< Isaías 9 >
1 No habrá más lobreguez sobre la (tierra) que (ahora) está en angustia. Como primeramente (Dios) cubrió de oprobio la tierra de Zabulón y la tierra de Neftalí, así al fin hará glorioso el camino del mar, la otra parte del Jordán, la Galilea de los gentiles.
၁သို့ သော်လည်း၊ ဒုက္ခ ဆင်းရဲခြင်းကို ခံရသော ပြည်သည် နောက်မှမှောင်မိုက် နှင့်ကင်းလွတ် လိမ့်မည်။ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် ကို အထက် က ရှုတ်ချ တော်မူသော်လည်း ၊ နောက်တဖန်အိုင် နားရှောက်သော လမ်း ၊ ယော်ဒန် မြစ်တဘက် ၊ တပါးအမျိုးသား နေရာ ဂါလိလဲ ပြည်ကို ဂုဏ် အသရေနှင့် ပြည့်စုံစေတော်မူ၏။
2 El pueblo que andaba en tinieblas vio una gran luz; sobre los habitantes de la tierra de sombras de muerte resplandeció una luz.
၂မှောင်မိုက် ထဲမှာ သွားလာ သောလူ များတို့သည် ကြီး စွာသော အလင်း ကိုမြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင် ရှိနေ သောသူ တို့ ၌ အလင်း ပေါ်ထွန်း လျက်ရှိ၏။
3 Multiplicaste el pueblo, hiciste grande su alegría; se regocijan delante de Ti con la alegría del tiempo de la siega; como los que saltan de gozo cuando reparten los despojos.
၃ကိုယ်တော်သည် အမျိုးသား တို့ကို များပြား စေ၍၊ သူ တို့၏ ဝမ်းမြောက် ခြင်းကို တိုးပွား စေတော်မူ၏။ စပါးကို စုသိမ်း ရာကာလ၌ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ လုယူသော ဥစ္စာ ကို ဝေ သောသူ ဝမ်းမြောက် သကဲ့သို့ ၎င်း၊ ရှေ့ တော်၌ သူတို့သည် ဝမ်းမြောက် ကြပါ၏။
4 Porque el yugo que pesaba sobre ellos, y la vara que hería sus hombros, y el bastón de su exactor, Tú los hiciste pedazos, como en el día de Madián.
၄အကြောင်း မူကား၊ မိဒျန် လက်ထက် ၌ ပြုတော်မူသကဲ့သို့၊ ကိုယ်တော်သည် သူ တို့ထမ်း ရသောထမ်းဘိုး ၊ ကျော ၌ခံရသောတုတ် ကို၎င်း၊ ညှဉ်းဆဲ သောသူ၏ လှံတံ ကို၎င်းချိုး တော်မူပြီ။
5 Pues todo zapato que (el guerrero) lleva en la batalla, y el manto revolcado en sangre, serán quemados y hechos pasto del fuego.
၅စစ်တိုက် သောသူရဲ၏ ခြေစွပ် နှင့် အသွေး လူး သော အဝတ် တန်ဆာရှိသမျှ တို့သည် မီးရှို့ ဘို့ မီးစာ ဖြစ် ရကြ လိမ့်မည်။
6 Porque un Niño nos ha nacido, un Hijo nos ha sido dado, que lleva el imperio sobre sus hombros. Se llamará Maravilloso, Consejero, Dios poderoso, Padre de la eternidad, Príncipe de la paz.
၆အကြောင်း မူကား၊ ငါ တို့အဘို့ သူငယ် ကို ဘွားမြင် ၏။ ငါ တို့အား သား ကိုသနား တော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက် ရှိ လိမ့်မည်။ နာမ တော်မူကား အံ့ဩ ဘွယ်၊ တိုင်ပင် ဘက်၊ တန်ခိုး ကြီးသောဘုရား သခင်၊ ထာဝရ အဘ၊ ငြိမ်သက် ခြင်းအရှင် ဟု ခေါ်ဝေါ် သမုတ် ခြင်းကိုခံ တော်မူလိမ့်မည်။
7 Se dilatará su imperio, y de la paz no habrá fin. (Se sentará) sobre el trono de David y sobre su reino, para establecerlo y consolidarlo mediante el juicio y la justicia, desde ahora para siempre jamás. El celo de Yahvé de los ejércitos hará esto.
