< Pregovori 26 >
1 Kakor sneg poleti in kakor dež ob času žetve, tako se čast ne poda bedaku.
၁နွေကာလ၌ မိုဃ်းပွင့်ကဲ့သို့၎င်း၊ စပါးရိတ်ရာကာလ ၌ မိုဃ်းရေကဲ့သို့၎င်း၊ မိုက်သောသူသည် ဂုဏ်အသရေကို မခံသင့်။
2 Kakor ptica s potepanjem, kakor lastovka z letenjem, tako prekletstvo brez razloga ne bo prišlo.
၂စာငှက်သည် အရပ်ရပ်လှည့်လည်၍၊ ဇရက်သည် လည်း ပျံသွားသကဲ့သို့၊ ထိုနည်းတူ အကြောင်းမရှိသော ကျိန်ဆဲခြင်းသည် မသင့်မရောက်တတ်။
3 Bič za konja, uzda za osla in palica za hrbet bedaka.
၃မြင်းဘို့နှင်တံ၊ မြင်းဘို့ဇက်ကြိုး၊ မိုက်သောသူ၏ ကျောဘို့ ကြိမ်လုံးသည် သင့်ပေ၏။
4 Bedaku ne odgovori glede na njegovo neumnost, da ne bi bil tudi ti podoben njemu.
၄မိုက်သောသူ၏ သဘောသို့လိုက်၍၊ သူ၏စကား ကို မချေနှင့်။ ထိုသို့ချေလျှင် သူနှင့်တူလိမ့်မည်။
5 Odgovori bedaku glede na njegovo neumnost, da on ne bi bil moder v svoji lastni domišljavosti.
၅မိုက်သောသူ၏ သဘောသို့လိုက်၍ သူ၏စကား ကို ချေလော့။ သို့မဟုတ်၊ သူသည် ဝါကြွားသောစိတ် ရှိလိမ့် မည်။
6 Kdor pošilja sporočilo po roki bedaka, si odseka stopala in pije škodo.
၆မိုက်သော သူတွင် မှာ လိုက်သောသူသည် ကိုယ်ခြေကို ဖြတ်၍ အကျိုးနည်းရှိ၏။
7 Nogi hromega nista enaki; takšna je prispodoba v ustih bedakov.
၇သုတ္တံစကားကို မိုက်သောသူ ပြောခြင်းသည် ခြေဆွံ့သောသူ၏ ခြေကြွခြင်း ကဲ့သို့ဖြစ်၏။
8 Kakor kdor poveže kamen v pračo, tak je, kdor daje čast bedaku.
၈မိုက်သောသူကို ချီးမြှောက်ခြင်းသည် ကျောက်ပုံ ၌ ကျောက်မြတ်ကို ပစ်ထားခြင်းကဲ့သို့ ဖြစ်၏။
9 Kakor gre trn v roko pijanca, taka je prispodoba v ustih bedakov.
၉ဆူးသည် ယစ်မူးသောသူ၏လက်ကို စူးသကဲ့သို့၊ သတ္တံစကားသည် မိုက်သောသူ၏ နှုတ်၌ရှိ၏။
10 Velik Bog, ki je ustvaril vse stvari, nagrajuje tako bedaka kakor prestopnike.
၁၀ကြီးသောသူသည် ခပ်သိမ်းသောသူတို့ကို တုန်လှုပ်စေတတ်၏။ မိုက်သောသူနှင့် ပြစ်မှားတတ် သော သူတို့ကို စေသုံးတတ်၏။
11 Kakor se pes vrača k svojemu izbljuvku, tako se bedak vrača k svoji neumnosti.
၁၁ခွေးသည် မိမိအန်ဖတ်ကို ပြန်၍စားတတ်သကဲ့ သို့၊ မိုက်သောသူသည် မိုက်သောအကျင့်ကို ပြန်၍ ကျင့်တတ်၏။
12 Ali vidiš modrega človeka v njegovi lastni domišljavosti? Več upanja je za bedaka kakor zanj.
၁၂ငါသည် ပညာရှိ၏ဟု ထင်သောသူရှိလျှင်၊ ထိုသူ၌ မြော်လင့်စရာအခွင့်ရှိသည်ထက်၊ မိုက်သောသူ၌ သာ၍ မြော်လင့်စရာအခွင့်ရှိ၏။
