< 1 Crónicas 9 >

1 Todo el pueblo de Israel quedó registrado en los registros de las genealogías del libro de los reyes de Israel. Pero el pueblo de Judá fue llevado al cautiverio en Babilonia porque había sido infiel.
ဣ​သ​ရေ​လ​ပြည်​သူ​အ​ပေါင်း​တို့​အား​အိမ် ထောင်​စု​များ​အ​လိုက်​စာ​ရင်း​ပြု​လုပ်​ထား ကြောင်း ဣ​သ​ရေ​လ​ဘု​ရင်​များ​ကျမ်း​တွင် မှတ်​တမ်း​တင်​၍​ထား​လေ​သည်။ ယု​ဒ​ပြည်​သား​တို့​သည်​မိ​မိ​တို့​၏​အ​ပြစ် များ​ကြောင့် ဗာ​ဗု​လုန်​ပြည်​သို့​ပြည်​နှင်​ဒဏ် အ​ပေး​ခံ​ရ​ကြ​၏။-
2 Los primeros en regresar y reclamar sus propiedades y vivir en sus ciudades fueron algunos israelitas, sacerdotes, levitas y servidores del Templo.
ပ​ထ​မ​ဦး​ဆုံး​မိ​မိ​တို့​၏​ဘိုး​ဘွား​ပိုင်​မြို့ ရွာ​များ​သို့​ပြန်​လည်​ရောက်​ရှိ​လာ​ကြ​သူ များ​အ​ထဲ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား ဝတ်​ကြောင်​များ၊ ယဇ်​ပု​ရော​ဟိတ်​များ၊ လေ​ဝိ အ​နွယ်​ဝင်​များ​နှင့်​ဗိ​မာန်​တော်​အ​လုပ် သ​မား​များ​ပါ​ဝင်​လေ​သည်။-
3 Algunos de los miembros de las tribus de Judá, Benjamín, Efraín y Manasés volvieron a vivir en Jerusalén. Entre ellos estaban:
ယု​ဒ၊ ဗင်္ယာ​မိန်၊ ဧ​ဖ​ရိမ်​နှင့်​မ​နာ​ရှေ​အ​နွယ် ဝင်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရောက် နေ​ထိုင်​ကြ​၏။
4 Utaí hijo de Ammihud, hijo de Omrí, hijo de Imrí, hijo de Baní, descendiente de Fares, hijo de Judá.
ယု​ဒ​အ​နွယ်​မှ​အိမ်​ထောင်​စု​ပေါင်း​ခြောက်​ရာ ကိုး​ဆယ်​တို့​သည် ယေ​ရု​ရှ​လင်​မြို့​တွင်​နေ ထိုင်​ကြ​၏။ ယု​ဒ​၏​သား​ဖာ​ရက်​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​ဥသဲ​ဖြစ်​၏။ သူ​သည်​အ​မိ ဟုဒ်​၏​သား၊ သြ​မ​ရိ​၏​မြေး​တည်း။ သူ​၏ အ​ခြား​ဘိုး​ဘေး​များ​တွင်​ဣ​မ​ရိ​နှင့် ဗာ​နိ​တို့​ပါ​ဝင်​သည်။ ယု​ဒ​၏​သား​ရှေ​လ​မှ​ဆင်း​သက်​လာ​သူ​တို့ ၏​ခေါင်း​ဆောင်​မှာ​အ​သာ​ယ​ဖြစ်​၏။ သူ​သည် မိ​မိ​၏​အိမ်​ထောင်​ဦး​စီး​ဖြစ်​လေ​သည်။ ယု​ဒ​၏​သား​ဇေ​ရ​မှ​ဆင်း​သက်​လာ​သူ တို့​၏​ခေါင်း​ဆောင်​မှာ​ယွေ​လ​ဖြစ်​၏။
