< Amos 7 >
1 Tako mi je Gospod Bog pokazal in glej, oblikoval je kobilice v začetku poganjanja otave in glej, to je bila otava po kraljevih košnjah.
၁တဖန် အရှင်ထာဝရဘုရားသည် ငါ့အား ပြတော်မူသော ရူပါရုံဟူမူကား၊ ရှင်ဘုရင် ဆိုင်သော မြက်ပင်ကို ရိတ်ပြီးမှ၊ နောက်မြက်ပင်ပေါက်စကာလ၌ ကျိုင်းကောင်တို့ကို ဖန်ဆင်းတော်မူ၏။
2 Pripetilo se je, ko so končale z objedanjem trave dežele, da sem nato rekel: »Oh Gospod Bog, odpusti, rotim te. Po kom bo Jakob vstal? Kajti majhen je.«
၂ထိုကျိုင်းကောင်တို့သည် တပြည်လုံး၌ရှိသော မြက်ပင်ကိုစား၍ ကုန်ပြီးမှငါက၊ အိုအရှင်ထာဝရဘုရား၊ အပြစ်မှ လွတ်တော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့်၊ အဘယ်သို့ ထရပါလိမ့်မည်နည်းဟု လျှောက်သော်၊
3 Gospod se je zaradi tega pokesal. »To ne bo, « govori Gospod.
၃ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
4 Tako mi je Gospod Bog pokazal in glej, Gospod Bog je klical k pričkanju z ognjem in ta je požrl veliko globino in pojedel del.
၄တဖန် အရှင်ထာဝရဘုရားသည် ငါ့အားပြတော်မူသော ရူပါရုံဟူမူကား၊ မီးဖြင့် ဒဏ်ပေးခြင်းငှါ မီးကို ခေါ်တော်မူ၍၊ မဟာသမုဒ္ဒရာကို မီးလောင်လေ၏။ ကုန်းကိုလည်း လောင်လေ၏။
5 Potem sem rekel: »Oh Gospod Bog, odnehaj, rotim te. Po kom bo Jakob vstal? Kajti majhen je.«
၅ငါကလည်း၊ အိုအရှင်ထာဝရဘုရား၊ ဆိုင်းတော်မူပါ။ ယာကုပ်သည် ငယ်သောကြောင့် အဘယ်သို့ ထရ ပါလိမ့်မည်နည်းဟု လျှောက်သော်၊
6 Gospod se je zaradi tega pokesal: »Tudi to se ne bo zgodilo, « govori Gospod Bog.
၆အရှင်ထာဝရဘုရားသည် နောင်တရ၍၊ ဤသို့ မဖြစ်ရဟု မိန့်တော်မူ၏။
7 Zato mi je pokazal in glej, Gospod je stal na zidu, narejenem s svinčnico, s svinčnico v svoji roki.
၇တဖန် ပြတော်မူသော ရူပါရုံဟူမူကား၊ ချိန်ကြိုး ချ၍လုပ်သော ကျောက်ရိုးပေါ်မှာ ထာဝရဘုရားသည် ရပ်လျက်၊ လက်တော်၌ ချိန်ကြိုးကို ကိုင်လျက်၊
8 Gospod mi je rekel: »Amos, kaj vidiš?« Rekel sem: »Svinčnico.« Potem je Gospod rekel: »Glej, postavil bom svinčnico v sredo svojega ljudstva Izraela. Ne bom več ponovno šel mimo njega
၈အာမုတ်၊ သင်သည် အဘယ်အရာကို မြင်သနည်းဟု မေးတော်မူလျှင်၊ ချိန်ကြိုးကို မြင်ပါသည်ဟု လျှောက်သော်၊ ဘုရားရှင်က၊ ငါ၏လူဣသရေလအမျိုး အလယ်၌ ချိန်ကြိုးကို ငါချမည်။ နောက်တဖန် သူတို့ကို သည်းမခံ။
9 in Izakovi visoki kraji bodo zapuščeni in Izraelova svetišča bodo opustošena in z mečem se bom dvignil zoper Jerobeámovo hišo.«
၉ဣဇာက်၏မြင့်ရာအရပ်တို့သည် လူဆိတ်ညံလျက်၊ ဣသရေလ၏ သန့်ရှင်းရာအရပ်တို့သည် သုတ်သင် ပယ်ရှင်းလျက်ရှိကြလိမ့်မည်။ ယေရောဗောင်မင်းမျိုးကိုလည်း ထားနှင့်ငါတိုက်မည်ဟု မိန့်တော်မူ၏။
10 Potem je Amacjá, duhovnik iz Betela, poslal k Jerobeámu, Izraelovemu kralju, rekoč: »Amos se je zarotil zoper tebe v sredi Izraelove hiše. Dežela ni zmožna prenesti vseh njegovih besed.