13 Len človek pravi: » Tam je lev na poti, lev je na ulicah.«
၁၃ပျင်းရိသောသူက၊ အိမ်ပြင်မှာခြင်္သေ့ရှိ၏။ လမ်းတို့၌ ခြင်္သေ့ရှိ၏ဟု ဆိုတတ်၏။
14 Kakor se vrata obračajo na svojih tečajih, tako se leni na svoji postelji.
၁၄တံခါးရွက်သည် စရွေး၌လည်သကဲ့သို့ ပျင်းရိ သောသူသည် အိပ်ရာပေါ်မှာ လည်တတ်၏။
15 Leni skriva svojo roko v svojem naročju, žalosti ga, da jo ponovno prinese k svojim ustom.
၁၅ပျင်းရိသောသူသည် မိမိလက်ကို အိုး၌သွင်း သော်လည်း၊ တဖန်နှုတ်၍ မိမိပစပ်သို့ ခွံရလျှင် စိတ်ညစ် တတ်၏။
16 Lenuh je modrejši v svoji lastni domišljavosti, kakor sedem mož, ki lahko izkažejo razlog.
၁၆ပျင်းရိသောသူက၊ ငါသည် အကျိုးအကြောင်းကို ပြတတ်သောသူ ခုနစ်ယောက်ထက်သာ၍ ပညာရှိသည် ဟု ကိုယ်ကိုထင်တတ်၏။
17 Kdor gre mimo in se vmešava v prepir, ki mu ne pripada, je podoben tistemu, ki psa zgrabi za ušesa.
၁၇လမ်း၌ရှောက်သွား၍ မိမိမဆိုင်သောအမှုကို ရောနှောသောသူသည် ခွေးနားရွက်ကို ကိုင်ဆွဲသောသူ နှင့်တူ၏။
18 Kakor zmešan človek, ki meče kose tlečega lesa, puščice in smrt,
၁၈ငါကျီစားရုံမျှသာ ပြုသည်ဟုဆိုလျက်၊
19 tak je človek, ki zavaja svojega bližnjega in pravi: »Ali nisem na zabavi?«
၁၉မိမိအိမ်နီးချင်းကို လှည့်စားသောသူသည် မီးစ၊ မြှား၊ သေဘေးကို ပစ်တတ်သော အရူးနှင့်တူ၏။
20 Kjer ni nobenega lesa, tam ogenj poide. Tako, kjer ni tožljivca, prepir preneha.
၂၀ထင်းမရှိလျှင် မီးသေတတ်သကဲ့သို့ ကုန်းတိုက် သော သူမရှိလျှင် ရန်ငြိမ်းတတ်၏။
21 Kakor je oglje za vročo žerjavico in drva za ogenj, tako je prepirljiv človek za podžiganje prepira.
၂၁မီးခဲချင်းပြုသကဲ့သို့၎င်း၊ ထင်းသည် မီးကိုမွေး သကဲ့သို့၎င်း၊ ရန်တွေ့တတ်သောသူသည် ခိုက်ရန်မှုကို ပြုစုတတ်၏။
22 Besede tožljivca so kakor rane in gredo navzdol v najnotranjejše dele trebuha.
၂၂ကုန်းတိုက်သော သူ၏စကားသည် မြိန်သော ခဲဘွယ် စားဘွယ်ကဲ့သို့ဖြစ်၍၊ ဝမ်းအတွင်းသို့ဝင်တတ်၏။
23 Goreče ustnice in zlobno srce sta podobna črepinji, pokriti s srebrovo žlindro.
၂၃ချစ်အားကြီးသောနှုတ်နှင့်၊ ဆိုးညစ်သော စိတ် နှလုံးသည် ချော်မွမ်းမံသော အိုးခြမ်းနှင့်တူ၏။
24 Kdor sovraži, prikriva s svojimi ustnicami in znotraj sebe shranjuje prevaro;
၂၄အငြိုးထားသောသူသည် နှုတ်ဖြင့်လျှို့ဝှက်၍၊ ကိုယ်ထဲမှာလှည့်စားသော သဘောကို ဝှက်ထားတတ်၏။
25 kadar govori lepo, mu ne verjemi, kajti sedem ogabnosti je v njegovem srcu.
၂၅ထိုသို့သောသူ၏ စကားသည် ချိုသော်လည်း မယုံနှင့်။ သူ၏စိတ်နှလုံးထဲမှာ စက်ဆုပ်ရွံရှာဘွယ်သော အရာခုနစ်ပါးရှိ၏။
26 Čigar sovraštvo je pokrito s prevaro, bo njegova zlobnost razkazana pred celotno skupnostjo.
၂၆အငြိုးထားခြင်းကို လှည့်စားခြင်းအားဖြင့် ဝှက် ထားသောသူ၏ ဒုစရိုက်အပြစ်သည် ပရိသတ်ရှေ့မှာ ထင်ရှားလိမ့်မည်။
27 Kdorkoli koplje jamo, bo padel vanjo, in kdor vali kamen, se bo le-ta vrnil nadenj.
၂၇တွင်းတူးသောသူသည် မိမိတွင်းထဲသို့ ကျလိမ့် မည်။ ကျောက်ကို လှိမ့်သောသူအပေါ်သို့ ထိုကျောက် သည် ပြန်၍လိမ့် လိမ့်မည်။
28 Lažniv jezik sovraži tiste, ki so prizadeti z njim in prilizovanje ust dela propad.
၂၈မုသားပြောတတ်သောသူသည် မိမိညှဉ်းဆဲ သောသူတို့ကို မုန်းတတ်၏။ ချော့မော့တတ်သော သူသည်လည်း ဖျက်ဆီးတတ်၏။