército israelita en el Valle de Ela, luchando contra los filisteos.
၁၉ရှောလုမင်းမှစ၍သင့်အစ်ကိုများနှင့်အခြား ဣသရေလအမျိုးသားတို့သည် ဧလာချိုင့်ဝှမ်း တွင်ဖိလိတ္တိအမျိုးသားတို့နှင့်တိုက်ပွဲဝင်လျက် ရှိနေကြ၏'' ဟုဆို၏။
20 David se levantó de madrugada y dejó el rebaño con un pastor. Tomó las provisiones y se puso en marcha como se lo había dicho Isaí. Llegó al campamento justo cuando el ejército marchaba hacia su línea de batalla, gritando el grito de guerra.
၂၀ဒါဝိဒ်သည်နောက်တစ်နေ့နံနက်စောစောထ ၍ သိုးတို့ကိုအခြားလူတစ်ယောက်လက်တွင် အပ်ပြီးနောက် အစားအစာများကိုယူကာ ယေရှဲမှာကြားသည့်အတိုင်းထွက်ခွာသွား လေသည်။ သူသည်ဣသရေလအမျိုးသား တို့နှင့် ဖိလိတ္တိအမျိုးသားတို့စစ်တိုက်ရန် ကြွေးကြော်ကာ စစ်မြေပြင်သို့ထွက်ခွာလာ ချိန်၌ရောက်ရှိလာ၏။-
21 Los israelitas se colocaron en su línea de batalla y los filisteos en la del lado opuesto.
၂၁ဖိလိတ္တိအမျိုးသားများနှင့်ဣသရေလ အမျိုးသားတို့သည်တိုက်ပွဲဝင်ရန် မျက်နှာ ချင်းဆိုင်နေရာယူကြ၏။-
22 David dejó sus provisiones con el responsable y corrió a la línea de batalla. Cuando llegó allí, preguntó a sus hermanos cómo estaban.
၂၂ဒါဝိဒ်သည်မိမိယူဆောင်လာသည့်အစားအစာ များကို ရိက္ခာတာဝန်ခံထံတွင်အပ်ထား၍စစ် မြေပြင်သို့ပြေးသွား၏။ ထိုနောက်မိမိ၏ အစ်ကိုများထံသွားရောက်နှုတ်ဆက်၏။-
23 Mientras hablaba con ellos, Goliat, el campeón filisteo de Gat, salió de sus filas y gritó su desafío como antes, y esta vez David escuchó lo que decía.
၂၃ယင်းသို့သူတို့နှင့်စကားပြောနေချိန်၌ ဂေါလျတ်သည် ရှေ့သို့ထွက်လာပြီးလျှင်ဣသ ရေလအမျိုးသားတို့အား မိမိနှင့်တစ်ဦး ချင်းစစ်ထိုးရန်ယခင်ကနည်းတူစိန်ခေါ် လေသည်။ ထိုစိန်ခေါ်သံကိုဒါဝိဒ်ကြား၏။-
24 Todos los soldados israelitas huyeron al verlo, porque tenían un miedo terrible.
၂၄ဣသရေလအမျိုးသားတို့သည်ဂေါလျတ် ကိုမြင်လျှင်ကြောက်၍ထွက်ပြေးကြ၏။-
25 “¿Han visto a ese hombre que no deja de salir para burlarse de Israel?”, preguntaron. “El rey hará muy rico al hombre que lo mate. También le dará a su hija en matrimonio, y su familia vivirá libre de impuestos en Israel”.
၂၅``သူ့အားကြည့်ကြလော့။ သူကြိမ်းဝါးသည် ကိုလည်းနားထောင်ကြလော့။ ရှောလုမင်း သည်ထိုသူ့ကိုသတ်ဖြတ်နိုင်သူအားဆု တော်လာဘ်တော်ကိုပေးတော်မူမည်ဟုကတိ ပြုထား၏။ မင်းကြီးသည်ထိုသူအား သမီး တော်နှင့်လည်းထိမ်းမြားစုံဖက်တော်မူပါ လိမ့်မည်။ ထို့ပြင်သူ့ဖခင်၏အိမ်ထောင်စုကို အခွန်တော်များလွတ်ငြိမ်းခွင့်ပြုတော်မူ လိမ့်မည်'' ဟုအချင်းချင်းပြောဆိုနေ ကြ၏။
26 Entonces David les preguntó a los hombres que estaban a su lado: “¿Qué recibirá el hombre que mate a este filisteo y elimine esta vergüenza de Israel? ¿Quién se cree que es este Filisteo pagano para burlarse del Dios vivo de los ejércitos?”.
