< Zacarías 13 >
1 En aquel día se abrirá una fuente para la casa de David y para los habitantes de Jerusalén, a fin de (lavar) el pecado y la inmundicia.
၁ထိုကာလ ၌ ဒါဝိဒ် မင်းမျိုး နှင့် ယေရုရှလင် မြို့ သားတို့၏ ဒုစရိုက် အပြစ်အညစ် အကြေးကို ဆေးကြောစရာဘို့ စမ်းရေ တွင်းသည် ပွင့် လျက်ရှိ လိမ့်မည်။
2 En aquel día, dice Yahvé de los ejércitos, exterminaré de la tierra los nombres de los ídolos, y no quedará más memoria de ellos; y extirparé de la tierra también a los profetas y al espíritu inmundo.
၂ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ပြည် တော်တွင် ရှိသောရုပ်တု တို့၏ နာမ များကို နောက် တဖန်အဘယ်သူမျှမ မှတ်မိ စေခြင်းငှါ၊ ထိုကာလ ၌ ငါသုတ်သင် ပယ်ရှင်းမည်။ ပရောဖက် လုပ် သောသူတို့ကို၎င်း ၊ ညစ်ညူး သော ဝိညာဉ် ကို၎င်း ပြည် တော်မှ နှင်ထုတ် မည်။
3 Cuando alguno en adelante se ponga a profetizar, le dirán su padre y su madre que le engendraron: «No vivirás porque has hablado mentira en el Nombre de Yahvé». Y su padre y su madre que le engendraron, le traspasarán mientras esté profetizando.
၃လူ တစုံတယောက်သည် ပရောဖက် ပြုသေးလျှင် ၊ ဘွားမြင် သော မိဘ တို့က၊ သင်သည် ထာဝရဘုရား ၏ နာမ ကို အမှီပြု ၍ မုသာ စကားကို ဟောပြော သောကြောင့် အသေခံ ရမည်ဟုဆို လျက် ၊ ပရောဖက် ပြုစဉ်ပင် ကိုယ်မိဘ တို့ သည် သူ့ ကို ထုတ်ချင်းခပ်ထိုး ကြလိမ့်မည်။
4 Cuando en aquel día profeticen los profetas, se avergonzarán cada cual de su visión, y no vestirán más el manto de pelo para mentir.
၄ထိုကာလ ၌ ပရောဖက် သည် ဟောပြော သောအခါ မိမိ မြင်သော ရူပါရုံ ကြောင့် ရှက် လိမ့်မည်။ သူတပါး ကို လှည့်စား မည့်အကြံနှင့် ကြမ်းတမ်း သော အဝတ် ကိုလည်း မ ဝတ် ရ။
5 Un tal dirá: «Yo no soy profeta, soy labrador de la tierra; porque un hombre me compró ya en mi juventud».
၅အကျွန်ုပ် သည် ပရောဖက် မ ဟုတ်၊ လယ် လုပ် သောသူ ဖြစ် ပါ၏။ ငယ် သောအရွယ်မှစ၍ သူတပါး ၌ ကျွန် ခံရပါပြီဟု ဝန်ခံ လိမ့်မည်။
6 Y cuando le preguntaren: «¿Qué son esas heridas en tus manos?», contestará: «Me hicieron estas heridas en la casa de mis amigos».
၆သူတပါးကလည်း၊ သင့် လက် ၌ ပေါ်သော ဒဏ်ရာ ကား အဘယ်သို့ နည်းဟုမေး လျှင် ၊ ဤဒဏ်ရာကား၊ အကျွန်ုပ် ၏ အဆွေခင်ပွန်း အိမ် ၌ ခံရ သောဒဏ်ရာဖြစ်ပါသည်ဟု ပြန်ပြော လိမ့်မည်။
7 ¡Despierta, espada, contra mi Pastor, y contra el Varón de mi compañía, dice Yahvé de los ejércitos: ¡Hiere al Pastor! y se dispersarán las ovejas, y extenderé mi mano contra los párvulos.
၇ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုထား ၊ ငါ ၏သိုးထိန်း တဘက် ၊ ငါ ၏ အပေါင်း အဘော်ဖြစ်သောသူ တဘက် ၌ နိုး လော့။ သိုးထိန်း ကို ရိုက် သတ်လော့။ သို့ပြုလျှင်၊ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်။ သိုးသငယ် တို့အပေါ် ၌လည်း ငါသည် ငါ့ လက် ကို တင် ဦးမည်။
8 Y sucederá que en toda la tierra, dice Yahvé, serán exterminados los dos tercios, perecerán y quedará en ella solo un tercio,
၈ထာဝရဘုရား မိန့် တော်မူသည်ကား၊ တပြည်လုံး သုံး စုတွင် နှစ် စု ကို ပယ်ဖြတ် ၍ အသေခံ ရသဖြင့်၊ တစုသာ ကျန်ကြွင်း ရလိမ့်မည်။
9 Y este tercio lo meteré en el fuego, lo purificaré como se purifica la plata, y lo probaré como se prueba el oro. Invocará mi Nombre y Yo lo escucharé; Yo diré: «Pueblo mío es». Y él dirá: «Yahvé es mi Dios».
၉ထိုတစုကို မီး အလယ်သို့ ငါရှောက်သွား စေမည်။ ငွေ ကိုချွတ် သကဲ့သို့ ချွတ် မည်။ ရွှေ ကို စုံစမ်း သကဲ့သို့ စုံစမ်း မည်။ သူတို့သည် ငါ့ နာမ ကို ပဌနာပြု ၍ ငါနားထောင် မည်။ သူ တို့ကို ငါ ၏လူမျိုး ဟူ၍ငါခေါ်ဝေါ် မည်။ သူ တို့ကလည်း ၊ ထာဝရဘုရား သည် ငါ တို့၏ဘုရား သခင်ဖြစ်တော်မူ၏ဟု ဝန်ခံ ကြလိမ့်မည်။