< Ezequiel 27 >

1 Me fue dirigida la palabra de Yahvé, en estos términos:
တဖန် ထာဝရဘုရား ၏ နှုတ်ကပတ်တော် သည် ငါ့ ဆီသို့ ရောက်လာ ၍၊
2 “Tú, hijo de hombre, canta sobre Tiro una elegía;
အချင်းလူသား ၊ တုရု မြို့အတွက် မြည်တမ်း ခြင်း ကိုပြု ၍၊ တုရု မြို့အား ဆင့်ဆို ရမည်မှာ၊
3 y di a Tiro: Oh tú que estás sentada a la entrada del mar y comerciabas con los pueblos de muchas costas, así dice Yahvé, el Señor:
အိုပင်လယ် ဝ ၌ တည် သောမြို့၊ များစွာ သော ကျွန်းသူ ကျွန်းသားတို့အဘို့ ကုန်သွယ် တတ်သောမြို့၊ သင့် ကို အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုတုရု မြို့၊ သင် က၊ ငါ ၏တင့်တယ် ခြင်းစုံလင် ပြီဟု ဆို တတ်၏။
4 Tiro, tú decías: «Yo soy de perfecta belleza». Tus dominios están en el corazón del piélago; tus constructores hicieron perfecta tu hermosura.
သင် ၏နံပါး တို့သည် ပင်လယ် ထဲမှာ ရှိ၏။ သင် ၏ဗိသုကာ တို့သည် သင့် ကိုစုံလင် စွာ တင့်တယ် စေခြင်းငှါပြုကြပြီ။
5 De los abetos de Sanir fabricaron toda tu armazón; para hacer tu mástil tomaron un cedro del Líbano.
သင်၏ပျဉ်ပြား ရှိသမျှ တို့ကို စေနိရ ထင်းရူး သစ်သားဖြင့် လုပ် ၍၊ ရွက်တိုင် ဘို့ လေဗနုန် အာရဇ် ပင် တို့ကို ယူ ကြပြီ။
6 de las encinas de Basán hicieron tus remos; labraron tus bancos de marfil con incrustaciones de madera de boj, traída de las islas de Kitim.
ဗာရှန် သပိတ် သစ်သားဖြင့် တက် တို့ကို၎င်း၊ ခိတ္တိမ် ကျွန်း တို့မှ ယူခဲ့၍ ဆင်စွယ် နှင့် စီချယ် သော တာရှုရ သစ်သားဖြင့် ကန့် တို့ကို၎င်းလုပ် ကြပြီ။
7 De lino recamado de Egipto eran tus velas, que te servían de bandera; jacinto y púrpura de las islas de Elisá formaban tu toldo.
အဲဂုတ္တု ပြည်၌ ချယ်လှယ် သော ပိတ်ချောရွက် တို့ကို ဖြန့် ၍၊ ဧလိရှ ကျွန်း တို့မှ ယူခဲ့သော အထည် ပြာ ၊ အထည်မောင်း ဖြင့် လုပ်သောမျက်နှာကြက် နှင့် ပြည့်စုံ၏။
8 Los habitantes de Sidón y de Arvad eran tus remeros, y tus sabios que estaban en ti, oh Tiro, te servían de pilotos.
ဇိဒုန် မြို့သား ၊ အာဝဒ် မြို့သားတို့သည် သင်္ဘောသား ဖြစ် ၍၊ တုရု ပညာရှိ တို့သည်လမ်းပြ မာလိန်ဖြစ် ကြ၏။
9 Los ancianos y los más peritos de Gebal te asistían para reparar tus hendiduras; todas las naves del mar, con sus marineros, estaban a tu servicio para el intercambio de tus mercaderías.
ဂေဗလ လူကြီး ၊ ပညာရှိ တို့သည် သင့် ကို ပြုပြင် လျက်လိုက်ကြ၏။ ပင်လယ်ကူး တတ်သော သင်္ဘောရှိသမျှ ၊ သင်္ဘောသား တို့နှင့်တကွသင် နှင့် ဖောက်ကား ရောင်းဝယ်ခြင်းငှါပါ ကြ၏။
10 En tu ejército servían como guerreros tuyos los hombres de Persia, de Lidia y de Libia, que colgaron en ti sus escudos y morriones; y ellos te dieron esplendor.
