< Книга Неемии 2 >
1 И бысть в месяце Нисане лета двадесятаго Артаксеркса царя, и вино бе предо мною: и взях вино и дах царю, и не бе ин пред ним.
၁အာတဇေရဇ်မင်းကြီး နန်းစံနှစ်ဆယ်၊ နိသန်လ တွင် ရှေ့တော်၌ တင်သောစပျစ်ရည်ကို ငါကိုင်၍ ဆက် လေ၏။
2 И рече ми царь: чесо ради лице твое прискорбно есть, а неси болезнуяй? И несть сие, разве скорбь сердца. И убояхся зело
၂အထက်ကတခါမျှ ရှေ့တော်၌ ညှိုးငယ်သော မျက်နှာကို မပြဘူးသည်ဖြစ်၍၊ ရှင်ဘုရင်က၊ ကျန်းမာ လျက်နှင့် အဘယ်ကြောင့် မျက်နှာညှိုးငယ်သနည်း။ ဝမ်း နည်းဟန်ရှိပါသည်တကားဟု မိန့်တော်မူလျှင်၊
3 и рекох царю: царю, во веки живи: како не быти прискорбну лицу моему, понеже град, дом гробов отец моих опусте, и врата его сожжена суть огнем.
၃ငါသည်အလွန်ကြောက်၍၊ ရှင်ဘုရင် အသက် တော်အစဉ်အမြဲရှင်ပါစေ။ ကျွန်တော်ဘိုးဘေး သင်္ချိုင်း ရှိရာမြို့သည် ပျက်စီးလျက်၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ပြီဖြစ်သောကြောင့်၊ ကျွန်တော်သည် မျက်နှာ မညှိုး ငယ်ဘဲ အဘယ်သို့ နေနိုင်ပါမည်နည်းဟု လျှောက်သော်၊
4 И рече ми царь: почто о сем ты вопрошаеши? И помолихся Господу Богу небесному
၄ရှင်ဘုရင်က၊ အဘယ်သို့ တောင်းလျှောက်ချင် သနည်းဟု မေးတော်မူ၏။ ငါကလည်း အရှင်မင်းကြီး အလိုတော်ရှိ၍ ကျွန်တော်ကို စိတ်နှင့်တွေ့တော်မူလျှင်၊ ကျွန်တော် ဘိုးဘေးသင်္ချိုင်းရှိရာမြို့ကို ကျွန်တော် ပြုစု ရမည်အကြောင်း၊
5 и рекох ко царю: аще царю видится благо, и аще угоден будет раб твой пред тобою, да послеши мене во Иудею, во град гробов отец моих, и возсозижду его.
၅ယုဒပြည်သို့ စေလွှတ်တော်မူပါစေဟု ကောင်းကင် ဘုံ၏အရှင် ဘုရားသခင်အား ဆုတောင်းပြီး မှ လျှောက်လေ၏။
6 Рече же ми царь, и наложница седяше близ его: до коего времене будет путь твой, и когда возвратишися? И угодно бысть пред лицем царевым, и посла мя, и положих ему время.
၆ထိုအခါ မြောက်သားတော်နှင့် ယှဉ်ပြိုင်၍ ထိုင်နေစဉ်၊ ရှင်ဘုရင်က၊ သင်သွားလျှင် အဘယ်မျှ ကာလကြာလိမ့်မည်နည်း။ အဘယ်ကာလမှ ပြန်လာမည် နည်းဟု မေးတော်မူသော်၊ ကာလအချိန်ကို ငါလျှောက် ထားပြီးမှ၊ ရှင်ဘုရင်သည် အလိုတော်ရှိ၍ ငါ့ကို လွှတ် လိုက်တော်မူ၏။
7 И рекох царю: аще царю видится благо, даждь мне послание ко воеводам стран за рекою, да преведут мене, дондеже прииду во Иудею,
၇တဖန်တုံ၊ ရှင်ဘုရင် အလိုတော်ရှိလျှင်၊ မြစ် အနောက်ဘက်၌ရှိသော မြို့ဝန်တို့သည် ကျွန်တော်ကို မဆီးမတား၊ ယေရုရှလင်မြို့သို့ ပို့ရမည်အကြောင်း၊ အမိန့်တော်စာကို သနားတော်မူပါ။
8 и послание ко Асафу стражу дубравы царевы, да даст ми древа покрыти врата столпа дому, и на стены градныхя, и на дом, в оньже вниду. И даде ми царь, якоже рука Божия благая (бе) со мною.
