< Luka 4 >
1 In Jezus se je poln Svetega Duha vrnil od Jordana in po Duhu je bil voden v divjino
၁ယေရှု သည် သန့်ရှင်း သောဝိညာဉ် တော်နှင့် ပြည့်စုံ လျက်၊ ယော်ဒန် မြစ်နားမှ ပြန် စဉ်တွင် ဝိညာဉ် တော်သည် တော သို့ ပို့ဆောင် တော်မူ၏။
2 in štirideset dni je bil skušan od hudiča. In v tistih dneh ni ničesar jedel, in ko so se končali, je bil potem lačen.
၂အရက် လေးဆယ် ပတ်လုံးမာရ်နတ် ၏ စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ ထို ကာလ ပတ်လုံးအစာအာဟာရကို သုံးဆောင် တော်မ မူ။ ထိုကာလလွန် ပြီးမှ မွတ်သိပ် တော်မူ၏။
3 In hudič mu je rekel: »Če si Božji Sin, ukaži temu kamnu, da naj postane kruh.«
၃မာရ်နတ် ကလည်း ၊ ကိုယ်တော် သည် ဘုရားသခင် ၏သား တော်မှန် လျှင် ဤ ကျောက်ခဲ ကိုမုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
4 In Jezus mu je odgovoril, rekoč: »Pisano je: ›Da človek ne bo živel samo od kruha, temveč od vsake Božje besede.‹«
၄ယေရှု ကလည်း ၊ လူ သည်မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင်မိန့်တော်မူသမျှ အားဖြင့်အသက်ကိုမွေးရမည်ကျမ်းစာ၌လာ သည် ဟု ပြန်ပြောတော်မူ ၏။
5 In hudič, ki ga je vzel gor na visoko goro, mu je v trenutku časa pokazal vsa kraljestva sveta.
၅တစ်ဖန် မာရ်နတ် သည် ယေရှု ကိုမြင့်လှသော တောင်ပေါ်သို့ဆောင်သွား ၍၊ ဤလောက ၌ရှိသမျှ သော တိုင်း နိုင်ငံတို့ကို တစ်ခဏခြင်း တွင် ပြညွှန် ၍ ၊
6 In hudič mu je rekel: »Vso to oblast hočem predati tebi in njihovo slavo, kajti ta mi je izročena in dam jo komurkoli hočem.
၆ဤ ဘုန်း တန်ခိုး အာနုဘော်ရှိသမျှ ကို ငါ ၌အပ် ခဲ့ပြီ။ ငါသည် ပေးလို သောသူ အားပေး ရသည်ဖြစ်၍ ကိုယ်တော် အား ပေး ပါမည်။
7 Če me torej hočeš oboževati, bo vsa tvoja.«
၇ငါ့ ကိုကိုးကွယ် လျှင် ဤအလုံးစုံ တို့သည် ကိုယ်တော် ၏ ဥစ္စာဖြစ် လိမ့်မည်ဟု လျှောက် လေ၏။
8 Jezus pa je odgovoril in mu rekel: »Spravi se za menoj, Satan, kajti pisano je: ›Gospoda, svojega Boga, obožuj in njemu samemu služi.‹«
၈ယေရှု ကလည်း ၊ အချင်းစာတန်၊ ငါ့နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
9 In odvedel ga je v Jeruzalem in ga postavil na vrh templja ter mu rekel: »Če si Božji Sin, se vrzi od tod dol,
၉တစ်ဖန် မာရ်နတ်သည် ယေရှု ကို ယေရုရှလင် မြို့သို့ ဆောင်သွား ၍ ၊ ဗိမာန် တော်၏ အထွဋ် ၌ တင် ထားပြီးလျှင်၊
10 kajti pisano je: ›Svojim angelom bo zate naročil, da te varujejo
၁၀ကျမ်းစာလာ သည်ကား၊ သင့် ကို စောင့်ရှောက် စေခြင်းငှာကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍ ၊
11 in na svojih rokah te bodo prenašali, da ne bi kadarkoli s svojo nogo treščil ob kamen.‹«
၁၁သင် ၏ခြေ ကိုကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ၊ သူတို့သည် သင့် ကိုလက် နှင့်မစ ချီပင့်ကြလိမ့်မည်ဟု လာ၏။ ထိုကြောင့် ကိုယ်တော်သည် ဘုရားသခင် ၏ သား တော်မှန် လျှင် ဤ အထွဋ်မှ ကိုယ် ကိုအောက် သို့ ချ လိုက်တော်မူပါဟု လျှောက် လေ၏။
12 Jezus pa mu odgovori in reče: »Rečeno je: ›Ne boš skušal Gospoda, svojega Boga.‹«
၁၂ယေရှု ကလည်း ၊ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည် အစုံအစမ်း မ ပြုရဟု ကျမ်းစကား ရှိ သည် ဟု ပြန်ပြောတော်မူ ၏။
