< 1 Mojzes 46 >

1 Izrael je šel na svojo pot z vsem, kar je imel in prišel v Beeršébo in žrtvoval klavne daritve Bogu svojega očeta Izaka.
ထိုအခါ ဣသရေလ သည် မိမိ ဥစ္စာရှိသမျှ နှင့်တကွ ခရီး သွား၍ ဗေရရှေဘ အရပ်သို့ ရောက် လျှင် ၊ မိမိ အဘ ဣဇာက် ၏ ဘုရား သခင်အား ယဇ် ပူဇော် ခြင်းကို ပြုလေ၏။
2 Bog je Izraelu spregovoril v videnjih noči in rekel: »Jakob, Jakob.« Ta je rekel: »Tukaj sem.«
ညဉ့် အခါ ဗျာဒိတ် တော်အားဖြင့် ဘုရား သခင်က၊ ယာကုပ် ၊ ယာကုပ် ဟုခေါ် တော်မူလျှင် ၊ ယာကုပ်က အကျွန်ုပ် ရှိ ပါသည်ဟု လျှောက် လေ၏။
3 Rekel je: »Jaz sem Bog, Bog tvojega očeta. Ne boj se iti dol v Egipt, kajti iz tebe bom tam naredil velik narod.
ထာဝရဘုရားကလည်း၊ ငါ သည် ဘုရား သခင်ဖြစ်၏။ သင့် အဘ ၏ ဘုရား သခင်ဖြစ်၏။ အဲဂုတ္တု ပြည်သို့ သွား ရမည်အခွင့်ကို မ စိုးရိမ် နှင့်။ ငါသည် ထို ပြည်၌ သင့် ကို လူမျိုး ကြီး ဖြစ် စေမည်။
4 S teboj bom šel dol v Egipt in zagotovo te bom ponovno privedel gor in Jožef bo svojo roko položil na tvoje oči.«
အဲဂုတ္တု ပြည်သို့ သင် နှင့်အတူ ငါ သွား မည်။ တဖန် ငါ ဆောင် ခဲ့ဦးမည်။ ယောသပ် သည် မိမိ လက် ကို သင် ၏မျက်စိ ပေါ် မှာ တင် ရလိမ့်မည်ဟု မိန့် တော်မူ၏။
5 Jakob je vstal izpred Beeršébe in Izraelovi sinovi so odvedli svojega očeta Jakoba, svoje malčke in svoje žene v vozove, ki jih je faraon poslal, da ga odpeljejo.
တဖန် ယာကုပ် သည် ဗေရရှေဘ အရပ်မှ ထွက် ၍ ၊ သူ စီး စရာဘို့ ဖါရော မင်းပေး လိုက်သော လှည်း တို့ဖြင့် ဣသရေလ ၏သား တို့သည် အဘ မှစ၍ မိန်းမ များနှင့် သူငယ် များတို့ကို ဆောင် လျက်၊
6 Vzeli so svojo živino in svoje dobrine, ki so jih pridobili v kánaanski deželi in prišli v Egipt, Jakob in vse njegovo potomstvo z njim,
ခါနာန် ပြည် ၌ ရ သောတိရစ္ဆာန် များနှင့် ဥစ္စာ များကို လည်း ယူ ၍ အဲဂုတ္တု ပြည်သို့ သွား ကြ၏။
7 njegovi sinovi in sinovi njegovih sinov z njim, njegove hčere in hčere njegovih sinov in vse svoje potomstvo je s seboj privedel v Egipt.
ယာကုပ် သည် ကိုယ်တိုင်မှစ၍သားသမီးမြေးတည်းဟူသောအမျိုးအနွယ် အပေါင်း တို့ကို အဲဂုတ္တု ပြည် သို့ ဆောင် သွားလေ၏။
8 To so imena Izraelovih otrok, ki so prišli v Egipt. Jakob in njegovi sinovi: Ruben, Jakobov prvorojenec.
အဲဂုတ္တု ပြည်သို့ ရောက် သော ဣသရေလ သား တို့၏အမည် ကား ၊ ယာကုပ် နှင့် သူ ၏သား များ။ သား ဦးရုဗင်။
9 Vsi Rubenovi sinovi: Henoh, Palú, Hecrón in Karmí.
ရုဗင် သား။ ဟာနုတ် ၊ ဖါလု ၊ ဟေဇရုံ ၊ ကာမိ။
10 Simeonovi sinovi: Jemuél, Jamín, Ohad, Jahín, Cohar in Šaúl, sin kánaanske ženske.
၁၀ရှိမောင် သား။ ယေမွေလ ၊ ယာမိန် ၊ ဩဟဒ် ၊ ယာခိန် ၊ ဇောဟာ ၊ ခါနာန် အမျိုး မိန်းမ၏သား ရှောလ။
11 Lévijevi sinovi: Geršón, Kehát in Merarí.
၁၁လေဝိ သား။ ဂေရရှုံ ၊ ကောဟတ် ၊ မေရာရိ။
12 Judovi sinovi: Er, Onán, Šelá, Parec in Zerah, toda Er in Onán sta umrla v kánaanski deželi. Parecova sinova pa sta bila Hecrón in Hamúl.
