< Jeremías 42 >
1 Vinieron todos los capitanes de las tropas y Johanán, hijo de Caree, y Jezanías, hijo de Isaías y todo el pueblo, chicos y grandes,
၁ထိုအခါ ကာရာ သား ယောဟနန် ၊ ဟောရှဲ သား ယေဇနိ အစရှိသော တပ်မှူး ရှိသမျှ တို့နှင့် လူ အကြီး အငယ် အပေါင်း တို့သည် ပရောဖက် ယေရမိ ထံသို့ ချဉ်းကပ် ၍ ၊
2 y dijeron al profeta Jeremías: “Que te sea acepta nuestra petición, y haz oración a Yahvé, tu Dios, por nosotros, en favor de todo este resto; porque de muchos hemos quedado pocos, como nos están viendo tus ojos.
၂အကျွန်ုပ် တို့သည်အထက်ကများ သော်လည်း၊ ယခုကိုယ်တော် မြင် သည်အတိုင်း အနည်းငယ် သာကျန်ကြွင်း ပါသည်ဖြစ်၍ ၊ အကျွန်ုပ်တို့အသနား တော်ခံသောစကားကိုမ ပယ်ပါနှင့်။
3 Que Yahvé, tu Dios, nos dé a conocer el camino que debemos seguir y lo que hemos de hacer.”
၃အကျွန်ုပ်တို့သွား ရသော လမ်း နှင့် ပြု ရသော အမှု ကို ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား သည် အကျွန်ုပ် တို့အား ပြ တော်မူမည်အကြောင်း ၊ ကျန်ကြွင်း သမျှ သောသူ၊ အကျွန်ုပ် တို့အဘို့ ကိုယ်တော် ၏ဘုရားသခင် ထာဝရဘုရား ထံ တော်၌ ဆုတောင်း ပါလော့ဟု တောင်းပန်ကြ၏။
4 El profeta Jeremías les respondió: “Comprendo; he aquí que pediré a Yahvé, vuestro Dios, conforme a vuestras palabras; y cualquier cosa que responda Yahvé, os la comunicaré, sin ocultaros nada.”
၄ပရောဖက် ယေရမိ ကလည်း ၊ ငါကြား ၏။ သင် တို့ပြော သည်အတိုင်း ၊ သင် တို့၏ ဘုရား သခင်ထာဝရဘုရား အား ဆုတောင်း မည်။ ထာဝရဘုရား သည် သင် တို့အား မိန့် တော်မူသမျှ တို့ကို ပြန်ပြော မည်။ အဘယ် အရာကိုမျှ မ ထိမ် မဝှက်ဟု ပြောဆို ၏။
5 Y dijeron ellos a Jeremías: “Sea Yahvé contra nosotros testigo verdadero y fiel, si no cumpliéramos todo cuanto Yahvé, Dios tuyo, nos mandare.
၅သူ တို့ကလည်း ၊ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား သည် ကိုယ်တော်အားဖြင့်အကျွန်ုပ် တို့ကို မှာ ထားတော်မူသမျှ အတိုင်း ၊ အကျွန်ုပ်တို့သည် ပြု ပါမည်ဟု၊ ထာဝရဘုရား သည်အကျွန်ုပ် တို့၌ မှန်ကန် ၍ သစ္စာစောင့် သော သက်သေ ဖြစ် တော်မူစေသတည်း။
6 Sea cosa buena, sea cosa mala, obedeceremos la voz de Yahvé, nuestro Dios, a quien te enviamos para que nos vaya bien, pues escucharemos la voz de Yahvé, nuestro Dios.”
၆အကျွန်ုပ် တို့သည် အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်ကို နားထောင် သောအခါ ချမ်းသာ ရပါမည်အကြောင်း ၊ အကျွန်ုပ်တို့သည်။ ကိုယ်တော် ကိုစေလွှတ် ရာ အကျွန်ုပ်တို့၏ ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော်သည်ကောင်း သည်ဖြစ်စေ ၊ မကောင်း သည်ဖြစ်စေ ၊ နားထောင် ပါမည်ဟု ယေရမိ အား ပြောဆို ကြ၏။
7 Al cabo de diez días fue dirigida la palabra de Dios a Jeremías,
၇ထိုနောက် ဆယ် ရက် ကြာ သောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ယေရမိ သို့ ရောက် လျှင် ၊
8 el cual llamó a Johanán, hijo de Caree, y a todos los capitanes de las tropas que le acompañaban, y a todo el pueblo, chicos y grandes,
၈ယေရမိသည် ကာရာ သား ယောဟနန် မှစ၍ ၊ သူ ၌ ပါသမျှ သော တပ်မှူး တို့နှင့် လူ အကြီး ၊ အငယ် အပေါင်း တို့ကို ခေါ် ၍ ၊
9 y les dijo: “Así dice Yahvé el Dios de Israel, a quien me habéis enviado para presentarle vuestra súplica:
၉သင်တို့သည် ငါ့ ကို စေလွှတ် ၍ အသနား တော် ခံသော ဣသရေလ အမျိုး၏ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊
10 Si permanecéis en este país, Yo os edificaré y no os destruiré; os plantaré y no os arrancaré; porque me pesa el mal que os he hecho.