5 De los silonitas: Asaías (el primogénito) y sus hijos.
6 De los zeraítas: Jeuel y sus parientes, con un total de 690.
7 De los benjamitas: Salú, hijo de Mesulam, hijo de Hodavías, hijo de Asenúa;
ဗင်္ယာ​မိန်​အ​နွယ်​ဝင်​များ​ဖြစ်​ကြ​သော၊ ဟာ​သေ​နွာ​၏​သား​ဟော​ဒ​ဝိ၊ဟော​ဒ​ဝိ​၏​သား မေ​ရှု​လံ၊ မေ​ရှု​လံ​၏​သား​သလ္လု၊ ယေ​ရော​ဟံ​၏​သား​ဣ​ဗ​နိ​ယ၊ သြ​ဇိ​၏​သား၊ မိ​ခ​ရိ​၏​မြေး​ဧ​လာ၊ ဣ​ဗ​နိ​ယ​၏​သား​ရွေ​လ၊ ရွေ​လ​၏​သား ရှေ​ဖ​တိ တို့​သည်​ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
8 Ibneías, hijo de Jeroham; Ela, hijo de Uzi, hijo de Micrí; y Mesulam, hijo de Sefatías, hijo de Reuel, hijo de Ibniás.
9 Todos ellos eran jefes de familia, según consta en sus genealogías, y en total sumaban 956.
ဤ​အ​နွယ်​မှ​ထို​မြို့​တွင်​နေ​ထိုင်​သူ​အိမ်​ထောင်​စု များ​မှာ​ကိုး​ရာ့​ငါး​ဆယ့်​ခြောက်​စု​ရှိ​သ​တည်း။ အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား အား​လုံး​သည်​အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ပေ သည်။
10 De los sacerdotes: Jedaías, Joiarib, Yacín,
၁၀ယေ​ရု​ရှ​လင်​မြို့​တွင် အောက်​ပါ​ယဇ်​ပု​ရော ဟိတ်​များ​သီ​တင်း​သုံး​နေ​ထိုင်​ကြ​သည်။ ယေ​ဒါ​ယ၊ယော​ယ​ရိပ်​နှင့်​ယာ​ခိန်၊ မေ​ရှု​လံ၊ဇာ​ဒုတ်၊မ​ရာ​ယုတ်၊အ​ဟိ​တုပ်​တို့​မှ ဆင်း​သက်​လာ​သူ​ဟိ​လ​ခိ​၏​သား (ဗိ​မာန်​တော်​မှူး​ချုပ်) အာ​ဇ​ရိ။ ပါ​ရှု​ရ​နှင့်​မာ​လ​ခိ​တို့​မှ​ဆင်း​သက်​လာ​သူ ယေ​ရော​ဟံ​၏​သား​အ​ဒါ​ယ။ ယာ​ဇေ​ရ၊ မေ​ရှု​လံ၊ မေ​ရှိ​လ​မုတ်​နှင့် ဣ​မေ​ရ တို့​မှ​ဆင်း​သက်​လာ​သူ​အ​ဒေ​လ​၏​သား မာ​ရှဲ​တို့​ဖြစ်​ကြ​၏။
11 Azarías hijo de Hilcías, hijo de Mesulam, hijo de Sadoc, hijo de Meraiot, hijo de Ajitub. (Azarías era el funcionario principal a cargo de la casa de Dios).
၁၁
12 También Adaías hijo de Jeroham, hijo de Pasur, hijo de Malquías, y Masai hijo de Adiel, hijo de Jazera, hijo de Mesulam, hijo de Mesilemit, hijo de Imer.
၁၂
13 Los sacerdotes, que eran jefes de familia, sumaban 1.760. Eran hombres fuertes y capaces que servían en la casa de Dios.