၁၂ယုဒ သား။ ဧရ ၊ ဩနန် ၊ ရှေလ ၊ ဖါရက် ၊ ဇာရ။ ထိုသူ တို့တွင် ဧရ နှင့် ဩနန် သည် ခါနာန် ပြည် ၌ သေ သတည်း။ ဖါရက် သား ၊ ဟေဇရုံ နှင့် ဟာမုလ။
13 Isahárjevi sinovi: Tolá, Puvá, Job in Šimrón.
၁၃ဣသခါ သား။ တောလ ၊ ဖုဝါ ၊ ယောဘ ၊ ရှိမရုန်။
14 Zábulonovi sinovi: Sered, Elón in Jahleél.
၁၄ဇာဗုလုန် သား။ သရက် ၊ ဧလုန် ၊ ယာလေလ။
15 To so Leini sinovi, ki jih je rodila Jakobu v Padan–aramu z njegovo hčerjo Dino. Vseh duš njegovih sinov in njegovih hčera je bilo triintrideset.
၁၅ဤသူတို့ကား၊ ယာကုပ် မယားလေအာ သည် ပါဒနာရံ အရပ်၌ ဘွား သော သား တည်း။ သမီး ဒိန နှင့်တကွ ၊ သား သမီး ပေါင်း သုံးဆယ် သုံး။
16 Gadovi sinovi: Cifjón, Hagí, Šuní, Ecbón, Erí, Aród in Arelí.
၁၆ဂဒ် သား။ ဇိဖျန် ၊ ဟဂ္ဂိ ၊ ရှုနိ ၊ ဧဇဗုန် ၊ ဧရီ ၊ အရောဒိ ၊ အရေလိ။
17 Aserjevi sinovi: Jimná, Jišvá, Jišví, Berijá in njihova sestra Sêraha. In Berijájeva sinova: Heber in Malkiél.
၁၇အာရှာ သား။ ယိမန။ ဣရွာ ၊ ဣရွှိ ၊ ဗေရိယ ၊ နှမ စေရ တည်း။ ဗေရိယ သား ၊ ဟေဗာ နှင့် မာလချေလ။
18 To so sinovi Zilpe, ki jo je Labán dal svoji hčeri Lei in te je rodila Jakobu: šestnajst duš.
၁၈ဤ သူတို့ကား၊ လာဗန် သည် သမီး လေအာ အား ၊ လက်ဖွဲ့ သော ယာကုပ် မယား ဇိလပ ဘွား သော သား တည်း။ ပေါင်းတဆယ် ခြောက်။
19 Sinova Jakobove žene Rahele: Jožef in Benjamin.
၁၉ယာကုပ် မယား ရာခေလ သား။ ယောသပ် နှင့် ဗင်္ယာမိန်။
20 Jožefu sta bila v egiptovski deželi rojena Manáse in Efrájim, katera mu je rodila Asenáta, hči Potifêra, duhovnika iz Ona.
၂၀အဲဂုတ္တု ပြည် ၌ ဩန မြို့၏ ယဇ် ပုရောဟိတ်ပေါတိဖေရ သမီး အာသနတ် တွင် ယောသပ် နှင့် ရ သောသား၊ မနာရှေ နှင့် ဧဖရိမ်။
21 Benjaminovi sinovi so bili Bela, Beher, Ašbél, Gerá, Naamán, Ehí, Roš, Mupím, Hupím in Ard.
၂၁ဗင်္ယာမိန် သား။ ဗေလ ၊ ဗေခါ ၊ အာရှဗေလ ၊ ဂေရ ၊ နေမန် ၊ ဧဟိ ၊ ရောရှ ၊ မုပိမ် ၊ ဟုပိမ် ၊ အာရဒ။
22 To so Rahelini sinovi, ki so bili rojeni Jakobu. Vseh duš je bilo štirinajst.
၂၂ဤသူတို့ကား၊ ယာကုပ် မယား ရာခေလ ဘွား သောသား တည်း။ ပေါင်း တဆယ် လေး။
23 Danovi sinovi: Huším.
၂၃ဒန် သား။ ဟုရှိမ်။
24 Neftálijevi sinovi: Jahceél, Guní, Jecer in Šilém.
၂၄နဿလိ သား။ ယာဇေလ ၊ ဂုနိ ၊ ယေဇာ ၊ ရှိလင်။
25 To so sinovi Bilhe, ki jo je Labán dal svoji hčeri Raheli in te je rodila Jakobu. Vseh duš je bilo sedem.
၂၅ဤသူတို့ကား၊ လာဗန် သည် သမီး ရာခေလ အား လက်ဖွဲ့ သော ယာကုပ် မယား ဗိလဟာ ဘွား သော သား တည်း။ ပေါင်း ခုနစ်
26 Vseh duš, ki so z Jakobom prišle v Egipt, ki so prišle iz njegovih ledij, poleg žen Jakobovih sinov, vseh duš je bilo šestinšestdeset.
