< 2 Samuel 2 >

1 Después de esto consultó David a Yahvé, diciendo: “¿Subiré a alguna de las ciudades de Judá?” Yahvé le respondió: “Sube.” Y preguntó David: “¿A dónde subiré?” Respondió Yahvé: “A Hebrón.”
ထိုနောက် ဒါဝိဒ် က၊ အကျွန်ုပ်သည် ယုဒ မြို့ တစုံတမြို့သို့ သွား ရပါမည်လော ဟု ထာဝရဘုရား ထံတော်၌ မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့ဟုမိန့် တော်မူ၏။ ဒါဝိဒ် ကလည်း အဘယ် မြို့သို့ သွား ရပါမည်နည်းဟုမေးလျှောက် သော်၊ ဟေဗြုန် မြို့သို့ သွားလော့ဟု မိန့် တော်မူသည်အတိုင်း၊
2 Subió, pues, allá David con sus dos mujeres, Ahinoam la jesreelita, y Abigail de Carmel, mujer de Nabal.
ဒါဝိဒ် သည် မယား နှစ် ယောက်၊ ယေဇရေလ မြို့သူအဟိနောင် ၊ နာဗလ မယား ကရမေလ မြို့သူအဘိဂဲလ တို့နှင့်တကွ သွား လေ၏။
3 David mandó que subiesen también los hombres que tenía consigo cada uno con su familia; y habitaron en las ciudades de Hebrón.
မိမိ ၌ ပါသော လူ များ၊ အိမ်ထောင် များတို့ကိုလည်း ဒါဝိဒ် သည် ခေါ် ခဲ့၍ သူတို့သည် ဟေဗြုန် မြို့ ရွာတို့၌ နေ ကြ၏။
4 Vinieron entonces los hombres de Judá y ungieron allí a David por rey sobre la casa de Judá. Fue dicho a David: “Los hombres de Jabés-Galaad han dado sepultura a Saúl.”
တဖန် ယုဒ လူ တို့သည် လာ ၍ ဘိသိက် ပေးသဖြင့် ဒါဝိဒ် ကို ယုဒ ရှင်ဘုရင် အရာ ၌ ချီးမြှောက်ကြ၏။
5 Por eso David envió mensajeros a los hombres de Jabés-Galaad, para decirles: “¡Benditos seáis de Yahvé! por cuanto habéis hecho esta obra para con Saúl, vuestro señor, dándole sepultura.
ဂိလဒ် ပြည် ယာဗက်မြို့သား တို့သည် ရှောလု ကို သင်္ဂြိုဟ် ပါပြီဟု ဒါဝိဒ် အား ကြား လျှောက်သော် ၊ ဂိလဒ်ပြည် ယာဗက်မြို့သား တို့ရှိရာသို့ တမန် တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် သင် တို့အရှင် ရှောလု ၌ ကရုဏာ ကျေးဇူးပြု ၍ အလောင်းတော်ကိုသင်္ဂြိုဟ် သောကြောင့် ၊ ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကို ခံရကြပါစေသော။
6 ¡Ahora pues, que use Yahvé con vosotros de misericordia y de fidelidad! y yo también os recompensaré esta buena acción que habéis hecho.
ထာဝရဘုရား သည် သင် တို့၌ ကရုဏာ ကျေးဇူး၊ သစ္စာ ကျေးဇူးပြု တော်မူပါစေသော။ သင်တို့သည် ဤ အမှု ကို ပြု သောကြောင့် သင် တို့ကျေးဇူး ကို ငါ လည်း ဆပ် မည်။
7 Y ahora cobren fuerza vuestras manos, y sed valientes; pues muerto ya Saúl, vuestro señor, la casa de Judá me ha ungido a mí por rey suyo.”
ယခု မှာ အားယူ ၍ ရဲရင့် ခြင်းသတ္တိရှိ ကြလော့။ သင် တို့အရှင် ရှောလု သေ ပြီ။ ယုဒ အမျိုးသား တို့သည် ဘိသိတ် ပေးသဖြင့် ငါ့ ကိုရှင်ဘုရင် အရာ ၌ ချီးမြောက်ကြပြီဟု မှာ လိုက်လေ၏။
8 Abner, hijo de Ner, jefe del ejército de Saúl, tomó a Isbóset, hijo de Saúl y lo llevó a Mahanaim,
သို့ရာတွင် ရှောလု ၏ဗိုလ်ချုပ် မင်းနေရ သား အာဗနာ သည်၊ ရှောလု သား ဣရှဗောရှက် ကိုယူ ၍ မဟာနိမ် မြို့သို့ ဆောင် သွားပြီးလျှင်၊
9 donde lo hizo rey sobre Galaad, sobre los asureos, sobre Jesreel, sobre Efraím, sobre Benjamín y sobre todo Israel.