၁၃အိမ်​ထောင်​ဦး​စီး​များ​ဖြစ်​ကြ​သည့်​ယဇ်​ပု​ရော ဟိတ်​တို့​၏​အ​ရေ​အ​တွက်​မှာ စု​စု​ပေါင်း​တစ် ထောင့်​ခု​နစ်​ရာ​ခြောက်​ဆယ်​ဖြစ်​၏။ သူ​တို့​သည် ဗိ​မာန်​တော်​အ​တွင်း​၌​ဆောင်​ရွက်​ရ​သော​အ​မှု ကိစ္စ​မှန်​သ​မျှ​တို့​တွင်​အ​ထူး​ကျွမ်း​ကျင်​သူ များ​ဖြစ်​ကြ​၏။
14 De los levitas: Semaías, hijo de Jasub, hijo de Azricam, hijo de Hasabías, descendiente de Merari;
၁၄အောက်​ပါ​လေ​ဝိ​အ​နွယ်​ဝင်​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​ကြ​၏။ မေ​ရာ​ရိ​သား​ချင်း​စု​ဝင်၊ ဟာ​ရှ​ဘိ​နှင့်​အာ​ဇ​ရိ​ကံ တို့​မှ ဆင်း​သက်​လာ​သော​ဟာ​ရှုပ်​၏​သား​ရှေ​မာ​ရ။ ဗာ​က​ဗက္ကာ၊ဟေ​ရက်​နှင့်​ဂ​လာ​လ။ အာ​သပ်၊ဇိ​ခ​ရိ​တို့​မှ​ဆင်း​သက်​လာ​သော မိက္ခာ​၏​သား​မ​ဿ​နိ။ ဂ​လာ​လ၊ ယေ​ဒု​သုံ​တို့​မှ​ဆင်း​သက်​လာ သော ရှေ​မာ​ယ​၏​သား​သြ​ဗ​ဒိ။ ဧ​လ​ကာ​န​၏​မြေး၊အာ​သ​၏​သား​ဗေ​ရ​ခိ၊ ဧ​လ​ကာ​န​သည်​နေ​တော​ဖာ​သိ​မြို့​အ​ပိုင် နယ်​မြေ​သား​ဖြစ်​၏။
15 Bacbacar, Heres, Galal y Matanías, hijo de Mica, hijo de Zicri, hijo de Asaf;
၁၅
16 Abdías, hijo de Semaías, hijo de Galal, hijo de Jedutún; y Berequías, hijo de Asa, hijo de Elcana, que vivían en las aldeas de los netofatitas.
၁၆
17 Los guardas de la puerta del Templo: Salum, Acub, Talmón, Ahimán y sus parientes. Salum era el jefe de los guardianes de la puerta del Templo.
၁၇ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​သည့်​ဗိ​မာန်​တော် အ​စောင့်​တပ်​သား​များ​မှာ​ရှလ္လုံ၊ အက္ကုပ်၊ တာ လ​မုန်​နှင့်​အ​ဟိ​မန်​တို့​ဖြစ်​၏။ ရှလ္လုံ​သည်​သူ တို့​၏​ခေါင်း​ဆောင်​တည်း။-
18 Ellos tenían la responsabilidad hasta ahora de cuidar la Puerta del Rey en el lado Este. Eran los guardianes de los campamentos de los levitas.
၁၈သူ​တို့​သည်​ယ​ခင်​အ​ခါ​က​သူ​တို့​သည် လေ​ဝိ​တဲ​စ​ခန်း​မှ​တံ​ခါး​စောင့်​များ​ဖြစ် သည်။ အ​ရှေ့​အ​ဝင်​ဝ​ရှင်​ဘု​ရင်​၏​တံ​ခါး ကို​စောင့်​ရ​ကြ​၏။
19 Salum era hijo de Coré, hijo de Ebiasaf, hijo de Coré. Él y sus parientes, los coreítas, eran responsables de vigilar las entradas del santuario de la misma manera que sus padres se habían encargado de vigilar la entrada de la casa de campaña del Señor.