၇ဒါဝိဒ် မင်း၏ ရာဇ ပလ္လင်ပေါ် မှာထိုင်၍၊ နိုင်ငံ တော်ကို နောင်ကာလအစဉ်မပြတ်၊ တရား တော်အတိုင်း ဖြောင့်မတ် စွာစီရင်၍အမြဲတည် စေတော်မူမည်အကြောင်း ၊ အာဏာ တော် တိုးတက် ခြင်းနှင့် ငြိမ်သက် တော်မူခြင်း သည် နိစ္စ အမြဲရှိလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် အလို တော်အားကြီး၍၊ ထို အမှုကို ပြီးစီး စေတော်မူလိမ့်မည်။
8 Envió el Señor una palabra contra Jacob, que cayó sobre Israel.
၈ထာဝရ ဘုရားသည် ဗျာဒိတ် တော်ကို ယာကုပ် အမျိုးသို့ လွှတ် ၍ ၊ ဣသရေလ အမျိုးအပေါ် မှာ သက်ရောက် စေတော်မူ၏။
9 Lo conocerá todo el pueblo, los de Efraím como los habitantes de Samaria. Los que en la soberbia e hinchazón de su corazón están diciendo:
၉အုတ် ရိုးပြို သော်လည်း ၊ ဆစ် သောကျောက်နှင့် တည် ပြန်မည်။
10 “Han caído los ladrillos, mas edificaremos con piedras labradas; han sido cortados los sicómoros. Pero en su lugar pondremos cedros.”
၁၀သဖန်းပင် များကို ခုတ်လှဲ သော်လည်း ၊ သူတို့ အရာ၌ အာရဇ် ပင်များကို စိုက် ထားမည်ဟု မာန ကြီးမားထောင်လွှားသော ရှမာရိ မြို့သား မှစ၍ ဧဖရိမ် လူ အပေါင်း တို့သည် သိ ရကြလိမ့်မည်။
11 Por eso Yahvé suscitará contra él los adversarios de Rasín, e incitará a sus enemigos:
၁၁ထာဝရဘုရား သည်လည်း ၊ ထိုသူ တို့တဘက် ၌ ရေဇိန် မင်း၏ရန်သူ တို့ကို ချီးမြှောက် ၍ ၊ ဧဖရိမ်အမျိုး၏ ရန်သူတို့ကို ထစေတော်မူသဖြင့်၊
12 los sirios al este, y los filisteos al oeste, los cuales a boca llena devorarán a Israel. Con todo esto no se apañará su ira, antes su mano estará aún extendida.
၁၂ရှေ့ ၌ကား ရှုရိ လူ၊ နောက် ၌ ကား ဖိလိတ္တိ လူတို့ သည် ပစပ် ဟ၍၊ ဣသရေလ အမျိုးကို ကိုက် စားကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။
13 Porque el pueblo no quiere convertirse al que lo hiere ni buscar a Yahvé de los ejércitos;
၁၃ဤလူ မျိုးသည် ဒဏ်ခတ် တော်မူသောသူထံ သို့ မ လှည့် မပြန်၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို မ ရှာ မဖွေတတ်။
14 por eso Yahvé cortará de Israel la cabeza y la cola, la palmera y el junco, en un mismo día.