၁၀အကယ်စင်စစ်သင်တို့သည် ဤ ပြည် ၌ နေ လျှင် ၊ ငါသည်သင် တို့ကို မ ဖြို မဖျက်၊ တည်ဆောက် မည်။ သင် တို့ ကိုမ နှုတ် ၊ စိုက်ပျိုး မည်။ ငါသည် သင် တို့၌ ရောက် စေ သော ဘေးဒဏ် ကြောင့် နောင်တ ရ၏။
11 No temáis al rey de Babilonia, al cual tenéis tanto miedo; no le temáis, dice Yahvé; pues Yo estoy con vosotros, para salvaros y para libraros de su mano.
၁၁သင် တို့ကြောက် တတ်သော ဗာဗုလုန် ရှင်ဘုရင် ကို မ ကြောက် ကြနှင့်။ ထာဝရဘုရား မိန့် တော်မူသည် ကား၊ ထိုရှင် ဘုရင်ကို မ ကြောက် ကြနှင့်။ ငါ သည် သင် တို့ကို ကယ်တင် ၍၊ ထိုမင်း လက် မှ နှုတ်ယူ ခြင်းငှါ သင် တို့ဘက် ၌ ရှိ၏။
12 Yo os seré propicio, de modo que él tenga compasión de vosotros, y os haga volver a vuestro país.
၁၂သင် တို့ကို ငါကယ်မ သနားသောအားဖြင့် ၊ ထိုရှင်ဘုရင်သည် သင် တို့ကို သနား ၍ ၊ နေရင်းပြည် သို့ ပြန် စေရလိမ့်မည်။
13 Pero si decís: «No permaneceremos en este país», y si no escucháis la palabra de Yahvé, vuestro Dios;
၁၃သို့မဟုတ် ၊ သင် တို့က၊ ငါတို့သည်ဤ ပြည် ၌ မ နေ ၊ ငါ တို့ဘုရား သခင် ထာဝရဘုရား ၏ အမိန့် တော်ကို နား မ ထောင်ဘဲ၊
14 si (al contrario) decís: «No, sino que nos iremos a la tierra de Egipto, donde no veremos ya la guerra, ni tendremos que oír el sonido de la trompeta, ni sufrir hambre, y allí habitaremos»,
၁၄စစ်မှု ကိုမ တွေ့ မမြင်၊ တံပိုး မှုတ်သံ ကို မ ကြား ၊ မ ငတ် မမွတ်ရာ အရပ်၊ အဲဂုတ္တု ပြည် သို့သွား ၍ နေ မည်ဟု ဆို လျှင်၊
15 para este caso oíd la palabra de Yahvé, oh restos de Judá: Así dice Yahvé de los ejércitos, el Dios de Israel: Si no dejáis vuestro proyecto de ir a Egipto y habitar allí,
၁၅ကျန် ကြွင်းသော ယုဒ အမျိုးသားတို့၊ ထာဝရဘုရား ၏အမိန့် တော်ကို ကြား ကြလော့။ ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့သည် အဲဂုတ္တု ပြည်သို့ သွား ခြင်းငှါ ကျပ်ကျပ်မျက်နှာ ပြု လျက် ၊ ထို ပြည်သို့ အမှန်သွား ၍ တည်းခို လျှင် ၊
16 la espada que teméis os alcanzará allí en la tierra de Egipto, y el hambre ante el cual tembláis, os sobrevendrá allí en Egipto, donde moriréis.
၁၆သင် တို့ကြောက် သော ထား ဘေးသည် အဲဂုတ္တု ပြည် ၌ သင် တို့ကို မှီ လိမ့်မည်။ သင် တို့ကြောက် သော မွတ်သိပ် ခြင်းဘေးသည်လည်း ၊ အဲဂုတ္တု ပြည်၌ သင် တို့ကို ကျပ်ကျပ်လိုက် ၍ ၊ ထို ပြည်၌သင်တို့သည် သေ ကြလိမ့်မည်။
17 Todos aquellos que se han propuesto ir a Egipto y habitar allí, morirán al filo de la espada y de hambre y de peste; y ninguno de ellos quedará con vida, ni se librará del mal que Yo descargaré sobre ellos.
