+ Génesis 1 >
1 Al principio creó Dios el cielo y la tierra.
၁အစ အဦး၌ ဘုရားသခင် သည် ကောင်းကင် နှင့် မြေကြီး ကို ဖန်ဆင်း တော်မူ၏။
2 La tierra era confusión y caos, y tinieblas cubrían la faz del abismo, mas el Espíritu de Dios se movía sobre las aguas.
၂မြေကြီး သည်အဆင်း သဏ္ဍာန်မရှိ၊ လွတ်လပ် လဟာဖြစ်၏။ နက်နဲ ရာအရပ် ကို မှောင်မိုက် ဖုံးလွှမ်း ၍ ဘုရားသခင် ၏ ဝိညာဉ် တော်သည် ရေ မျက်နှာပြင် ပေါ် မှာ လှုပ်ရှား တော်မူ၏။
3 Y dijo Dios: “Haya luz”; y hubo luz.
၃ဘုရား သခင်ကလည်း အလင်း ဖြစ်စေ ဟု အမိန့် တော်ရှိ၍ အလင်း ဖြစ် လေ၏။
4 Vio Dios que la luz era buena; y separó Dios la luz de las tinieblas.
၄ထို အလင်း ကောင်း သည်ကို ဘုရား သခင်မြင် ၍ ၊ အလင်း နှင့် မှောင်မိုက် ကိုပိုင်းခြား ခွဲထားတော်မူ၏။
5 Llamó Dios a la luz día, y a las tinieblas llamó noche. Y hubo tarde y hubo mañana: primer día.
၅အလင်း ကို နေ့ဟူသောအမည်ဖြင့်၎င်း ၊ မှောင်မိုက် ကို ညဉ့် ဟူသောအမည်ဖြင့်၎င်း ၊ ခေါ်ဝေါ် သမုတ် တော်မူ၍ ည ဦးနှင့် နံနက် သည် ပဌမ နေ့ရက် ဖြစ် လေ၏။
6 Después dijo Dios: “Haya un firmamento en medio de las aguas que separe unas aguas de otras”.
၆တဖန် ဘုရားသခင် က ရေ အလယ် ၌ မိုဃ်း မျက်နှာကြက်ဖြစ် စေ၊ ရေ နှင့် ရေ ချင်း ခြားနား စေဟု အမိန့် တော်ရှိသဖြင့်၊
7 E hizo Dios el firmamento, y separó las aguas que estaban bajo el firmamento de las aguas que estaban sobre el firmamento. Y así fue.
၇မိုဃ်း မျက်နှာကြက်ကို ဘုရား သခင်ဖန်ဆင်း တော်မူ၍ ၊ မိုဃ်း မျက်နှာကြက်အောက် ၌ ရှိသောရေ နှင့်၊ မိုဃ်း မျက်နှာကြက်အပေါ် ၌ ရှိသောရေ ကို ပိုင်းခြား တော်မူသည်အတိုင်း ဖြစ် လေ၏။
8 Llamó Dios al firmamento cielo; y hubo tarde y hubo mañana: día segundo.
၈မိုဃ်း မျက်နှာကြက်ကိုလည်း မိုဃ်းကောင်းကင် ဟူသောအမည်ဖြင့် ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ ၍ ၊ ည ဦးနှင့် နံနက် သည် ဒုတိယ နေ့ ရက်ဖြစ် လေ၏။
9 Y dijo Dios: “Júntense en un lugar las aguas que quedan bajo el cielo y aparezca lo seco”.
၉တဖန် ဘုရား သခင်က မိုဃ်း ကောင်းကင်အောက် ၌ ရှိသောရေ စုဝေး စေ၊ ကုန်း ပေါ် စေဟု အမိန့် တော် ရှိသည်အတိုင်း ဖြစ် လေ၏။
10 Llamó Dios a lo seco tierra, y a la reunión de las aguas llamó mares. Y vio Dios que estaba bien.
၁၀ကုန်း ကိုမြေ ဟူသောအမည်ဖြင့်၎င်း၊ ရေ စုဝေး ရာကို ပင်လယ် ဟူသောအမည် ဖြင့်၎င်း ၊ ဘုရား သခင်ခေါ်ဝေါ် သမုတ်တော်မူ၍ ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၏။
11 Después dijo Dios: “Brote la tierra hierba verde, plantas que den semilla, árboles frutales que produzcan fruto según su especie y cuya semilla esté en ellos sobre la tierra”. Y así fue.