၂၆ယာကုပ် ချွေးမ များကို မ ဆိုဘဲ၊ ယာကုပ် မှ ဆင်း သက်၍၊ သူနှင့်အတူအဲဂုတ္တု ပြည်သို့ သွား သော လူ ပေါင်း ကား၊ ခြောက်ဆယ် ခြောက် ယောက်တည်း။
27 Jožefova sinova, ki sta bila rojena v Egiptu, sta bili dve duši. Vseh duš Jakobove hiše, ki so prišle v Egipt, je bilo sedemdeset.
၂၇အဲဂုတ္တု ပြည်၌ ယောသပ် ရ နှင့်သော သား နှစ် ယောက်ရှိ၏။ သို့ဖြစ်၍အဲဂုတ္တု ပြည်သို့ ရောက် သော ယာကုပ် ၏အမျိုးသား အပေါင်း ကား ခုနစ် ဆယ်တည်း။
28 Pred njim je poslal k Jožefu Juda, da njegov obraz usmeri v Gošen, in prišli so v gošensko deželo.
၂၈ယောသပ် ထံ သို့ဂေါရှင် ပြည်ကို သွားစေခြင်းငှါ ယုဒ ကို အရင်စေလွှတ် ပြီးမှ ဂေါရှင် ပြည် သို့ ရောက် ကြ၏။
29 Jožef je pripravil svoj bojni voz in odšel v Gošen, da sreča svojega očeta Izraela in se mu predstavi in planil je na njegov vrat in na njegovem vratu dolgo časa jokal.
၂၉ယောသပ် သည် ရထား ကိုပြင် ၍ အဘ ဣသရေလ ကို ခရီးဦးကြိုပြု ခြင်းငှါ ဂေါရှင် ပြည်သို့ သွား ၍ အဘ ရှေ့သို့ရောက် သော် ၊ အဘ ၏လည်ပင်း ကို ဘက် လျက် ကြာကြာ ငို လေ၏။
30 Izrael je Jožefu rekel: »Sedaj naj umrem, ker sem videl tvoj obraz, ker si še vedno živ.«
၃၀ဣသရေလ ကလည်း ၊ ယခု ငါသေ ပါစေသော။ သင် ၏မျက်နှာ ကို ငါ မြင် ရပြီ။ သင် သည် အသက် ရှင်သေး ၏ဟု ယောသပ် အား ဆို လေ၏။
31 Jožef je rekel svojim bratom in vsej očetovi hiši: »Odšel bom gor in faraonu pokazal ter mu rekel: ›Moji bratje in hiša mojega očeta, ki so bili v kánaanski deželi, so prišli k meni.
၃၁ယောသပ် ကလည်း၊ ဖါရော မင်းထံ သို့ကျွန်ုပ် သွား ဦးမည်။ ခါနာန် ပြည် ၌ နေသော ကျွန်တော် အစ်ကို များ၊ ကျွန်တော် အဘ ၏ အိမ်သား များတို့သည် ကျွန်တော် ထံ သို့ရောက် ကြပါပြီ။
32 Ljudje so pastirji, kajti njihovo ukvarjanje je, da pasejo živino in pripeljali so svoje trope in svoje črede in vse, kar imajo.‹
၃၂ထိုသူ တို့သည် သိုး ထိန်း ဖြစ်ပါ၏။ သိုး နွားတို့ကို မွေး သောသူဖြစ် ပါ၏။ သူတို့သိုး နွား မှစ၍ ရှိသမျှ တို့ကို ဆောင် ခဲ့ကြပါပြီဟု လျှောက် မည်။
33 In zgodilo se bo, ko vas bo faraon poklical in vam rekel: ›Kaj je vaš poklic?‹
၃၃နောက် တခါ သင် တို့ကို ဖါရော မင်းခေါ် ၍ သင် တို့သည် အဘယ်သို့ လုပ်ဆောင် တတ်သနည်းဟုမေး တော်မူလျှင်၊
34 da boste rekli: ›Ukvarjanje tvojih služabnikov je okoli živine od naše mladosti celo do sedaj, tako mi in tudi naši očetje.‹ Da boste lahko prebivali v gošenski deželi, kajti vsak pastir je Egipčanom ogabnost.«
၃၄ကိုယ်တော် ကျွန် တော်တို့သည် ဘိုးဘေး နှင့်တကွ ၊ ငယ် သော အရွယ်မှစ၍ ယခု တိုင်အောင် သိုး နွားတို့ကို မွေး သောသူဖြစ် ကြပါ၏ဟု လျှောက် ရမည်။ သို့ဖြစ်၍ ဂေါရှင် ပြည် မှာ နေ သောအခွင့်ကို ရကြလိမ့်မည်။ သိုး ထိန်း ဖြစ်သောသူကို အဲဂုတ္တု လူတို့သည် ရွံရှာ တတ်ကြ၏ ဟု အစ်ကို များ အဘ ၏အိမ်သား များတို့ကို ပြော ဆို၏။

< 1 Mojzes 46 >