< Книга Иисуса Навина 8 >

1 И рече Господь ко Иисусу: не бойся, ниже ужасайся: поими с собою вся мужы воинския, и востав взыди в Гай: се, предах в руце твои царя Гайска и землю его, и люди его и град его:
ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု​အား``သင်​သည် စစ်​သူ​ရဲ​အ​ပေါင်း​တို့​နှင့်​အ​တူ​အာ​ဣ​မြို့ သို့​ချီ​တက်​လော့။ မ​ကြောက်​နှင့်။ စိတ်​မ​ပျက်​နှင့်။ ငါ​သည်​သင့်​လက်​တွင်း​သို့​အာ​ဣ​မင်း​နှင့် တ​ကွ​ပြည်​သူ​ပြည်​သား​များ၊ သူ​၏​မြို့၊ သူ​၏​နယ်​မြေ​တို့​ကို​ပေး​အပ်​မည်။-
2 и да сотвориши Гаю и царю его, якоже сотворил еси Иерихону и царю его: и плен его и скоты его да плениши себе: устрой же себе подсаду граду за собою.
သင်​သည်​ယေ​ရိ​ခေါ​မြို့​နှင့်​၎င်း​၏​မင်း​ကို သုတ်​သင်​ဖျက်​ဆီး​သ​ကဲ့​သို့ အာ​ဣ​မြို့​နှင့် ၎င်း​၏​မင်း​ကို​သုတ်​သင်​ဖျက်​ဆီး​ပစ်​ရ​မည်။ သို့​ရာ​တွင်​၎င်း​၏​ပစ္စည်း​များ​နှင့်​တိ​ရစ္ဆာန် များ​ကို​သင်​တို့​သိမ်း​ယူ​နိုင်​သည်။ မြို့​ကို အ​နောက်​ဘက်​မှ​ဝင်​စီး​ရန်​တပ်​ပုန်း​ချ ထား​လော့'' ဟု​မိန့်​တော်​မူ​၏။
3 И воста Иисус и вси мужие воинстии, да внидут в Гай: и избра Иисус тридесять тысящ мужей воинских сильных крепостию и посла их нощию,
သို့​ဖြစ်​၍​ယော​ရှု​သည်​စစ်​သူရဲ​အ​ပေါင်း​တို့​နှင့် အာ​ဣ​မြို့​သို့​ချီ​တက်​ရန်​အ​သင့်​ပြင်​လေ​သည်။ သူ​သည်​လက်​ရွေး​စင်​စစ်​သူ​ရဲ​သုံး​သောင်း​ကို ည​အ​ချိန်​၌​စေ​လွှတ်​၍၊-
4 и заповеда им, глаголя: вы скрыйтеся за градом: не далече будите от града зело, и будите вси готови:
``သင်​တို့​သည်​မြို့​၏​အ​နောက်​ဘက်​မ​လှမ်း မ​ကမ်း​တွင်​ပုန်း​အောင်း​နေ​လော့။ မြို့​ကို​တိုက် ခိုက်​ရန်​အ​သင့်​ရှိ​နေ​ကြ​လော့။-
5 аз же и вси людие иже со мною приступим ко граду: и будет егда изыдут живущии в Гаи в сретение нам, якоже и прежде, и побегнем от лица их:
ငါ​နှင့်​ငါ​၏​တပ်​သား​တို့​သည်​မြို့​အ​နီး​သို့ ချဉ်း​ကပ်​လာ​ကြ​မည်။ အာ​ဣ​မြို့​သား​တို့​သည် ငါ​တို့​အား​ထွက်​၍​တိုက်​ခိုက်​ကြ​သော​အ​ခါ ငါ​တို့​သည် ယ​ခင်​တစ်​ကြိမ်​က​ကဲ့​သို့​ဆုတ်​ခွာ ထွက်​ပြေး​ကြ​မည်။-
6 и егда изыдут вслед нас, отторгнем их от града: и рекут: бежат сии от лица нашего, якоже и прежде:
ထို​အ​ခါ​သူ​တို့​သည်​မြို့​မှ​ဝေး​ကွာ​သည့်​အ​ရပ် သို့​ရောက်​သည့်​တိုင်​အောင် ငါ​တို့​နောက်​သို့​လိုက်​လံ တိုက်​ခိုက်​ကြ​လိမ့်​မည်။ ငါ​တို့​ယ​ခင်​အ​တိုင်း ထွက်​ပြေး​ကြ​ပြီ​ဟု​သူ​တို့​ထင်​မှတ်​လိမ့်​မည်။-
7 вы же востанете от подсады, и пойдете во град, и предаст его Господь Бог наш в руце ваши:
ထို​အ​ခါ​သင်​တို့​ပုန်း​ကွယ်​ရာ​မှ​ထွက်​၍​မြို့ ကို​သိမ်း​ယူ​ရ​မည်။ သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်​မြို့​ကို​သင်​တို့​လက် သို့​အပ်​တော်​မူ​မည်။-
8 и будет егда возмете град, запалите его огнем, по словеси сему сотворите: се, заповедаю вам.