၁၁တဖန် ဘုရား သခင်က၊ မြေ သည် မြက် ပင်ကို၎င်း၊ စပါး သီးကို ဖြစ်စေသော စပါး ပင် ကို၎င်း၊ မြေ ပေါ် မှာ မျိုးစေ့ ပါလျက် သစ်သီး မျိုးကို ဖြစ် စေသော သစ်ပင်ကို၎င်း၊ ပေါက် စေဟု အမိန့် တော်ရှိသည် အတိုင်း ဖြစ် လေ၏။
12 Brotó, pues, la tierra hierba verde, plantas que tenían en sí semilla según su especie, y árboles que producían frutos y cuya semilla se hallaba en ellos según su especie. Y vio Dios que estaba bien.
၁၂မြေ သည်မြက် ပင်ကို၎င်း စပါး သီးမျိုးကို ဖြစ်စေသော စပါး ပင်ကို၎င်း၊ မိမိ ၌ မျိုးစေ့ ပါလျက် သစ်သီး မျိုး ကို ဖြစ်စေ သော သစ်ပင် ကို၎င်း ပေါက် စေ၏။
13 Y hubo tarde y hubo mañana: día tercero.
၁၃ထို အမှုအရာကောင်း သည်ကို ဘုရား သခင်မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် တတိယ နေ့ရက် ဖြစ် လေ၏။
14 Luego dijo Dios: “Haya lumbreras en el firmamento del cielo, que separen el día de la noche y sirvan de señales y (marquen) las estaciones, días y años.
၁၄တဖန် ဘုရား သခင်က၊ နေ့ နှင့် ညဉ့် ကို ပိုင်းခြား စေခြင်းငှါ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ အလင်း အိမ် တည် စေ၊ နိမိတ် လက္ခဏာ၊ ချိန်းချက် သောအချိန်၊ နေ့ ရက်အပိုင်းအခြား၊ နှစ် အပိုင်းအခြားဘို့ ဖြစ် စေ။
15 Sirvan también de lumbreras en el firmamento del cielo para alumbrar la tierra”. Y así fue.
၁၅မိုဃ်းကောင်းကင် မျက်နှာကြက် ၌ တည်၍ မြေကြီး လင်း စရာ အလင်း အိမ်ဖြစ် စေဟု အမိန့်တော်ရှိ သည့်အတိုင်း ဖြစ် လေ၏။
16 Hizo, pues, Dios las dos grandes lumbreras: la lumbrera mayor para presidir el día, y la lumbrera menor para presidir la noche, y las estrellas.
၁၆ထိုသို့ ဘုရား သခင်သည် အလင်း အိမ်ကြီး နှစ် လုံးတည်းဟူသောနေ့ ကိုအုပ်စိုး ရသောအကြီး တလုံး၊ ညဉ့် ကို အုပ်စိုး ရသောအငယ် တလုံးနှင့်တကွ ကြယ် များတို့ကို ဖန်ဆင်း တော်မူပြီးလျှင်၊
17 Púsolas Dios en el firmamento del cielo para alumbrar la tierra,
၁၇မြေကြီး ၌ လင်း စေခြင်းငှာ၎င်း၊ နေ့ နှင့် ညဉ့် ကို အုပ်စိုး ၍ အလင်း နှင့် မှောင်မိုက် ကို ပိုင်းခြား စေခြင်းငှာ၎င်း ၊ မိုဃ်းကောင်းကင် မျက်နှာကြက် ၌ ဘုရား သခင်ထား တော်မူ၏။
18 para regir el día y la noche y para separar la luz de las tinieblas. Y vio Dios que estaba bien.
