< Книга пророка Захарии 12 >
1 Пророчество словесе Господня на Израиля, глаголет Господь, прострый небо и основаяй землю и созидаяй дух человека в нем:
၁ထာဝရဘုရား၏ ဗျာဒိတ်နှုတ်ကပတ်တော် တည်းဟူသော၊ မိုဃ်းကောင်းကင်ကို ကြက်၍ မြေကြီး တိုက်မြစ်ကို ချတော်မူထသော၊ လူအထဲ၌ လူ၏ဝိညာဉ် ကို ဖန်ဆင်းတော်မူသော ထာဝရဘုရားသည် ဣသရေလ အမျိုးကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊
2 се, Аз полагаю Иерусалима яко преддверия движимая всем людем окрест, и во Иудеи будет обседение на Иерусалима:
၂ငါသည် ယေရုရှလင်မြို့ကို ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့အား တုန်လှုပ်စေသော ဖလားဖြစ်စေ မည်။ ယေရုရှလင်မြို့ကို ဝိုင်းထားကြစဉ်တွင် ယုဒပြည်ကို လည်း ထိုအတူ ဖြစ်စေမည်။
3 и будет в день оный, положу Иерусалима камень попираемый всеми языки: всяк попираяй его ругаяся поругается, и соберутся нань вси языцы земли.
၃ထိုကာလအခါ၌လည်း ထိုမြို့ကို လူမျိုးအပေါင်း တို့အား လေးသော ကျောက်ဖြစ်စေမည်။ ထိုကျောက်ကို ချီသော သူအပေါင်းတို့သည် ကျိုးပဲ့ကြေမွကြလိမ့်မည်။ လောကီသားအမျိုးမျိုးတို့သည် ယေရုရှလင်မြို့တဘက်၌ စုဝေးလျက် ရှိကြလိမ့်မည်။
4 В день он, глаголет Господь Вседержитель, поражу всякаго коня во ужас и всадника его в безумие: и на дом Иудов отверзу очи Мои и вся кони людий поражу во ослепление.
၄ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုကာလ ၌ရှိသမျှသော မြင်းတို့ကို မိန်းမောတွေဝေစေခြင်းငှါ၎င်း၊ မြင်းစီးသူရဲအပေါင်းတို့ကို အရူးဖြစ်စေခြင်းငှါ၎င်း ငါ သည် ဒဏ်ခတ်မည်။ ယုဒအမျိုးကို ငါကြည့်ရှု၍၊ တပါး အမျိုးသားတို့၌ရှိသမျှသော မြင်းတို့ကို မျက်စိကန်းစေ ခြင်းငှါ ဒဏ်ခတ်မည်။
5 И рекут тысящницы Иудины вси в сердцах своих: обрящем себе живущыя во Иерусалиме о Господе Вседержители Бозе их.
၅ယုဒမင်းတို့ကလည်း၊ ယေရုရှလင်မြို့သားတို့၏ ဘုရားသခင်၊ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား အားဖြင့် သူတို့သည် ငါ့ခွန်အားဖြစ်ကြ၏ဟု စိတ်ထဲမှာ ဆိုကြလိမ့်မည်။
6 В день он положу тысящники Иудины яко главню огненну в дровах и яко свещу огненну в стеблии, и поядят одесную и ошуюю вся люди окрест: и населится Иерусалим еще по себе во Иерусалиме:
၆ထိုကာလ၌ ငါသည် ယုဒမင်းတို့ကို ထင်းပုံတွင် မီးဖိုကဲ့သို့၎င်း၊ ကောက်လှိုင်းတွင် မီးစကဲ့သို့၎င်း ဖြစ်စေ သဖြင့်၊ လက်ျာဘက်၊ လက်ဝဲဘက်၊ ပတ်လည်၌ရှိသော လူမျိုးအပေါင်းတို့ကို မီးလောင်လိမ့်မည်။ ယေရုရှလင်မြို့ သည်လည်း မြို့ရာဟောင်း၌ တည်မြဲတည်လိမ့်မည်။
7 и спасет Господь селения Иудова якоже исперва, яко да не величается похвала дому Давидова и величания живущих во Иерусалиме на Иуду.
