< Zaharija 11 >

1 Odpri svoja vrata, oh Libanon, da bo ogenj lahko pogoltnil tvoje cedre.
အို လေ​ဗ​နုန်​တောင်၊ သင်​၏​သစ်​က​တိုး​ပင်​များ​သည် မီး​သင့်​လောင်​၍​သွား​နိုင်​ရန်​သင်​၏​တံ​ခါး​တို့​ကို ဖွင့်​ပါ​လော့။
2 Tuli cipresa, kajti cedra je padla, ker so mogočni oplenjeni. Tulite, oh vi, bašánski hrasti, kajti neprehoden gozd je posekan.
အို ထင်း​ရှူး​ပင်​တို့​ငို​ကြွေး​မြည်​တမ်း​ကြ​လော့။ သစ်​က​တိုး​ပင်​များ​သည်​ပြို​လဲ​ကြ​လေ​ပြီ။ ကြက်​သ​ရေ​ဆောင်​သည့်​ထို​အ​ပင်​တို့​သည် ပျက်​ပြုန်း​၍​သွား​လေ​ပြီ။ အို ဗာ​ရှန်​ဝက်​သစ်​ချ​ပင်​တို့​ငို​ကြွေး မြည်​တမ်း​ကြ​လော့။ ထူ​ထပ်​သည့်​သစ်​တော​ကို​ခုတ်​လှဲ​လိုက်​ကြ လေ​ပြီ။
3 Tam je glas tuljenja pastirjev, kajti njihova slava je oplenjena. Glas rjovenja mladih levov, kajti ponos Jordana je oplenjen.
ဘု​ရင်​မင်း​တို့​သည်​ဝမ်း​နည်း​ကြေ​ကွဲ​လျက် ငို​ကြွေး​ကြ​၏။ သူ​တို့​၏​ဘုန်း​အ​သ​ရေ​ကား​ကွယ်​ပျောက် သွား​လေ​ပြီ။ ခြင်္သေ့​များ​၏​ဟောက်​သံ​ကို​နား​ထောင် ကြ​လော့။ သူ​တို့​ခို​အောင်း​ရာ​ယော်​ဒန်​မြစ်​ဝှမ်း​ရှိ သစ်​တော​သည်​ကား​ပျက်​ပြုန်း​၍​သွား​လေ​ပြီ။
4 Tako govori Gospod, moj Bog: »Hrani trop za zakol,
ငါ​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​က​ငါ့ အား``သင်​သည်​သတ်​ရန်​လျာ​ထား​သည့်​သိုး စု​မှ​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​လော့။-
5 katerih lastniki jih ubijajo in se nimajo za krive; in tisti, ki jih prodajajo, pravijo: ›Blagoslovljen bodi Gospod, kajti bogat sem, ‹ in njihovi lastni pastirji jim ne prizanašajo.
သိုး​ရှင်​များ​သည်​ထို​သိုး​တို့​ကို​သတ်​ဖြတ် ကြ​သော်​လည်း အ​ဘယ်​သို့​မျှ​အ​ပြစ်​မ​သင့် ကြ။ သူ​တို့​သည်​သိုး​သား​ကို​ရောင်း​ပြီး လျှင်`ငါ​တို့​ကား​ချမ်း​သာ​ကြွယ်​ဝ​လာ​လေ ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည်​မင်္ဂ​လာ​ရှိ​တော်​မူ စေ​သ​တည်း။' သိုး​ထိန်း​များ​ပင်​လျှင်​မိ​မိ တို့​၏​သိုး​များ​ကို​သ​နား​ဖော်​မ​ရ​ကြ​ဟု ဆို​ကြ​၏'' ဟူ​၍​မိန့်​တော်​မူ​၏။
6 Kajti ne bom več prizanašal prebivalcem dežele, ‹ govori Gospod, ›temveč glej, izročil bom ljudi, vsakega v roko njegovega soseda in v roko njegovega kralja in udarili bodo deželo in iz njihove roke jih ne bom osvobodil.
(ထာ​ဝ​ရ​ဘု​ရား​က၊``ငါ​သည်​ကမ္ဘာ​မြေ​ကြီး ပေါ်​တွင်​အ​ဘယ်​သူ့​ကို​မျှ​သ​နား​တော့​မည် မ​ဟုတ်​ပါ။ ငါ​ကိုယ်​တိုင်​ပင်​လူ​အ​ပေါင်း​တို့ ကို သူ​တို့​၏​ဘု​ရင်​များ​၏​လက်​သို့​ပေး​အပ် မည်။ ထို​ဘု​ရင်​တို့​သည်​ကမ္ဘာ​မြေ​ကြီး​ကို ပျက်​ပြုန်း​စေ​ကြ​မည်​ဖြစ်​သော်​လည်း ငါ သည်​ကယ်​တင်​ပေး​လိမ့်​မည်​မ​ဟုတ်'' ဟု မိန့်​တော်​မူ​၏။)
7 Jaz bom pasel trop za zakol, celó vas, oh ubogi izmed tropa. Vzel sem si dve palici. Eno sem imenoval Lepota, drugo pa sem imenoval Vezi; in jaz sem pasel trop.