၂၆ဒါဝိဒ်သည်အနီး၌ရှိသောလူတို့အား``ဤ ဖိလိတ္တိအမျိုးသားကိုသတ်၍ဣသရေလ အမျိုးသားတို့၏အသရေကိုဆယ်နိုင်သူ သည် အဘယ်အကျိုးကိုခံစားရပါမည် နည်း။ အကယ်စင်စစ်ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားသည်အဘယ်သို့သောသူဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ၏တပ်မတော်ကိုအံတု၍နေပါသနည်း'' ဟုဆို၏။-
27 Los soldados repitieron lo que habían dicho, diciéndole: “Esto es lo que recibirá el que lo mate”.
၂၇သူတို့ကလည်းဂေါလျတ်ကိုသတ်နိုင်သူ သည် မည်သည့်အကျိုးခံစားရမည်ကို ဒါဝိဒ်အားပြောကြ၏။
28 Cuando Eliab, el hermano mayor de David, lo oyó hablar con los hombres, se enojó con él. “¿Qué haces aquí?”, le preguntó. “¿Con quién has dejado esas pocas ovejas en el desierto? ¡Sé lo orgulloso y malvado que eres! Sólo has venido a ver la batalla”.
၂၈ထိုသူတို့နှင့်ဒါဝိဒ်ပြောသောစကားကို အစ်ကိုကြီးဧလျာဘကြားလျှင် အမျက် ထွက်၍``သင်သည်အဘယ်ကြောင့်ဤအရပ် သို့လာသနည်း။ တောကန္တာရတွင်သိုးများ ကိုအဘယ်သူထိန်းကျောင်းလျက်နေပါ သနည်း။ သင်၏စိတ်နေမြင့်မှု၊ ဆိုးညစ်ယုတ် မာမှုကိုငါသိ၏။ သင်သည်စစ်ပွဲကြည့် ရန်လာရောက်ခြင်းသာဖြစ်၏'' ဟုဆို၏။
29 “¿Qué he hecho ahora?” preguntó David. “¿No puedo ni siquiera hacer una pregunta?”.
၂၉ဒါဝိဒ်က``အကျွန်ုပ်သည်အဘယ်အမှုကို ပြုမိပါသနည်း။ မေးခွန်းတစ်ခုကိုမျှမေး နိုင်ခွင့်မရှိပါသလော'' ဟုဆို၍၊-
30 Se acercó a otros y les hizo la misma pregunta, y ellos le dieron la misma respuesta que antes.
၃၀အခြားသူတို့ဘက်သို့လှည့်ပြီးလျှင် ယခင် ကဲ့သို့မေးမြန်းပြီးလျှင်ရှေးနည်းတူပြန် ပြောကြ၏။
31 Alguien escuchó lo que dijo David y se lo comunicó a Saúl, que mandó a buscarlo.
၃၁လူအချို့တို့သည်ဒါဝိဒ်ပြောဆိုသောစကား ကိုကြား၍ ရှောလုအားသံတော်ဦးတင်ကြ သောအခါရှောလုသည်ဒါဝိဒ်ကိုခေါ်တော် မူ၏။-
32 David le dijo a Saúl: “Que nadie se desanime por culpa de este filisteo. Yo, tu siervo, iré a luchar contra él”.
၃၂ဒါဝိဒ်က``အရှင်မင်းကြီး၊ ဤဖိလိတ္တိအမျိုး သားအား အဘယ်သူမျှမကြောက်သင့်ပါ။ အကျွန်ုပ်သည်သွား၍သူနှင့်စစ်ထိုးပါမည်'' ဟုရှောလုအားလျှောက်၏။
33 “No puedes ir a luchar contra ese filisteo”, respondió Saúl. “Tú eres sólo un muchacho, y él es un guerrero entrenado desde su juventud”.