သင်​တို့​သည်​မြို့​ကို​သိမ်း​ယူ​ပြီး​နောက်​ထာ​ဝ​ရ ဘု​ရား​မိန့်​မှာ​တော်​မူ​သည့်​အ​တိုင်း မြို့​ကို​မီး ရှို့​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​အ​မိန့်​အ​တိုင်း ဆောင်​ရွက်​ကြ​လော့'' ဟု​အ​မိန့်​ပေး​လေ​၏။-
9 И посла их Иисус, и идоша в подсаду: и седоша между Вефилем и между Гаием, от моря Гаиа.
ယော​ရှု​သည်​လက်​ရွေး​စင်​သူရဲ​တို့​ကို​စေ​လွှတ် သ​ဖြင့် သူ​တို့​သည်​ချီ​တက်​၍​အာ​ဣ​မြို့​အ​နောက် ဘက်​နှင့်​ဗေ​သ​လ​မြို့​စပ်​ကြား​တွင်​ပုန်း​အောင်း စောင့်​ဆိုင်း​နေ​ကြ​လေ​သည်။ ယော​ရှု​သည်​ထို ည​၌​စ​ခန်း​တွင်​နေ​၏။
10 И востав Иисус заутра, согляда люди: и взыде сам и старцы Израилтестии пред людьми в Гай.
၁၀နံ​နက်​စော​စော​၌​ယော​ရှု​သည်​ဣ​သ​ရေ​လ​အ​မျိုး သား​အ​ကြီး​အ​ကဲ​တို့​နှင့်​အ​တူ စစ်​သူ​ရဲ​တို့ ကို​ဦး​ဆောင်​၍​အာ​ဣ​မြို့​သို့​ချီ​တက်​လေ​သည်။-
11 И вси людие воинстии с ним взыдоша, и идуще приидоша сопротив града от востоков: и подсады града от моря.
၁၁သူ​နှင့်​အ​တူ​လိုက်​ပါ​လာ​သော​စစ်​သူ​ရဲ​တို့ သည် မြို့​တံ​ခါး​မ​ဘက်​သို့​ချီ​တက်​၍​မြောက် ဘက်​တွင်​စ​ခန်း​ချ​ကြ​သည်။ သူ​တို့​၏​စ​ခန်း နှင့်​မြို့​အ​ကြား​တွင်​ချိုင့်​ဝှမ်း​ရှိ​၏။-
12 И ополчишася от севера Гаиа, и (бысть) дебрь между ими и между Гаием. И взя яко пять тысящ мужей, и положи их на подсаду между Вефилем и Гаием от запада Гаиа.
၁၂သူ​သည်​စစ်​သူ​ရဲ​ငါး​ထောင်​ခန့်​ကို​မြို့​အ​နောက် ဘက် အာ​ဣ​မြို့​နှင့်​ဗေ​သ​လ​မြို့​အ​ကြား​တွင် ပုန်း​အောင်း​နေ​စေ​၏။-
13 И поставиша людие весь полк от севера града, а прочая его от моря града. И пойде Иисус в нощь ону посреде дебри.