သိုး​ရောင်း​ဝယ်​သူ​တို့​က​ငါ့​ကို​ငှား​ရမ်း​သ ဖြင့်​ငါ​သည်​နှိပ်​စက်​ခြင်း​ခံ​ရ​သော​သိုး​တို့ ကို ထိန်း​ကျောင်း​ရ​သူ​ဖြစ်​လာ​လေ​သည်။ ``ကျေး ဇူး​ပြု​ခြင်း'' ဟု​နာ​မည်​တွင်​သော​သိုး​ထိန်း တောင်​ဝှေး​တစ်​ချောင်း​နှင့်``စည်း​လုံး​ခြင်း'' ဟု နာ​မည်​တွင်​သော​သိုး​ထိန်း​တောင်​ဝှေး​တစ် ချောင်း​ကို​ယူ​ပြီး​လျှင်​သိုး​အုပ်​ကို​ငါ ထိန်း​ကျောင်း​ရ​၏။-
8 Tudi tri pastirje uničim v enem mesecu in moji duši so se gnusili in tudi njihova duša je zaničevala mene.
ငါ​သည်​မိ​မိ​အား​မုန်း​သည့်​သိုး​ထိန်း​သုံး ယောက်​ကို​သည်း​မ​ခံ​နိုင်​သ​ဖြင့် သူ​တို့ အား​တစ်​လ​တည်း​တွင်​ဖယ်​ရှား​ပစ်​လိုက်​၏။-
9 Potem sem rekel: ›Ne bom vas pasel. Tisti, ki umira, naj umre in tisti, ki naj bi bil uničen, naj bo ta uničen, preostali pa naj jedo vsakdo meso drugega.
ထို​နောက်​ငါ​၏​သိုး​အုပ်​အား``ငါ​သည်​သင် တို့​၏​သိုး​ထိန်း​မ​လုပ်​လို​တော့​ပါ၊ သေ​ရ မည့်​သိုး​တို့​သည်​သေ​ကြ​ပါ​လေ​စေ။ အ​သတ် ခံ​ရ​မည့်​သိုး​များ​သည်​လည်း​အ​သတ်​ခံ​ရ ကြ​ပါ​လေ​စေ။ အ​သက်​မ​သေ​ဘဲ​ကျန်​ရှိ သည့်​သိုး​များ​သည်​လည်း မိ​မိ​တို့​အ​ချင်း ချင်း​သတ်​ဖြတ်​ကြ​ပါ​လိမ့်​မည်'' ဟု​ပြော ဆို​၏။-
10 Vzel sem svojo palico, celó Lepoto in jo zlomil, da bi lahko prelomil svojo zavezo, ki sem jo sklenil z vsem ljudstvom.
၁၀ထို​နောက်​ငါ​သည်​လူ​မျိုး​တ​ကာ​တို့​နှင့် ထာ​ဝ​ရ​ဘု​ရား​ပြု​တော်​မူ​ခဲ့​သည့်​ပ​ဋိ ညာဉ်​တော်​ကို​ဖျက်​သိမ်း​သည့်​အ​နေ​ဖြင့်``ကျေး ဇူး​ပြု​ခြင်း'' နာ​မည်​တွင်​သော​တောင်​ဝှေး ကို​ယူ​၍​ချိုး​ပစ်​လိုက်​လေ​သည်။-
11 Ta je bila prelomljena na tisti dan.‹« In tako so ubogi iz tropa, ki so čakali name, vedeli, da je bila to Gospodova beseda.
၁၁ဤ​သို့​လျှင်​ပ​ဋိ​ညာဉ်​တော်​သည်​ထို​နေ့​၌ ပျက်​ပြား​၍​သွား​လေ​တော့​၏။ သိုး​များ ကို​ဝယ်​ယူ​ရောင်း​ချ​သူ​တို့​သည်​ငါ့​အား စောင့်​၍​ကြည့်​နေ​ကြ​၏။ သူ​တို့​သည်​ငါ​၏ အ​ပြု​အ​မူ​အား​ဖြင့်​ထာ​ဝ​ရ​ဘုရား​ဗျာ ဒိတ်​ပေး​တော်​မူ​လျက်​ရှိ​ကြောင်း​ကို​သိ ကြ​၏။-
12 Rekel sem jim: »Če mislite dobro, mi dajte moje plačilo, in če ne, opustite.« Tako so odtehtali za moje plačilo trideset koščkov srebra.
