< 1 Crónicas 9 >
1 Todo Israel fue inscripto en los registros genealógicos; y he aquí que están inscriptos en el libro de los reyes de Israel y de Judá, pero fueron transportados a Babilonia a causa de sus transgresiones.
၁အထက်ဆိုခဲ့ပြီးသည်အတိုင်း၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် သားစဉ် မြေးဆက်စာရင်း ဝင်၍၊ ကိုယ် အပြစ် ကြောင့် ဗာဗုလုန် မြို့ သို့ သိမ်းသွား ခြင်း ကိုခံရနှင့်သော ဣသရေလ ရှင်ဘုရင် နှင့် ယုဒ ရှင်ဘုရင်မှတ်စာ ၌ ပါ သတည်း။
2 Los primeros que entraron en sus posesiones, en sus ciudades, fueron israelitas, los sacerdotes, los levitas y los natineos.
၂နောက်တဖန်ကိုယ်ပိုင် ထိုက်သော မြို့ ရွာတို့၌ အဦးဆုံး နေရာ ကျသောသူကား၊ ဣသရေလ အမျိုးသား၊ ယဇ်ပုရောဟိတ် ၊ လေဝိ သား၊ ဘုရား ကျွန်အသီးအသီးဖြစ်ကြ၏။
3 En Jerusalén habitaron hijos de Judá, hijos de Benjamín, e hijos de Efraím y de Manasés:
၃ယေရုရှလင် မြို့မှာ နေ သောယုဒ အမျိုး ၊ ဗင်္ယာမိန် အမျိုး ၊ ဧဖရိမ် နှင့် မနာရှေ အမျိုးသား ဟူမူကား၊
4 Utai, hijo de Amihud, hijo de Omrí, hijo de Imrí, hijo de Baní, de los hijos de Fares, hijo de Judá.
၄ယုဒ သား ဖာရက် အမျိုးအနွယ် ၊ ဗာနိ ၊ ဣမရိ ၊ ဩမရိ ၊ အမိဟုဒ် တို့မှ ဆင်းသက်သော ဥသဲ တပါး၊
5 De los Silonitas: Asayá, el primogénito, con sus hijos.
၅ရှိလောနိ အမျိုးဖြစ်သော သားဦး အသာယ နှင့် သူ ၏သား တစု၊
6 De los hijos de Zara: Jeuel y sus hermanos: seiscientos noventa.
၆ဇေရ အမျိုး ယွေလ နှင့် သူ ၏ညီအစ်ကို တစု ပေါင်းခြောက် ရာ ကိုး ဆယ်တည်း။
7 De los hijos de Benjamín: Sallú, hijo de Mesullam, hijo de Hodavías, hijo de Asenuá;
၇ဗင်္ယာမိန် အမျိုးအနွယ် ဖြစ်သော ဟာသေနွာ ၊ ဟောဒဝိ ၊ မေရှုလံ တို့မှ ဆင်းသက်သော သလ္လု ၊
8 e Ibneías, hijo de Jeroham, Elá, hijo de Ucí, hijo de Micrí, y Mesullam, hijo de Sefatías, hijo de Reuel, hijo de Ibnía,
၈ယေရောဟံ သား ဣဗနိယ ၊ မိခရိ သား ဖြစ်သော ဩဇိ ၏သား ဧလာ နှင့် ဣဗနိယ ၊ ရွေလ ၊ ရှေဖတိ တို့မှ ဆင်းသက်သော မေရှုလံ မှစ၍၊
9 y sus hermanos, según sus linajes: novecientos cincuenta y seis. Todos estos eran jefes de casas paternas, en las casas de sus padres.
၉သားစဉ် မြေးဆက်စာရင်းဝင်သော အမျိုးသား ချင်းပေါင်းကိုး ရာ ငါး ဆယ်ခြောက် ယောက်တည်း။ ဤ သူအပေါင်း တို့သည် အဆွေအမျိုး သူကြီး ဖြစ်ကြ၏။
10 De los sacerdotes: Jedaías, Joiarib, Jaquín,
၁၀ယဇ်ပုရောဟိတ် မူကား ယေဒါယ ၊ ယောယရိပ် ၊ ယာခိန် နှင့်တကွ၊
11 y Azarías, hijo de Helcías, hijo de Mesullam, hijo de Sadoc, hijo de Meraiot, hijo de Ahitob, príncipe de la Casa de Dios;
၁၁အဟိတုပ် ၊ မရာယုတ် ၊ ဇာဒုတ် ၊ မေရှုလံ ၊ ဟိလခိ တို့မှ ဆင်းသက်သော ဘုရားသခင် ၏ အိမ် တော်အုပ် အာဇရိ တပါး၊
12 Adaías, hijo de Jeroham, hijo de Fasur, hijo de Malquías; Masai, hijo de Adiel, hijo de Jaserá, hijo de Mesullam, hijo de Mesilemit, hijo de Imer;
၁၂မာလခိ ၊ ပါရှုရ ၊ ယေရောဟံ တို့မှ ဆင်းသက်သော အဒါယ နှင့် ဣမေရ ၊ မေရှိလမုတ် ၊ မေရှုလံ ၊ ယာဇေရ ၊ အဒေလ တို့မှ ဆင်းသက်သော မာရှဲ အစ ရှိသော၊
13 y sus hermanos, jefes de sus casas paternas: mil setecientos sesenta hombres vigorosos para la obra del servicio de la Casa de Dios.