၁၃တပ်မ​ကို​မြို့​၏​အ​နောက်​ဘက်​တွင်​လည်း​ကောင်း တပ်​စွဲ​စေ​၏။ ထို​ည​၌​ယော​ရှု​သည်​ချိုင့်​ဝှမ်း ထဲ​သို့​ဆင်း​သွား​လေ​၏။-
14 И бысть егда увиде царь Гайский, потщася, и воста рано и изыде в сретение им прямо на брань, сам и вси людие его с ним во время, пред лицем подсады: он же не ведяше, яко подсада ему есть за градом (его).
၁၄အာ​ဣ​မင်း​သည်​ယော​ရှု​၏​စစ်​သူရဲ​များ​တပ်​ချ လျက်​ရှိ​သည်​ကို​မြင်​လျှင် မိ​မိ​၏​စစ်​သူရဲ​အ​ပေါင်း တို့​ကို​အ​လျင်​အ​မြန်​စု​ရုံး​၍ ဣ​သ​ရေ​လ​တပ် ကို​တိုက်​ခိုက်​ရန်​ယော်​ဒန်​မြစ်​ချိုင့်​ဝှမ်း​ဘက် ယ​ခင် တိုက်​ခိုက်​ခဲ့​သော​အ​ရပ်​သို့​ချီ​တက်​လေ​သည်။ သို့​ရာ​တွင်​သူ​သည်​မြို့​၏​အ​နောက်​ဘက်​၌ ဣ​သ​ရေ​လ​တပ်​ပုန်း​များ​ချ​ထား​ကြောင်း ကို​မ​ရိပ်​မိ​ချေ။-
15 И увиде, и отиде Иисус и весь люд от лица их, и побеже путем пустыни,
၁၅ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​စစ်​ရှုံး ဟန်​ဆောင်​လျက် မြို့​ပြင်​ကွင်း​ထဲ​သို့​ထွက်​ပြေး လေ​၏။-
16 и укрепися весь люд гнати вслед их, и погнаша вслед сынов Израилевых, и отступиша от града.
၁၆အာ​ဣ​မင်း​သည်​မြို့​တွင်း​ရှိ​ယောကျာ်း​အား​လုံး ကို​ဆင့်​ခေါ်​၍ ယော​ရှု​၏​တပ်​နောက်​သို့​လိုက်​စေ သ​ဖြင့်​သူ​တို့​သည်​မြို့​နှင့်​အ​လှမ်း​ကွာ​သော အ​ရပ်​သို့​ရောက်​လာ​ကြ​လေ​သည်။-
17 (И) не остася никтоже в Гаи и Вефили, иже не погна вслед Израиля: и оставиша град отверст, и гнаша вслед Израиля.
၁၇အာ​ဣ​မြို့​သား​အား​လုံး​တို့​သည်​ဣ​သ​ရေ​လ အ​မျိုး​သား​တို့​နောက်​သို့ ထွက်​လိုက်​ကြ​ရာ​မြို့ ကို​ကာ​ကွယ်​မည့်​သူ​တစ်​ယောက်​မျှ​မ​ကျန် ရစ်​ချေ။
18 И рече Господь ко Иисусу: простри руку твою с копием, еже в руце твоей, на град, зане в руку твою предах его: и подсады востанут вскоре от места своего. И простре Иисус руку свою и с копием на град.
၁၈ထို​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှု အား``သင်​၏​လှံ​ကို​အာ​ဣ​မြို့​ဘက်​သို့​ချိန် ရွယ်​လော့။ မြို့​ကို​သင်​၏​လက်​သို့​ငါ​အပ်​မည်'' ဟု​မိန့်​တော်​မူ​၏။ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော် မူ​သည့်​အ​တိုင်း၊-
19 И подсады восташа скоро от места своего: и изыдоша, егда простре руку, и внидоша во град, и взяша его: и потщавшеся запалиша град огнем.
၁၉ယော​ရှု​သည်​လှံ​ကို​ကိုင်​၍​မြို့​ဘက်​သို့​ချိန်​ရွယ် လိုက်​ရာ​စစ်​သူ​ရဲ​တို့​သည် ပုန်း​အောင်း​ရာ​မှ အ​လျင်​အ​မြန်​ထွက်​လာ​၍ မြို့​တွင်း​သို့​ပြေး ဝင်​ကြ​ပြီး​လျှင်​မြို့​ကို​သိမ်း​၍​ချက်​ချင်း မီး​ရှို့​ဖျက်​ဆီး​ကြ​၏။-
20 И озревшеся обитатели Гайстии вспять себе, узреша дым восходящь от града до небесе, и ктому не имеша камо побегнути, семо или овамо: людие же бегущии в пустыню обратишася на гонящих.