13 In ko je hudič končal vse skušnjave, je za nekaj časa odšel od njega.
၁၃ထိုသို့ မာရ်နတ် သည် စုံစမ်း သွေးဆောင်ခြင်း အမှုအလုံးစုံ ကို အကုန်အစင်ပြု ပြီးလျှင်၊ အထံ တော်မှ ထွက်သွား ၍ ကာလ အတန်အရာနေလေ၏။
14 In Jezus se je v moči Duha vrnil v Galilejo in tam je šel slôves o njem naokoli po vsem področju.
၁၄ယေရှု သည် ဝိညာဉ် တော်တန်ခိုး နှင့် ဂါလိလဲ ပြည်သို့ ပြန် ၍ ၊ သိတင်း တော်သည် ပတ်ဝန်းကျင် အရပ်တို့၌ အနှံ့အပြား ကျော်စော လေ၏။ တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးတော်မူ၍ ၊
15 In učil je v njihovih sinagogah in od vseh je bil proslavljen.
၁၅လူအပေါင်း တို့သည် ကိုယ်တော်ကိုချီးမွမ်း ကြ၏။
16 In prišel je v Nazaret, kjer je bil vzgojen in kakor je bila njegova navada, je na šabatni dan odšel v sinagogo in vstal, da bi bral.
၁၆ကြီးပွား တော်မူရာ နာဇရက် မြို့သို့ ရောက် ပြန်လျှင် ၊ ထုံးစံ တော်ရှိသည်အတိုင်း ဥပုသ်နေ့ ၌ တရားစရပ် သို့ ဝင် ၍ ကျမ်းစာကို ဘတ်ရွတ် ခြင်းငှာထ တော်မူ၏။
17 In izročena mu je bila knjiga preroka Izaija. In ko je odprl knjigo, je našel mesto, kjer je bilo zapisano:
၁၇စရပ်စောင့်သည် ပရောဖက် ဟေရှာယ ၏ ကျမ်းစာ ကိုပေး သည်ဖြစ်၍ ၊ ကျမ်းစာ ကိုဖွင့် တော်မူလျှင် တွေ့ သောအချက် စကားဟူမူကား၊
18 »Gospodov Duh je nad menoj, ker me je mazilil, da oznanim evangelij revnim. Poslal me je, da ozdravim zlomljene v srcu, da oznanim jetnikom osvoboditev in slepim okrevanje vida, da izpustim na prostost te, ki so ranjeni,
၁၈ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ငါ့ အပေါ် ၌တည်တော်မူ၏။
19 da oznanim sprejemljivo leto Gospodovo.«
၁၉အကြောင်းမူကား ၊ ဆင်းရဲသား တို့အား ဝမ်းမြောက် စရာသိတင်းကိုကြားပြောစေခြင်းငှာငါ့ ကို ဘိသိတ် ပေး တော်မူပြီ။ ကြေမွသောသူတို့၏ အနာကိုပျောက်စေခြင်းငှာ၎င်း၊ ဘမ်း သွားချုပ်ထားလျက်ရှိသော သူတို့အား လွှတ် ခြင်းအကြောင်းနှင့် မျက်စိ ကန်းသောသူတို့အား မျက်စိမြင်ပြန် ခြင်းအကြောင်းကို ပြစေခြင်းငှာ၎င်း၊ ညှဉ်းဆဲ ခံရသောသူတို့ကို ကယ်မ စေခြင်းငှာ၎င်း၊ ထာဝရ ဘုရား၏ မင်္ဂလာ နှစ် ကာလကို ကြားပြော စေခြင်းငှာ၎င်း၊ ငါ့ ကို စေလွှတ် တော်မူပြီဟုလာသတည်း။
