< Job 26 >

1 Toda Job je odgovoril in rekel:
ယောဘပြန်၍ မြွက်ဆိုသည်ကား၊
2 »Kako si pomagal tistemu, ki je brez moči? Kako rešuješ laket, ki nima moči?
သင်သည်အားနည်းသောသူကို အဘယ်သို့မစသနည်း။ လက်ကျသောသူကို အဘယ်သို့ ထောက်ပင့်သနည်း။
3 Kako si svetoval tistemu, ki nima modrosti? Kako si obilno oznanil stvar, kakor je ta?
မိုက်သောသူကို အဘယ်သို့ အကြံပေးသနည်း။ ထူးဆန်းသော ပညာကို အဘယ်သို့ပြသနည်း။
4 Komu si izrekal besede? Čigav duh je prišel od tebe?
ဤစကားကို အဘယ်သူအားမြွက်ဆိုသနည်း။ အဘယ်သူ၏ ဝိညာဉ်အားဖြင့် ဟောပြောသနည်း။
5 Mrtve stvari so oblikovane pod vodami in njihovi prebivalci.
အောက်အရပ်၌ သင်္ချိုင်းသားတို့နှင့်တကွ ရေ များနှင့်ရေ၌ နေသောသူများတို့သည် တုန်လှုပ်ကြ၏။
6 Pekel je nag pred njim in uničenje nima pokrivala. (Sheol h7585)
မရဏနိုင်ငံသည် ရှေ့တော်၌ လှန်လျက်ရှိ၏။ အဗဒ္ဒုန်နိုင်ငံကို ဖုံးအုပ်ခြင်းမရှိရာ။ (Sheol h7585)
7 Sever izteguje nad praznim krajem in zemljo obeša na nič.
မိုဃ်းကောင်းကင်ကို လွတ်လပ်လဟာ၌ ကြက် တော်မူ၏။ မြေကြီးကိုအခုအခံမရှိ ဆွဲထားတော်မူ၏။
8 Vode povezuje v svoje debele oblake in pod njimi se oblak ne pretrga.
ထူထပ်သော မိုဃ်းတိမ်တော်နှင့် ရေကို ထုပ်တော်မူ၍၊ မိုဃ်းတိမ်သည် မစုတ်မပြတ်နေ၏။
9 Zadržuje obličje svojega prestola in svoj oblak razprostira nad njim.
မိုဃ်းတိမ်တော်ကို ဖြန့်၍ ပလ္လင်တော်မျက်နှာကို ဖုံးအုပ်တော်မူ၏။
10 Vode je obdal z vezmi, dokler dan in noč ne prideta do konca.
၁၀အလင်းနှင့်အမိုက်ဆုံမိရာ အပိုင်းအခြား၌ စကြဝဠာကို ကန့်ကွက်တော်မူ၏။
11 Stebri nebes trepetajo in so osupli ob njegovem opominu.
၁၁ဆုံးမတော်မူခြင်းကြောင့်၊ မိုဃ်းကောင်းကင်တိုင် တို့သည် တုန်လှုပ်၍ မိန်းမောတွေဝေလျက်နေကြ၏။
12 On s svojo močjo razdeljuje morje in s svojim razumevanjem udarja po ponosnih.
၁၂တန်ခိုးတော်အားဖြင့် သမုဒ္ဒရာကို ဆုံးမတော် မူ၏။ ပညာတော်အားဖြင့်သူ၏ မာနကို ချိုးဖျက်တော် မူ၏။
13 S svojim duhom je okrasil nebo; njegova roka je oblikovala sprijeno kačo.
၁၃ဝိညာဉ်တော်အားဖြင့် မိုဃ်းကောင်းကင် တန်ဆာများကိုပြင်၍၊ လျင်မြန်သောနဂါးကို ကင်တန် ဆာများကိုပြင်၍၊ လျင်မြန်သော နဂါးကိုလည်း ဖန်ဆင်း တော်မူ၏။
14 Glej! To so delčki njegovih poti. Toda kako majhen delček je slišati o njem? Toda kdo lahko razume grom njegove moči?«
၁၄ဤရွှေ့ကား၊ အမှုတော်အရိပ်အမြွက်သာဖြစ်၏။ စကားတော် အသံအနည်းငယ်ကိုသာ နားကြားရ၏။ တန်ခိုးတော်မိုဃ်းကြိုးသံကို အဘယ်သူနားလည်နိုင် သနည်းဟု မြွက်ဆို၏။

< Job 26 >