၁၂ငါ​က​သူ​တို့​အား``သင်​တို့​ပေး​လို​လျှင်​ငါ​၏ လုပ်​အား​ခ​ကို​ပေး​ကြ​လော့။ မ​ပေး​လို​လျှင် လည်း​နေ​ကြ​တော့'' ဟု​ပြော​၏။ သို့​ဖြစ်​၍​သူ တို့​သည်​ငါ့​လုပ်​အား​ခ​အ​ဖြစ်​ငွေ​စ​သုံး ဆယ်​ကို​ပေး​ကြ​၏။
13 Gospod mi je rekel: »Vrzi to lončarju. Lepo plačilo, za katero so me ovrednotili.« Vzel sem trideset koščkov srebra in jih vrgel v Gospodovo hišo, k lončarju.
၁၃ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``ထို​ငွေ​များ ကို​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့်​လိုက် လော့'' ဟု​မိန့်​တော်​မူ​သည့်​အ​တိုင်း​ငါ​သည် မိ​မိ​၏​တန်​ဖိုး​အ​ဖြစ်​သူ​တို့​အ​ကဲ​ဖြတ် သည့်​မြောက်​မြား​လှ​သော​ငွေ​စ​သုံး​ဆယ် ကို​ယူ​၍​ဗိ​မာန်​တော်​ဘဏ္ဍာ​တိုက်​ထဲ​သို့​ထည့် လိုက်​လေ​သည်။-
14 Potem sem zlomil svojo drugo palico, celó Vezi, da bi lahko prelomil bratstvo med Judom in Izraelom.
၁၄ထို​နောက်​ငါ​သည်``စည်း​လုံး​ခြင်း'' နာ​မည်​တွင် သော​တောင်​ဝှေး​ကို​ချိုး​ပစ်​လိုက်​၏။ ထို​အ​ခါ ယု​ဒ​ပြည်​နှင့်​ဣ​သ​ရေ​လ​ပြည်​စည်း​လုံး​မှု သည်​ပျက်​ပြား​၍​သွား​လေ​တော့​၏။
15 Gospod mi je rekel: »K sebi vzemi še priprave nespametnega pastirja.
၁၅ထာ​ဝ​ရ​ဘု​ရား​က​ငါ့​အား``သင်​သည်​နောက် တစ်​ကြိမ်​သိုး​ထိန်း​ကဲ့​သို့​ပြု​မူ​ပြန်​ဦး​လော့။ ယ​ခု​အ​ကြိမ်​၌​သိုး​ထိန်း​မိုက်​ကဲ့​သို့​ဖြစ်​၏။-
16 Kajti glej, vzdignil bom pastirja v deželi, ki ne bo obiskoval tistih, ki so uničeni niti ne bo iskal mladih niti zdravil tega, kar je zlomljeno niti pasel tega, kar stoji mirno, temveč bo jedel meso rejenega in njihove parklje trgal na koščke.
၁၆ငါ​သည်​မိ​မိ​၏​သိုး​စု​အ​တွက်​သိုး​ထိန်း​တစ် ဦး​ကို​ခန့်​ထား​ခဲ့​သော်​လည်း သူ​သည်​သေ​ဘေး တွေ့​သည့်​သိုး​များ​ကို​မ​ကူ​ညီ။ ပျောက်​သည့် သိုး​များ​ကို​မ​ရှာ​ဖွေ။ အ​နာ​ရ​သည့်​သိုး​များ ကို​မ​ကု​သ။ မ​သေ​ဘဲ​ကျန်​ရှိ​နေ​သော​သိုး များ​ကို​လည်း​မ​ကျွေး​မွေး။ ယင်း​သို့​ပြု​မည့် အ​စား​သူ​သည်​အ​ဆူ​ဖြိုး​ဆုံး​သော​သိုး​တို့ ၏​အ​သား​ကို​စား​၏။ သူ​တို့​၏​ခွာ​များ​ကို လည်း​ချွတ်​ပစ်​၏။-
17 Gorje malikovalskemu pastirju, ki zapušča čredo! Meč bo nad njegovim laktom in nad njegovim desnim očesom. Njegov laket bo popolnoma osušen in njegovo desno oko bo skrajno otemnelo.«
၁၇တန်​ဖိုး​မ​ရှိ​သော​သိုး​ထိန်း​မိုက်​သည်​အ​မင်္ဂ လာ​ရှိ​၏။ သူ​သည်​မိ​မိ​၏​သိုး​စု​ကို​စွန့်​ပစ် ထား​လေ​ပြီ။ စစ်​မက်​ဘေး​ဒဏ်​ကြောင့်​သူ​၏ လက်​ရုံး​နှင့်​ညာ​မျက်​စိ​သည်​ပျက်​ပြုန်း​၍ သွား​လိမ့်​မည်။ သူ့​၏​ညာ​လက်​ရုံး​သည်​ရှုံ့​တွ တွန့်​လိမ်​လျက်၊ ညာ​မျက်​စိ​သည်​လည်း​အလင်း ကွယ်​၍​သွား​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< Zaharija 11 >