၂၀အာ​ဣ​မြို့​သား​တို့​သည်​နောက်​သို့​လှည့်​ကြည့် သော​အ​ခါ မြို့​မှ​မီး​ခိုး​လုံး​ကြီး​များ​အ​ထက် သို့​တက်​လျက်​ရှိ​သည်​ကို​မြင်​ရ​လေ​သည်။ ထို အ​ခါ​မြို့​ပြင်​ဘက်​သို့​ထွက်​ပြေး​ခဲ့​ကြ​သော ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​တို့​ကို​တိုက်​ခိုက်​ကြ​သ​ဖြင့် သူ​တို့​ထွက်​ပေါက်​မ​ရှိ​ဘဲ​ပိတ်​မိ​နေ​ကြ​၏။-
21 Иисус же и весь Израиль увидеша, яко взяша подсады град, и яко восходит дым градный до небесе: и обратившеся избиша мужей Гайских.
၂၁ယော​ရှု​နှင့်​သူ​၏​တပ်​သား​တို့​သည်​မိ​မိ​တို့ တပ်​ပုန်း​များ​က မြို့​ကို​သိမ်း​လိုက်​ကြောင်း​ကို လည်း​ကောင်း၊ မြို့​မီး​လောင်​လျက်​ရှိ​သည်​ကို လည်း​ကောင်း​တွေ့​မြင်​ရ​လျှင်​ပြန်​လှည့်​၍ အာ​ဣ​မြို့​သား​များ​ကို​တိုက်​ခိုက်​သတ်​ဖြတ် ကြ​သည်။-
22 И сии изыдоша из града противу им, и быша посреде полка Израилева, сии отсюду и сии отюнуду: и избиша их, дондеже не остася ни един от них цел, ни убежа.
၂၂မြို့​တွင်း​၌​ရှိ​သော​ဣ​သ​ရေ​လ​တပ်​သား​တို့ က​လည်း​ထွက်​၍​တိုက်​ခိုက်​ကြ​ရာ အာ​ဣ​မြို့ သား​တို့​သည်​ဝိုင်း​ရံ​ခြင်း​ကို​ခံ​ရ​သ​ဖြင့် သူ​တို့​အား​လုံး​ပင်​ကျ​ဆုံး​ကြ​ကုန်​၏။ အာဣ မင်း​က​လွဲ​၍​မည်​သူ​မျှ​အသက်​ရှင်​၍​မ​ကျန် ရစ်​ခဲ့​ချေ။ ဣ​သ​ရေ​လ​တပ်​သား​တို့​သည် အာ​ဣ​မင်း​ကို​လက်​ရ​ဖမ်း​ဆီး​၍​ယော​ရှု ထံ​သို့​ခေါ်​ဆောင်​ခဲ့​ကြ​လေ​သည်။
23 И царя Гайска яша жива, и приведоша его ко Иисусу.
၂၃
24 И бысть егда престаша сынове Израилевы секуще всех сущих в Гаи и сущих на полях и на горе исхода, идеже гониша их, и падоша вси острием меча на ней до конца: и обратися Иисус в Гай и посече их мечем.
၂၄ဣ​သ​ရေ​လ​တပ်​သား​တို့​သည်​ကွင်း​ပြင်​ဒေ​သ ၌ ရန်​သူ​များ​ကို​တစ်​ယောက်​မ​ကျန်​သတ်​ဖြတ် ပြီး​နောက် အာ​ဣ​မြို့​ထဲ​သို့​ပြန်​ဝင်​လာ​၍​ကျန် ရှိ​သူ​ရှိ​သ​မျှ​ကို​သုတ်​သင်​လိုက်​ကြ​လေ​သည်။-
25 И быша вси падшии в той день от мужеска полу и до женска дванадесять тысящ, вси живущии в Гаи.