၁၃အဆွေအမျိုး သူကြီး အမျိုးသား ချင်း တထောင် ခုနစ် ရာ ခြောက် ဆယ်ရှိကြ၏။ ဤသူတို့သည် ဘုရားသခင် ၏ အိမ် တော်အမှု ကိုဆောင်ရွက်ခြင်းငှါတတ်စွမ်း နိုင်သောသူ ပေတည်း။
14 De los levitas: Semeías, hijo de Hasub, hijo de Asricam, hijo de Hasabías, de los hijos de Merarí;
၁၄လေဝိ သားမူကား၊ မေရာရိ အမျိုးအနွယ် ဖြစ် သော ဟာရှဘိ ၊ အာဇရိကံ ၊ ဟာရှုပ် တို့မှ ဆင်းသက်သော ရှေမာရ တပါး၊
15 Bacbacar, Heres, Galal, Matanías, hijo de Mica, hijo de Sicrí, hijo de Asaf;
၁၅ဗာကဗက္ကာ ၊ ဟေရက် ၊ ဂလာလ သုံးပါး၊ အာသပ် ၊ ဇိခရိ ၊ မိက္ခါ တို့မှ ဆင်းသက်သောမဿနိ တပါး၊
16 Obadías, hijo de Semeías, hijo de Galal, hijo de Jedutún; Baraquías, hijo de Asá, hijo de Elcaná, que habitó en las aldeas de los Netofatitas.
၁၆ယေဒုသုံ ၊ ဂလာလ ၊ ရှေမာယ တို့မှ ဆင်းသက်သော ဩဗဒိ တပါး၊ နေတောဖာသိ ရွာ တို့တွင် နေ သောဧလကာန သား အာသ ၏သား ဗေရခိ တပါးတည်း။
17 Porteros: Sellum, Acub, Talmón, Ahimán y sus hermanos. Sellum era el jefe;
၁၇တံခါးစောင့် မူကား ရှလ္လုံ ၊ အက္ကုပ် ၊ တာလမုန် ၊ အဟိမန် အစရှိသော ညီအစ်ကို တစု၊
18 y hasta ahora están cabe la puerta del rey, al oriente. Estos son los porteros del campamento de los hijos de Leví.
၁၈ရှလ္လုံ သည် ရှင်ဘုရင် ဝင်သော အရှေ့ တံခါး တွင် တံခါးမှူး ဖြစ်၏။ ဤသူ တို့သည် လေဝိ သား အပေါင်းအသင်း ၌ပါသောတံခါးစောင့် ပေတည်း။
19 Sellum, hijo de Coré, hijo de Abiasaf, hijo de Coré, y sus hermanos de su casa paterna, los coreítas, tenían a su cargo el oficio de guardar las puertas del Tabernáculo, pues sus padres habían tenido a su cargo la guardia de la entrada al campamento de Yahvé.
၁၉ကောရသိ အဆွေအမျိုး ၊ ကောရ ၊ ဧဗျာသပ် ၊ ကောရ တို့မှ ဆင်းသက်သော ရှလ္လုံ နှင့်မိမိ ညီ တို့သည် အမှု တော်စောင့် ရာတွင် တဲ တော်တံခါး စောင့်ဖြစ်ကြ၏။ အဘ တို့သည် ထာဝရဘုရား ၏ ဗိုလ်ခြေတပ်ချ ရာတွင် တဲ တော်ဦးစောင့် ဖြစ်ကြ၏။
20 Antiguamente Fineés, hijo de Eleazar, había sido su jefe; y Yahvé estuvo con él.
၂၀ရှေး ကာလဧလာဇာ သား ဖိနဟတ် သည် ထိုသူ တို့ ကိုအုပ် ရ၍၊ ထာဝရဘုရား သည် သူ နှင့်အတူ ရှိတော်မူ၏။
21 Zacarías, hijo de Meselemías, era portero de la entrada del Tabernáculo de la Reunión.
၂၁မေရှိလမိ သား ဇာခရိ သည် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးစောင့် ဖြစ်၏။
22 Todos estos, escogidos para guardianes de las puertas, en número de doscientos doce, estaban inscriptos en los registros genealógicos según sus ciudades. David y el profeta Samuel los habían establecido en sus cargos.