၁၄ထိုကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ အမျိုးမှ ဦးခေါင်း နှင့် အမြီး ကို၎င်း၊ စွန်ပလွံ လက်နှင့် ကိုင်း ပင်ကို၎င်းတနေ့ ခြင်းတွင် ခုတ် ဖြတ်တော်မူလိမ့်မည်။
15 Los ancianos y los notables son la cabeza, y el profeta que enseña mentiras es la cola.
၁၅ဦးခေါင်း ကား၊ အသက် ကြီးသူနှင့် အသရေ ရှိသူ တည်း။ အမြီး ကား၊ မုသာ ကိုဟော ပြောသော ပရောဖက် တည်း။
16 Porque los que guían este pueblo lo descarrían, y los guiados por ellos van a la perdición.
၁၆ဤ လူမျိုး ကို လမ်းပြ သောသူတို့သည် လမ်းလွဲ စေခြင်းငှါ ပြ ကြ၏။ လိုက်သောသူတို့သည်လည်း ပျက်စီး ခြင်းသို့ ရောက် ကြလိမ့်မည်။
17 Por eso el Señor no se complacerá en sus jóvenes, ni tendrá compasión de sus huérfanos y de sus viudas; pues todos ellos son impíos y malvados, y cada boca profiere insensateces. Con todo esto no se aparta su ira, antes su mano está aún extendida.
၁၇ထိုကြောင့် ၊ ထာဝရ ဘုရားသည် သူ တို့တွင် ရှိသောလူပျို တို့ကို အားရ တော်မ မူ။ မိဘ မရှိသောသူငယ် နှင့် မုတ်ဆိုးမ တို့ကို သနား တော်မ မူ။ ထိုသူ အပေါင်း တို့ သည် အဓမ္မ ပြုသောသူ၊ ဆိုးညစ် သောသူဖြစ်၍ ၊ မတရား သော စကားကိုပြော တတ်ကြ၏။ သို့ ဖြစ်၍၊ အမျက် တော် သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက် ရှိသေး ၏။
18 Pues la maldad arde como un fuego, devorando las zarzas y espinas, y prende las espesuras de la selva, que se elevan en remolinos de humo.
၁၈အဓမ္မ သည် မီး ကဲ့သို့ လောင် တတ်၏။ ဆူးပင် အမျိုးမျိုးကို ကျွမ်း စေမည်။ တောအုပ် ကို လည်း မီးရှို့ သဖြင့်၊ အပင်တို့သည် မီးခိုး နှင့်တကွလွင့် တက်ကြလိမ့်မည်။
19 Por la ira de Yahvé de los ejércitos el país está en llamas, y el pueblo es pasto del fuego. Nadie tiene piedad de su propio hermano;
၁၉ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အမျက် တော်ကြောင့်၊ မြေသည်မီးလောင်၍၊ မြေသားတို့ သည် မီးမွေးဘို့ ထင်းဖြစ်ကြလိမ့်မည်။ ညီအစ်ကိုချင်း တယောက်ကိုတယောက် မနှမြောရ။
20 despedazan a la derecha, y queda el hambre, devoran a la izquierda, y no se hartan; come cada cual la carne de su brazo.
၂၀လက်ျာ ဘက်၌ ခုတ် ဖြတ်သော်လည်း ၊ ငတ်မွတ် လိမ့်မည်။ လက်ဝဲ ဘက်၌ ကိုက် စားသော်လည်း မ ဝ ရ။ အိမ်နီးချင်းအသား ကို လူ တိုင်းကိုက်စား ရလိမ့်မည်။
21 Manasés contra Efraím, y Efraím contra Manasés, y los dos juntos contra Judá. Con todo esto no se aparta su ira, antes su mano está aún extendida.
၂၁မနာရှေ အမျိုးသည် ဧဖရိမ် အမျိုးကို၎င်း ၊ ဧဖရိမ် အမျိုးသည် မနာရှေ အမျိုးကို၎င်းကိုက်စားကြလိမ့်မည်။ ထိုနှစ် မျိုးတို့သည် ယုဒ အမျိုးကို တညီတညွတ်တည်းရန်ပြုကြလိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည် မ ငြိမ်း ၊ လက် တော်သည် ဆန့် လျက်ရှိသေး ၏။