< Salmos 25 >
1 De David. A Ti, Yahvé, Dios mío, elevo mi alma;
၁အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် တသ လျက်နေပါ၏။
2 en Ti confío, no sea yo confundido; no se gocen a costa mía mis enemigos.
၂အကျွန်ုပ် ၏ ဘုရား သခင်၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ သည်ဖြစ်၍၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။ အကျွန်ုပ် ၏ ရန်သူ တို့သည် အကျွန်ုပ် ကို အောင် ၍ အောင် ပွဲကိုမ ခံပါစေနှင့်။
3 No, ninguno que espera en Ti es confundido. Confundido queda el que locamente se aparta de Ti.
၃အကယ် စင်စစ်ကိုယ်တော် ကို မြော်လင့် သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ မ ရောက်ရကြပါ။ အကြောင်း မရှိဘဲ သစ္စာ ကိုဖျက်သောသူတို့ သည် ရှက်ကြောက် ခြင်းသို့ ရောက်ရကြပါလိမ့်မည်။
4 Muéstrame tus caminos, oh Yahvé, indícame tus sendas;
၄အိုထာဝရဘုရား ၊ ကိုယ်တော် ၏လမ်း တို့ကို အကျွန်ုပ် အား ပြညွှန် ၍၊ ခရီး တော်တို့ကို သွန်သင် တော်မူ ပါ။
5 condúceme a tu verdad e instrúyeme, porque Tú eres el Dios que me salva, y estoy siempre esperándote.
၅ကိုယ်တော် ၏ သမ္မာ တရားကို ပြ ၍ ၊ အကျွန်ုပ် ကို သွန်သင် တော်မူပါ။ အကြောင်း မူကား၊ ကိုယ်တော် သည် အကျွန်ုပ် ကို ကယ်တင် သော ဘုရား သခင်ဖြစ်တော်မူ၏။ ကိုယ်တော် ကို အစဉ် မြော်လင့် လျက် နေပါ၏။
6 Acuérdate, Yahvé, de tus misericordias, y de tus bondades de todos los tiempos.
၆အိုထာဝရဘုရား ၊ ရှေး ကာလမှစ၍ ၊ ပြတော်မူသောကရုဏာ နှင့် မေတ္တာ သဘောကို အောက်မေ့ တော်မူ ပါ။
7 No recuerdes los pecados de mi mocedad, [ni mis ofensas]; según tu benevolencia acuérdate de mí, por tu bondad, oh Yahvé.
၇အကျွန်ုပ် သည် အသက်အရွယ်ငယ် စဉ်၊ ပြစ်မှား မိသောအပြစ် တို့ကို အောက်မေ့ တော်မ မူပါနှင့်။ ကောင်းမြတ် တော်မူသည်ဖြစ်၍ ၊ ကရုဏာ တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကို အောက်မေ့ တော်မူပါထာဝရဘုရား။
8 Yahvé es benigno y es recto; por eso da a los pecadores una ley para el camino;
၈ထာဝရဘုရား သည် ကောင်း သောသဘော၊ ဖြောင့်မတ် သောသဘောနှင့် ပြည့်စုံတော်မူသည်ဖြစ်၍၊ အပြစ် ရှိသောသူတို့ကို လမ်း ပြ တော်မူ၏။
9 guía en la justicia a los humildes, y amaestra a los dóciles en sus vías.
၉နှိမ့်ချ လျက်ရှိသောသူတို့ ကို တရား လမ်း၌ သွေးဆောင် တော်မူ၏။ နှိမ့်ချ လျက်ရှိသောသူတို့အား ခရီး တော်တို့ကို သွန်သင် တော်မူ၏။
10 Todos los caminos de Yahvé son misericordia y fidelidad para cuantos buscan su alianza y sus disposiciones.
၁၀ထာဝရဘုရား ၏ လမ်း ခရီးရှိသမျှ တို့သည် ပဋိညာဉ် တရားတော်နှင့် သက်သေ ခံတော်မူချက်တို့ကို စောင့်ရှောက် သောသူတို့ အား ကရုဏာ နှင့် သစ္စာ ဖြစ်ကြ သတည်း။
