< Числа 9 >
1 И глагола Господь к Моисею в пустыни Синайстей, во второе лето изшедшым им из земли Египетския, в первый месяц, глаголя:
၁အဲဂုတ္တု ပြည် မှ ထွက် ၍ ဒုတိယ နှစ် ၊ ပဌမ လ ၌ သိန တော တွင် ထာဝရဘုရား သည် မောရှေ အား မိန့် တော်မူ သည်ကား၊
2 рцы да сотворят сынове Израилстии Пасху во время ея,
၂ဣသရေလ အမျိုးသား တို့သည်၊ ချိန်းချက် သော ကာလအချိန်၌ ပသခါ ပွဲကို ခံရ ကြမည်။
3 в четвертыйнадесять день месяца перваго к вечеру, и сотвориши ю во время ея: по закону ея и по уставу ея сотвориши ю.
၃စီရင် ထုံးဖွဲ့သမျှ သောထုံးစံ အတိုင်း ၊ ချိန်းချက် သော ကာလအချိန်တည်းဟူသောယခု လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ စောင့် ရကြမည်ဟု မိန့် တော်မူ၏။
4 И рече Моисей сыном Израилтеским сотворити Пасху.
၄ဣသရေလ အမျိုးသား တို့သည် ပသခါ ပွဲကို ခံရ မည်အကြောင်း၊ မောရှေ ဆင့်ဆို သည်အတိုင်း ၊
5 И сотвориша Пасху, начинающуся первому месяцу в четвертыйнадесять день в пустыни Синайстей: якоже повеле Господь Моисею, тако сотвориша сынове Израилевы.
၅သိန တော တွင် ပဌမ လ တဆယ် လေး ရက် နေ့ ညဦးယံ ၌ ပသခါ ပွဲကိုခံရ ကြ၏။ မောရှေ အား ထာဝရဘုရား မှာထား တော်မူသမျှ အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ကြ၏။
6 И приидоша мужие, иже бяху нечисти о души человечи, и не можаху сотворити Пасхи в той день: и приидоша пред Моисеа и Аарона в той день.
၆ထို နေ့ ၌ ပသခါ ပွဲကိုမ ခံရ မည်အကြောင်း၊ လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်းသို့ ရောက် သော လူ အချို့တို့သည်၊ ထို နေ့ ၌ မောရှေ နှင့် အာရုန် ထံသို့ ချဉ်းကပ် ၍၊
7 И рекоша мужие Онии к нему: мы нечисти есмы о души человечи: еда убо лишимся принести дар Господу во время свое посреде сынов Израилевых?
၇အကျွန်ုပ် တို့သည် လူ အသေကောင် အားဖြင့် ညစ်ညူး ခြင်း ရှိပါ၏။ ချိန်းချက် သောအချိန်၌ ဣသရေလ အမျိုးသား တို့နှင့်အတူ ၊ ထာဝရဘုရား အား ပူဇော်သက္ကာ ကို မ ပြု စေခြင်းငှါ၊ အကျွန်ုပ်တို့ကို ဆီးတား ပါမည်လောဟု မေးလျှောက် ကြ၏။
8 И рече Моисей к ним: станите ту, да яслышу, что повелит Господь о вас.
၈မောရှေ ကလည်း ၊ နေ ကြဦးလော့။ သင် တို့အမှု၌ ထာဝရဘုရား မိန့် တော်မူသော စကားကို ငါနားထောင် ဦးမည်ဟု ပြန်ဆို ၏။
9 И рече Господь к Моисею, глаголя:
၉ထိုအခါ မောရှေ အား ထာဝရဘုရား က၊
10 рцы сыном Израилевым, глаголя: человек человек, иже аще будет нечист о души человечи, или на пути далече, или в вас, или в родех ваших, и да сотворит Пасху Господу,
၁၀သင်သည်ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့အမျိုးသား သည် အသေကောင် အားဖြင့် ညစ်ညူး ခြင်းရှိ သော်၎င်း ၊ ဝေး သောအရပ်သို့ ခရီး သွားသော်၎င်း၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကိုခံရ မည်။
11 в месяц вторый, в четвертыйнадесять день (месяца) к вечеру да сотворят ю, со опресноки и с горьким зелием да снедят ю:
၁၁ဒုတိယ လ တဆယ် လေး ရက် နေ့ညဦးယံ ၌ ပွဲ ခံ၍၊ သိုးသငယ်အသားကို တဆေး မပါသော မုန့်၊ ခါး သော ဟင်းသီးဟင်းရွက်နှင့် စား ရမည်။
12 да не оставят от нея на утрие, и кости да не сокрушат от нея, по всему закону Пасхи да сотворят ю.
၁၂ထိုအသားကို နံနက် တိုင်အောင် မ ကြွင်း စေရ။ အရိုး ကိုလည်း မ ချိုး ရ။ ပသခါ ပွဲနှင့်ဆိုင်သောအထုံးအဖွဲ့ရှိသမျှ တို့ ကို လိုက်၍ ပွဲ ခံရသောအခွင့်ရှိ၏။
13 И человек, иже аще чист будет, и на пути далече несть, и оставит сотворити Пасху, потребится душа та от людий своих: яко дара Господви не принесе во время свое, грех свой приимет человек той.
၁၃ညစ်ညူး ခြင်းမရှိ၊ အခြားတပါးသို့ ခရီး မ သွား သောသူသည် ပသခါ ပွဲကို မ ခံ ပဲနေလျှင်၊ ထို သူ ကို သူ ၏ အမျိုး မှ ပယ်ရှင်း ရမည်။ ချိန်းချက် သော အချိန်၌ ထိုသူသည်၊ ထာဝရဘုရား အဘို့ ပူဇော်သက္ကာ ကို မ ဆောင် ခဲ့ သောကြောင့်မိမိ အပြစ် ကိုခံရ မည်။
14 Аще же приидет к вам пришлец в землю вашу и сотворит Пасху Господу, по закону Пасхи и по чину ея, тако сотворит ю: закон един да будет вам и пришелцу и туземцу.