၁၀ပေရသိ လူ၊ လုဒ လူ၊ ဖုတ လူတို့သည် သင် ၏ တပ်သား ၊ စစ်သူရဲ လုပ် ကြ၏။ ဒိုင်း ၊ လွှား၊ သံခမောက်လုံး တို့ကို ပြင်ဆင် ၍၊ သင်၏ဂုဏ် အသရေကို ထင်ရှား စေကြ၏။
11 Los hijos de Arvad y tu ejército, velaban sobre tus muros en todo tu contorno; y los de Gamad que estaban en tus torres, colgaban sus escudos alrededor de tus muros, coronando tu belleza.
၁၁အာဝဒ် အမျိုးသား တို့သည် သင်၏တပ်သား တို့ နှင့်တကွမြို့ရိုး ပတ်လည် ၌ စီးကြ၏။ ဂမ္မဒိမ် လူတို့သည် ပြအိုး တို့ကိုစောင့်၍၊ မြို့ရိုး ပတ်လည် ၌ မြှားတောင့်တို့ကို ပြင်ဆင်သဖြင့်၊ သင် ၏တင့်တယ် ခြင်းကို စုံလင် စေကြ ၏။
12 Tarsis traficaba contigo porque en ti había abundancia de toda suerte de riqueza; con plata, hierro, estaño y plomo pagaban tus mercaderías.
၁၂သင် ၌ကုန်သွယ် ရန် ဥစ္စာ များ သောကြောင့် ၊ တာရှု မြို့သည်ငွေ ၊ သံ ၊ သံဖြူ ၊ ခဲ တို့ကို သင့်ဝိုင်းသို့ယူခဲ့၍ သင် နှင့်ကုန်သွယ် ခြင်းကို ပြုလေ၏။
13 Javán, Tubal y Mósoc comerciaban contigo; traían a sus mercados esclavos y objetos de bronce.
၁၃ယာဝန် မြို့၊ တုဗလ မြို့၊ မေရှက် မြို့တို့သည် သင် နှင့်ကုန်သွယ် ၍၊ လူ ကျွန်တို့နှင့် ကြေးနီ ဖလား တို့ကို သင့် ဈေး ၌ ရောင်း ကြ၏။
14 Los de la casa de Togormá te daban a trueque de tus mercancías caballos, corceles y mulos.
၁၄တောဂါမ အမျိုးသား တို့သည်မြင်း ၊ မြင်းစီး သူ၊ လား တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
15 Los hijos de Dedán hacían negocios contigo; muchas islas formaban tu clientela; te daban en cambio colmillos de marfil y ébano.
၁၅ဒေဒန် မြို့သား တို့သည်လည်း သင် နှင့်ကုန်သွယ် ကြ၏။ များစွာ သော တကျွန်း တနိုင်ငံအရပ်သားတို့သည် သင် လုပ် သော ဥစ္စာ ကိုဝယ်၍၊ ဦးချို ၊ ဆင်စွယ် ၊ သစ်သားနက် ကို ပြန်ပေး ကြ၏။
16 Siria ejercía el comercio contigo, a causa de la multitud de tus productos; cambiaban tus mercaderías por carbunclo, púrpura, obra recamada, lino fino, corales y rubíes.
၁၆သင် လုပ်သော ဥစ္စာ များ သောကြောင့် ရှုရိ ပြည်သည် သင် နှင့်ကုန်သွယ် ၍၊ နပက်ကျောက် ၊ ပြာ သောအထည်၊ ချယ်လှယ် သောအဝတ်၊ ပိတ်ချော ၊ သန္တာ ၊ ကျောက်နီ တို့ကို သင့် ဝိုင်း ၌ သွင်း ကြ၏။
17 Judá y la tierra de Israel eran tus clientes, llevaban a tus mercados trigo de Minit, perfumes, miel, aceite, y bálsamo.
၁၇ယုဒ ပြည်နှင့် ဣသရေလ ပြည် သည် သင် နှင့်ကုန်သွယ် ၍၊ ဂျုံ စပါး၊ မုရန်စေး၊ ပနက်စေး ၊ ဗာလစံစေး ၊ ဆီ ၊ ပျားရည် တို့ကို သင့် ဈေး ၌ သွင်း ကြ၏။
18 Damasco tenía intercambio contigo, (pagándote) la abundancia de tus productos y la multitud de todas tus riquezas con vino de Helbón y lana de Sáhar.