20 In zaprl je knjigo in jo dal nazaj služitelju ter se usedel. In oči vseh, ki so bili v sinagogi, so bile uprte vanj.
၂၀ကျမ်းစာ ကိုလိပ် ၍ စရပ်စောင့် အားပေး ပြီးမှ ထိုင် တော်မူ၏။ စရပ် ၌ ရှိသောသူ အပေါင်း တို့သည် ကိုယ်တော် ကိုစေ့စေ့ ကြည့်လျက်နေ ကြ၏။
21 In začel jim je govoriti: »Ta dan se je to pismo izpolnilo v vaših ušesih.«
၂၁ယေရှုကလည်း၊ ယနေ့ ပင် ဤ ကျမ်းစာ ချက်သည် သင် တို့ကြား သည့်အတိုင်း ပြည့်စုံ လေပြီ ဟု မိန့် တော်မူ၏။
22 In vsi so očitno pričevali zanj ter se čudili ob milostnih besedah, ki so izvirale iz njegovih ust. In rekli so: »Ali ni to Jožefov sin?«
၂၂ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုဝန်ခံ ၍ ၊ တင့်တယ်လျောက်ပတ် သော နှုတ် ထွက် စကား ကို အံ့ဩ ချီးမွမ်းလျက် ၊ ဤသူ သည် ယောသပ် ၏ သား မ ဟုတ် တုံလောဟု ဆို ကြ၏။
23 Rekel jim je: »Zagotovo mi boste povedali ta pregovor: ›Zdravnik, ozdravi sebe.‹ Karkoli smo slišali, da je bilo storjeno v Kafarnáumu, prav tako stôri tukaj, v svoji deželi.«
၂၃ယေရှုကလည်း၊ အကယ်၍သင်တို့သည် ပုံပမာ ဆောင်လျှက်၊ အချင်းဆေးသမား ၊ ကိုယ် အနာကို ငြိမ်း စေလော့။ ငါတို့သည် သိတင်းကြား သည်အတိုင်း၊ သင်သည် ကပေရနောင် မြို့၌ ပြု သမျှ သော အမှုအရာတို့ကို ကိုယ် နေရင်း မြို့၌ လည်း ၊ ပြုပါဟူ၍ငါ့ အား ပြောဆို ကြလိမ့်မည်။ သို့သော်လည်း ၊ ငါအမှန် ဆို သည်ကား၊
24 In rekel je: »Resnično, povem vam: ›Noben prerok ni sprejet v svoji lastni deželi.‹
၂၄အဘယ် ပရောဖက် မျှ မိမိ နေရင်း မြို့၌ မျက်နှာ မရတတ်။
25 Toda povem vam po resnici, mnogo vdov je bilo v Izraelu v Elijevih dneh, ko je bilo nebo zaprto tri leta in šest mesecev, ko je bila velika lakota po vsej celotni deželi,
၂၅ငါအမှန် ဆို ပြန်သည်ကား ၊ ပရောဖက် ဧလိယ လက်ထက် ၌ သုံး နှစ် နှင့် ခြောက် လ ပတ်လုံး မိုဃ်းခေါင် ၍၊ ပြည် နိုင်ငံတစ်လျှောက်လုံး အစာ အာဟာရအလွန် ခေါင်းပါးခြင်းရှိ သောအခါ ၊ ဣသရေလ အမျိုးဖြစ်သော မုဆိုးမ အများ ရှိ ကြ၏။
26 toda k nobeni izmed njih ni bil poslan Elija, razen v Sarepto, mesto na Sidónskem, k ženski, ki je bila vdova.