၁၈ထို အမှုအရာ ကောင်း သည်ကို ဘုရား သခင် မြင် တော်မူ၍၊
19 Y hubo tarde y hubo mañana: día cuarto.
၁၉ည ဦးနှင့် နံနက် သည် စတုတ္ထ နေ့ ရက်ဖြစ် လေ၏။
20 Después dijo Dios: “Pululen las aguas multitud de seres vivientes; y vuelen aves sobre la tierra debajo del firmamento del cielo”.
၂၀တဖန် ဘုရား သခင်က အသက် ရှင်၍ လှုပ်ရှားတတ်သော တိရစ္ဆာန် တို့ကို ရေ သည်များပြား စွာ မွေးဘွားစေ။ ငှက် တို့လည်း မြေ ပေါ် မိုဃ်းကောင်းကင် မျက်နှာကြက် ပြင် ဝယ်ပျံ စေဟု အမိန့်တော်ရှိ၏။
21 Y creó Dios los grandes monstruos marinos, y todos los seres vivientes que marchan arrastrándose, de los cuales hierven las aguas, según su especie; y toda ave alada según su especie. Y vio Dios que estaba bien.
၂၁ထိုသို့လျှင် ရေသည် တိရစ္ဆာန်အမျိုး အလိုက် များပြား စွာ မွေးဘွား၍၊ ငါးကြီး အစ ရှိသော အသက်ရှင် ၍ လှုပ်ရှား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း၊ ပျံ တတ်သော ငှက် မျိုးအပေါင်း တို့ကို၎င်း ဘုရား သခင်ဖန်ဆင်း ၍၊ ထို အမူအရာကောင်း သည်ကို မြင် တော်မူ၏။
22 Y Dios los bendijo, diciendo: “Sed fecundos y multiplicaos y henchid las aguas en los mares; y multiplíquense las aves sobre la tierra”.
၂၂ဘုရား သခင်ကလည်း များပြား စွာ မွေးဘွား ကြလော့။ ပင်လယ် ရေ များကို ပြည့် စေကြလော့။ ငှက် တို့ လည်း မြေ ပေါ်၌ များပြား စေသတည်းဟု ထို တိရစ္ဆာန်တို့ကို ကောင်းကြီး ပေးတော်မူ၍၊
23 Y hubo tarde y hubo mañana: día quinto.
၂၃ည ဦးနှင့် နံနက် သည် ပဉ္စမ နေ့ ရက်ဖြစ် လေ၏။
24 Luego Dios dijo: “Produzca la tierra seres vivientes según su especie: animales domésticos, reptiles, bestias salvajes, según su especie”. Y así fue.
၂၄တဖန် ဘုရား သခင်က၊ မြေ သည် အသက်ရှင် သောသတ္တဝါ မျိုးတည်းဟူသောသားယဉ်တို့ကို၎င်း၊ တွား တတ်သော တိရစ္ဆာန် တို့ကို၎င်း ၊ သားရဲ မျိုး တို့ကို၎င်း ၊ မွေးဘွား စေဟုအမိန့် တော်ရှိသည်အတိုင်း ဖြစ် လေ၏။
25 Hizo, pues, Dios las bestias salvajes según su especie, y los animales domésticos según su especie, y todo reptil de la tierra según su especie. Y vio Dios que estaba bien.
၂၅ထို သို့ ဘုရား သခင်သည် သားရဲ မျိုး၊ သားယဉ်မျိုး၊ မြေ ပေါ်မှာ တွား တတ်သော တိရစ္ဆာန် မျိုး အပေါင်းတို့ကို ဖန်ဆင်း ၍ ၊ ထို အမှုအရာကောင်း သည်ကို မြင် တော်မူ၏။
26 Después dijo Dios: “Hagamos al hombre a imagen nuestra, según nuestra semejanza; y domine sobre los peces del mar y las aves del cielo, sobre las bestias domésticas, y sobre toda la tierra y todo reptil que se mueve sobre la tierra”.