၃၃ရှောလုက``အဘယ်သို့လျှင်သင်သည်သူနှင့် စစ်ထိုးနိုင်ပါမည်နည်း။ သင်သည်သူငယ်မျှ သာရှိသေး၏။ ထိုသူမူကားတစ်သက်လုံး စစ်သူရဲလုပ်ခဲ့သူဖြစ်၏'' ဟုဆိုသော်၊
34 David respondió: “Tu siervo ha estado cuidando las ovejas de su padre. Cuando venía un león o un oso y se llevaba un cordero del rebaño,
၃၄ဒါဝိဒ်က``အရှင်မင်းကြီး၊ အကျွန်ုပ်သည် ဖခင်၏သိုးများကိုထိန်းကျောင်းရသူ ဖြစ်ပါ၏။ သိုးတစ်ကောင်ကိုခြင်္သေ့သော် လည်းကောင်း၊ ဝက်ဝံသော်လည်းကောင်း ကိုက်ချီသွားပါလျှင်၊-
35 yo lo perseguía, lo derribaba y salvaba el cordero de su boca. Si se volvía para atacarme, le agarraba el pelo, lo golpeaba y lo mataba.
၃၅အကျွန်ုပ်သည်ထိုသားရဲကိုလိုက်လံတိုက်ခိုက် ကာ သိုးငယ်ကိုကယ်ဆယ်ပါ၏။ အကယ်၍ခြင်္သေ့ သို့မဟုတ်ဝက်ဝံသည် အကျွန်ုပ်ကိုလှည့်၍ကိုက် ခဲ့သော်အကျွန်ုပ်သည်သူ၏လည်မြိုကိုကိုင်၍ ရိုက်သတ်ပါ၏။-
36 He matado leones y osos, y este pagano filisteo será como uno de ellos, pues se ha burlado de los ejércitos del Dios vivo”.
၃၆အကျွန်ုပ်သည်ခြင်္သေ့နှင့်ဝက်ဝံတို့ကိုသတ်ခဲ့သူ ဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင်၏ တပ်မတော်ကိုအံတုသူ၊ ဤဘုရားမဲ့ဖိလိတ္တိ အမျိုးသားအားလည်းသတ်ဖြတ်နိုင်ပါသည်။-
37 David concluyó: “El Señor, que me salvó de las garras del león y del oso, y del mismo modo me salvará de este filisteo”. “Ve, y que el Señor esté contigo”, respondió Saúl.
၃၇ထာဝရဘုရားသည်အကျွန်ုပ်အားခြင်္သေ့ ဘေး၊ ဝက်ဝံဘေးမှကယ်တော်မူခဲ့ပါပြီ။ ကိုယ်တော်သည်အကျွန်ုပ်အား ဤဖိလိတ္တိ အမျိုးသား၏လက်မှလည်းကယ်တော် မူပါလိမ့်မည်'' ဟုလျှောက်၏။ ရှောလုက``ကောင်းပြီ၊ သွားလော့။ ထာဝရ ဘုရားသည် သင်နှင့်အတူရှိတော်မူပါ စေသော'' ဟုဆိုကာ၊-
38 Saúl le dio a David su propia ropa de combate para que se la pusiera, le colocó un casco de bronce en la cabeza y le puso una armadura.
၃၈မိမိကိုယ်ပိုင်လက်နက်စုံကိုဒါဝိဒ်အား တပ်ဆင်ပေး၏။ ကြေးဝါခမောက်ကိုဆောင်း ပေးပြီးလျှင်သံချပ်အင်္ကျီကိုဝတ်ဆင်စေ တော်မူ၏။-
39 David se puso la espada sobre la armadura, pero no podía caminar porque no estaba acostumbrado. “No puedo caminar con todo esto”, le dijo David a Saúl. “No estoy acostumbrado”. Así que David se quitó toda la armadura.