၂၆သို့သော်လည်း ၊ ထိုမုဆိုးမတစ်ယောက်ရှိရာ သို့မျှ ဧလိယ ကိုစေလွှတ် တော်မမူ။ ဇိဒုန် ပြည် ဇရတ္တ မြို့သူ ဖြစ်သော မုဆိုးမ တစ်ယောက်ရှိရာ သို့ စေလွှတ်တော်မူ၏။
27 In v času preroka Elizeja je bilo v Izraelu mnogo gobavcev. In nobeden izmed njih ni bil očiščen, razen Sirca Naamána.«
၂၇ပရောဖက် ဧလိရှဲ လက်ထက် တွင်လည်း ၊ ဣသရေလ အမျိုး၌ နူနာစွဲ သောသူအများ ရှိ ကြ၏။ သို့သော်လည်း ၊ နေမန် အမည်ရှိသောရှုရိ လူမှတစ်ပါး အဘယ်သူ မျှသန့်ရှင်း ခြင်းသို့ မရောက် ဟုမိန့်တော်မူ၏။
28 In ko so vsi ti v sinagogi slišali te besede, so bili izpolnjeni z besom
၂၈တရားစရပ် ၌ ရှိသော လူအပေါင်း တို့သည် ထို စကားတော်ကို ကြား သောအခါ ပြင်းစွာအမျက်ထွက် သည်နှင့်၊
29 in vstali so in ga pahnili iz mesta in ga odvedli na skalno strmino hriba, na katerem je bilo zgrajeno njihovo mesto, da bi ga lahko z glavo naprej vrgli dol.
၂၉ထ ၍ ကိုယ်တော် ကိုမြို့ ပြင် သို့ နှင်ထုတ် ပြီးလျှင် ၊ ထို မြို့ တည် ရာတောင် ထိပ် စွန်းအငူမှ စောက်ထိုး တွန်းချခြင်းငှာ ဆောင်သွား ကြ၏။
30 Toda šel je skozi njihovo sredo in odšel svojo pot
၃၀ကိုယ်တော် သည် သူ တို့အလယ် ၌ လျှောက် ၍ ကြွသွား တော်မူ၏။
31 in prišel dol v Kafarnáum, mesto v Galileji ter jih na šabatne dneve učil.
၃၁ဂါလိလဲ ပြည် ကပေရနောင် မြို့ သို့ ရောက် လျှင် ၊ ဥပုသ်နေ့ ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။
32 In nad njegovim naukom so bili osupli, kajti njegova beseda je bila z oblastjo.
၃၂အာဏာ နှင့် ဟောတော်မူသောကြောင့် ပရိသတ်တို့သည် ဒေသနာ တော်ကိုအလွန်အံ့ဩ ကြ၏။
33 In v sinagogi je bil človek, ki je imel duha nečistega hudiča in z močnim glasom je zakričal,
၃၃ထိုတရားစရပ် ၌ ညစ်ညူး သော နတ်ဆိုး စွဲ သောသူ တစ်ယောက်ရှိ ၍ ၊
34 rekoč: »Pusti nas pri miru, kaj imamo s teboj, ti Jezus Nazarečan? Si prišel, da nas uničiš? Poznam te, kdo si; Sveti od Boga.«
၃၄ဪ နာဇရက် မြို့သားယေရှု ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏၊ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ကြီး သောအသံ နှင့် ဟစ်ကြော် လေ၏။
35 Jezus pa ga je oštel, rekoč: »Umolkni in pridi ven iz njega.« In ko ga je hudič vrgel na sredo, je prišel iz njega in ga ni poškodoval.
၃၅ယေရှု ကလည်း ၊ တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့ ဟု ဆုံးမ တော်မူလျှင် ၊ နတ်ဆိုး သည်ထိုသူ ကို လူအများအလယ် ၌ လှဲချ ၍ ဘေးဥပဒ် မ ပြုဘဲ ထွက်သွား ၏။
36 In vsi so bili osupli in med seboj so govorili, rekoč: »Kakšna beseda je to! Kajti z oblastjo in močjo ukazuje nečistim duhovom in ti pridejo ven.«
၃၆လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤ စကား သည် အဘယ်သို့ သော စကားနည်း၊ ညစ်ညူး သောနတ် တို့ကို အာဏာ တန်ခိုး နှင့် မှာထား ၍ သူတို့သည် ထွက်သွား ကြသည်တကားဟု အချင်းချင်း ဆွေးနွေး ပြောဆို ကြ၏။
37 In njegov slôves je šel naokoli v vsak kraj te dežele.
၃၇သိတင်း တော်သည်လည်း ၊ ပတ်ဝန်းကျင် အရပ် တို့၌ နှံ့ပြား ကျော်စောလေ၏။
38 In vstal je iz sinagoge ter vstopil v Simonovo hišo. Simonova tašča pa je bila prevzeta z veliko vročico in oni so ga zaradi nje rotili.