၁၇အဲဂုတ္တု ပြည်သို့ သွား ၍ တည်းခို ခြင်းငှါ မျက်နှာ ပြု သော သူ အပေါင်း တို့သည် ထား ဘေး၊ မွတ်သိပ် ခြင်း ဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်။ သူ တို့ အပေါ် သို့ငါ ရောက် စေသော ဘေးဒဏ် နှင့် တယောက်မျှ မလွတ် ရ။ ကျန်ကြွင်း သောသူ တယောက်မျှမ ရှိ ရ။
18 Porque así dice Yahvé de los ejércitos, el Dios de Israel: Así como se ha derramado mi ira y mi indignación sobre los habitantes de Jerusalén, del mismo modo se derramará mi indignación sobre vosotros, cuando entréis en Egipto, y seréis objeto de execración, de pasmo, de maldición, y de oprobio; y no volveréis a ver este lugar.”
၁၈ဣသရေလ အမျိုး၏ ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ယေရုရှလင် မြို့သား တို့အပေါ် သို့ ငါ့ အမျက် အရှိန်ကို ငါ သွန်းလောင်း သည်နည်းတူ ၊ သင်တို့သည် အဲဂုတ္တု ပြည်သို့ ဝင် သောအခါ ၊ သင် တို့အပေါ် သို့ သွန်းလောင်း သဖြင့် ၊ သင်တို့သည် ဆဲရေး ခြင်း၊ အံ့ဩ ခြင်း၊ ကျိန် ခြင်း၊ ကဲ့ရဲ့ ခြင်းကိုခံဘို့ရာဖြစ် ကြလိမ့်မည်။ ဤ အရပ် ကို နောက် တဖန်မ မြင် ရ။
19 Por eso dice Yahvé acerca de vosotros, oh resto de Judá: “No vayáis a Egipto. Tomad nota de que yo os advierto el día de hoy.
၁၉ကျန်ကြွင်း သောယုဒ အမျိုးသားတို့၊ အဲဂုတ္တု ပြည်သို့ မ သွား ကြနှင့်ဟု သင် တို့အား ထာဝရဘုရား အမိန့် တော်ရှိ၏။ ငါသည်သင် တို့ကို ယနေ့ သက်သေခံ ကြောင်း ကို သိမှတ် ကြလော့။
20 Porque os engañasteis a vosotros mismos, cuando me enviasteis a Yahvé, vuestro Dios, diciendo: «Haz oración por nosotros a Yahvé, nuestro Dios; y todo cuanto diga Yahvé, nuestro Dios, dínoslo así, y cumpliremos.»
၂၀အကယ်စင်စစ်သင်တို့က၊ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား အား အကျွန်ုပ် တို့အဘို့ ဆုတောင်း ပါလော့။ အကျွန်ုပ် တို့၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူသမျှ တို့ကို ကြား ပြောပါလော့။ အကျွန်ုပ်တို့သည် နားထောင် ပါမည် ဟုဆို ၍၊ ငါ့ ကို သင် တို့၏ ဘုရား သခင်ထာဝရဘုရား ထံတော်သို့ စေလွှတ် သောအခါ ၊ ကိုယ် စိတ် ကို ကိုယ် လှည့်စား ကြပြီ။
21 Yo os lo he declarado hoy; mas vosotros no escucháis la voz de Yahvé, vuestro Dios, ni cosa alguna de las que Él me ha encargado deciros.
၂၁ငါသည်သင် တို့အား ယနေ့ ကြား ပြော၏။ သင်တို့မူကား ၊ သင် တို့ဘုရား သခင်ထာဝရဘုရား ၏ အမိန့် တော် ကို ၎င်း ၊ ငါ့ အားဖြင့်မှာ လိုက်တော်မူသမျှ တို့ကို ၎င်း နား မထောင်ဘဲနေကြ၏။
22 Sabed, pues, con toda seguridad, que moriréis al filo de la espada, de hambre y de peste en el lugar adonde queréis ir a habitar.”
၂၂ထိုကြောင့် သင်တို့သည် သွား ၍ တည်းခို ချင် သော အရပ် ၌ ထား ဘေး၊ မွတ်သိပ် ခြင်းဘေး၊ ကာလနာ ဘေးတို့ဖြင့် သေ ကြလိမ့်မည်အကြောင်း ကို အမှန်သိ မှတ် ကြလော့ဟု ယေရမိသည် ပြန်ပြော လေ၏။