၂၆တဖန် ဘုရား သခင်က ငါ တို့ပုံသဏ္ဍာန်နှင့်အညီတသဏ္ဍန်တည်း လူ ကို ဖန်ဆင်း ကြစို့။ သူသည် ပင်လယ် ငါး တို့ကို၎င်း ၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း ၊ သား ယဉ်တို့ကို၎င်း ၊ မြေ တပြင်လုံး နှင့်တကွ၊ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန် အပေါင်း တို့ကို၎င်း ၊ အုပ်စိုး စေဟု အမိန့်တော်ရှိ၏။
27 Y creó Dios al hombre a imagen suya; a imagen de Dios lo creó; varón y mujer los creó.
၂၇ထိုသို့ ဘုရား သခင်သည် မိမိ ပုံသဏ္ဍန် နှင့်အညီ လူ ကိုဖန်ဆင်း တော်မူ၏။ ဘုရား သခင်၏ ပုံ သဏ္ဍာန် တော်နှင့်အညီ လူယောက်ျား ၊ လူမိန်းမ ကိုဖန်ဆင်း ပြီးလျှင်၊
28 Los bendijo Dios; y les dijo Dios: “Sed fecundos y multiplicaos, y henchid la tierra y sometedla; y dominad sobre los peces del mar y las aves del cielo, y sobre todos los animales que se mueven sobre la tierra”.
၂၈အချင်းတို့ များပြား စွာမွေးဘွား ကြလော့။ မြေကြီး ကို ပြည့် စေ၍ နိုင် ကြလော့။ ပင်လယ် ငါး တို့ကို၎င်း၊ မိုဃ်းကောင်းကင် ငှက် တို့ကို၎င်း၊ အသက် ရှင်၍ မြေ ပေါ် မှာ လှုပ်ရှား တတ်သော တိရစ္ဆာန်အပေါင်း တို့ကို၎င်းအုပ်စိုး ကြလော့ဟုမိန့် တော်မူ၍ ၊ သူ တို့ကိုကောင်းကြီး ပေးတော်မူ၏။
29 Después dijo Dios: “He aquí que Yo os doy toda planta portadora de semilla sobre la superficie de toda la tierra, y todo árbol en que hay fruto de árbol con semilla, para que os sirvan de alimento.
၂၉ဘုရား သခင်ကလည်း ကြည့်ရှု လော့။ မြေ တပြင်လုံး ၌ စပါး သီးကို ဖြစ်စေသော စပါး ပင် အမျိုးမျိုး တို့ကို၎င်း၊ မျိုးစေ့ ကိုဖြစ်စေသော အသီး နှင့်ပြည့်စုံသော သစ်ပင် အမျိုးမျိုး တို့ကို၎င်း၊ သင် တို့စားစရာ ဘို့ ငါပေး ၏။
30 Y a todos los animales de la tierra, y a todas las aves del cielo, y a todo lo que se mueve sobre la tierra, que tiene en sí aliento de vida, les doy para alimento toda hierba verde”. Y así fue.
၃၀မြေ သား၊ မိုဃ်းကောင်းကင် ငှက် ၊ အသက် ရှင်၍ မြေ ပေါ် မှာ တွား တတ်သော တိရစ္ဆာန်မျိုးအပေါင်း တို့ စားစရာ ဘို့ ၊ မြက် ပင် အမျိုးမျိုး တို့ကို ငါပေးမည်ဟု မိန့်တော်မူသည်အတိုင်း ဖြစ် လေ၏။
31 Vio Dios todo cuanto había hecho; y he aquí que estaba muy bien. Y hubo tarde y hubo mañana: día sexto.
၃၁ဘုရား သခင်သည် မိမိဖန်ဆင်း သမျှ သောအရာတို့ကို ကြည့်ရှု လျှင် ၊ အလွန် ကောင်း သည်ကို မြင် တော်မူ၍ ၊ ည ဦးနှင့် နံနက် သည် ဆဌမ နေ့ ရက်ဖြစ် လေ၏။