< Números 21 >

1 Cuando el cananeo, el rey de Arad, que habitaba el Négueb, oyó decir que Israel venía por el camino de Atarim, atacó a Israel y le tomó prisioneros.
ဣသရေလ အမျိုးသည် အသရိမ် လမ်း ဖြင့် လာ ကြသည်သိတင်းကို တောင် မျက်နှာ၌နေ သောခါနာန် အမျိုး အာရဒ် မင်းကြီး ကြား လျှင် ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ လူအချို့ တို့ကို ဘမ်းဆီး သိမ်းသွားလေ၏။
2 Entonces Israel hizo voto a Yahvé, diciendo: “Si entregares a este pueblo en mi mano, destruiré completamente sus ciudades.”
ဣသရေလ အမျိုးကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို အကျွန်ုပ် တို့လက် သို့ အပ် တော်မူလျှင် ၊ သူ တို့ မြို့ များကို ရှင်းရှင်းဖျက်ဆီး ပါမည်ဟု ထာဝရဘုရား အား သစ္စာ ဂတိပြုလေ၏။
3 Oyó Yahvé la voz de Israel y le entregó el cananeo, y destruyeron completamente a ellos y a sus ciudades, por lo cual fue llamado aquel lugar Hormá.
ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး၏ စကား ကို နားထောင် ၍ ၊ ထိုခါနာန် အမျိုးသားတို့ကိုအပ် တော်မူ၏။ သူ တို့နှင့် သူ တို့မြို့ များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး ၍၊ ထိုအရပ် ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
4 Partieron del monte Hor, camino del Mar Rojo para rodear la tierra de Edom. Mas en el camino se impacientó el pueblo,
ဟောရ တောင် မှ ထွက် ၍ ဧဒုံ ပြည် ကို ဝိုင်း ခြင်းငှါ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် ချီသွားကြစဉ်၊ အသွား ခက်သောကြောင့် ၊ လူ များတို့သည် စိတ် အားလျော့ ကြ၍၊
5 y murmuró contra Dios y contra Moisés: “¿Por qué nos habéis sacado de Egipto para morir en el desierto? Pues no hay pan, y no hay agua; nos provoca ya náusea este pan miserable.”
သင်သည် ငါတို့ကို ဤတော ၌ သေ စေခြင်းငှါ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ မုန့် မ ရှိ၊ ရေ လည်း မ ရှိ၊ ဤပေါ့ပျက် သောစားစရာ ကိုလည်း ငါ တို့သည် အလွန်ရွံရှာ ၏ဟု ဘုရားသခင် နှင့် မောရှေ ကို ဆန့်ကျင်ဘက် ပြု၍ ဆို ကြ၏။
6 Entonces Yahvé envió contra el pueblo serpientes abrasadoras, las cuales mordían al pueblo; y murió mucha gente de Israel.
ထိုအခါ ထာဝရဘုရား သည်၊ ဣသရေလအမျိုးသား တို့တွင် မီး မြွေ များကို စေလွှတ် တော်မူ၍ ၊ လူ အများ တို့သည် အကိုက် ခံရသဖြင့် သေ ကြ၏။
7 Y acudió el pueblo a Moisés, diciendo: “Hemos pecado, porque hemos murmurado contra Yahvé y contra ti. Ruega a Yahvé que quite de nosotros las serpientes.” Y Moisés rogó por el pueblo.
ထိုကြောင့် လူ များတို့သည် မောရှေ ထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရား နှင့် ကိုယ်တော် ကို ဆန့်ကျင် လျက် ပြောဆို၍ ပြစ်မှား ပါပြီ။ ထာဝရဘုရားသည် မြွေ များကို အကျွန်ုပ် တို့မှ ပယ်ရှား တော်မူမည်အကြောင်းဆုတောင်း ပါဟု လျှောက်လျှင်၊ မောရှေ သည် လူ များအဘို့ ဆုတောင်း လေ၏။
8 Dijo entonces Yahvé a Moisés: “Hazte una serpiente, y ponla en un asta; quienquiera que haya sido mordido y la mirare, vivirá.”
ထာဝရဘုရား ကလည်း ၊ မီးမြွေ ရုပ်ကိုလုပ် ၍ တိုင် ပေါ်မှာ မြှောက် ထားလော့။ အကိုက် ခံရသောသူ တိုင်း ကြည့်ရှု လျှင် အသက် ချမ်းသာရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
9 Hizo, pues, Moisés una serpiente de bronce, y la puso sobre un asta, y quienquiera que mordido por una serpiente dirigía su mirada a la serpiente de bronce se curaba.