၃၉ဒါဝိဒ်သည်သံချပ်အင်္ကျီအပေါ်တွင် ရှောလု ၏ဋ္ဌားကိုချိတ်ဆွဲကာလမ်းလျှောက်ကြည့်၏။ သို့ရာတွင်သံချပ်အင်္ကျီဝတ်ကျင့်မရှိသဖြင့် သူသည်လမ်းလျှောက်၍မရ။ ထို့ကြောင့်ရှောလု အား``အကျွန်ုပ်သည်ဤတန်ဆာမျိုးကိုဝတ် ကျင့်မရှိပါ'' ဟုလျှောက်ပြီးလျှင်ချွတ် လိုက်၏။-
40 Tomó su bastón, escogió cinco piedras lisas del arroyo y las puso en su bolsa de pastor. Llevando su honda en la mano, se acercó al filisteo.
၄၀သူသည်မိမိ၏သိုးထိန်းတောင်ဝှေးကိုယူ၍ စမ်းချောင်းထဲမှကျောက်ခဲငါးလုံးကိုကောက် ယူကာလွယ်အိတ်ထဲသို့ထည့်လိုက်၏။ ထိုနောက် လောက်လွှဲကိုအသင့်ကိုင်၍ ဂေါလျတ်နှင့် တွေ့ဆုံရန်ထွက်သွားလေသည်။
41 El filisteo se acercó a David, cada vez más cerca, con su escudero al frente.
၄၁ဂေါလျတ်သည်မိမိ၏ဒိုင်းလွှားကိုင်ဆောင် သူ၏နောက်မှနေ၍ ဒါဝိဒ်ရှိရာသို့ချဉ်း ကပ်လာ၏။-
42 Cuando el filisteo miró de cerca, pudo ver que David era sólo un joven apuesto de cara roja, y entonces trató a David con desprecio.
၄၂သူသည်ဒါဝိဒ်ကိုသေချာစွာကြည့်သော အခါ ဒါဝိဒ်ကားရှုချင်ဖွယ်ကောင်းသည့် သူငယ်တစ်ယောက်မျှသာဖြစ်သည်ကိုတွေ့ ရှိရသောကြောင့် သူ့အားမထီလေးစားပြု လေသည်။-
43 “¿Piensas que soy un perro para venir a pelear conmigo con un palo?”, le preguntó el filisteo a David, y lo maldijo por sus dioses.
၄၃သူကဒါဝိဒ်အား``တောင်ဝှေးနှင့်အဘယ်ကြောင့် လာပါသနည်း။ ငါ့အားခွေးထင်မှတ်သလော'' ဟုဆိုပြီးလျှင်မိမိ၏ဘုရားကိုတိုင်တည်၍ ဒါဝိဒ်အားကျိန်ဆဲလေသည်။-
44 Entonces el filisteo le gritó a David: “Ven aquí, y daré de comer tu carne a las aves y a los animales salvajes”.
၄၄ထိုနောက်``လာခဲ့လော့။ ငါသည်သင့်အသား ကိုငှက်များနှင့်သားရဲတိရစ္ဆာန်များ၏ အစာဖြစ်စေအံ့'' ဟုဆို၏။
45 David le respondió al filisteo: “Tú vienes a atacarme con espada, lanza y jabalina. Pero yo vengo a atacarte en nombre del Señor Todopoderoso, el Dios de los ejércitos de Israel, del que te has burlado.
၄၅ဒါဝိဒ်က``သင်သည်ဋ္ဌား၊ ပစ်လှံ၊ ထိုးလှံတို့နှင့် သာလာ၏။ ငါမူကားသင်အံတုသည့်ဣသရေ လစစ်သည်တော်တို့၏ဘုရားဖြစ်တော်မူသော အနန္တတန်ခိုးရှင်ထာဝရဘုရား၏နာမတော် နှင့်လာ၏။-
46 Hoy el Señor te entregará en mis manos, y yo te derribaré; te cortaré la cabeza y entregaré los cadáveres de los soldados filisteos a las aves y a los animales salvajes. Entonces todo el mundo sabrá que hay un Dios que actúa por Israel.