၈ဥယျာဉ်တော်မှူးအာသပ်သည် ဗိမာန်တော် ရဲတိုက်တံခါးတိုင်နှင့် တံခါးထုပ်ဘို့၎င်း၊ မြို့ရိုးနှင့် ကျွန်တော်နေရာ အိမ်ဘို့၎င်း၊ သစ်ကိုပေးရမည် အကြောင်း၊ အမိန့်တော်စာကိုလည်း သနားတော်မူပါဟု တောင်းလျှောက်သည်အတိုင်း၊ ငါ၏ ဘုရားသခင့်တန်ခိုး ကျေးဇူးတော်ကြောင့် ရှင်ဘုရင်သည် ပေးသနားတော် မူ၏။
9 И приидох ко воеводам стран за рекою и дах им послание царево: посла же царь со мною началники силы и конницы.
၉ထိုအခါ မြစ်အနောက်ဘက်မြို့ဝန်တို့ထံသို့ ငါရောက်၍ ရှင်ဘုရင်၏ အမိန့်တော်စာကိုပြ၏။ ရှင်ဘုရင်သည်လည်း တပ်မှူးနှင့် မြင်းစီးသူရဲတို့ကို ငါနှင့် အတူ စေလွှတ်တော်မူသတည်း။
10 И услыша Санаваллат Аронитин и Товиа раб Аммонитин, и зло има бысть, яко прииде человек взыскати блага сыновом Израилевым.
၁၀ဣသရေလအမျိုးသားတို့၏ အကျိုးကို ပြုစု ခြင်းငှါ၊ လူတယောက် လာကြောင်းကငိ၊ ဟောရနိလူ သမ္ဘာလက်နှင့် ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိတို့ သည် ကြားသော်၊ အလွန်နှလုံးမသာရှိကြ၏။
11 И приидох во Иерусалим и бых ту три дни.
၁၁ငါသည်လည်း၊ ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေပြီးမှ၊
12 И востах нощию аз и мужие не мнози со мною, и ни комуже возвестих, что Бог дает в сердце мое сотворити со Израилем, и скота не бе со мною, токмо скот, на немже аз седях.
၁၂ကိုယ်၌ပါသော သူအချို့တို့နှင့် တကွ၊ ညဉ့်အခါ ထ၍ ယေရုရှလင်မြို့အဘို့ ပြုခြင်းငှါ၊ ငါ၏ဘုရားသခင် သည် ငါ့အား အဘယ်သို့သော အကြံပေးတော်မူသည်ကို၊ အခြားသော သူတယောက်အားမျှမပြော၊ ကိုယ်စီးသော မြင်းမှတပါး အဘယ်အရာမျှမပါဘဲ၊
13 И внидох во врата Юдоли нощию, ко устию источника Смоковничнаго и ко вратом Гнойным, и бых размышляя о стене Иерусалимстей разореней и о вратах его пояденых огнем.
၁၃ညဉ့်အခါ ချိုင့်တံခါးဖြင့်ထွက်၍၊ နဂါးရေတွင်း တဘက်တချက်၊ နောက်ချေးတံခါးတိုင်အောင် သွား သဖြင့်၊ ယေရုရှလင်မြို့ရိုးသည် ပြိုပျက်လျက်၊ မြို့တံခါး လည်း မီးလောင်၍ မရှိသည်ကို ကြည့်ရှုပြီးမှ၊
14 И приидох ко вратом Источника и ко купели цареве, и не бысть места скоту, на немже седях, да пройдет.
၁၄စမ်းရေတွင်းတံခါးနှင့် ရှင်ဘုရင်ရေကန်တိုင် အောင် လွန်ပြန်၍၊ မြင်းလမ်းမရှိသောကြောင့်၊
15 И взыдох на стену потока нощию, и размышлях о стене, и бех во вратех Юдоли, и возвратихся.