မောရှေ သည် ကြေးဝါ ဖြင့် မြွေ ကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီ ထားပြီးလျှင် ၊ မြွေ ကိုက် သောသူမည်သည်ကား၊ ကြေးဝါ မြွေ ကို ကြည့်ရှု သောအခါ အသက် ချမ်းသာရကြ၏။
10 Levantaron los hijos de Israel el campamento y acamparon en Obot.
၁၀တဖန် ဣသရေလ အမျိုးသား တို့သည် နေရာ ပြောင်း၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
11 Partidos de Obot, acamparon en Iyé-Abarim, en el desierto frente a Moab, al oriente.
၁၁ဩဗုတ် အရပ်မှ ပြောင်း ပြန်၍ ၊ နေ ထွက် ရာ ဘက် ၊ မောဘ ပြည်ရှေ့ တွင်ရှိသောတော မှာ ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
12 Marcharon de allí y acamparon en el valle de Sared.
၁၂ထို အရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်း နား ၌ စားခန်းချ ကြ၏။
13 De allí partieron para acampar a la otra orilla del Arnón, en el desierto. El Arnón sale del territorio de los amorreos, pues el Arnón es la frontera de Moab, y divide a los moabitas de los amorreos.
၁၃ထို အရပ်မှ တဖန်ပြောင်း ပြန်၍ ၊ အာမောရိ ပြည်နယ် နှင့် စပ်သော တော ၌ ရှိသောအာနုန် ချောင်းနား တဘက်တချက် ၌ စားခန်းချ ကြ၏။ အာနုန် ချောင်းကား၊ မောဘ ပြည်၊ အာမောရိ ပြည်စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။
14 Por eso se dice en el Libro de las Guerras de Yahvé: “Vaheb en Sufá, y los valles del Arnón
၁၄ထိုသို့နှင့်အညီ၊ ထာဝရဘုရား စစ်တိုက် စာ ၌ ကား၊ ဇာရက် အရပ်၊ သုပ အရပ်၊ အာနုန် ချောင်း တို့၊
15 y el declive de los valles que desciende en la región de Ar, y se apoya sobre la frontera de Moab.”
၁၅အာရ ပြည်သို့ စီး ၍ မောဘ ပြည်အနား ၌ ရှောက်သွားသော ချောင်း အသွယ်သွယ်ဟု လာသတည်း။
16 De allí marcharon a Beer. Este es aquel pozo del cual Yahvé dijo a Moisés: “Junta al pueblo y Yo le daré agua.”
၁၆အာနုန်ချောင်းမှ ဗေရ ရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရား က၊ လူ များကို စုဝေး စေလော့၊ ရေ ကို ငါပေး မည်ဟု မောရှေ အား မိန့် တော်မူရာ၌ ရည်ဆောင်သော ရေတွင်း ဖြစ် သတည်း။
17 Entonces Israel cantó este cántico: “¡Brota, pozo, celebradle con canción!
၁၇ထိုအခါ ဣသရေလ အမျိုးက၊ အိုတွင်း ရေ၊ ထွက် လော့။ ထွက်အောင် သီချင်း ဆိုကြလော့။
18 pozo que cavaron los príncipes; lo abrieron los nobles del pueblo con el cetro, con sus cayados.” Del desierto se dirigieron a Mataná;
၁၈တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ် တို့သည် ရေတွင်း ကို တူး ကြပြီ။ လူ တို့တွင် အကဲအမှူး တို့သည် တောင်ဝေး တို့နှင့် ရေတွင်းကို တူး ကြပြီဟု သီချင်း ဆိုလေ၏။
19 de Mataná, a Nahaliel; de Nahaliel a Bamot;
၁၉ထိုတော မှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာ အရပ်မှ နဟာလျေလ အရပ်သို့၎င်း ၊ နဟာလျေလ အရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
20 y de Bamot al valle que está en las campiñas de Moab, (al pie de) la cumbre del Fasga que mira hacia el desierto.
၂၀ဗာမုတ် အရပ်မှ မောဘ ချိုင့် သို့ ၎င်း၊ ယေရှိမုန် မြို့ကို မျက်နှာပြု သော ပိသဂါ တောင်ထိပ် သို့၎င်း ခရီးသွားကြ၏။
21 Israel envió mensajeros a Sehón, rey de los amorreos, diciendo:
၂၁ထိုအခါ ဣသရေလ အမျိုးသားတို့သည်၊ အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
22 “Quiero pasar por tu tierra. No torceremos hacia los campos y viñas, ni beberemos agua de los pozos; por el camino real iremos hasta pasar tus fronteras.”
၂၂အကျွန်ုပ်တို့သည် မင်းကြီးပြည် အလယ် ၌ ရှောက် ၍ သွားပါရစေ။ လယ်ယာ သို့ ၎င်း ၊ စပျစ် ဥယျာဉ် သို့ ၎င်း မ ဝင် ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ မင်းကြီးပြည် ကို မ လွန် မှီတိုင်အောင်၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
23 Mas Sehón no permitió que Israel pasase por su territorio; antes bien, reuniendo Sehón a toda su gente, salió al encuentro de Israel en el desierto, y vino hasta Jahas donde atacó a Israel.
၂၃ထိုပြည် အလယ် ၌ ရှောက်သွား ရသောအခွင့်ကို၊ ရှိဟုန် မင်းသည် ဣသရေလ အမျိုးသားတို့အား မ ပေး။ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ဣသရေလ အမျိုးသားတို့ကို ဆီးတား ခြင်းငှါ ၊ သူတို့ရှိရာတော သို့ ထွက် ၍ ယာဟတ် မြို့သို့ ရောက် ပြီးလျှင် စစ်တိုက်
24 Pero Israel lo hirió a filo de espada y se apoderó de su tierra desde el Arnón hasta el Yaboc, hasta los hijos de Ammón, cuya frontera era fortificada.