၂၂တံခါးစောင့် အရာ ၌ ခန့်ထား သောသူပေါင်း ကား နှစ် ရာတဆယ် နှစ် ယောက်တည်း။ ထိုသူ တို့သည် ဒါဝိဒ် နှင့် ပရောဖက် ရှမွေလ ခန့်ထား သော သားစဉ်မြေးဆက်အသီးအသီး နေသောရွာ ၌ စာရင်း ဝင်ကြ၏။
23 Tanto ellos como sus hijos tenían a su cargo guardar las puertas de la Casa de Yahvé, la Casa del Tabernáculo.
၂၃ထိုသူ ၏ သားစဉ် မြေးဆက်တို့သည် တဲ တော်တည်းဟူသောထာဝရဘုရား ၏အိမ် တော်၌ တံခါးစောင့် အမှုကို ဆောင်ရွက်ရကြ၏။
24 Había porteros a los cuatro vientos: al oriente, al occidente, al norte, y al mediodía.
၂၄တံခါးစောင့် တို့သည် အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် ၊ လေး မျက်နှာ ၌ စောင့်နေရကြ၏။
25 Sus hermanos, que habitaban en sus ciudades, tenían que venir de tiempo en tiempo para estar con ellos durante siete días.
၂၅ရွာ တို့၌ နေသောအပေါင်းအဘော် တို့သည် အလှည့် သင့်သည်အတိုင်း ခုနစ် ရက် ၊ ခုနစ်ရက် လာ ရ ကြ၏။
26 Porque estos cuatro jefes de los porteros, que eran levitas, tenían como función permanente la vigilancia de las cámaras y de los tesoros de la Casa de Dios.
၂၆ထိုလေဝိ သားတို့တွင် တံခါးစောင့် ကြီး လေး ယောက်တို့သည် အရာကိုခံရသည်အတိုင်း၊ ဘုရားသခင် ၏ အိမ် တော်အခန်း များနှင့် ဘဏ္ဍာတိုက် များကို စောင့်ရကြ ၏။
27 Sus alojamientos se hallaban alrededor de la Casa de Dios, porque tenían a su cargo la custodia de ella y habían de abrirla todas las mañanas.
၂၇ထိုသို့စောင့် ၍ နံနက် တိုင်းတံခါးကို ဖွင့်ရသောကြောင့် ၊ ဘုရားသခင် ၏ အိမ် တော်ပတ်လည် ၌ အိပ် ရကြ ၏။
28 Algunos de ellos tenían el cuidado de los utensilios de culto, que se contaban al entrar y al salir.
၂၈အချို့တို့သည်လည်း၊ အမှု တော်စောင့်တန်ဆာ များကို အရေအတွက် အတိုင်း သွင်း လျက် ထုတ် လျက် စောင့်ရကြ၏။
29 Otros de entre ellos tenían que cuidar de los utensilios y de todos los instrumentos del Santuario, la flor de harina, el vino, el aceite, el incienso y los perfumes.
၂၉အချို့တို့သည်လည်း၊ သန့်ရှင်း ရာဌာနတော် တန်ဆာ များ၊ အသုံးအဆောင် များ၊ မုန့်ညက် ၊ စပျစ်ရည် ၊ ဆီ ၊ လောဗန် ၊ နံ့သာမျိုး များကို ပြုစု ၍စောင့်ရကြ၏။
30 Algunos de los hijos de los sacerdotes confeccionaban los perfumes,
၃၀ယဇ် ပုရောဟိတ်အမျိုးသား အချို့တို့သည်လည်း နံ့သာဆီ ကို လုပ် ရကြ၏။
31 y Matatías, uno de los levitas, el primogénito de Sellum coreíta, cuidaba de las cosas que se freían en sartén.
၃၁လေဝိ သား၊ ကောရသိ အဆွေအမျိုးဖြစ်သော ရှလ္လုံ ၏ သားဦး မတ္တိသိ သည် သံပြား ဖြင့်ဖုတ်သော မုန့်မျိုးကို စောင့်ရ၏။
32 Otros de sus hermanos, de entre los hijos de los Caatitas tenían a su cargo preparar para todos los sábados los panes de la proposición.
၃၂သူ ၏ညီအစ်ကို နှင့် အခြားသောကောရသိ အဆွေအမျိုးသား တို့သည် ဥပုသ် နေ့၌ ရှေ့ တော်မုန့်ကို ပြင်ဆင် ရကြ၏။
33 En cuanto a los cantores, jefes de las casas paternas de los levitas (permanecían) en las habitaciones y estaban exentos de servicio, pues se ocupaban de día y de noche en su ministerio.