၄၆ယနေ့ပင်လျှင်ထာဝရဘုရားသည်သင့်အား ငါ၏လက်တွင်အပ်နှင်းတော်မူလိမ့်မည်။ ငါ သည်သင့်ကိုနှိမ်နင်း၍သင်၏ဦးခေါင်းကို ဖြတ်ပစ်မည်။ ဖိလိတ္တိတပ်သားတို့၏အသေ ကောင်များကိုငှက်များ၊ သားရဲတိရစ္ဆာန်များ ၏အစာဖြစ်စေမည်။ ထိုအခါဣသရေလ အမျိုးသားတို့တွင် ဘုရားရှိတော်မူကြောင်း တစ်ကမ္ဘာလုံးသိကြလိမ့်မည်။-
47 Todos los aquí reunidos se darán cuenta de que el Señor salva, pero no con espada y lanza. Porque la batalla es del Señor, y él nos entregará a todos los filisteos”.
၄၇ကိုယ်တော်သည်မိမိ၏လူမျိုးတော်အားကယ် တင်ရန်အတွက် ဋ္ဌား၊ လှံလက်နက်များကိုအသုံး ပြုတော်မူရန်မလိုကြောင်းကိုလည်း ဤအရပ် တွင်ရှိသမျှသောလူတို့တွေ့မြင်ရကြလိမ့် မည်။ ကိုယ်တော်သည်စစ်မက်ရေးရာကိုပိုင် တော်မူသဖြင့် သင်တို့အားလုံးကိုငါတို့ လက်သို့အပ်နှင်းတော်မူလိမ့်မည်'' ဟုဆို၏။
48 Cuando el filisteo avanzó para atacarlo, David corrió hacia la línea de batalla para enfrentarlo.
၄၈ဂေါလျတ်သည် ဒါဝိဒ်ရှိရာသို့တစ်ဖန်ချဉ်းကပ် လာ၏။ ဒါဝိဒ်သည်သူနှင့်စစ်ထိုးရန်ဖိလိတ္တိ တပ်ဦးသို့အလျင်အမြန်ပြေး၍၊-
49 David metió la mano en su bolsa, sacó una piedra y la disparó con su honda, golpeando al filisteo en la frente. La piedra se le clavó en la frente, y Goliat se desplomó boca abajo en el suelo.
၄၉မိမိလွယ်အိတ်မှကျောက်ခဲတစ်လုံးကိုနှိုက်ယူ ပြီးလျှင် လောက်လွှဲနှင့်ဂေါလျတ်အားပစ်လိုက်၏။ ကျောက်ခဲသည်ဂေါလျတ်၏နဖူးကိုထိမှန်၍ နဖူးပေါက်သဖြင့်ဂေါလျတ်သည်မြေပေါ်သို့ ငိုက်စိုက်လဲကျသွားတော့၏။-
50 Así fue como David derrotó al filisteo con sólo una honda y una piedra; sin espada en la mano, David derribó al filisteo y lo mató.
၅၀ဤကဲ့သို့ဒါဝိဒ်သည်ဋ္ဌားမပါဘဲ လောက်လွှဲနှင့် ကျောက်ခဲတစ်လုံးဖြင့်ဂေါလျတ်အားသေ လောက်သည့်ဒဏ်ရာရစေလျက်နှိမ်နင်းလိုက် သတည်း။-
51 Entonces David corrió y se paró sobre el filisteo. Tomó la espada del filisteo y la sacó de su vaina. Lo mató y luego le cortó la cabeza con la espada. Cuando los filisteos vieron que su campeón estaba muerto, dieron la vuelta y huyeron.
၅၁သူသည်ဂေါလျတ်ရှိရာသို့ပြေးပြီးနောက် သူ့ကို ခြေနှင့်နင်းကာသူ၏ဋ္ဌားကိုဋ္ဌားအိမ်မှဆွဲထုတ် ပြီးလျှင် ခေါင်းကိုဖြတ်၍သတ်လေတော့သည်။ ဖိလိတ္တိအမျိုးသားများသည် မိမိတို့သူရဲ ကောင်းကြီးကျဆုံးသွားသည်ကိုမြင်ကြ သောအခါထွက်ပြေးကြကုန်၏။-
52 Entonces los hombres de Israel y de Judá se lanzaron al grito de guerra y persiguieron a los filisteos hasta Gat y hasta las puertas de Ecrón. Sus cuerpos fueron esparcidos a lo largo del camino de Saaraim hacia Gat y Ecrón.