၂၅မြို့​သူ​မြို့​သား​များ​တစ်​ယောက်​မ​ကျန်​သေ​ဆုံး ကုန်​သည်​အ​ထိ ယော​ရှု​သည်​မိ​မိ​လှံ​ကို​မ​ချ ဘဲ​အာ​ဣ​မြို့​ဘက်​သို့​ချိန်​ရွယ်​ထား​လေ​သည်။ ထို​နေ့​၌​တစ်​သောင်း​နှစ်​ထောင်​မျှ​ရှိ​သော​မြို့ သူ​မြို့​သား​အား​လုံး​သေ​ဆုံး​ကုန်​ကြ​၏။-
26 Иисус же не обрати руки своея, юже простре с копием, дондеже прокля всех обитающих в Гаи.
၂၆
27 Кроме скотов (их) и имения, яже во граде онем, вся плениша себе сынове Израилевы по повелению Господню, якоже повеле Господь Иисусу.
၂၇ယော​ရှု​အား​ထာ​ဝ​ရ​ဘု​ရား​မိန့်​မှာ​တော်​မူ သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့ သည်​သိုး​နွား​တိ​ရစ္ဆာန်​များ​နှင့်​ဥစ္စာ​ပစ္စည်း များ​ကို​မိ​မိ​တို့​အ​တွက်​သိမ်း​ယူ​ကြ​၏။-
28 И запали град Иисус огнем: землю необитаему во век положи его даже до сего дне.
၂၈ယော​ရှု​သည်​အာ​ဣ​မြို့​ကို​မီး​ရှို့​ဖျက်​ဆီး လိုက်​သ​ဖြင့် ယ​နေ့​တိုင်​မြို့​ပျက်​အ​ဖြစ် ကျန်​ရစ်​လေ​သည်။-
29 И царя Гайска повеси на древе сугубем: и бяше на древе до вечера: и заходящу солнцу повеле Иисус, и сняша тело его с древа, и повергоша и в ров пред враты града: и насыпа над ним громаду велику камения даже до сего дне.
၂၉အာ​ဣ​မင်း​ကို​လည်း​သစ်​ပင်​တွင်​လည်​ဆွဲ​ချ​၍ သတ်​ပြီး​လျှင် နေ​ဝင်​ချိန်​တိုင်​အောင်​အ​လောင်း ကို​ဆွဲ​ထား​လေ​၏။ နေ​ဝင်​ချိန်​၌​အ​လောင်း​ကို ဖြုတ်​ချ​၍​မြို့​တံ​ခါး​ဝ​တွင်​ပစ်​ထား​ရန် ယော​ရှု​အ​မိန့်​ပေး​၏။ ထို​နောက်​သူ​တို့​သည် အ​လောင်း​ပေါ်​တွင်​ကျောက်​တုံး​များ​ကို​ပုံ ထား​ကြ​သ​ဖြင့် ယ​နေ့​တိုင်​ထို​ကျောက်​ပုံ ကြီး​ကို​တွေ့​မြင်​နိုင်​လေ​သည်။
30 Тогда созда Иисус олтарь Господу Богу Израилеву на горе Гевал,
၃၀ထို​နောက်​ယော​ရှု​သည်​ဧ​ဗ​လ​တောင်​ပေါ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရန်​ယဇ်​ပလ္လင်​ကို တည်​လေ​၏။-
31 якоже заповеда Моисей раб Господень сыном Израилевым, и якоже написася в законе Моисеове, олтарь от камений всецелых, на нихже не возложися железо: и вознесе тамо всесожжения Господу и жертву спасения.
၃၁ထာ​ဝ​ရ​ဘု​ရား​၏​အ​စေ​ခံ​မော​ရှေ​၏​ပ​ညတ် တ​ရား​တွင်``သံ​လက်​နက်​ကိ​ရိ​ယာ​ဖြင့်​မ​ဆစ် သော​ကျောက်​များ​ဖြင့်​ယဇ်​ပလ္လင်​ကို​တည်​ရ​မည်'' ဟူ​၍​ညွှန်​ကြား​သည့်​အ​တိုင်း​ထို​ယဇ်​ပလ္လင်​ကို တည်​လေ​သည်။ သူ​တို့​သည်​မီး​ရှို့​သော​ယဇ်​နှင့် မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ယဇ်​ပလ္လင်​ပေါ်​တွင် ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ကြ​သည်။-
32 И написа Иисус на камениих вторый закон, закон Моисеов, егоже написа пред сыны Израилевыми.