၃၈တရားစရပ် မှ ထွက် ပြီးလျှင် ရှိမုန် အိမ် သို့ ကြွ တော်မူ၏ ။ ရှိမုန် ၏ယောက္ခမ သည် ပြင်းစွာ သော ဖျားနာ စွဲ သည်ဖြစ်၍ သူ့ အတွက် ကိုယ်တော် ကိုတောင်းလျှောက် ကြ၏။
39 In stopil je nad njo in oštel vročico in ta jo je zapustila in takoj je vstala ter jim služila.
၃၉ကိုယ်တော်သည် ထိုမိန်းမ ၏အနား မှာရပ် ၍ ဖျားနာ ကိုဆုံးမ တော်မူလျှင် ၊ သူ သည် အဖျားပျောက် သဖြင့် ချက်ခြင်း ထ ၍ ဧည့်သည် ဝတ်ကိုပြုလေ၏။
40 Torej ko je sonce zahajalo, so vsi, ki so imeli kogarkoli bolnega z raznimi boleznimi, te pripeljali k njemu in na vsakogar izmed njih je položil svoji roki ter jih ozdravil.
၄၀နေ ဝင် သောအခါ အမျိုးမျိုး သော အနာ ရောဂါစွဲ သောသူ တို့၏ အဆွေခင်ပွန်းအပေါင်း တို့သည် ထို လူနာ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍၊ ကိုယ်တော် သည် ထိုလူနာ အသီးသီး တို့ အပေါ်၌လက် တော်ကို တင် သဖြင့် အနာရောဂါကို ငြိမ်း စေတော်မူ၏။
41 In tudi hudiči so izhajali iz mnogih, kričali in govorili: »Ti si Kristus, Božji Sin.« In ko jih je ukoril, jim ni dovolil govoriti, kajti vedeli so, da je bil on Kristus.
၄၁နတ်ဆိုး တို့လည်း ၊ ကိုယ်တော် သည် ခရစ်တော်တည်းဟူသောဘုရားသခင် ၏သား တော်ဖြစ် တော်မူ၏ဟု ဟစ်ကြော် လျက် လူများ မှ ထွက်သွား ကြ၏။ ကိုယ်တော် သည် ခရစ်တော် ဖြစ် ကြောင်းကို သူတို့သိ ကြသောကြောင့် စကားတစ်ခွန်းကိုမျှ မပြော စေခြင်းငှာမြစ်တား တော်မူ၏။
42 In ko je bil dan, se je odpravil in odšel na zapuščen kraj in množica ga je iskala in prišla k njemu in ga zadržala, da ne bi odšel od njih.
၄၂မိုဃ်းလင်း သောအခါ တော အရပ် သို့ ထွက် ကြွ တော်မူ၍ ၊ လူ အများတို့သည် ကိုယ်တော် ကိုရှာ ကြ၏၊ အထံ တော်သို့ ရောက် လျှင် ၊ မိမိ တို့နေရာမှ ထွက်ကြွ တော် မ မူမည်အကြောင်း ဆီးတား ကြ၏။
43 Rekel jim je: »Tudi drugim mestom moram oznaniti Božje kraljestvo, kajti zato sem poslan.«
၄၃ကိုယ်တော်ကလည်း၊ ဘုရားသခင် ၏နိုင်ငံ တော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကို အခြား သောမြို့ ရွာတို့ ၌ ငါ ဟောပြောရ မည်။
44 In oznanjal je po galilejskih sinagogah.
၄၄ထိုသို့ အလို့ငှာ ငါ့ကိုစေလွတ် လျက်ရှိသည် ဟု မိန့် တော်မူ၍ ၊ ဂါလိလဲပြည်မှာ တရားစရပ် တို့၌ တရား ဟောပြော လျက်နေ တော်မူ၏။