၅၂ဣသရေလနှင့်ယုဒတပ်သားများသည်လည်း အော်သံပေးကာဂါသမြို့နှင့် ဧကြုန်မြို့တံခါးများတိုင်အောင်သူတို့အား လိုက်လံတိုက်ခိုက်ကြ၏။ ဖိလိတ္တိအမျိုးသား တို့သည်ဒဏ်ရာရ၍ ဂါသမြို့နှင့်ဧကြုန်မြို့ တိုင်အောင်ရှာရိမ်လမ်းတစ်လျှောက်လုံး၌ ကျဆုံးကြကုန်၏။-
53 Cuando los israelitas regresaron de su acalorada persecución a los filisteos, saquearon sus campamentos.
၅၃ဣသရေလအမျိုးသားတို့သည်လိုက်လံ တိုက်ခိုက်ရာမှပြန်လာကြပြီးနောက် ဖိလိတ္တိ တပ်စခန်းကိုဝင်ရောက်လုယက်ကြလေသည်။-
54 David tomó la cabeza del filisteo y la llevó a Jerusalén, pero puso las armas del filisteo en su propia tienda.
၅၄ဒါဝိဒ်သည်ဂေါလျတ်၏ဦးခေါင်းကိုယူ၍ ယေရုရှလင်မြို့သို့သယ်ဆောင်သွား၏။ ဂေါ လျတ်၏လက်နက်များကိုမူမိမိ၏တပ် စခန်းတွင်သိမ်းဆည်းထား၏။
55 Cuando Saúl vio que David salía a luchar contra el filisteo, le preguntó a Abner, el comandante del ejército: “Abner, ¿de quién es hijo ese joven?” “Por su vida, Su Majestad, no lo sé”, respondió Abner.
၅၅ဂေါလျတ်နှင့်စစ်ထိုးရန် ဒါဝိဒ်ထွက်သွားသည် ကိုရှောလုမြင်သောအခါ ဗိုလ်ချုပ်အာဗနာ အား``အာဗနာ၊ ထိုသူငယ်ကားအဘယ်သူ နည်း'' ဟုမေးတော်မူ၏။ အာဗနာက``အရှင်မင်းကြီး၊ အကျွန်ုပ်မသိပါ'' ဟုလျှောက်၏။
56 “Averigua de quién es hijo este joven”, ordenó el rey.
၅၆ရှောလုက``မသိလျှင်သွား၍စုံစမ်းလော့'' ဟု မိန့်တော်မူ၏။
57 En cuanto David regresó de matar al filisteo, Abner lo tomó y lo llevó ante Saúl. David todavía tenía la cabeza del filisteo en la mano.
၅၇ထို့ကြောင့်ဂေါလျတ်ကိုဒါဝိဒ်သတ်ပြီးနောက် တပ်စခန်းသို့ပြန်လာသောအခါအာဗနာ သည်သူ့ကိုခေါ်၍ ရှောလု၏ရှေ့တော်သို့သွင်း လေ၏။ ထိုအခါဒါဝိဒ်သည်ဂေါလျတ်၏ ဦးခေါင်းကိုကိုင်ဆောင်လျက်ပင်ရှိသေး၏။-
58 “¿De quién eres hijo, joven?” preguntó Saúl. “Soy hijo de tu siervo Isaí de Belén”, respondió David.
၅၈ရှောလုက``အချင်းလူငယ်၊ သင်ကားအဘယ် သူ၏သားနည်း'' ဟုမေးတော်မူလျှင်၊ ဒါဝိဒ်က``အကျွန်ုပ်သည်အရှင်၏အစေခံ၊ ဗက်လင်မြို့သားယေရှဲ၏သားဖြစ်ပါ၏'' ဟုပြန်လည်လျှောက်ထား၏။