၁၅တဖန်ထိုညဉ့်၌ ချောင်းနားတွင် ရှောက်သွား၍၊ မြို့ရိုးကို ကြည့်ရှုပြီးမှ၊ ချိုင့်တံခါးဖြင့်လှည့်၍ ဝင်ပြန် လေ၏။
16 Стрегущии же не ведяху, камо ходих и что аз творю, и Иудеом и священником, и честным и воеводам и прочым творящым дела даже до тогда не сказах.
၁၆အဘယ်အရပ်သို့သွားသည်၊ အဘယ်သို့ပြုသည် ကို မင်းတို့သည် မသိကြ။ ယုဒလူ၊ ယဇ်ပုရောဟိတ်၊ မှူးမတ်၊ မင်းအရာရှိ၊ လုပ်ဆောင်သော သူတစုံ တယောက်အားမျှ ငါသည် ကိုယ်အမှုကိုမပြောသေး။
17 И рекох им: вы видите озлобление сие, в немже есмы, како Иерусалим опустошен, и врата его предана огню: приидите, и созиждем стены Иерусалима, и не будем ктому в поношение.
၁၇နောက်တဖန်၊ ငါတို့ခံရသောဆင်းရဲခြင်း၊ ယေရု ရှလင်မြို့ပျက်စီးခြင်း၊ မြို့တံခါးလည်း မီးလောင်၍ ကုန်ခြင်းကို သင်တို့သိမြင်ကြ၏။ လာကြ။ ကဲ့ရဲ့ခြင်းနှင့် လွတ်မည်အကြောင်း၊ ယေရုရှလင်မြို့ရိုးကို တည်ကြ ကုန်အံ့ဟု သူတို့အားဆိုလျက်၊
18 И сказах им руку Божию, яже есть блага со мною, и словеса царева, яже глагола мне, и рекох: востанем и созиждем. И укрепишася руцы их во благое.
၁၈ငါ၏ ဘုရားသခင်သည် ငါ့အားပြုတော်မူသော ကျေးဇူးကို၎င်း၊ ရှင်ဘုရင် မိန့်တော်မူသော စကားကို၎င်း ကြားပြောလေသော်၊ သူတို့က၊ ငါတို့သည် ထ၍ တည်ကြ ကုန်အံ့ဟုဆိုလျက်၊ ထိုကောင်းမှုကို ပြီးစေခြင်းငှါ၊ တယောက်ကိုတယောက် နှိုးဆော်ကြ၏။
19 И услыша Санаваллат Аронитин и Товиа раб Аммонитин и Гисам Аравитин, и посмеяшася нам, и приидоша к нам, и уничижиша, и рекоша: что дело сие, еже вы творите? Еда вы противу царя отметаетеся?
၁၉ထိုသိတင်းကို ဟောရနိလူသမ္ဘာလတ်၊ ကျွန်ခံသူ အမ္မုန်အမျိုးသား တောဘိ၊ အာရပ်အမျိုးသား ဂေရှင်တို့ သည် ကြားလျှင်၊ ပြက်ယယ်ပြု၍ သင်တို့သည် အဘယ်သို့ ပြုကြမည်နည်း။ ရှင်ဘုရင်ကို ပုန်ကန်ကြမည်လောဟု ကဲ့ရဲ့လျက်ဆိုကြ၏။
20 И воздах им слово и рекох к ним: Бог Небесе, Той благопоспешит нам, и мы раби Его чистии, (востанем) и созиждем: вам же несть части и правды и памяти во Иерусалиме.
၂၀ငါကလည်း၊ ကောင်းကင်ဘုံ၏အရှင် ဘုရား သခင်သည် ငါတို့ကို အခွင့်ပေးတော်မူမည်။ ထိုကြောင့် ဘုရားသခင်၏ ကျွန်ဖြစ်သော ငါတို့သည် ထ၍တည်မည်။ သင်တို့မူကား၊ ယေရုရှလင်မြို့တွင် ဘာမျှမဆိုင်မပိုင်၊ မှတ်စရာသက်သေမရှိဟု ပြန်ပြော၏။