ဂိလဒ် ပြည်၊ အာရှာ အမျိုးသားများ၊ ယေဇရေလ မြို့သားများ၊ ဧဖရိမ် ခရိုင်၊ ဗင်္ယာမိန် ခရိုင်အစရှိသော ဣသရေလ နိုင်ငံလုံးကို အစိုးရသောရှင် ဘုရင်အရာ၌ ချီးမြှောက်လေ၏။
10 Isbóset, hijo de Saúl, tenía cuarenta años cuando comenzó a reinar sobre Israel, y reinó dos años. Solo la casa de Judá seguía a David.
၁၀ရှောလု ၏သား ဣရှဗောရှက် သည် အသက် လေး ဆယ်ရှိသော်၊ ဣသရေလ နိုင်ငံကို အစိုးရ၍ နှစ် နှစ် စိုးစံ လေ၏။ ယုဒ အမျိုး မူကား ဒါဝိဒ် နောက် သို့ လိုက် ကြ၏။
11 El tiempo que reinó David en Hebrón sobre la casa de Judá, fue de siete años y seis meses.
၁၁ဒါဝိဒ် သည် ဟေဗြုန် မြို့၌ နေ ၍ ယုဒ အမျိုး ကို အစိုးရသောနှစ် ပေါင်း ကား ခုနစ် နှစ် နှင့် ခြောက် လ ဖြစ် သတည်း။
12 Abner, hijo de Ner, y los siervos de Isbóset, hijo de Saúl, salieron de Mahanaim para Gabaón.
၁၂တဖန် နေရ သား အာဗနာ သည် ရှောလု သား ဣရှဗောရှက် ၏ကျွန် များနှင့်တကွ ၊ မဟာနိမ် မြို့မှ ဂိဗောင် မြို့သို့ သွား ၍၊
13 También Joab, hijo de Sarvia, y los soldados de David, se pusieron en marcha, y los encontraron junto al estanque de Gabaón, donde acamparon, los unos de un lado del estanque, y los otros del otro lado.
၁၃ဇေရုယာ သား ယွာဘ နှင့် ဒါဝိဒ် ၏ကျွန် တို့သည် ဆီးကြိုသဖြင့် ၊ ဂိဗောင် ရေကန် အနား မှာဆုံ မိလျက် ရေကန် တစ်ဘက်တချက် ၌ ထိုင် ကြ၏။
14 Dijo entonces Abner a Joab: “Levántense los jóvenes para escaramuzar delante de nosotros.” Joab respondió: “Que se levanten.”
၁၄အာဗနာ ကလည်း ၊ လုလင် တို့သည်ထ ၍ ငါ တို့ရှေ့ မှာကစား ကြပါလေစေဟုဆို သော် ၊ ယွာဘ က ထ ကြပါ လေစေဟုဆို သည်အတိုင်း၊
15 Se levantaron y avanzaron en igual número: doce de Benjamín, por parte de Isbóset, hijo de Saúl, y doce del ejército de David.
၁၅ရှောလု သား ဣရှဗောရှက် ၏ လူဗင်္ယာမိန် အမျိုးသားတကျိပ် နှစ် ယောက်နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် နှစ် ယောက်တို့သည် ထ ၍ ကူး လာကြ၏။
16 Y asiendo cada uno a su adversario por la cabeza, le atravesó con la espada el costado, de manera que cayeron todos juntos; y fue llamado aquel sitio Helcat-Hasurim; está vecino a Gabaón.
၁၆သူတို့သည်လူ ချင်းတိုက်၍ လူတိုင်း မိမိ တိုက် ဘက်၏ ခေါင်း ကိုကိုင် လျက် ၊ နံဖေး ကိုထား နှင့်ထိုးလျက် တစုတည်း လဲ သေကြ၏။ သို့ဖြစ်၍ ဂိဗောင် မြို့နယ်၌ ရှိသော ထို အရပ် ကို ဟေလကသဇ္ဇုရိမ် ဟူသောအမည်ဖြင့် သမုတ် ကြ၏။
17 Y hubo aquel día una batalla muy reñida, en la cual Abner y los hombres de Israel fueron vencidos por el ejército de David.