၁၉ဘု​ရား​သ​ခင်​၏​တဲ​စ​ခန်း​ကို​ဘိုး​ဘေး​တို့ တာ​ဝန်​ယူ​၍​စောင့်​ရ​ကြ​သ​ကဲ့​သို့ ဧ​ဗျာ​သပ် ၏​မြေး၊ ကော​ရ​၏​သား​ရှလ္လုံ​သည်​မိ​မိ​၏ အ​မျိုး​သား​များ​ဖြစ်​ကြ​သော အ​ခြား ကော​ရ​သိ​သား​ချင်း​စု​ဝင်​တို့​နှင့်​အ​တူ သန့်​ရှင်း​မြင့်​မြတ်​သည့်​တဲ​တော်​အ​ဝင်​ဝ ကို​စောင့်​ရန်​တာ​ဝန်​ယူ​ရ​၏။-
20 Anteriormente, Finees hijo de Eleazar, había sido el líder de los porteros. Y el Señor estaba con él.
၂၀ဧ​လာ​ဇာ​၏​သား​ဖိ​န​ဟတ်​သည်​အ​ခါ တစ်​ပါး​က ထို​သူ​တို့​အား​ကြီး​ကြပ်​အုပ် ချုပ်​ရ​လေ​သည်။ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​၏။
21 Posteriormente, Zacarías hijo de Meselemías fue el portero de la entrada de la tienda de reunión.
၂၁မေ​ရှိ​လ​မိ​၏​သား​ဇာ​ခ​ရိ​သည်​လည်း ထာ​ဝ​ရ​ဘု​ရား​ကိန်း​ဝပ်​ရာ​တဲ​တော် တံ​ခါး​စောင့်​ဖြစ်​၏။
22 En total hubo 212 elegidos para ser porteros en las entradas. Registraron sus genealogías en sus ciudades de origen. David y el profeta Samuel habían seleccionado a sus antepasados por su fidelidad.
၂၂အ​ဝင်​ဝ​နှင့်​တံ​ခါး​ပေါက်​များ​အ​တွက် အ​စောင့်​တပ်​သား​များ​အ​ဖြစ် ရွေး​ချယ်​ခန့် ထား​ခြင်း​ခံ​ရ​သူ​များ​မှာ လူ​ပေါင်း​နှစ်​ရာ တစ်​ဆယ့်​နှစ်​ယောက်​ရှိ​သ​တည်း။ ထို​သူ​တို့ အား​မိ​မိ​တို့​နေ​ထိုင်​ရာ​ရပ်​ရွာ​များ​အ​လိုက် မှတ်​တမ်း​တင်​ထား​၏။ သူ​တို့​၏​ဘိုး​ဘေး​များ အား​ဤ​သို့​တာ​ဝန်​ရှိ​သည့်​အ​လုပ်​ကို​ပေး အပ်​ခဲ့​သူ​များ​မှာ​ဒါ​ဝိဒ်​မင်း​နှင့်​ပ​ရော ဖက်​ရှ​မွေ​လ​တို့​ဖြစ်​၏။-
23 Ellos y sus descendientes eran responsables de vigilar la entrada de la casa del Señor, también cuando era una tienda.
၂၃ထို​အ​စောင့်​တပ်​သား​များ​နှင့်​သား​မြေး​တို့ သည် ဆက်​လက်​၍​ဗိ​မာန်​တော်​အ​ဝင်​တံ​ခါး များ​ကို​စောင့်​ရ​ကြ​၏။-
24 Los porteros estaban ubicados en cuatro lados: al este, al oeste, al norte y al sur.
၂၄ဗိ​မာန်​တော်​၏​အ​ရှေ့​အ​နောက်​တောင်​မြောက် အ​ရပ်​လေး​မျက်​နှာ​တွင်​တံ​ခါး​တစ်​ပေါက် စီ​ရှိ​၏။ ထို​တံ​ခါး​တစ်​ပေါက်​စီ​တွင်​တံခါး မှူး​တစ်​ယောက်​စီ​ရှိ​၏။-