၁၀ထိုအခါ ဗေသလယဇ်ပုရောဟိတ်အာမဇိသည် ဣသရေလရှင်ဘုရင် ယေရောဗောင်ထံသို့ စေလွှတ်၍၊ အာမုတ်သည် ဣသရေလအမျိုးအလယ်တွင် ကိုယ်တော် တဘက်၌ မကောင်းသောအကြံကို ကြံစည်ပါပြီ။ သူ၏ စကားအလုံးစုံတို့ကို ပြည်တော်သည် မခံနိုင်ပါ။
11 Kajti tako govori Amos: ›Jerobeám bo umrl pod mečem in Izrael bo zagotovo iz svoje lastne dežele odveden v ujetništvo.‹«
၁၁ယေရောဗောင်သည် ထားဖြင့် သေရလိမ့်မည်။ ဣသရေလအမျိုးသားတို့သည် နေရင်းပြည်မှ ဆက်ဆက် နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမုတ်ဆိုတတ်ပါသည်ဟု လျှောက်လေ၏။
12 Amacjá je prav tako rekel Amosu: »Oh ti videc, pojdi, pobegni proč v Judovo deželo in tam jej kruh in tam prerokuj,
၁၂အာမုတ်ကိုလည်းခေါ်၍၊ အိုပရောဖက်၊ ယုဒပြည်သို့ ပြေးသွားလော့။ ထိုပြည်မှာ ပရောဖက်ပြု၍ အသက်မွေးလော့။
13 toda ne prerokuj ponovno pri Betelu, kajti to je kraljeva kapela in to je kraljevi dvor.«
၁၃နောက်တဖန်ဗေသလမြို့တဘက်၌ ပရောဖက် မပြုနှင့်။ ရှင်ဘုရင်၏ သန့်ရှင်းရာဌာနတော် ဖြစ်၏။ နန်းတော်တည်ရာမြို့လည်း ဖြစ်၏ဟု ဆိုလျှင်၊
14 Potem je Amos odgovoril in rekel Amacjáju: »Jaz nisem bil nikakršen prerok niti nisem bil prerokov sin, temveč sem bil črednik in obiralec sadu egiptovske smokve
၁၄အာမုတ်က၊ ငါသည် ပရောဖက်မဟုတ်၊ ပရောဖက်၏သားလည်းမဟုတ်ဘဲ၊ နွားကျောင်းသောသူ၊ သဖန်း သီးကို ဆွတ်သောသူဖြစ်စဉ်အခါ၊
15 in Gospod me je vzel, medtem ko sem sledil tropu in Gospod mi je rekel: ›Pojdi, prerokuj mojemu ljudstvu Izraelu.
၁၅ထာဝရဘုရားသည် နွားကျောင်းရာမှ ငါ့ကို နှုတ်ယူ၍၊ သင်သွားလော့။ ငါ၏လူဣသရေလအမျိုးတွင် ပရောဖက်ပြုလော့ဟု မိန့်တော်မူ၏။
16 Zdaj torej poslušaj Gospodovo besedo: ›Praviš: ›Ne prerokuj zoper Izrael in ne kapljaj svoje besede zoper Izakovo hišo.‹
၁၆သို့ဖြစ်၍၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်လော့။ ဣသရေလအမျိုးတဘက်၌ ပရောဖက် မပြုနှင့်၊ ဣဇာက်အမျိုးတဘက်၌ မမြွက်နှင့်ဟု သင်ဆိုသော်၊
17 Zato tako govori Gospod: ›Tvoja žena bo pocestnica v mestu in tvoji sinovi in tvoje hčere bodo padli pod mečem in tvoja dežela bo razdeljena z vrvico, ti pa boš umrl v oskrunjeni deželi, in Izrael bo zagotovo odšel v ujetništvo, iz svoje dežele.‹«
၁၇ထာဝရဘုရားမိန့်တော်မူသည်ကား၊ သင်၏ မယားသည် ပြည်တန်ဆာဖြစ်လိမ့်မည်။ သူတပါးတို့သည် သင်၏မြေကို ကြိုးတန်းချ၍ ဝေဖန်ကြလိမ့်မည်။ သင်သည် ညစ်ညူးသော ပြည်၌ သေရလိမ့်မည်။ ဣသရေလ အမျိုးသည် နေရင်းပြည်မှ ဆက်ဆက်နှင်သွားခြင်းကို ခံရကြလိမ့်မည်ဟု၊ အာမဇိအား ဆင့်ဆိုလေ၏။