၂၄ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍၊ အာနုန် ချောင်းမှ သည် ယဗ္ဗုတ် ချောင်း တိုင်အောင် ၎င်း၊ အမ္မုန် အမျိုးသား နေရာတိုင်အောင် ၎င်း၊ ထိုမင်းပိုင်သော မြေ ကို သိမ်းယူ ကြ၏။ အမ္မုန် အမျိုးသား နေရာ နယ်စပ် ကား အားကြီး ၏။
25 Tomó Israel todas estas ciudades y habitó en todas las ciudades de los amorreos, en Hesbón y todos sus dominios.
၂၅ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍အာမောရိ အမျိုးသားနေသောမြို့ ရွာ ရှိသမျှ တို့ကို သိမ်းယူ ၍ နေ ကြ၏။
26 Porque Hesbón era la ciudad de Sehón, rey de los amorreos, el cual había hecho la guerra contra el anterior rey de Moab, y le había arrancado toda su tierra hasta el Arnón.
၂၆ဟေရှဘုန် မြို့ကား၊ မောဘ ပြည်ကို အစိုးရသောအရင် ရှင်ဘုရင် နှင့် စစ်တိုက် ၍ အာနုန် ချောင်းတိုင်အောင် ပြည် ကို လုယူ သော အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
27 Por eso dicen los poetas: “Id a Hesbón; y sea reedificada y fortificada la ciudad de Sehón.
၂၇ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာ ဆရာတို့ က၊ ဟေရှဘုန် မြို့သို့ သွား ၍ တဖန်တည် ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ ကို ပြင်ဆင် ကြစို့။
28 Porque salió fuego de Hesbón, llama de la plaza fuerte de Sehón, que devoró a Ar de Moab, a los señores de las alturas del Arnón.
၂၈ရှိဟုန်ဘုရင်နေရာ ဟေရှဘုန် မြို့မှ မီးလျှံ ထွက် ၍ မောဘ ပြည်အာရ မြို့နှင့်တကွ၊ အာနုန် ချောင်းနား၊ မြင့် သောအရပ်၌ အစိုးရ သောမင်းတို့ကို လောင် လေပြီ။
29 ¡Ay de ti, Moab! perdido estás, pueblo de Camos. Entregó él sus hijos a la fuga, y sus hijas al cautiverio, en mano de Sehón, rey de los amorreos.
၂၉အိုမောဘ ပြည်၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုး နည်းကြပြီ။ ပြေး ရသောမိမိ သား သမီး တို့ကို အာမောရိ ရှင်ဘုရင် ရှိဟုန် လက် သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေး ပြီ တကား။
30 Los hemos asaeteado: Hesbón está destruida hasta Dibón; hemos hecho devastación hasta Nofah, que está cerca de Medaba.”
၃၀တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန် ပြည်သည် ဒိဘုန် မြို့တိုင်အောင် ပျက် လေပြီ။ မေဒဘ မြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင် ပယ်ရှင်းကြပြီဟု ဆိုသတည်း။
31 Así vino a habitar Israel en la tierra de los amorreos.
၃၁ထိုသို့ ဣသရေလ အမျိုးသားတို့သည် အာမောရိ ပြည် ၌ နေ ရကြ၏။
32 Entonces Moisés envió exploradores a Jaser; y tomaron sus aldeas, expulsando a los amorreos que allí habitaban.
၃၂မောရှေ သည်လည်း ၊ ယာဇာ မြို့ကို စူးစမ်း ခြင်းငှါ လူကို စေလွှတ် ပြီးလျှင် ၊ ထိုမြို့ ရွာတို့ကို သိမ်းယူ ၍ ၊ အရင် နေသောအာမောရိ အမျိုးသားတို့ကို နှင်ထုတ် ကြ၏။
33 Dando vuelta subieron por el camino de Basán. Mas Og, rey de Basán, salió a su encuentro con todo su pueblo para darles batalla en Edreí.
၃၃တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်၊ မိမိ လူ အပေါင်း တို့နှင့် ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါချီ သွား၏။
34 Yahvé dijo entonces a Moisés: “No le temas, porque le he entregado en tus manos, a él y a todo su pueblo y su tierra. Harás con él como hiciste con Sehón, rey de los amorreos, que habitaba en Hesbón.”
၃၄ထာဝရဘုရား ကလည်း ၊ သူ့ ကို မ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏လူ အပေါင်း ကို၎င်း၊ သူ ၏မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ်ပေး ပြီ။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ ဤမင်းကိုလည်း ပြု ရမည် ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
35 Y le derrotaron, a él y a sus hijos y a todo su pueblo, sin dejarle un hombre con vida; y tomaron posesión de su tierra.
၃၅ထိုမင်း နှင့် သား များ၊ လူ များအပေါင်း တို့ကို တယောက်မျှ မ ကြွင်း လုပ်ကြံ ၍ သူ ၏ပြည် ကို သိမ်းယူ ကြ၏။

< Números 21 >