25 Sus parientes en sus pueblos venían cada siete días a ciertas horas para ayudarlos.
၂၅ယင်း​တံ​ခါး​မှူး​တို့​အား​ရွာ​များ​တွင်​နေ​ထိုင် ကြ​သူ​ဆွေ​မျိုး​သား​ချင်း​တို့​က တစ်​ကြိမ် လျှင်​ခု​နစ်​ရက်​အ​လှည့်​ကျ​တံ​ခါး​စောင့် အ​လုပ်​တွင်​ကူ​ညီ​ရ​ကြ​လေ​သည်။-
26 Los cuatro porteros principales, que eran levitas, tenían la responsabilidad de cuidar las habitaciones y los tesoros de la casa de Dios.
၂၆တံ​ခါး​မှူး​လေး​ယောက်​တို့​သည်​လေဝိ​အ​နွယ် ဝင်​များ​ဖြစ်​၍​လုံး​ဝ​တာ​ဝန်​ယူ​ရ​သည်။ ဗိ​မာန်​တော်​ရှိ​အ​ခန်း​များ​နှင့် ယင်း​တို့​တွင် သို​လှောင်​ထား​သော​ပစ္စည်း​များ​ကို​လည်း တာ​ဝန်​ယူ​၍​စောင့်​ထိန်း​ရ​ကြ​၏။-
27 Pasaban la noche alrededor de la casa de Dios porque tenían que vigilarla y tenían la llave para abrirla por la mañana.
၂၇သူ​တို့​၏​တာ​ဝန်​ဝတ္တ​ရား​မှာ​ဗိ​မာန်​တော်​ကို စောင့်​ရန်​နှင့် တံ​ခါး​များ​ကို​နံ​နက်​တိုင်း​ဖွင့် ပေး​ရန်​ဖြစ်​သ​ဖြင့် သူ​တို့​သည်​ဗိ​မာန်​တော် အ​နီး​တွင်​နေ​ထိုင်​ရ​ကြ​၏။
28 Algunos de los porteros eran responsables de los artículos que se utilizaban en los servicios de culto. Llevaban un inventario de lo que se traía y de lo que se sacaba.
၂၈အ​ချို့​သော​လေဝိ​အ​နွယ်​ဝင်​တို့​သည်​ကိုး​ကွယ် ဝတ်​ပြု​ရာ​၌​အ​သုံး​ပြု​သော​ခွက်​ဖ​လား​များ ကို​တာ​ဝန်​ယူ​ရ​ကြ​၏။ ခွက်​ဖ​လား​များ​ကို အ​သုံး​ပြု​သည့်​အ​ခါ​တိုင်း စစ်​ဆေး​၍​ထုတ် ပေး​ပြီး​နောက်​စစ်​ဆေး​၍​ပြန်​လည်​လက်​ခံ ရ​ကြ​၏။-
29 A otros se les asignaba la tarea de cuidar el mobiliario y el equipo utilizado en el santuario, así como la harina especial, el vino, el aceite de oliva, el incienso y las especias.
၂၉အ​ချို့​သူ​တို့​မှာ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ဆိုင် ရာ​အ​သုံး​အ​ဆောင်​တန်​ဆာ​များ၊ မုန့်​ညက်၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ၊ လော်​ဗန်​နှင့်​နံ့​သာ မျိုး​တို့​ကို​ကြည့်​ရှု​သိမ်း​ဆည်း​ရန်​တာ​ဝန် ယူ​ရ​ကြ​၏။-
30 (Sin embargo, algunos de los sacerdotes eran los encargados de mezclar las especias).
၃၀သို့​ရာ​တွင်​နံ့သာ​မျိုး​တို့​ကို​ပေါင်း​စပ်​ရော နှော​သည့်​အ​လုပ်​မှာ​မူ ယဇ်​ပု​ရော​ဟိတ်​တို့ ၏​တာ​ဝန်​ဖြစ်​ပေ​သည်။
31 A Matatías, un levita, que era el hijo primogénito de Salum el coreíta, se le dio la responsabilidad de hornear el pan usado en las ofrendas.