၁၄သင် တို့ထံမှာတည်းခို သော တပါး အမျိုးသားသည်၊ ထာဝရဘုရား အဘို့ ပသခါ ပွဲကို ခံ ခြင်းငှါအလိုရှိလျှင် ၊ စီရင် ထုံးဖွဲ့၍ ခံရသောထုံးစံ အတိုင်း ပွဲ ခံရ မည်။ သင်တို့တွင် တည်းခိုသော တပါး အမျိုးသားဖြစ်သောသူ၊ အမျိုးသား ချင်းဖြစ်သောသူတို့သည် ထုံးစံ တပါးတည်း သာ ရှိ ရကြမည်ဟုမိန့် တော်မူ၏။
15 И в день, в оньже поставися скиния, покры облак скинию и дом свидения: от вечера же бяше над скиниею аки вид огнен до заутрия:
၁၅တဲ တော်ကို ထူထောင် သောနေ့ ၌ ၊ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည်၍၊ သက်သေခံ ချက် တဲ တော်ကို ဖုံးအုပ် လေ၏။ ညဦး မှစ၍ နံနက် တိုင်အောင် တဲ တော်ပေါ်မှာ မီး ကဲ့သို့ ထင်လေ၏။
16 тако бываше всегда: облак покрываше ю в день, и вид огнен нощию: ,
၁၆ထိုသို့ အစဉ် ဖြစ် ၍နေ့အချိန်၌မိုဃ်းတိမ် ဖုံးအုပ် လျက် ၊ ည အချိန်၌မီး ကဲ့သို့ထင်လျက်ရှိ၏။
17 и егда восхождаше облак от скинии, и по сих воздвизахуся сынове Израилтестии: и на месте, на немже стояше облак, тамо ополчахуся сынове Израилевы.
၁၇မိုဃ်းတိမ် သည် တဲ တော်အပေါ် မှ ကွာ မြောက်သောအခါ ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ မိုဃ်းတိမ် တည် လေရာရာ ၌ လည်း ၊ တဲ များကို ဆောက်ပြန်ကြ၏။
18 По повелению Господню да ополчаются сынове Израилевы и повелением Господним да воздвизаются: во вся дни, в няже осеняет облак над скиниею, да ополчаются сынове Израилевы:
၁၈ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ခရီးသွား ကြ၏။ ထာဝရဘုရား မိန့် တော်မူသည် အတိုင်း လည်း တဲ များကို ဆောက်ကြ၏။ မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ တည် နေသမျှသော ကာလ ပတ်လုံး သူတို့သည် တဲ ၌နေကြ၏။
19 и егда премедлит облак над скиниею дни многи, да стрегут сынове Израилтестии стражу Господню и да не воздвижутся:
၁၉မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်ကြာမြင့် စွာတည် နေသောအခါ ၊ ဣသရေလ အမျိုးသား တို့ သည် ခရီး မ သွားဘဲ ထာဝရဘုရား ထံတော်၌ စောင့် နေကြ ၏။
20 и будет егда покрыет облак дни числа над скиниею, глаголголом Господним да ополчаются и повелением Господним да воздвижутся:
၂၀မိုဃ်းတိမ် သည် တဲ တော်အပေါ် မှာ နေ့ ရက်အနည်းငယ် မျှ တည် နေသောအခါ ၊ ထာဝရဘုရား အမိန့် တော်အတိုင်း ၊ သူတို့သည် တဲ ၌ နေကြ၏။ ထာဝရဘုရား အမိန့် တော်အတိုင်း လည်း၊ ခရီးသွား ကြ၏။
21 и будет егда пребудет облак от вечера до заутрия, и аще воздвигнется облак заутра, да воздвигнутся днем или нощию,
၂၁ညဦးယံ မှစ၍ နံနက် အချိန်တိုင်အောင် မိုဃ်းတိမ် တည် နေ၍၊ နံနက် အချိန်၌ မြောက် သောအခါ ခရီးသွား ကြ၏။ နေ့ ဖြစ်စေ ၊ ည ဖြစ်စေ၊ မိုဃ်းတိမ် မြောက် သောအခါ ခရီးသွား ကြ၏။
22 и аще воздвигнется облак, да пойдут: или день или месяц дний умножит облак осеняющь над нею, да ополчатся сынове Израилевы, и да не воздвизаются: во отступлении его, воздвизахуся:
၂၂နှစ်ရက် ဖြစ်စေ ၊ တလ ဖြစ်စေ ၊ တနှစ် ဖြစ်စေ ၊ မိုဃ်းတိမ် သည် တဲ တော်ပေါ်မှာ တည် နေသမျှသော ကာလပတ်လုံး ဣသရေလ အမျိုးသား တို့သည် ခရီး မ သွားဘဲ တဲ ၌နေကြ၏။ တဖန် မိုဃ်းတိမ်မြောက် ပြန် သောအခါ ခရီးသွား ကြ၏။
23 яко повелением Господним да ополчаются и повелением Господним да воздвизаются: стражу Господню стрежаху по повелению Господню рукою Моисеовою.
၂၃ထာဝရဘုရား အမိန့် တော်အတိုင်း တဲ ၌ နေကြ ၏။ထာဝရဘုရား အမိန့် တော်အတိုင်း လည်း ခရီးသွား ကြ၏။ ထာဝရဘုရားသည် မောရှေ အားဖြင့် မိန့် တော်မူသည် အတိုင်း ထာဝရဘုရား အထံတော်၌ စောင့် နေကြ၏။