၁၈ဒမာသက် မြို့သည် သင် လုပ်သော ဥစ္စာ များ၊ စည်းစိမ် များပြား သောကြောင့် ၊ ဟေလဗုန် စပျစ်ရည် ၊ ဖြူ သောသိုးမွေး ကို ဖယ်လှယ် လျက် ဖေါက်ကားတတ်၏။
19 Vedán y Javán de Uzal daban por tus mercaderías hierro labrado; casia y caña aromática había en tus mercados.
၁၉ဝေဒန် မြို့နှင့် ယာဝန် ပြည် ဥဇာလ မြို့သည် လည်း သံ ပြောင် ကို သင့် ဝိုင်း သို့ ယူ ခဲ့၍၊ သင့် ဈေး ၌ သစ်ကြံပိုး နှင့် ကြံ လည်းရှိ ၏။
20 Dedán te vendía sillas de montar;
၂၀ဒေဒန် မြို့သည် မြင်းစီး သူရဲ သုံးစရာချော သော အထည် မျိုးကို ရောင်း၍သင် နှင့်ကုန်သွယ် ၏။
21 Arabia y todos los príncipes de Cedar mantenían tráfico contigo, dándote en cambio corderos, carneros y machos cabríos.
၂၁အာရပ် ပြည်နှင့် ကေဒါ မင်း အပေါင်း တို့သည် သင် လုပ်သော ဥစ္စာကိုရခြင်းငှါသိုးသငယ် ၊ သိုးထီး ၊ ဆိတ် များတို့နှင့် ဖယ်လှယ် ၍ ကုန်သွယ်ကြ၏။
22 Los mercaderes de Sabá y de Rama comerciaban contigo; con los más exquisitos aromas, con toda suerte de piedras preciosas y con oro pagaban ellos tus manufacturas.
၂၂ရှေဘ ကုန်သည် ၊ ရာဂမ ကုန်သည်တို့သည် သင် နှင့် ကုန်သွယ် ၍ အမြတ်ဆုံး သော နံ့သာမျိုး ၊ အဘိုးကြီး သော ကျောက် မျိုး၊ ရွှေ မျိုးကိုသင့် ဝိုင်း ၌ သွင်း ကြ၏။
23 Harán, Cané y Edén, los comerciantes de Sabá, Asiria y Quelmad traficaban contigo;
၂၃ခါရန် မြို့သား၊ ကန္နေ မြို့သား၊ ဧဒင် မြို့သား၊ ရှေဘ ကုန်သည် ၊ အာရှုရိ ကုန်သည်၊ ခိလမဒ် ကုန်သည်တို့ လည်း၊ သင် နှင့်ကုန်သွယ် ၍၊
24 te vendían objetos de lujo y mantos de jacinto recamado; tapices de diversos colores, liados con cuerdas fuertes, se hallaban entre tus mercaderías.
၂၄ထူးဆန်း သော ဥစ္စာ၊ ပြာ သောအထည် ၊ ချယ်လှယ် သောအထည်၊ အဘိုးထိုက် သော အဝတ် တန်ဆာပါ၍၊ ကြိုး နှင့်ပတ်ရစ် သော အာရဇ် သေတ္တာတို့ကို သင် ၏ ကုန် ထဲသို့ သွင်းကြ၏။
25 Las naves de Tarsis eran tus intermediarios para (mantener) tu tráfico. Así te henchiste y te hiciste muy gloriosa en medio del mar.
၂၅တာရှု သင်္ဘော တို့သည် သင် ၏ကုန် ကို ဆောင် လျက်သွား လာသဖြင့် ၊ သင်သည် ပင်လယ် အလယ် ၌ ကြွယ်ဝ ၍ အလွန် ဘုန်းကြီး လေ၏။
26 Pero aunque tus remeros te condujeron por muchas aguas, el viento solano te ha destrozado en el seno del mar.
၂၆ယခုမူကား၊ သင် ၏တက်ခတ်သား တို့သည် သင့် ကိုကြီးစွာ သော ရေ ထဲသို့ ဆောင်သွား ၍၊ အရှေ့ လေ သည်လည်း ပင်လယ် အလယ် ၌ ချိုး လေပြီ ။
27 Tus riquezas, tus mercancías, los productos de tu mercado, tus marineros y tus pilotos, tus calafates y los agentes de tu tráfico, todos los hombres de guerra que en ti se hallaban y todo el gentío que estaba en medio de ti, cayeron en el abismo del mar el día de tu caída.