၃၁ကော​ရ​ဆွေ​မျိုး​စု​မှ​ရှလ္လုံ​၏​သား​ဦး​မတ္တိ​သိ နာ​မည်​ရှိ​သော​လေ​ဝိ​အ​နွယ်​ဝင်​တစ်​ယောက် သည် မီး​ဖြင့်​ဖုတ်​လုပ်​ရ​သည့်​ပူ​ဇော်​သ​ကာ များ​ကို​တာ​ဝန်​ယူ​၍​ပြင်​ဆင်​ရ​၏။-
32 Otros coatitas se encargaban de preparar el pan que se ponía en la mesa cada sábado.
၃၂ကော​ဟတ်​သား​ချင်း​တွင်​ပါ​ဝင်​သူ​တို့​သည် ဥ​ပုသ်​နေ့​တိုင်း​ဗိ​မာန်​တော်​အ​တွက်​ရှေ့ တော်​မုန့်​ကို​ပြင်​ဆင်​ရ​ကြ​၏။
33 Los músicos, jefes de familias de levitas, vivían en las habitaciones del Templo y no debían realizar otras tareas porque estaban de servicio día y noche.
၃၃လေ​ဝိ​အိမ်​ထောင်​စု​အ​ချို့​တို့​သည်​ဗိ​မာန် တော်​တွင် ဂီ​တ​သီ​ဆို​တီး​မှုတ်​မှု​များ​ကို တာ​ဝန်​ယူ​ရ​ကြ​၏။ သူ​တို့​၏​အိမ်​ထောင် ဦး​စီး​များ​သည်​နေ့​ရော​ညည့်​ပါ​လုပ်​ဆောင် ရန်​လို​အပ်​သ​ဖြင့် ဗိ​မာန်​တော်​အ​ဆောက် အ​အုံ အ​ချို့​တို့​တွင်​နေ​ထိုင်​ရ​ကြ​၍ အ​ခြား​တာ​ဝန်​ဝတ္တ​ရား​များ​မှ​ကင်း လွတ်​ခွင့်​ရ​ရှိ​ကြ​၏။
34 Todos ellos eran jefes de familias de levitas, líderes según sus genealogías, y vivían en Jerusalén.
၃၄အ​ထက်​တွင်​ဖော်​ပြ​ပါ​ရှိ​သော​အ​မျိုး​သား တို့​သည် မိ​မိ​တို့​ဘိုး​ဘေး​အ​ဆက်​အ​နွယ် စာ​ရင်း​များ​အ​ရ​လေ​ဝိ​အိမ်​ထောင်​ဦး​စီး များ​ဖြစ်​ကြ​၏။ သူ​တို့​သည်​ယေ​ရု​ရှ​လင် မြို့​တွင်​နေ​ထိုင်​သည့်​ခေါင်း​ဆောင်​များ​ဖြစ် ပေ​သည်။
35 Jeiel era el padre de Gabaón y vivía en Gabaón. Su mujer se llamaba Maaca.
၃၅ယေ​ဟေ​လ​သည်​ဂိ​ဗောင်​မြို့​ကို​တည်​ထောင်​၍ ထို​မြို့​တွင်​အ​ခြေ​စိုက်​နေ​ထိုင်​လေ​သည်။ သူ​၏​ဇနီး​မှာ​မာခါ​နာ​မည်​ရှိ​၏။-
36 Su hijo primogénito fue Abdón, luego Zur, Cis, Baal, Ner, Nadab,
၃၆သူ​၏​သား​ဦး​ကား​အာ​ဗ​ဒုန်​ဖြစ်​၏။ သူ​၏ အ​ခြား​သား​များ​မှာ​ဇု​ရ၊ ကိ​ရှ၊ ဗာ​လ၊ နေ​ရ၊ နာ​ဒပ်၊-