11 Por la gloria de tu Nombre, oh Yahvé, Tú perdonarás mi culpa, aunque es muy grande.
၁၁အိုထာဝရဘုရား ၊ အကျွန်ုပ် အပြစ် များ လှသောကြောင့် နာမတော် ကိုထောက် ၍ ချမ်းသာ ပေးတော်မူပါ။
12 ¿Hay algún hombre que tema a Yahvé? A ese le mostrará Él qué senda elegir;
၁၂အကြင်သူ သည်ထာဝရဘုရား ကို ကြောက်ရွံ့ တတ်၏။ ထိုသူ အား နှစ်သက် ဘွယ်သောလမ်း ကို ပြ ညွှန် တော်မူမည်။
13 reposará su alma rodeada de bienes, y su descendencia poseerá la tierra.
၁၃ထိုသူ သည် ကိုယ်တိုင် ကောင်းမွန် စွာ ကျိန်းဝပ် ၍ ၊ သူ ၏အမျိုး အနွယ်သည်လည်း ပြည် တော်ကို အမွေ ခံရလိမ့်မည်။
14 Yahvé concede intimidad familiar a los que le temen; les da a conocer (las promesas de) su alianza.
၁၄ထာဝရဘုရား ကို ကြောက်ရွံ့ သောသူ တို့သည် ကိုယ်တော် မြတ်နှင့် မိဿဟာယဖွဲ့ရသောအခွင့်နှင့် ပဋိညာဉ် တရားတော်ကို သိ ရသော အခွင့်ရှိကြ၏။
15 Mis ojos están siempre puestos en Yahvé porque Él saca mis pies del lazo.
၁၅အကျွန်ုပ် သည် ထာဝရဘုရား ကို အစဉ် မြော်လင့် လျက် နေပါ၏။ အကြောင်း မူကား၊ အကျွန်ုပ် ၏ခြေ ကို ကျော့ကွင်း ထဲ က နှုတ် ယူတော်မူမည်။
16 Mírame Tú y tenme lástima, porque soy miserable y estoy solo.
၁၆အကျွန်ုပ် သည် တ ယောက်တည်းကျန်ကြွင်း၍ နှိမ့်ချ ခြင်းကို ခံရသောကြောင့် ၊ အကျွန်ုပ် ကို မျက်နှာ ပြု၍ ကယ် မသနားတော်မူပါ။
17 Ensancha mi corazón angustiado, sácame de mis estrecheces.
၁၇အကျွန်ုပ် စိတ် နှလုံးဆင်းရဲ သည်ကို ချမ်းသာ ပေး၍၊ အမှု များထဲက ကယ်နှုတ် တော်မူပါ။
18 Mira que estoy cargado y agobiado, y perdona Tú todos mis delitos.
၁၈အကျွန်ုပ် နှိမ့်ချ ခြင်းနှင့် ပူပန် ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကို လွှတ် တော်မူပါ။
19 Repara en mis enemigos, porque son muchos y me odian con odio feroz.
၁၉အကျွန်ုပ် ၏ ရန်သူ တို့သည် များပြား ကြောင်း နှင့် အကျွန်ုပ် ကို ပြင်းစွာ မုန်း ထားကြောင်းကို ဆင်ခြင် တော်မူ ပါ။
20 Cuida Tú mi alma y sálvame; no tenga yo que sonrojarme de haber acudido a Ti.
၂၀အကျွန်ုပ် အသက် ကိုစောင့်ရှောက် ၍ ၊ အကျွန်ုပ် ကို ကယ်တင် တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော် ကို ခိုလှုံ ပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းသို့ မ ရောက်ပါစေနှင့်။
21 Los íntegros y justos están unidos conmigo, porque espero en Ti.
၂၁ကိုယ်တော် ကိုမြော်လင့် လျက် နေပါသည်ဖြစ်၍ ၊ အပြစ် ကင်းခြင်းနှင့် သဘော ဖြောင့်ခြင်းသည် အကျွန်ုပ် ကို စောင့်ရှောက် ပါစေသော။
22 Oh Yahvé, libra a Israel de todas sus tribulaciones.
၂၂အိုဘုရား သခင်၊ ဣသရေလ အမျိုးကို ခပ်သိမ်း သော ဒုက္ခ အထဲ က ရွေးနှုတ် တော်မူပါ။