၇ထာဝရဘုရားသည် ယုဒတဲတို့ကို ရှေ့ဦးစွာ ကယ်တင်တော်မူမည်။ ထို့ကြောင့် ဒါဝိဒ်မင်းမျိုး၏ဘုန်း နှင့်ယေရုရှလင်မြို့သားတို့၏ဘုန်းသည် ယုဒပြည်တဘက် ၌ မဝါကြွားရ။
8 И будет в день он, защитит Господь живущих во Иерусалиме: и будет немощный в них в той день яко Давид, а дом Давидов яко дом Божий, якоже Ангел Господень пред ними.
၈ထိုကာလ၌ ထာဝရဘုရားသည် ယေရုရှလင်မြို့ သားတို့ကို ကွယ်ကာစောင့်မတော်မူသဖြင့်၊ အားနည်း သောသူသည် ထိုကာလ၌ ဒါဝိဒ်မင်းကဲ့သို့၎င်း၊ ဒါဝိဒ်မင်း မျိုးသည် ဘုရားသခင်ကဲ့သို့၎င်း၊ သူတို့ရှေ့မှာ ထာဝရ ဘုရား၏ ကောင်းကင်တမန်ကဲ့သို့၎င်း ဖြစ်လိမ့်မည်။
9 И будет в день он, взыщу изяти вся языки грядущыя на Иерусалим,
၉ထိုကာလ၌ ယေရုရှလင်မြို့ကို တိုက်လာသော လူမျိုးအပေါင်းတို့ကို ဖျက်ဆီးခြင်းငှါ ငါသည် အားထုတ် မည်။
10 и излию на дом Давидов и на живущыя во Иерусалиме дух благодати и щедрот, и воззрят Нань, Егоже прободоша, и восплачутся о Нем плаканием яко о возлюбленнем, и поболят о Нем болезнию яко о первенце.
၁၀ကျေးဇူးတော်ကို ခံသောသဘော၊ ဆုတောင်း ပဌနာပြုသောသဘောကို ဒါဝိဒ်မင်းမျိုး၊ ယေရုရှလင်မြို့ သားတို့အပေါ်သို့ ငါသွန်းလောင်းသဖြင့်၊ သူတို့သည် မိမိ တို့ ထိုးဖောက်သော ငါ့ကို ရှုမြင်ရကြလိမ့်မည်။ တယောက်တည်းသော သားအတွက် အဘသည် ငိုကြွေး မြည်တမ်းသကဲ့သို့၊ ထိုသူအတွက် ငိုကြွေးမြည်တမ်းရကြ လိမ့်မည်။ သားဦးအတွက် အဘသည် နာကြဉ်းရကြလိမ့် မည်။
11 В день он возвеличится плачевопльствие во Иерусалиме, яко плачевопльствие Ададримона на поли Магедоне.
၁၁မေဂိဒ္ဒေါချိုင့်တွင် ဟာဒဒြိမ္မုန်မြို့မှာ ငိုကြွေးမြည် တမ်းသကဲ့သို့၊ ထိုကာလ၌ ယေရုရှလင်မြို့မှာ ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း ရှိလိမ့်မည်။
12 И восплачется земля по племеном племеном: колено о себе, и жены их о себе: колено дому Давидова о себе и жены их о себе:
၁၂တပြည်လုံးအမျိုးအနွယ်အသီးအသီးတမျိုး တခြားစီ ငိုကြွေးမြည်တမ်းကြလိမ့်မည်။ ဒါဝိဒ်မင်း၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊ နာသန်၏ အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊
13 колено дому Нафанова о себе, и жены их о себе: колено дому Левиина о себе, и жены их и себе: колено Симеоне о себе, и жены их о себе:
၁၃လေဝိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများ တခြား၊ ရှိမိ၏အဆွေအမျိုးတခြား၊ သူတို့မိန်းမများတခြား၊
14 вся прочая колена, колено и колено о себе, и жены их о себе.
၁၄ကျန်ကြွင်းသော အဆွေအမျိုးအပေါင်းတို့သည် တမျိုးတခြားစီ၊ သူတို့မိန်းမများ တစုတခြားစီ ငိုကြွေးမြည် တမ်းကြလိမ့်မည်။