၁၇ထို နေ့၌ ပြင်းစွာ စစ်တိုက် ၍ အာဗနာ နှင့် ဣသရေလ လူ တို့သည် ဒါဝိဒ် ၏ကျွန် တို့ရှေ့ မှာ ရှုံး ကြလေ၏။
18 Estaban allí los tres hijos de Sarvia: Joab, Abisai y Asael. Asael era ligero de pies como una gacela del campo.
၁၈ဇေရုယာ သား သုံး ယောက်၊ ယွာဘ ၊ အဘိရှဲ ၊ အာသဟေလ ပါကြ၏။ အာသဟေလ သည်တော ၌ ကျင်လည်သော ဒရယ် ကဲ့သို့ လျင်မြန် ၏။
19 Y persiguió Asael a Abner, sin desviarse ni a la derecha, ni a la izquierda en la persecución de Abner.
၁၉အာသဟေလ သည် လက်ျာ ဘက်လက်ဝဲ ဘက် သို့ မ လွှဲ အာဗနာ ကို လိုက် ၏။
20 Abner volvió la cara hacia atrás, y dijo: “¿Eres tú Asael?” El respondió: “Yo soy.”
၂၀အာဗနာ သည်နောက် သို့ကြည့် ၍ ၊ သင် သည် အာသဟေလ မှန်သလောဟုမေး သော် ၊ မှန်သည်ဟု ပြန်ပြော ၏။
21 Y le dijo Abner: “Tuerce o a la derecha o a la izquierda, y acomete a uno de los muchachos y toma sus despojos.” Pero Asael no quiso apartarse de en pos de él.
၂၁အာဗနာ ကလည်း ၊ လက်ျာ ဘက်သော်၎င်း ၊ လက်ဝဲ ဘက်သော်၎င်းလှည့် သွားလျက် ၊ လုလင် တယောက် ကို ဘမ်းဆီး ၍ သူ ၏လက်နက် စုံကို လုယူ တော့ဟုဆို သော်လည်း ၊ အာသဟေလ သည် မ လှည့် ဘဲ လိုက် သေး၏။
22 Segunda vez dijo Abner a Asael: “Apártate de en pos de mí. ¿Por qué he de derribarte por tierra? ¿Cómo podría yo después alzar mi rostro delante de Joab, tu hermano?”
၂၂တဖန် အာဗနာ က ငါ့ ကိုမလိုက် နှင့်။ လှည့် သွားတော့။ သင့် ကို မြေ ပေါ်သို့ အဘယ်ကြောင့် ငါလှဲ ရမည်နည်း။ သို့ပြုလျှင် သင့် အစ်ကို ယွာဘ ရှေ့ မှာ ငါ့ မျက်နှာ ကို အဘယ်သို့ ငါပြ နိုင်မည်နည်းဟု ဆိုသော်လည်း၊
23 Mas él rehusó apartarse. Entonces Abner le hirió con la extremidad de la lanza, en el abdomen; y le salió la lanza por detrás, de manera que allí cayó, y allí mismo murió. Y todos los que llegaban al sitio donde Asael había caído muerto, se detenían.
၂၃အာသဟေလသည် နား မထောင်သောကြောင့် ၊ အာဗနာ သည် နောက် သို့လှံ နှင့် ထိုး လျှင် ၊ ဝမ်း ၌ လှံဖျားဝင်၍ ကျော ကိုထုတ်ချင်း ဖောက်သဖြင့် ၊ အာသဟေလသည် လဲ ၍ ထို အရပ်၌သေ ၏။ အာသဟေလ လဲ ၍ သေ သော ထို အရပ် သို့ ရောက် သော သူအပေါင်း တို့သည် ရပ် နေကြ၏။
24 Mas Joab y Abisai persiguieron a Abner, y al ponerse el sol llegaron al collado de Ama, que está frente a Gíah, en el camino del desierto de Gabaón.
၂၄ယွာဘ နှင့် အဘိရှဲ သည် အာဗနာ ကိုလိုက် ၍ ဂိဗောင် တော သို့ သွားသောလမ်း နား၊ ဂိအာ မြို့ရှေ့ မှာ ရှိသော အမ္မ တောင် သို့ ရောက် သောအခါ နေ ဝင် ၏။
25 Entonces se reunieron los hijos de Benjamín en pos de Abner, y formando un solo tropel se apostaron en la cima de un collado.
