< Psalmi 98 >
1 Oh zapojte Gospodu novo pesem, kajti storil je čudovite stvari. Njegova desnica in njegov sveti laket sta mu pridobila zmago.
၁ထာဝရဘုရားအား အသစ်သောသီချင်းကို ဆိုကြလော့။ အံ့ဘွယ်သော အမှုတို့ကို ပြုတော်မူပြီ။ လက်ျာလက်တောနှင့် သန့်ရှင်းသော လက်ရုံ့းတော်သည် ကိုယ်တော်အဘို့ ကယ်တင်ခြင်း၊ အမှုကို ပြုလေပြီ။
2 Gospod je razglasil svojo rešitev duš; svojo pravičnost je javno pokazal v očeh poganov.
၂ထာဝရဘုရားသည် ကယ်တင်တော်မူခြင်း ကျေးဇူးကို ထင်ရှားစေ၍၊ ဖြောင့်မတ်တော်မူခြင်း တရား ကိုလည်း တပါးအမျိုးသားတို့အား ဘော်ပြတော်မူပြီ။
3 Spomnil se je svojega usmiljenja in svoje resnice do Izraelove hiše. Vsi konci zemlje so videli rešitev duš našega Boga.
၃ဣသရေလအမျိုးသားတို့၌ ကရုဏာတော်နှင့် သစ္စာတော်ကို အောက်မေ့တော်မူပြီ။ ငါတို့ဘုရားသခင် ၏ ကယ်တင်တော်မူခြင်းကျေးဇူးကို မြေကြီးစွန်းအပေါင်း တို့သည် မြင်ရကြပြီ။
4 Naredite radosten glas Gospodu, vsa zemlja. Naredite glasen zvok in veselite se in pojte hvalo.
၄မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားအား ကြွေးကြော်ကြလော့။ အသံဗလံကို ပြု၍ ရွှင်လန်းစွာ သီချင်းဆိုလျက် ချီးမွမ်းကြလော့။
5 Prepevajte Gospodu s harfo; s harfo in glasom psalma.
၅စောင်းတီး၍ထာဝရဘုရားအားသီချင်းဆိုကြလော့။ စောင်းတီး၍ တုရိယာ သံကို ပြုကြလော့။
6 S trobentami in zvokom kornéta naredite radosten glas pred Gospodom, Kraljem.
၆တံပိုးနှဲခရာကိုမှုတ်၍၊ ရှင်ဘုရင်တည်းဟူသော ထာဝရဘုရားရှေ့တော်၌ ကြွေးကြော်ကြလော့။
7 Naj buči morje in njegova polnost, zemeljski [krog] in tisti, ki prebivajo na njem.
၇ထာဝရဘုရားရှေ့တော်၌၊ ပင်လယ်နှင့်ပင်လယ် တန်ဆာသည် အသံဗလံကို ပြုစေ။ လောကဓာတ်နှင့် လောကသားတို့သည် ထိုနည်းတူ၊
8 Naj reke ploskajo [z] rokami; hkrati naj bodo hribi radostni
၈မြစ်တို့သည် လက်ခုပ်တီး၍၊ တောင်ရှိသမျှ တို့သည်လည်း ရွှင်လန်းကြစေ။
9 pred Gospodom, kajti on prihaja, da sodi zemljo. S pravičnostjo bo sodil zemeljski [krog] in ljudstva z nepristranskostjo.
၉အကြောင်းမူကား၊ မြေကြီးသားတို့ကို တရား စီရင်ခြင်းငှါ ကြွလာတော်မူ၏။ လောကာသားတို့ကို ဖြောင့်မတ်စွာ စီရင်၍၊ လူများကို ဟုတ်မှန်ခြင်းတရား အတိုင်း စီရင်ဆုံးဖြတ်တော်မူလတံ့။