37 Gedor, Ahío, Zacarías y Miclot.
၃၇ဂေ​ဒေါ်၊ အ​ဟိ​သြ၊ ဇာ​ခ​ရိ၊ မိ​က​လုတ်​တို့ ဖြစ်​ကြ​၏။-
38 Miclot fue el padre de Simeam. Ellos también vivían cerca de sus parientes en Jerusalén.
၃၈မိ​က​လုတ်​၏​သား​သည်​ရှိ​မံ​ဖြစ်​၏။ သူ​တို့​၏ သား​မြေး​များ​သည် မိ​မိ​တို့​၏​အ​နွယ်​ဝင် အ​ခြား​အိမ်​ထောင်​စု​များ​နှင့်​ယှဉ်​တွဲ​၍ ယေ​ရု​ရှ​လင်​မြို့​တွင်​နေ​ထိုင်​ကြ​၏။
39 Ner fue el padre de Cis, Cis fue el padre de Saúl, y Saúl fue el padre de Jonatán, Malquisúa, Abinadab y Es-Baal.
၃၉နေ​ရ​၏​သား​သည်​ကိ​ရှ၊ ကိ​ရှ​၏​သား​သည် ရှော​လု​ဖြစ်​၏။ ရှော​လု​တွင်​ယော​န​သန်၊ မေ​လ ခိ​ရွှ၊ အ​ဘိ​နာ​ဒပ်၊ ဣ​ရှ​ဗာ​လ​ဟူ​၍​သား လေး​ယောက်​ရှိ​၏။-
40 El hijo de Jonathan: Merib-Baal, que fue el padre de Miqueas.
၄၀ယော​န​သန်​၏​သား​သည်​မေ​ရိဗ္ဗာ​လ၊ မေ​ရိဗ္ဗာ​လ ၏​သား​မှာ​မိက္ခာ​ဖြစ်​၏။-
41 Los hijos de Miqueas: Pitón, Melec, Tarea y Acaz.
၄၁မိက္ခာ​တွင်​ပိ​သုန်၊ မေ​လက်၊ တာ​ရာ၊ အာ​ခတ်​ဟူ ၍​သား​လေး​ယောက်​ရှိ​၏။-
42 Acaz fue el padre de Jada, Jada fue el padre de Alemet, Azmavet y Zimri, y Zimri fue el padre de Mosa.
၄၂အာ​ခတ်​၏​သား​သည်​ယာ​ရ​ဖြစ်​၏။ ယာ​ရ​တွင် အာ​လ​မက်၊ အာ​ဇ​မာ​ဝက်၊ ဇိ​မ​ရိ​ဟူ​၍​သား သုံး​ယောက်​ရှိ​၏။ ဇိ​မ​ရိ​၏​သား​သည်​မော​ဇ၊-
43 Mosa fue el padre de Bina; Refaías fue su hijo, Elasa su hijo, y Azel su hijo.
၄၃မော​ဇ​၏​သား​မှာ​ဗိ​နာ၊ ဗိ​နာ​၏​သား​ကား ရေ​ဖာ​ယ​ဖြစ်​၏။ ရေ​ဖာ​ယ​၏​သား​သည် ဧ​လာ​သ၊ ဧ​လာ​သ​၏​သား​မှာ​အာ​ဇေ​လ ဖြစ်​၏။
44 Azel tuvo seis hijos. Sus nombres eran: Azricam, Bocru, Ismael, Searías, Obadías y Hanán. Estos fueron los hijos de Azel.
၄၄အာ​ဇေ​လ​တွင်​အာ​ဇ​ရိ​ကံ၊ ဗော​ခေ​ရု၊ ဣ​ရှ​မေ​လ၊ ရှ​ရိ​ယ၊ သြ​ဗ​ဒိ၊ ဟာ​နန်​ဟူ​၍​သား​ခြောက်​ယောက် ရှိ​၏။

< 1 Crónicas 9 >