၂၇သင် သည် လဲပျက် သောအခါ သင် ၏ဥစ္စာ ၊ ဝိုင်း ၊ ကုန် ၊ သင်္ဘောသား ၊ လမ်းပြ မာလိန်၊ ပြုပြင် သူ၊ ကုန်သည် ၊ စစ်သူရဲ အလုံးအရင်း ပါသမျှ တို့သည် ပင်လယ် အလယ် ၌ ကျ ရကြလိမ့်မည်။
28 Al estruendo de los gritos de tus pilotos se estremecerán las playas,
၂၈သင် ၏လမ်းပြ မာလိန်တို့ အော်ဟစ် သံ ကြောင့် ၊ ပတ်ဝန်းကျင် အရပ်တို့သည် လှုပ်ရှား ကြလိမ့်မည်။
29 y todos los que manejan el remo, bajarán de sus naves; los marineros y todos los pilotos del mar, saltarán a tierra.
၂၉တက်ခတ် သော သူအပေါင်း တို့သည် သင်္ဘော မှ ဆင်း ၍၊ သင်္ဘောသား များနှင့် ပင်လယ် လမ်းပြ မာလိန် အပေါင်း တို့သည် ကုန်း ပေါ်မှာ ရပ် လျက်၊
30 Levantarán su voz sobre ti y se lamentarán amargamente; echarán polvo sobre sus cabezas y se revolcarán en ceniza.
၃၀သင့် အဘို့ အော်ဟစ် ၍ ပြင်းစွာ ငိုကြွေး ကြ လိမ့်မည်။ မြေမှုန့် ကို မိမိ တို့ခေါင်း ပေါ်မှာ ပစ်တင် ၍ပြာ ၌ လူး ကြလိမ့်မည်။
31 Por tu causa se raparán la cabeza y se ceñirán de cilicio; y te llorarán con amargura de alma, con dolor amarguísimo.
၃၁ဆံပင် ကိုလည်း ဖြတ်၍လျှော်တေ အဝတ်ကို ဝတ်စည်း လျက်၊ ညှိုးငယ် သောစိတ် နှင့် သင့် အဘို့ ပြင်းစွာ ငိုကြွေး မြည်တမ်း ရသည်ကား၊
32 En su dolor entonarán sobre ti una elegía cantando de ti: «¿Quién como Tiro? ¿Quién como la que (ahora) yace silenciosa en medio del mar?
၃၂ပင်လယ် အလယ် ၌ ဆုံး သောမြို့တည်းဟူသောတုရု မြို့နှင့် အဘယ် မြို့တူ သနည်း။
33 Con las ganancias de tu comercio marítimo hartabas a muchos pueblos; con la abundancia de tus riquezas y de tus mercancías enriquecías a los reyes de la tierra.
၃၃သင် ၏ဥစ္စာ တို့သည် ပင်လယ် လမ်းဖြင့် ထွက်သွား သောအခါ ၊ လူမျိုး များ တို့ကို ရောင့်ရဲ စေ၍၊ များပြား သောဥစ္စာ ၊ ကုန်စလယ် တို့ဖြင့် လောကီ ရှင်ဘုရင် တို့ကို ကြွယ်ဝ စေတတ်၏။
34 Quebrantada por el mar estás ahora, sepultada en lo profundo de las aguas, ha cesado tu comercio y todo el gentío que te llenaba.
၃၄ယခု မူကား၊ သင်သည် ပင်လယ် ၌၎င်း ၊ သင့် ကုန်သွယ် ရန် ဥစ္စာတို့သည် လှိုင်းတံပိုး အလယ် ၌ ၎င်း ကျိုးပဲ့ ၍ ၊ သင် နှင့်ပါ သောသူအပေါင်း တို့သည် ဆုံးရှုံး ကြပြီ။
35 Todos los habitantes de las islas se espantan de ti; sus reyes quedan atónitos, se les ha demudado el rostro.
၃၅ကျွန်းသူ ကျွန်းသားအပေါင်း တို့သည် သင့် အမှုကြောင့် မိန်းမော တွေဝေ၍၊ ရှင်ဘုရင် တို့သည် မျက်နှာ ပျက် လျက် ကြက်သီး မွေးညှင်းထကြ၏။
36 Los comerciantes de los pueblos te silban; has venido a ser un objeto de pasmo y ya no existirás por los siglos».”
၃၆အမျိုးမျိုးသောကုန်သည် တို့သည် သင့် အား ကဲ့ရဲ့ သံကို ပြုကြ၏။ သင်သည် ကြောက်မက် ဘွယ်ဖြစ် လေပြီတကား။ နောက် တဖန်မပေါ်လာ ရပါတကားဟု ငိုကြွေး မြည်တမ်း ကြလိမ့်မည်ဟု မိန့်တော်မူ၏။

< Ezequiel 27 >