၂၅ဗင်္ယာမိန် အမျိုးသား တို့သည် အာဗနာ နောက် ၌ စုဝေး ၍ တတပ် တည်းဖွဲ့လျက် တောင် ပေါ် မှာ ရပ် နေကြ ၏။
26 Y llamando Abner a Joab, dijo: “¿Ha de devorar la espada para siempre? ¿No sabes que al fin vendrá amargura? ¿Hasta cuándo, pues, tardarás en decir al pueblo que deje de perseguir a sus hermanos?”
၂၆ထိုအခါ အာဗနာ က၊ ယွာဘ ကို ဟစ် ၍ ၊ ထား သွားသည် အစဉ် မပြတ်ကိုက်စား ရမည်လော။ နောက်ဆုံး ၌ ခါး သောအရသာကို တွေ့လိမ့်မည်ဟုမ သိ လော။ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ၊ ပြန် စေမည်အကြောင်း သင်သည်အဘယ်မျှ ကာလပတ်လုံးမ စီရင် ဘဲ နေမည်နည်းဟုဆို လျှင်၊
27 Respondió Joab: “¡Vive Dios! que si tú no hubieras hablado, el pueblo no habría cesado de perseguir a sus hermanos hasta mañana.”
၂၇ယွာဘ က၊ ဘုရား သခင်အသက် ရှင်တော်မူသည်အတိုင်း သင်မ ပြော လျှင် ၊ မိုဃ်းလင်း မှသာ လူ များတို့သည် ညီအစ်ကို တို့ကိုမလိုက် ဘဲနေကြလိမ့်မည်ဟု ဆို လျက်၊
28 Entonces Joab tocó la trompeta, y se detuvo todo el pueblo, y no persiguieron más a Israel, sino que desistieron de guerra.
၂၈တံပိုး မှုတ် ၍ လူ များတို့သည် ဣသရေလ အမျိုးသားတို့ကို မ လိုက် ၊ စစ် မ တိုက်ဘဲရပ် နေကြ၏။
29 Abner y sus gentes marcharon toda aquella noche por el Araba y después de pasar el Jordán, atravesaron todo el Bitrón, y llegaron a Mahanaim.
၂၉အာဗနာ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး လွင်ပြင် သို့ ရှောက်သွား ၍ ယော်ဒန် မြစ်ကိုကူး ပြီးလျှင် ၊ ဗိသရုန် ပြည်ကိုလွန်၍ မဟာနိမ် မြို့သို့ ရောက် ကြ၏။
30 Cuando Joab dejó de perseguir a Abner y reunió toda su gente, faltaron de las tropas de David diez y nueve hombres, además de Asael.
၃၀ယွာဘ သည်လည်း အာဗနာ ကိုလိုက် ရာမှ ပြန် ၍ လူ အပေါင်း တို့ကို စုဝေး စေသောအခါ ၊ အာသဟေလ နှင့် ဒါဝိဒ် ၏ကျွန် တကျိပ် ကိုး ယောက်တို့သည် မ ရှိဆုံးကြပြီ။
31 Por su parte, las tropas de David habían herido de muerte a trescientos sesenta nombres de los benjaminitas y de los hombres de Abner.
၃၁ဒါဝိဒ် ၏ကျွန် တို့သည် ဗင်္ယာမိန် အမျိုးသား၊ အာဗနာ ၏လူ သုံး ရာ ခြောက် ဆယ်တို့ကို သေ အောင် လုပ်ကြံ ကြပြီ။
32 Llevaron a Asael y lo sepultaron en el sepulcro de su padre en Betlehem. Joab y sus hombres marcharon toda la noche y al rayar el día llegaron a Hebrón.
၃၂အာသဟေလ ၏ အလောင်းကိုထမ်း သွား၍ ဗက်လင် မြို့၌ရှိသော သူ့ အဘ ၏သင်္ချိုင်း တွင် သင်္ဂြိုဟ် ကြ၏။ ယွာဘ နှင့် သူ ၏လူ တို့သည် တညဉ့်လုံး သွား ၍ ၊ မိုဃ်းလင်းစ တွင်ဟေဗြုန် မြို့သို့ ရောက်ကြ၏။

< 2 Samuel 2 >