၃၃သီချင်း ဆိုသောသူ လေဝိ အဆွေအမျိုးသူကြီး တို့သည် မိမိ တို့အမှု ကို နေ့ ညဉ့်မပြတ်စောင့်ရသောကြောင့် ၊ အိမ်တော်အခန်း ၌ နေ၍ အခြားသောအမှုနှင့်လွတ် ကြ၏။
34 Estos son los jefes de las casas paternas de los levitas, jefes de sus linajes, que habitaban en Jerusalén.
၃၄ထိုလေဝိ အဆွေအမျိုးသူကြီး တို့သည် အစဉ်အဆက် အကြီးအကဲ ဖြစ်၍ ယေရုရှလင် မြို့၌ နေရာ ကျကြ၏။
35 En Gabaón habitó el padre de Gabaón, Jehiel, cuya mujer se llamaba Maacá.
၃၅ယေဟေလ သည် ဂိဗောင် မြို့တွင် နေထိုင် ပြီး ဂိဗောင် မြို့သားတို့၏ခေါင်းဆောင် ဖြစ်သည်။ သူ ၏ဇနီး မှာ မာခါ နာမည် ရှိ၏။
36 Abdón, fue su hijo primogénito, después Sur, Cis, Báal, Ner, Nadab,
၃၆သူ ၏သားဦး ကား၊ အာဗဒုန် ဖြစ်၏။ သူ၏အခြားသားများမှာ ဇုရ ၊ ကိရှ ၊ ဗာလ ၊ နေရ ၊ နာဒပ်၊
37 Gedor, Ahío, Zacarías y Miclot.
၃၇ဂေဒေါ် ၊ အဟိဩ ၊ ဇာခရိ ၊ မိကလုတ် တို့ဖြစ်ကြ၏။
38 Miclot engendró a Simeam. También estos habitaron en Jerusalén, frente a sus hermanos, en unión con estos.
၃၈မိကလုတ် ၏သားသည် ရှိမံ ဖြစ်၏။ သူ တို့လည်း သူ တို့၏ဆွေမျိုး အနီး ယေရုရှလင် မြို့တွင် နေထိုင် ကြ၏။
39 Ner engendró a Cis; Cis engendró a Saúl; Saúl engendró a Jonatán, Melquisúa, Abinadab y Esbáal.
၃၉နေရ သည် ကိရှ ၏အဘ ဖြစ်၏။ ကိရှ သည် ရှောလု ၏အဘ ဖြစ်၏။ ရှောလု သည် ယောနသန် ၊ မေလခိရွှ ၊ အဘိနာဒပ် ၊ ဣရှဗာလ တို့၏အဘ ဖြစ်၏။
40 Hijo de Jonatán: Meribbáal. Meribbáal engendró a Mica.
၄၀ယောနသန် ၏သား သည် မေရိဗ္ဗာလ ၊ မေရိဗ္ဗာလ ၏သားမှာ မိက္ခါ ဖြစ်၏။
41 Hijos de Mica: Pitón, Mélec, Tarea y Acaz.
၄၁မိက္ခါ ၏သား များမှာ ပိသုန် ၊ မေလက် ၊ တာရာ ၊ အာခတ် တို့ဖြစ်ကြ၏။
42 Acaz engendró a Jará; Jará engendró a Alémet, Azmávet y Simrí. Simrí engendró a Mosá;
၄၂အာခတ်သည် ယာရ ၏အဘ ဖြစ်၏။ ယာရ တွင် သားအာလမက် ၊ အာဇမာဝက် နှင့် ဇိမရိ ဟူ၍ သားသုံးယောက်ရှိ၏။ ဇိမရိ သည် မောဇ ၏အဘ ဖြစ်၏။
43 Mosá engendró a Bineá. Su hijo fue Rafayá; hijo de este, Elasá; hijo de este, Asel.
၄၃မောဇ သည် ဗိနာ ၏အဘ ဖြစ်၏။ ဗိနာ ၏သား ရေဖာယ ၊ ရေဖာယ ၏သား ဧလာသ ၊ ဧလာသ ၏သား အာဇေလ ဖြစ်၏။
44 Asel tuvo seis hijos, cuyos nombres son: Asricam, Bocrú, Ismael, Searyá, Obadías y Hanán. Estos son los hijos de Asel.
၄၄အဇေလ ၏သား အာဇရိကံ ၊ ဗောခေရု ၊ ဣရှမေလ ၊ ရှရိယ ၊ ဩဗဒိ နှင့် ဟာနန် ဟူ၍ သား ခြောက် ယောက်ရှိ၏။