၃၂ယော​ရှု​သည်​ကျောက်​များ​ပေါ်​တွင်​မော​ရှေ​ရေး ခဲ့​သော ပ​ညတ်​တ​ရား​ကို​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​၏​မျက်​မှောက်​၌​ကူး​ရေး​လေ​သည်။-
33 И весь Израиль, и старцы их и судии их и книгочия их предходяху сюду и сюду пред кивотом, и жерцы и левити воздвизаша кивот завета Господня, пришелец же и туземец: иже быша половина их близ горы Гаризин, и половина их близ горы Гевал, якоже заповеда Моисей раб Господень благословити людий Израилевых в первых.
၃၃ခေါင်း​ဆောင်​များ၊ အ​ရာ​ရှိ​များ၊ တ​ရား​သူ​ကြီး များ​မှ​စ​၍​ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း တို့​သည် ယင်း​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး ခြား​များ​တို့​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​၏ ပ​ဋိ​ညာဉ်​သေတ္တာ​တော်​ကို​ပင့်​ဆောင်​သော လေ​ဝိ အ​နွယ်​ဝင်​ယဇ်​ပု​ရော​ဟိတ်​များ​၏​တစ်​ဘက် တစ်​ချက်၊ သေတ္တာ​တော်​၏​ဝဲ​ယာ​၌​လူ​စု​ခွဲ​၍ ရပ်​နေ​ကြ​၏။ လူ​ဦး​ရေ​တစ်​ဝက်​တို့​သည် ဂေ​ရ​ဇိန်​တောင်​ကို​ကျော​ပေး​၍​ကျန်​တစ် ဝက်​တို့​သည်​ဧ​ဗ​လ​တောင်​ကို​ကျော​ပေး လျက်​ရပ်​နေ​ကြ​သည်။ သူ​တို့​သည်​ကောင်း​ချီး မင်္ဂလာ​ကို​ခံ​ယူ​သော​အ​ခါ​ထို​သို့​လိုက်​နာ ဆောင်​ရွက်​ရ​မည်​ဟူ​၍​ထာ​ဝ​ရ​ဘု​ရား​၏ အ​စေ​ခံ​မော​ရှေ​မိန့်​မှာ​ခဲ့​သည်။-
34 И по сих тако прочте Иисус вся словеса закона сего, благословения и клятвы, по всему написанному в законе Моисеове.
၃၄ထို့​နောက်​ယော​ရှု​သည်​ပ​ညတ်​တ​ရား​ကျမ်း စာ​အုပ်​တွင်​ရေး​သား​ဖော်​ပြ​သည့်​ကောင်း​ချီး မင်္ဂ​လာ​နှင့် ကျိန်​စာ​များ​အ​ပါ​အ​ဝင်​တရား အ​လုံး​စုံ​တို့​ကို​အ​သံ​ကျယ်​စွာ​ဖြင့်​ဖတ် ရှု​လေ​၏။-
35 Не бяше словесе от всех, яже заповеда Моисей Иисусу, егоже не прочте Иисус во уши всего сонма сынов Израилевых, мужем и женам, и детем и пришелцем приходящым ко Израилю.
၃၅ယော​ရှု​သည်​အ​မျိုး​သ​မီး​နှင့်​က​လေး​များ၊ သူ​တို့​နှင့်​အ​တူ​နေ​ထိုင်​သော​လူ​မျိုး​ခြား များ​အ​ပါ​အ​ဝင် ဣ​သ​ရေ​လ​အမျိုး​သား အ​ပေါင်း​တို့​ရှေ့​၌​မော​ရှေ​ပေး​သော​ပညတ် ရှိ​သ​မျှ​ကို​ဖတ်​ရွတ်​လေ​သည်။

< Книга Иисуса Навина 8 >